ဖုတ်ဖတ်ခါ

မနက်မိုး လင်းရင်ကြိတ်ကာ အိပ်ယာထ
လိမ့်မခွာ နှပ်ကာမထချင်ဘု
ရောက်မလာဖုန်းခေါ်နှိုးမယ့် သူတွေကြောင့်
တုန်းလေကာ ရုန်းကာထရတယ်
မျက်လုံးကမပွင့်သေး။

သွားဆေးတံ ထိုးကာငိုက်နေဆဲ
အိပ်ရေးရယ် အမှန်ပင်မဝနိုင်ဘု
ညအစဉ် ဘလော့ဂင်တတ်ပါတဲ့
အာခေါင်ကိုချော်ကို ထိုးတတ်တယ်
မောင်ဗီလိန် ထလို့အော်သေး။

နိုးပြန်သော် အိပ်ယာမလိပ်ပါပဲ
ပြေးကာလေ ဆီပုံးစစ်လေမှ
ရီပလိုင်းတွေ တိုက်ပ်ကာရေးကာနောက်
ကော်မန့်တွေ ဖတ်ကာပြုံးရတယ်
ဘလော့ဒုက္ခ မသေး။

မနက်စာ နေ့လည်ပေါင်းပါလို့
ပြေးကာလေ ဟင်းရံလုပ်နေတုန်း
ဘလော့လည် မေ့နေဟင်းအိုးမို့
တူးကာလေ ခါးသက်လှတယ်
စုံမှိတ်ကာ စားလိုက်လေဦး။

ဟင်းခွက်ကယ် ထမင်းရယ်စုံလေပါ့
ဖုတ်ဖတ်ခါ ကားဂိတ်ပြေးလေရဲ့
တော်သေးတယ် ကားဂိတ်နီးသမို့
ခါးပတ်ကယ်လမ်းမှာ ဝတ်ရတယ်
ဇစ်ပိတ်ဖို့မေ့သေး။ ။

ဗီလိန်

11 comments:

sait phay yar said...

????တော့ပိတ်ပါဟယ် မတော် ခွေးတွေနဲ့ အင်း
လုပ်လိုက်မှဖြင့် အရှက်မရှိရေးထားတာ.

လင်းဒီပ said...

အဲလို အဲလို ဗီလိန်တို့က

သံလွင် HeRo said...

နန်းတော်ရှေ့ဗီလိန်တို့ရဲ့အိုင်ချင်းကတော့ရှယ်လန်းတယ်.
ဖုတ်ဖတ်ခါပြေးရလို့ဇစ်ပိတ်ဖို့မေ့ရင်တော့စလုံးရဲနဲ့တွေ.
ပြီး ဒဏ်ငွေဆောင်ရမဲ့လမ်းမြင်နေပြီ...ဟဲဟဲ

မဆုမွန် said...

အာ့ အတူတူပဲ အတူတူပဲ ဟဟဟ
ငါ့မောင် ရေးချက်ကတော့ လန်းပြီးရင်း လန်းပဲ
အစ်မကို စောင်းရေးထားသလား ထင်ရတယ်
သတင်း ဒတ်လိုင်းရောက်နေပြီး ဘလော့ထဲက မထွက်နိုင်သေးဘူး ဟီဟီ အလုပ်တော့ ပြုတ်ခါနီးတဲတဲပဲ ဟဲဟဲ

ဖိုးဂျယ် said...

အော် နောက်ဆိုသတိထားနော်။ သားသားတော့ ရှက်ရှက်

Anonymous said...

ဟုတ်ပါ့ဗျား ဘလော့ဂါတွေရဲ့ ဒုက္ခက သေးဘူးဗျ
ကိုယ့်ဆ၇ာက ရေးလိုက်မှဖြင့် မျက်စေ့ထဲ ကွင်းကနဲ ကွက်ခနဲဗျို့

flowerworld said...

ခွေးဆွဲသွားမှဖြင့်.....အော်..ဒွတ်ခကမသေးပါလားနော်
ဖုတ်ဖတ်ခါလိုက်တာဘာတွေများပြုတ်ကျခဲ့သေးလဲ..ဟေ့

Anonymous said...

ဟားဟားးးးးးးးးးး ကိုဗီလိန်ကြီးကတော့ဗျာ ဇစ်မတပ်ရသေးဘူးတဲ့ ဘလော့ရောဂါကလည်းတက်နေတော့ ဒွတ်ခပေါ့း)

မောင်ဖားကြီး said...

ကိုယ်တော်မှိုင်းနဲ့ ဘာတော်လဲဗျ ကိုဗီလိန်
ရေးချက်တွေကတော့ လန်ထွက်နေရောပဲ....

ခေါင်ခေါင် said...

လုပ်ပြီ ဗီလိန်ကတော့.. မနိုင်ဘူးဗျာ...
ရေးလဲ ရေးတတ်တယ် .. တစ်ကယ်ပါပဲ

WWKM said...

အော်.. မောင်လေးဗီလိန် တို့ကတော့ ဒွတ်ခ ။ အဟား
အမ နဲ့ နဲနဲတူဒယ်။ :P

ခင်တဲ့
မမ၀ါ