အတွင်းရေးမှူး (၂) ၏ တင်ပြချက်

ရူးပေါဂိုဏ်း ထဲ ဘယ်လိုဘယ်လို ဝင်မိသွားသလဲ မသိပါဘူး။ လက်ကလိရင်း ကော်မန့်ပေးရင်းကနေ အတွင်းရေးမှူး (၂) ရယ်လို့ ဖြစ်လာရတာပဲ။ ဒါကြောင့် လူကြီးတွေက ပြောတာ။ “ကြမ်းကျွံရင် နှုတ်လို့ရတယ် စကားကျွံရင် နှုတ်လို့မရဘူး” တဲ့။ တကယ်တော့ ပေါတယ်ဆိုတဲ့ အကြောင်းကိုပြောရရင် မြန်မာ့ အပေါလောကရဲ့ ဖခင်ကြီးတစ်ဆူ ဖြစ်တဲ့ သမိန်ပေါသွပ်က မပါလို့မရပါဘူး။ အခုတော့ မရှိရှာတော့ပါဘူး။ သူ့ရဲ့ဆုံးမစကားလေး တစ်ခွန်းရှိပါတယ်။ “ရယ်သောသူ အာပြဲ၏ ပေါသောသူ အသက်ရှည်၏” တဲ့လေ။ တကယ်တမ်းပေါကြေးဟေ့ ဆိုတော့လည်း “အပေါတစ်ယောက် လုပ်ရတာမလွယ်ပါလားလို့ သိလိုက်ရတဲ့ အချိန်ရောက်တော့ ကျနော်ဟာ ရူးပေါဂိုဏ်းထဲ ရောက်ရှိနေခဲ့ပြီလေ…………..” ကိုငှက်ကြီးရဲ့ အသံနဲ့ပေါ့။ ပေါသမျှ ပျော်စေရ၊ ပျော်သမျှ ရယ်စေရမှာ အပေါတို့ရဲ့ မရှိမဖြစ် ဂုဏ်သတ္တိတစ်ခုပဲပေါ့။ အပေါတစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုရင် အပေါတွေရဲ့ ဂုဏ်သတ္တိ၊ စိတ်ဓာတ်နဲ့ စွမ်းအင်တွေကိုတော့ ထိန်းသိမ်းပေးကြပါ။ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ကြုံရကြုံရ အပြုံးမပျက်ရယ်နေနိုင်ရမှာ တို့အပေါတွေရဲ့ စိတ်ဓာတ်နဲ့ စွမ်းအင်လို့ ပြောကြရမှာပေါ့။ ဒန့်…တန့်…ဒလန့်…….(သမိန်ပေါသွပ် စတိုင်လ်)

တကယ်တမ်း ပေါမယ့်သာပေါရတာပါ။ ဗီဗီတို့က သူဌေးဗျ။ အိမ်မှာ အပေါဆုံးကငွေပဲ။ ငွေထက် ပေါတာတော့ရှိတယ်။ အဲဒါ ကျနော်ပဲ။ ဟီးဟီး။ ပြီးခဲ့တဲ့ လက ကျနော်ရတဲ့ လခအစွန်းထွက်လေးနဲ့ အမေ့အတွက် ဆိုပြီး စိန်တစ်ဆင်နဲ့ ဒေါ်လာ၅သောင်းပို့လိုက်တာ အမေက ၂ ပတ်လောက် စကားမပြောဘူး။ အိမ်ရှုပ်လို့တဲ့လေ။ မနည်းကြီးချော့ယူရတယ်။ နောက်ဆုံး နောက်မပို့တော့ပါဘူး ဆိုတဲ့ ကတိပေးလိုက်တော့မှ စကားပြန်ပြောတယ်။ နောက်ပို့ဖို့မပြောနဲ့ ပို့မယ်ဆိုတဲ့အသံကြားတာနဲ့တင် အိမ်ပြန်မလာနဲ့တော့ တဲ့လေ။ သားအဖြစ်က စွန့်လွှတ်မတဲ့။ အော်….မေမေရယ်။ ဒီလိုနဲ့ပဲ ကျနော်လည်း တစ်လတစ်လရတဲ့ငွေတွေ ဘာလုပ်ပစ်ရပါ့မလဲ စဉ်းစားနေတာ အခုတော့သုံးစရာတွေ့ပြီ။
သဘာပတိကြီး အတွက် တစ်လကို စင်္ကာပူက အိမ်တစ်လုံး၊
နာယကကြီး အတွက် တစ်လကို စိန်တစ်ဆင်
ဥက္ကဌကြီး အတွက် တစ်လကို ကားနှစ်စီး
စည်းရုံးရေးအမှုဆောင် အတွက်က တစ်လကို LOUIS VUITTON တစ်ဆင်စာ
အတွင်းရေးမှူး-၁ နှင့် အတွင်းရေးမှူး-၂ အတွက် တစ်လကို တစ်ခါ ချောပေ့ဆိုတဲ့ အတွင်းရေးမှူးမလေး ၄ယောက်စီ
အသင်းသားချုပ် အတွက် တစ်လကို ဟန်းဖုန်း ၃လုံး
အကြံပေးအရာရှိ အတွက် တစ်လကို ပါမစ် တစ်မျိုး
အဖွဲ့ဝင်တွေကိုလည်း တစ်လကို ဒေါ်လာ ၂၄၀၀၀ စီ ပေးပြီးသုံးဖို့ အဖွဲ့ကို တင်ပြချင်ပါတယ်။
အခါအားလျော်စွာ တိုးမြှင့်ပေးသွားဖို့လည်း ရှိပါတယ်။

နောက်တစ်ခုတင်ပြချင်တာက…
အပေါသဘောထား နဲ့ အပေါဦးတည်ချက် ၁၂-ရပ်ပါ။

အပေါသဘောထား မူကြမ်းကို အရင်ဆုံးတင်ပြပေးပါမယ်။ သဘာပတိကြီး ခင်ဗျာ။ အပေါသဘောထားများကတော့

လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက် ဖက်နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
ဖြစ်ပါတယ်။

အပေါ ဦးတည်ချက် ၁၂-ရပ် ကတော့

အပေါဂိုဏ်းသားများ များများပေါနိုင်ရေး၊ များများရူးနိုင်ရေး၊ ရူးပေါဂိုဏ်းကြီး အောင်မြင်ရေး
အပေါများ ပြန်လည်စည်းလုံးညီညွတ်ရေး
ခိုင်မာသည့် အပေါစည်းကမ်းများ ဖြစ်ပေါ်လာရေး
ဖြစ်ပေါ်လာသည့် အပေါစည်းကမ်းများနှင့် အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ရူးပေါဂိုဏ်းသစ်တည်ဆောက်ရေး

အပေါများကိုအခြေခံ၍ အခြားအရူးအပေါများကို ဘက်စုံပေါနိုင်အောင် ကူညီပေးရေး
ရူးခြင်း၊ပေါခြင်းစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး
ပြည်တွင်းပြည်ပမှ အပေါများဖိတ်ခေါ်၍ အပေါလောက ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး
ရူးပေါဂိုဏ်းကြီး တစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် ရူးပေါဂိုဏ်းနှင့် အရူး၊ အပေါများ၏ လက်ဝယ်တွင်ရှိရေး

အပေါအားလုံး၏ စိတ်ဓာတ်နှင့် အပေါအရည်အချင်း မြင့်မားရေး
အပေါဇာတိဂုဏ်မြင့်မားရေးနှင့် အပေါအမွေအနှစ်များ၊ အပေါလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
အပေါစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
အပေါအားလုံး ပေါနိုင်ရူးနိုင်ရေးနှင့် အပေါဉာဏ်မြင့်မားရေး

တို့ပဲဖြစ်ပါတယ်။ တင်ပြချက်များကို အဖွဲ့ချုပ်ကြီးမှ ဆုံးဖြတ်အတည်ပြုပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။

ပုံ/
အခွင့်ရ
အတွင်းရေးမှူး (၂) ရူးပေါဂိုဏ်း

12 comments:

ဖိုးဂျယ် said...

ဟား :P ရယ်ရတယ် ဗြဲ (ပေါသွပ်) ဟာ ကိုဗီလိန်ကတော့ ဗျာ စိတ်ရှုပ်ပါတယ်။ တကယ်ထဲ ဒီမှာ အိမ်တွေများလို. တစ်ညတစ်အိမ်လိုက်အိပ်နေတာ စိတ်ညစ်ရတဲ့ အထဲ ရှုပ်ရှုပ်ယှက်ယှက်ဗျာ။ ဟ ၂၄၀၀၀ ဘာလုပ်ဖို.လဲ နည်းနည်းလေး ဒီက အဖွဲ.၀င်တွေ ကျပျောက်သလောက်ပဲရှိတယ်။ အေး ပေါ့လေ အစဆိုတော့ ဒီလောက်ပဲကောင်းပါတယ်။ အမှုရှောင်ကတော့ သဘာပတိဆိုတာ ခေါင်းညိတ်ယုံပဲဆိုပဲ ဒါကြောင့် ခေါင်းညိတ်လိုက်သည်။ အစီရင်ခံစာဆိုတာတောင် ဖတ်ခါနီးမှ ကြည့်ဖတ်တာ သူတို.ရိုက်ထားတာမှားရင် အရှက်ကွဲသေးတယ်။
ပုံ/ သဘာငတိ ဂျဲဂျယ်

ဗီလိန် said...

ဟုတ်ကဲ့ပါ kay နားလည်ပါမယ်ခင်ဗျ။

Anonymous said...

ဗီလိန်ပါမှန်း မသိလို့ ဒီအဖွဲ့ထဲမှာ...
သွားပါပြီ.. ရစရာတော့ မရှိတော့ပါဘူး..
ပြန်နှုတ်ထွက်လို့ ရလားဟင် သဘာငတိ...

ဖိုးဂျယ် said...

အိုးyမြတ်စွာဘုရားကယ်တော်မူပါ အဘယ်ကြောင့် သဘာငတိကိုပဲ ခလုတ်နေကြပါလိမ့်။ ပြောပြီးပါပြီကော သဘာငတိက ခေါင်းပဲညိတ်တတ်တယ်လေ။ ၀င်တုန်းက ဘာစာရွက်စာတမ်းမှမလိုသလို ထွက်ပါက လျှော်ကြေးမြောက်မြားစွာပေးရမည်။ လိုချင်သောကြောင့်မဟုတ်ပါ။ မဒပ်ခပ်ပိန်းပိန်းက အဲ့လိုလုပ်မှ နောင်ကြည်မည်ဆိုသောကြောင့်ပါ။
ပုံ/ သဘာငတိ ဂျဲဂျယ်

တောင်ပေါ်သား said...

သြော် ကိုဗီလိန်တို့ကတော့ လုပ်ပြန်ပါ့ဟ.. သူများကို ချောက်ချမယ်လဲဆိုသေး အခု အပေါဂိုဏ်းထဲလဲ ၀င်သေး အနော့်တို့ ဘလုတ်ဂါတွေတော့ သွားတော့မှာပဲ ဟား ဟား ဟား ပျော်တယ်ဗျို့ အဲလို ဆက်လက်ပေါနိုင်ပါစေဗျာ......

sait phay yar said...

ကလောင်တွေထက်နေပါ့လား
အမှောင်ထဲကကြယ်တွေကပိုလင်းတယ်တဲ့
နားလည်လား
မလည်ရင်မမေးနဲ့

NangNyi said...

ဟဲဟဲဟိ ဟဲဟဲဟိ

Andy said...

ကျွန်ပ် ငှက္ကဌတစ်ယောက်အနေဖြင့် ၄င်းဦးတည်ချက်များကို (ကားနှစ်စီးမျက်နှာဖြင့်) ဝမ်းမြောက်စွာ ကြိုဆိုပါ၏ ဂေါ်ဂိဂေါ်ဂိ...။

Dream said...

အဟေးဟေး..... ဗြဲ...... ပေါ်သွပ်ရင်ငြိမ်းရယ်သံ....

ဘီဘီတို့ကတော့လုပ်ချလိုက်ပြန်ပြီ...

ကဲကဲ အရူးအပေါ်အဖွဲ့ အဓွန့်ရှည်နိုင်ပါစေလို့ဆန္ဒပြုပါတယ် :P :P

သက်တန့် said...

မည်းညစ်သော အိပ်ရာပိုင်ရှင် မောင်လေးဗီလိန်ရေ...
အပေါသဘောထားနဲ့ အပေါဦးတည်ချက်တွေကို ၀င်ဖတ်သွားပါတယ်... :)

tututha said...

တကယ့်ကို စံတင်လောက်အောင် ပေါရဲပါပေတယ်။ ဒီတော့ ငပေါ အဖွဲ့ဝင် ၃ ကို ငပေါ
နာယကကြီး အနေနဲ့ စကားကြီး ၃ ခွန်း မှာကြားခဲ့မယ်ကွဲ့ (မှတ်ချင်မှတ် မမှတ်ချင်နေ) ၁ သွားပါများ ခြေထောက်ညောင်း။ ၂ မေးပါများ စကားများ။ ၃ မအိပ်မနေ ရူးကြောင်ကြောင်တဲ့။ (မြင်ဖူးတယ် ထင်မနေနဲ့ ငပေါလောကရဲ့ ဘိုးတော်ကြီး သမိန်ပေါသွပ်ဆီက ခိုးချထားတာ) နောက်ဆုံး အချက်က တို့ဘလော့ဂါတွေနဲ့ငြိတယ်နော်။ အားလုံးက မအိပ်ပဲဘလော့ပေါ်နေကြသူတွေချည်းမို့ ရူးကြောင်ကြောင်ကြီးပဲဆိုတော့ ဘလော့ဂါအားလုံး ငပေါ အဖွဲ့ဝင်တွေလို့ မှတ်ယူလို့ရတယ်။ အဲဒီတော့ ဘလော့ဂါအားလုံးကို တလ ဒေါ်လာ ၂၄၀၀၀ ပေးသင့်ပါကြောင်း ... အဖွဲ့မှာကုန်သွားရင် နာယကကြီးကပဲ စိုက်ပေးထားပါမယ်။ မဟုတ်လည်း ဘုရှ် ဆိုတဲ့ ကောင်လေးက ခဏခဏလာလာချေးတိုင်း ပြန်မပေးနဲ့တော့ဆိုပြီး ပေးပေးနေရတာပဲလေ ... :P

Anonymous said...

ဗျာ အတွင်းရေးမှူးမ ၄ ယောက်ထဲလားဗျာ
ရပါတယ် ရပါတယ် ၄ ယောက်ထဲဆိုလည်း နည်းတော့ မနည်းပါဘူးဗျာ.. ဒါပေမဲ့ ပထမဆုံးလအတွက်ကိုတော့ ရှာရာပိုဗာလေးဖြစ်ဖြစ် ၀ိုင်းစုလေးဖြစ်ဖြစ် မိုးဟေကိုလေး ဖြစ်ဖြစ် တစ်ယောက်လောက်တော့ပါပါစေနော်
ရှူး တိုး တိုး နော်
ဒီကိစ္စ အပြင်ရေးမှူးရဲ့ မဒမ်လောင်း မသိစေနဲ့သိလား
သိရင်တော့ သွားပြီဗျ..
အဆိုပြုချက်တွေကတော့ အရမ်းကိုပြောင်မြောက်လှပါပေတယ်ဗျာ မကြာခင် ကျွန်တော့နေရာကို လုတော့မယ်နဲ့တူတယ်ဗျာ ဘုရှ် လိုတော့ နှစ်ကြိမ်ဆက်လေး လုပ်ပါရစေနော် ဆွဲမချ ကြပါနဲ့ အဟင့် အဟင့်