တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)

ဖြစ်ရပ် (၃)

“ကဲဟယ်”
ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသော ကလေးသည် မျက်ရည် လည်လာ၏။ မိခင်၏ အားမလို အားမရ ဖြစ်မှု၊ စိတ်မရှည်မှု တို့သည် ဒေါသအဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
“ဒီလောာက်လေးမှ မတွက်တတ်ဘူးလား… ဟင်။ ထောင်စမ်း၊ ညာဘက်က လက်လေးချောင်းထောင်၊ ဘယ်ဘက်က လက်သုံးချောင်းထောင်၊ ဟာ… လေးချောင်းထောင်ပါဆို၊ မထောင်တတ်ဘူးလား။ လေးချောင်း။ လေးချောင်း၊ ဟောဒီလို လေးချောင်း”
ကလေးမှာ အယောင်ယောင် အမှားမှား ဖြစ်နေရှာ၏။ သုံးကြိမ် အခေါက်ခံရပြီးမှ လက်လေးချောင်း ထောင်ဖြစ်သွားသည်။
“ဟုတ်ပြီ ကဲ… ပေါင်းတော့၊ လေးနဲ့သုံးပေငါး၊ ဟဲ့… ပေါင်းလေ၊ ဘာကြောင်ကြည့်နေတာလဲ”
“တစ်…နှစ်…သုံး…ငါး…ခြောက်”
“ဘာ ‘သုံး’ပြီးရင် ဘာလဲ။ ဟဲ့… ‘သုံး’ပြီးရင် ဘာ…လဲ ဟား တစ်နှစ်သုံးလေးတောင် မရေတတ်တော့ဘူးဘားဟင်။ အဖျင်း၊ အ,အ၊ အတုံး၊ နင်တောတော်ညံ့ပါလား။ ဟိုဘက်အိမ်က မိနွယ် တို့ဆို အပေါင်းအနှုတ် ဂျောင်းဂျောင်းပြေးနေပြီ။ နင်ကတော့ ဆော့ဖို့ပဲ သိတဲ့ကောင်။ သွား… လက်ပိုက်ပြီး တစ်နာရီတိတိ ရပ်နေ၊ သွား… ငါမဖြုတ်ခိုင်းသေးဘဲ လက်ဖြုတ်မယ် မကြံနဲ့၊ တိုင်မှာကြိုးတုပ်ထားမယ်။ သုံးနဲ့လေး မပေါင်းတတ်မချင် ဆော့ရလိမ့်မယ် မထင်နဲ့”
ဂဏန်းမပေါင်းတတ်သဖြင့် အခန်းထောင့်မှာ တွေဝေစွာ လက်ပိုက်၍ ရပ်နေရသော ကလေးငယ်သည် လေးနှစ်အရွယ် ဖြစ်ပါသည်။

မေးခွန်း။ ။ မိခင်သည် စာတတ်သည်ဟု သူ့ကိုယ်သူ ပြောလျှင် သင် လက်ခံပါမည်လေး။

မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

4 comments:

sait phay yar said...

ကြိုက်ပြန်ပြီ..ကျေးဇူးနော်..
ငယ်ဘ၀ကိုတော်တော်ကျေခဲ့ပုံဘဲ

Anonymous said...

ခက်တယ်ဗျ ဘယ်လိုပြောရမလဲ ဒါလူကြီးအပြစ်ပဲ
သူတို့က သူတို့ ဥာဏ်ရည်နဲ့လိုက်ပြီး စာသင်တော့
ကလေးက ဘယ်လိုက်မှီမှာလဲ
အမှန်တော့ အဲဒါ မိဘကိုယ်တိုင်ကပညာမတတ်လို့ ဖြစ်ရတာလို့ ကျနော်ယူဆတယ်။
ဟုတ်တယ်လေ ပညာတတ်ရင် သူ့မှာစဉ်းစားတတ်တဲ့ ဦးနှောက်ရှိတော့ ကလေးကို ဘယ်လိုသင်ရမလဲ ဆိုတာသိနေတယ်လေ။

Unknown said...

စာတတ်ကောင်းတတ်ပါလိမ့်မယ်...။ ဒါပေမယ့် သေချာတာကတော့ စာမသင်တတ်ဖူး ဆိုတာပါ ပဲ...။

မိုးခါး said...

ဟူးးး
မလွယ်ပါ့လား
၎နှစ်ကလေးကို ...