မလွမ်းပါဘူး

ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။

ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။

ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့ မန်နေဂျာ ရှိတယ်။

ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။

ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။

မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။

လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။

ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။

ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။

လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့ ၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့ 854 ရှိတယ်။

ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus ကားတွေ ရှိတယ်။

မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့ မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။

စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘ၀ကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘ၀တစ်ခု ရှိတယ်။

အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ၀န်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။

ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။

ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။

၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။

လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။

ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ၀ိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။

သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့ ငွေဆောင်ကို မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။

အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲနော်။

ဗီလိန်


မှတ်ချက်။ ။

Merlion = စင်ကာပူ ၏ အမှတ်အသားဖြစ်သော ခြင်္သေ့တစ်ပိုင်း ရေသူတစ်ပိုင်း ရုပ်ထုကြီး

1818 = မြန်မာပြည်သို့ ခေါ်ဆိုသော ဖုန်းကဒ်။

MRT = မြို့တွင်း ရထား (မြေအောက်ထဲမှာပဲ သွားနေတာများလို့ ပြတင်းပေါက်ကနေ ဘာမှမမြင်ရပါ။)

PSP = Sony Playstation 1, 2 ကို လမ်းသွားရင်းဆော့လို့ရအောင် ဖန်တီးထားသောဂိမ်းစက်။

ကွေ့ချပ် = ၀က်ကလီစာဟင်း။
ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် = Bus ကားတွင် ငွေရှင်းရသည့် စက်။

East Coast & West Coast = လူဖန်တီးထားသည့် အပန်းဖြေ ကမ်းခြေ။


ကိုရုပ်ဆိုးပြောတာနဲ့ မှတ်ချက်လေးထည့်ပေးလိုက်တယ်ဗျာ။
ဓာတ်ပုံတွေကို Google ကနေ ယူပြီး ပြလိုက်တာပါ။

20 comments:

Anonymous said...

Who is you home's leader? Can i inform him abt this poem. :)

မဆုမွန် said...

ကိုဗီလိန်လေး ရေးချက်တွေက အရမ်းလန်းနေပါလား ငါ့မောင် ဆက်လုပ် ဒီပုံအတိုင်းဆို..မန်နေဂျာကြီးနဲ့ တော့ တွေ့ တော့မယ်..ဟီဟီ ရေးရေး မောင်လေး တော်တော့်ကို ကောင်းတယ် စာလေးတွေက ဆက်လုပ် ဆက်လုပ် အားပေးတယ်..အတွေးကောင်းမှ အရေးကောင်းတယ် အရေးတောင်းရင်တော့ အေုကွးတောင်းခံရမယ် ဟဟဟ

ကိုရုပ်ဆိုး said...

ဗီလိန်ရေ ... ကျနော်ကတော့ ဒုတိယစာကြောင်းတွေမှာ မလွမ်းပါဘူး ထည့်ပြီးဖတ်သွားတယ်။ ရေးခဲ့သမျှတွေကို “အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲနော်။”ဆိုတာလေးနဲ့ ပြန်ဖြည်သွားတာကတော့ ပညာသားပါတယ်။ :P
ဒါနဲ့ 1818 ကိုဆက်ရင် ဘာဖြစ်သလဲ ??? မသိလို့ပါဗျာ ..။

တောင်ပေါ်သား said...

ကိုကြီးရေ တခါတလေ အိမ်ကို လွမ်းတယ်ပေါ့။ ဟဲဟဲ ဗီလိန်မှာလဲ နှလုံးနဲ့ပါ ဟုတ်ဘူးလား။ နှလုံးသားကို ပြောပါတယ်ဗျာ... အင်း ဘာဆိုဘာမှ မလွမ်းပါဘူး ကျနော်တို့ တိုင်းပြည်ကြီး တစ်ခုလုံးရှိနေသေးတာပဲ တချိန်ချိန်ပေါ့ဗျာ..

ဗီလိန် said...

1818 ဆိုတာ မြန်မာပြည်ကို ခေါ်တဲ့ ဖုန်းကဒ်ပါ ကိုရုပ်ဆိုး။

မဆုမွန်ရေ့ လူလစ်တုန်းလေး ရေးရတာ။ မန်နေဂျာ အပြင်သွားတယ်။ ဟိဟိ။ လျှောက်မပြောနဲ့နော်။

ကိုရွာသားလေး ဟုတ်ဘူးဗျ။ တခြားသူကြီးကို ပြောတာပါဗျာ။ ဟိုသူကြီးကမေးရင် ဒီသူကြီးပေါ့။ ဒီသူကြီးကမေးရင် ဟိုသူကြီးပေါ့။ ဟဲဟဲ :)

ဗီလိန် said...

ဟုတ်တယ် ကိုတောင်ပေါ်သားရေ။ တချိန်ချိန်တော့ တို့ နိုင်ငံကြီးမှာပဲ ပြန်ဆုံကြတာပေါ့။

ခေါင်ခေါင် said...

အင်း မလွမ်းဘူး မလွမ်းဘူး ဆိုပြီး....စိတ်နာနာနဲ့
အမြဲတမ်း ဇွတ်ငြင်းနေတာပါပဲ.........


ပြီးရင်တော့ ရေးဗားဆိုက်မှာ.. ဘော်ဒါတွေနဲ့ တူတူ သွားအော်ငိုကြတာ သိလား.. ကိုဗီိလိန်...

ပြောရင်းလွမ်းလာပြီဗျာ....

ဗီလိန် said...

ဟုတ်တယ်ခေါင်ရေ။ ကိုယ်ကိုကိုယ် အဲလိုညာပြီးတင်းခံနေရတာ။ :(

သံလွင် HeRo said...

ကျနော်ထပ်ဖြည့်ပေးမယ်...
လေတဖြူးဖြူးတိုက်ပြီးဘူးသီးကြော်စားလို့ကောင်းတဲ့
အင်းယားကန်လည်းမလွမ်းပါဘူး...seafood တွေစားပြီး
ဘုတ်စီးတာကြည့်လို့ရတဲ့ river side ရှိတယ်...
မြန်မာပြည်ရဲ့အမြင့်ဆုံးမြကျွန်းသာကချားရဟတ်လဲမ
လွမ်းပါဘူး...ဒီမှာကမ္ဘာ့အမြင့်ဆုံး SG flyer ရှိတယ်...
ဗိုလ်ချုပ်ဈေးကအညာသားမုန့်ဟင်းခါးလည်းမလွမ်းပါ
ဘူး...၇ကျပ်ပေးပြီးစားလို့ရတဲ့အရည်ကျဲကျဲအင်းလေး
မှန့်ဟင်းခါးရှိတယ်...
ဒဂုံစင်တာကအယ်ကန်စန်လည်းမလွမ်းပါဘူး...ပိုက်ဆံရှိ
ရင်ဝယ်လို့ရတဲ့ Top Man ရှိတယ်...
ရန်ကုန်မှာဟိုနားဒီနားသွားရင်ဈေးဆစ်လို့ရတဲ့ taxi ကိုလည်းမလွမ်းပါဘူး...
ကျောင်းနောက်ကျရင် double charge နဲ့ erp ကြောက်လဲမစီးမဖြစ် cab တွေရှိတယ်...
...ဟဲဟဲဘယ်လိုလဲ ကိုဗီလောက်တော့မကောင်းဘူးပေါ့
ဗျာ...

ဗီလိန် said...

ဟုတ်ကဲ့ ကိုသံလွင်ရေ။ ရေးမယ်ဆိုရင်တော့ မဆုံးတော့ဘူး။ ကျနော်လည်း စဉ်းစားမိတာတွေအများကြီးကျန်သေးတယ်။ အများကြီးဆို မကောင်းလို့။

လင်းဒီပ said...

အလွမ်တွေကို လှုပ်လှုပ်မချပါနဲ့ လိန်လိန်ရေ..

မောင်ဖားကြီး said...

လုပ်ဗျာ..... ကောင်းတယ်။ ဒါနဲ့ ယမကာကော ချတတ်လား။ ခင်ဗျား ဘီအီးကိုတော့
လွမ်းရမယ်ထင်တယ်ဗျို့။ မသောက်တတ်ရင်တော့ ဆောရီးနော်ကိုဗီလိန်

အလွမ်းပြေ said...

ခံစားချက်ချင်းတူနေပြီ...ဒီမှာလဲ ကိုယ့်ကိုကိုယ် မလွမ်းပါဘူးလို့ ညာထားပြီး တစ်ခါတစ်ခါ အိမ်ကို ဖုန်းဆက်ရင်း ခိုးငိုရတယ်။။

ဗီလိန် said...

ဆက်ရေးဖို့အားမရှိတော့လို့ ဒီလောက်နဲ့တင် ဖြတ်လိုက်တာပါ ကိုဖားကြီးရဲ့။

ကိုလင်းဒီပ ဒါလေးတွေက လှုပ်ချမှဗျ။ မဟုတ်ရင် လေးလွန်းလို့ မခံနိုင်တော့ဘူး။

My Diary ရေ ဟုတ်ပါ့ဗျာ။

ဖိုးဂျယ် said...

ကိုဗီလိန်ရေ ကျတော်လဲ ညဘက် မီးလာရင် DOTAဆော့ သူငယ်ချင်းတွေနဲ. ငြင်းခုန် မီးပျက်ရင် လက်ဘက်ရည်ဆိုင် ပါးစပ်နဲ. ထပ်ခုတ် အင်းကြားထဲ ဆိုင်မှာ ပြိုင်ပွဲ ရှိတယ်တဲ့ ပြော၇င်းလွမ်းလာပြီဗျာ။ တစ်ယောက်ထဲပဲ ခုတ်တော့မယ်။

တက်တူ said...

ဟုတ်ပဗျာ ခံစားချက်ချင်းတူနေပြီ

Kaung Kin Ko said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။ အီးမေးလ်ထဲကနေ ဒီကဗျာ ရလို့ ဗျ။ ရေးတဲ့လူနာမည် မပါတော့ search engine နဲ့ ရှာကြည့်တာ ကိုဗီလိန်ရဲ့ ဘလော့ကို တွေ့ မှပဲ ရေးသူကို သိတော့တယ်။

ဗီလိန် said...

ကျနော့ညီမလေးက facebook ကသူ့ ဘလော့မှာတင်ထားပေးတဲ့ ကော်မန့်လေးတွေပါ။

Outsider Ps at 12:26am October 16
ဒီစာဘယ်သူရေးလဲဗျာ။ ပြန်ပြောပါ မဒီပါ။ သိချငိလို့ ပါ။
Lwin Thiri Kyaw at 8:27am October 20
မဒီပါရေးထားတာလားဟင်...
ရေးတဲ့လူကစင်္ကာပူကဖြစ်ပုံရတယ်..
တကယ်လည်းအမှန်တွေကြီးပဲ..အခုမှကိုယ့်ဘ၀ကိုယ်ပြန်တွေးကြည့်မိတယ်
အဲ့ဒီကဗျာထဲကအတိုင်းပါဘဲ..
ဖြစ်နိုင်ရင်ဒီကသူငယ်ချင်းတွေအားလုံးကိုဒီကဗျာလေးဖတ်စေချင်တယ်
ကဗျာလေးအတွက်ကျေးဇူးပါ..'
Outsider Ps at 1:29pm October 20
ဘယ်သူရေးလဲမေးရတာ အလေးအနက်ပါ။ ရေးသူဟာ မဒီပါနဲ့ တစ်စုံတစ်ခုများပက်သက်နေရင် ကျနော်အားနာရမှာမို့ ပါ။ စဖတ်မိကတည်းက အုံနေတာ
အပေါ်မှာ မလွင်သီရိကျော်က ထပ်ပြောသွားမှပဲ..... အင်း....ဒါလေး ဖတ်လို့ ကောင်းတာတော့ အမှန်ပါပဲ....ခုလို ဘ၀ချင်းတူနေတဲ့လူတွေဆို ပိုထိပိုခံစားရတာထင်ရှားတယ်ပေါ့လေ....ဒါပေမဲ့....ဒါ ကဗျာ တစ်ပုဒ်မဟုတ်ဘူးဗျ.....ဖတ်ကောင်းအောင်ရေးထားတဲ့ ကဗျာလို... Read Moreလိုစာကြောင်းတွေစီထားတဲ့ စာတစ်ပုဒ်ပါပဲ။ ဟုတ်ကဲ့ ဟုတ်ကဲ့။
Lwin Thiri Kyaw at 3:01pm October 20
ဩော်...ဟုတ်ကဲ့..ဟုတ်ကဲ့..
ကို Outsider Ps အခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်..
ဟက်ဟက်..လို့မပါတဲ့အတွက်ရောပေါ့..
De Par at 4:11pm October 21
အစ်ကိုရေးတာပါ၊ သူ့ကလောင်ကတော့ "ဗီလိန်" ပါ... Blog လည်းရှိပါတယ်၊ Ygn မှာ Blog တွေဖွင့်မရလို့ ဒီပါ့ Mail Box ထဲကို အမြဲ ပို့ပေးနေကြပါ၊ တကယ်လို့ အစ်ကို့ Blog ကို ကြည့်ချင်ရင်၊ ဟိဟိ အစ်ကို နဲ့ Talk ချင်ရင် မလွင်သီရိကျော်ကို Address တွေပေးပါ့မယ်၊ သီးသန့်ပေးမယ်နော်။ ဒီမှာတော့ကြောက်လွန်းလို့ပါ။
De Par at 4:13pm October 21
ဟုတ်တယ်..အခု စင်္ကာပူမှာရောက်နေပါတယ်၊ အဲဒါ ဖတ်ပြီး Abroad သွားချင်စိတ်တောင်ပျောက်သွားတယ်။ ဟက်ဟက် (ကို Outsiter ပြောဖို့မေ့နေတယ်ထင်လို့)
Outsider Ps at 4:15pm October 21
အာ ဟုတ်လား.....ဒုက္ခပါပဲ။ :D
ကျွန်တော်မေးတယ်နော်.....မဒီပါ မဖြေခဲ့တာ.....ဟဲဟဲ။

ကျော်ချင်ရင် ရပါတယ်။ ဒီ လင့်ခ်တွေအတိုင်းသာသွား....အဲ့ ပုဂံနက်ကလူတွေ မသိဘူး။
https://proxy-pass.com
https://polysolve.com

ဟုတ်ကဲ့ဟုတ်ကဲ့။
Lwin Thiri Kyaw at 4:31pm October 21
အစ်ကိုရဲ့ Blog ကိုမကြည့်ချင်ဘူး..
မဒီပါကိုတော့မြင်ဖူးချင်တယ်...ဟီး
ဓာတ်ပုံပြလို့ပြောတာ...မဒီပါစကားပြောတဲ့ပုံသဘောကျလို့...
ပီအက်(စ)..ကို Outsiter ရဲ့ဟက်ဟက်က..မပါတာပဲကောင်းပါတယ်လို့
ဒါပေမယ့်သူကနောက်တစ်မျိုးဖြစ်သွားပြန်ပြီ... =S
Zun Thu at 1:08pm October 22
ma depar ko myin puu chin tal pot>>> hak hak :P
she is cute....hak hak :P (imitating the sign from U Pyae Sone).

Hak hak
Outsider Ps at 1:14pm October 22
ဟုတ်လား .... အဟုတ်လား.....အဲ့ဒါဆို တားလည်းမြင်ဖူးချင်တယ်.....ခိခိခိ။
Zun Thu at 1:17pm October 22
ma depar yae..........................tg so nay p byo.....
U Pyae Sone(U outsider) ka lwal yin , a kone lone ko Sis yet pic pya byooo.................hehe....
Pyay Soe Kyaw at 11:49pm October 28
ဟုတ်တယ်...Outsider ကလွဲရင် အကုန်လုံးကိုပြ...ဟီးဟီး
Outsider Ps at 11:53pm October 28
အေး....မင်းကိုပြတဲ့အခါ မင်းကော်ပီကူးထားပြီး ငါ့ပြန်မျှနော် သယ်ရင်း....ဟီးဟီးဟီး။

Anonymous said...

:)

December Cinderella said...

Villain

For this poem, I've seen looking for the writer for a long time. I don't really know it is you, honestly. I need to talk to you in person.
Amazingly Good, my dear.
Carry on.

Wish you all the best
DecemberCinderella