ကျွန်ုပ်နှင့် ဂျိုကာဖဲ


ကဲ တောင်ပေါ်သားကြီးဝေ့။ နင်တက်တော့ ငါရေး၊ ငါတက်တော့ နင်ရေးပေါ့ဝေ့။ :)

ပိုးအိစံကတော့ ပြောပါတယ်။ “~~အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲမဏိစန္ဒာ~~” တဲ့။
မျိုးကြီးကလဲ ပြန်ပြောရှာပါတယ်။ “~~ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ~~” တဲ့လေ။ :D

အင်း အချစ်ဆိုတဲ့အကြောင်းကို အတွင်းရေးများဖော်ထုတ်ခြင်း မှာ ရေးခဲ့ဖူးတယ်လေဗျ။ အချစ်ဆိုတာ ပိုကာဝိုင်းထဲက ဂျိုကာဖဲချပ်လေးလိုပဲ။ တခြားဟာတွေပြည့်စုံနေရင်တော့ လိုချင်တယ်။ ကိုယ့်မှာဘာမှမရှိဘဲနဲ့တော့ ဘာမှလုပ်လို့မရဘူး။ ရှုပ်တောင်ရှုပ်သေးတယ်။ လွှတ်ပစ်လို့လဲမရ ကိုင်ထားလဲ ပန်းတိုင်မရောက်နိုင်တဲ့ အရာပေါ့။ ပိုကာဝိုင်းမှာ ငါးယောက်မဟုတ်လို့ run (series) လိုပြီဆိုရင် ကန့်လန့်ကန့်လန့်ခံနေတာက အဲဒီဂျိုကာပဲ။
အချစ်ဆိုတာလဲ အဲလိုပဲ ဘဝကြီးကိုချီတက်လို့ အဓိကအရာတွေမပြီးသေးခင် တစ်ယောက်ယောက်ကို ချစ်မိလို့ကတော့ သူ့အတွက် အများကြီးပေးဆပ်ရတော့မယ်။ အထူးသဖြင့် အချိန်၊ အချိန်တွေပေးပြီး သူနဲ့နေရတော့မယ်။ အချိန်တွေပေးပြီး ချစ်ရတော့မယ်။ နောက်တစ်ခုက စိတ်။ ကိုယ့် တခြားလုပ်စရာတွေ စဉ်းစားရမယ့်အချိန်မှာ သူ့ဆီစိတ်ရောက်နေပြီ။ အဲဒီ့မှာက နှစ်ခါနာတာပဲ။ ပန်းတိုင်ကြီး ရောက်ချင်တဲ့ သူတွေကတော့ အချစ်ဆိုတာကို ခဏဘေးချထားလေ့ရှိပါတယ်။ ဒါပေမယ့် ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်တော့နေမပေါ့။ မထားလဲရတဲ့သူဆိုရင်တော့ ကောင်းတာပေါ့။

နောက်ပြီး လူတွေရဲ့ ဘဝအမျိုးမျိုးကိုလိုက်ပြီး စံသတ်မှတ်ပုံခြင်း မတူညီကြဘူးလေ။
အချစ်ဆိုတာကို
စီးပွားရေးသဘောနဲ့ ယှဉ်ကြည့်တဲ့သူက စီးပွားရေး သို့ ငွေနဲ့ စံထားလိမ့်မယ်။
နိုင်ငံရေးနဲ့ ယှဉ်ကြည့်တဲ့သူက နိုင်ငံရေးနဲ့ စံထားလိမ့်မယ်။
ပညာရေးနဲ့ ယှဉ်ကြည့်တဲ့သူက ပညာအရည်အချင်းနဲ့ စံထားလိမ့်မယ်။
တချို့က ရုပ်ရည်။ တချို့က စိတ်ဓာတ်။ တချို့က အရည်အချင်း။ တချို့က ………….. အဲ အမျိုးမျိုးပေါ့လေ။
ကျနော်ကဘာကို စံထားလဲ ဆိုတော့ အင်း……အဲ.…..ဟဲဟဲ မပြောတော့ပါဘူး။

အချစ်တကာ့ အချစ်တွေထဲမှာ ကျနော်အကြိုက်ဆုံး အချစ်ပိုင်ရှင်က အနော်ရထာ။ မိမိရဲ့ချစ်လှစွာသော မိဖုရားနဲ့ ဖောက်ပြန်သူဟု စွဲချက်တင်ထားတဲ့ စစ်သူကြီးကျန်စစ်။ ရာဇဒေါသ၊ ရာဇမာန်တွေနဲ့ မစီရင်ခဲ့။ မသတ်ရင်လည်း စည်းကမ်းပျက်မယ်။ သတ်ရင်လည်း အယုံကြည်ရဆုံး အားထားရတဲ့ အရည်အချင်းရှိစစ်သူကြီး ကို ဆုံးရှုံးရမယ့်အပြင် မိန်းမအတွက်နဲ့ သူလိုလူကို တောင်သတ်တယ်ဟေ့ လို့ အပြောခံရမယ်။ အဲဒါကြောင့် နှစ်ဘက်လွတ်အောင်လို့ ချုပ်ထားတဲ့ကြိုးကို အရိန္နမာလှံနဲ့ ချော်ပစ်၊ ဖြတ်ပေးပြီး ပြေးခွင့်ပြုလိုက်တဲ့ အနော်ရထာရဲ့ အသိဉာဏ်ရှိတဲ့ ယောက်ျားကောင်း ယောက်ျားမြတ်တို့ရဲ့ အချစ်လို့ခံယူမိပါတယ်။

အခုက ကိုတောင်ပေါ်သားက သေချာမှာထားလို့ ၁၅၀၀ အကြောင်းရေးတာပါ။ ၁၅၀၀ ပဲ ဖြစ်ဖြစ် ၅၂၈ ပဲ ဖြစ်ဖြစ် အချစ်ဆိုတာ အချစ်လို့ပြောတာထက် ပြည့်စုံတဲ့ ဖွင့်ဆိုချက်မရှိပါဘူး။ ထုတ်ပြီးပြောလိုက်ရင် ပြောလိုက်တဲ့ စကားလုံးက မပြည့်စုံဖြစ်ဖြစ် သွားတဲ့အရာပါ။ မူလဂုဏ်သတ္တိရှိတဲ့အရာပေါ့။ ဥပမာ- ချိုတယ်၊ ငန်တယ် ဆိုတာကို မသိတဲ့သူတစ်ယောက်ကို စမ်းမကြည့်ခိုင်းပဲ ရှင်းပြလို့မရပါဘူး။ စားကြည့်မှ သိနိုင်သလိုပါပဲ။ အချစ်ဆိုတာ ကိုယ်တိုင်ချစ်ကြည့်မှ သိနိုင်မှာပါ။ ကဲ…… သိချင်ရင်တော့ စမ်းသာကြည့်လိုက်ပါဗျာ။

ကဲ ထုံးစံအတိုင်းပဲကောင်းပါတယ်။ ဖောက်သည်ကြီး မဆုမွန် နဲ့ ခေါင်ခေါင် ကတော့ရေးပြီးသား။ အိမ် ရေ့ လုပ်စမ်းပါဦး ရွာစားရေ့ အချစ်လွမ်ချင်းလေးဗျိုး…………..။

3 comments:

တောင်ပေါ်သား said...

အကိုကြီး ဗီလိန်ရေ ကျေးဇူးပါဗျာရေးပေးတဲ့အတွက် ဟဲဟဲ အချစ်အကြောင်းသိချင်လို့ စမ်းကြည့်ဦးမှ ဟီး

ခေါင်ခေါင် said...

အချစ်အကြောင်းပြောပါ ဆိုမှ ဖဲလာရိုက်ပြနေတယ် ဒီဆရာသမားကတော့ .. အကျင့်ကိုက ဘလော့ထိတောင် ပါတယ်...

ဘာကိုများ စံထား.ထားသလဲ မသိဘူးနော် ..
ဖဲပြိုင်ရိုက်ရင် နိုင်တဲ့သူ တို့ဘာတို့နဲ့တူတယ်

ဗီလိန် said...

အင်း. ခေါင်ခေါင်။ ဖဲဝိုင်းဖူးစာဆိုပြီး ပို့စ်ရေးမလားလို့။ ;)
ကိုတောင်ပေါ်သား ဒီလောက်ပဲသိတယ်ဗျ။ ကျေနပ်နော်။