အရိမဒ္ဒနပူရ သူရဲကောင်း (အပိုင်း ၆)

အရိမဒ္ဒနပူရ သူရဲကောင်း အပိုင်း (၆) ကို ဆက်လက် အားပေးကြပါ။

အင်္ဂါနေ့ နဲ့ သောကြာနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲ (စင်္ကာပူ စံတော်ချိန် ၃နာရီ) မှာ ပုံမှန် တင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ အလျင်မမီလို့ပဲဖြစ်ဖြစ် အလုပ်မအားလို့ပဲဖြစ်ဖြစ် အလွဲချော်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးကြပါ။

ဗီလိန်

အရိမဒ္ဒနပူရ သူရဲကောင်း (အပိုင်း ၅)

အရိမဒ္ဒနပူရ သူရဲကောင်း အပိုင်း (၅) ကို ဆက်လက် အားပေးကြပါ။

အင်္ဂါနေ့ နဲ့ သောကြာနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲ (စင်္ကာပူ စံတော်ချိန် ၃နာရီ) မှာ ပုံမှန် တင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ အလျင်မမီလို့ပဲဖြစ်ဖြစ် အလုပ်မအားလို့ပဲဖြစ်ဖြစ် အလွဲချော်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးကြပါ။

ဗီလိန်

ပန်းရေးပြ စီးချင်း

ဆဋ္ဌမတန်းတုန်းက ကျောင်းသန့်ရှင်းရေးအတွက် ဆိုပြီး ဆရာမက ကြွတ်ကြွတ်အိတ်လေးတွေကို ကိုယ်ထိုင်တဲ့ ထိုင်ခုံနောက်မှာ ကိုယ်စီကိုယ်စီ ချိတ်ထားကြဖို့ နှိုးဆော်ပါတယ်။ (အခုလိုကြွတ်ကြွတ်အိတ် မသုံးရ ဆိုတဲ့ ကိစ္စမျိုးမရှိဘူးပေါ့) အမေအဖေတို့ကလည်း ကုန်စုံဆိုင်လေးဆိုတော့ အိမ်မှာက ကြွတ်ကြွတ်အိတ်တွေက တောင်လိုရာလို ပုံနေပါတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမ စကားဆို သိပ်အလေးထားတဲ့ ကျနော်ကတော့ ဆရာမ ပြောပြီး တစ်ပတ်တိတိ ထိုင်ခုံမှာ ကြွတ်ကြွတ်အိတ် မချိတ်ခဲ့ပါဘူး။ နောက်ဆုံး ဝမ်တိမ် ပေးသည့်တိုင် အဲဒီ့နေ့က မေ့ကျန်ခဲ့သေးသည်။ ကျောင်းခန်းထဲရောက်တော့မှ သတိရသွားတော့ မထူးပါဘူးဆိုပြီး မုန့်ဈေးတန်းက မုန့်ဆိုင်တစ်ဆိုင်မှာ ကြွတ်ကြွတ်အိတ် အကြီးတစ်လုံးဝယ်လိုက်ပါတယ်။ ဇီးထုပ် တစ်ထုပ်ကို ၅မူးပေးရတဲ့ခေတ်မှာ ၁ ကျပ်ဆိုတာ သိပ်ကိုဈေးများပါတယ်။ ဒါတောင် ကုန်နေလို့တဲ့ အဟောင်းပဲ ရှိတယ်ဆိုလို့ ဘာမှ မပြောပဲ ၁ကျပ်တန် အသစ်လေးတစ်ရွက် ထုတ်ပေးပြီး ကျောင်းခန်းထဲ ပြန်လာပါတယ်။ ဒီလိုနဲ့ ထိုင်ခုံနောက်မှာ ချိတ်ထားလိုက်ပါတော့တယ်။

သိပ်မကြာလိုက်ပါဘူး။ ကျနော်နဲ့ မလှမ်းမကမ်းမှာထိုင်တဲ့ ပန်းလေးတစ်ပွင့် ကျောင်းခန်းထဲကို ဝင်လာပြီး သူ့နေရာမှာ သူထိုင်ပါတယ်။ ပထဝီစာအုပ်ကို ထုတ်လိုက်ပြီး လက်ကျန်ဇီးထုပ်လေးကို တစ်ချက် စုတ်ကာ ဇီးထုပ်ခွံကို သူ့ရဲ့ ထိုင်ခုံနောက်ကျောမှာ ရှိတဲ့ အမှိုက်အိတ်ထဲ ထည့်ဖို့လည်းလုပ်ရော........... သူ့ အမှိုက် ကြွတ်ကြွတ်အိတ် မရှိတာတွေ့သွားတော့ ဒေါသက ငယ်ထိပ်ကို တက်ဆောင့်ပြီး မျက်နှာတွေ နီလာပါတယ်။ ပတ်ဝန်းကျင်ကို တချက်လှည့်ကြည့်ရင်း သူ့မျက်လုံး ဆုံးသွားတာက ကျနော့ ထိုင်ခုံနောက်ကျော။ ဝုန်းဒိုင်းဆို ကျနော့ခုံကို လာပြီး ကြွတ်ကြွတ် အိတ်ကို လာဖြုတ်ပါတယ်။
“ဟဲ့.. နင်ဘာလုပ်တာလဲ။”
“ငါ့အိတ် ငါပြန်ယူတာပေါ့။”
“ဘာကို နင့်အိတ်လဲ။ ခုနကမှ မုန့်ဈေးတန်းက ငါ ဝယ်လာတာ။”
“နင်ဝယ်လာတာဆို အသစ် ဖြစ်ရမှာပေါ့။ ပေးဟာ... ”
ကျနော်လည်း သူ့ကိုတွန်းချလိုက်ပြီး
“ငါ့အိမ်မှာ ကြွတ်ကြွတ်အိတ်များ ရိုက်သတ်လို့ မကုန်ဘူး။ နင့်ကိုတောင် ဖို့သတ်လို့ ရတယ်။ နားလည်လား။ နင့်အိတ် ငါက ဘာကိစ္စခိုးရမှာလဲ။”
ကျနော့အထင် ကျနော် တွန်းချလိုက်လို့ သူ ငိုသွားမည်ထင်သည်။ သို့သော် သူ မငို။ ပြန်ထလာပြီး
“နင်လိုအဆင့် ဘိတ်ချေးကောင်တွေက မခိုးလို့ ဘယ်သူ ခိုးမလဲဟဲ့...” ဆိုပြီး ကျနော့ကို ပြန်တွန်းပါတယ်။
သူတင် ကိုယ်တင် တွန်းကြ ပြုကြ ဖြစ်နေတုန်း ဘယ်သူသွားတို့မှန်းမသိလို့ ဆရာမ ရောက်လာပါတယ်။ ဆရာမက နှစ်ယောက်လုံးကို အချိန် တစ်ချိန် မတ်တပ်ရပ်နေဖို့ အပြစ်ပေးပါတယ်။ ဆရာမ အပြစ်ပေးခံရမှာစိုးလို့ ကြွတ်ကြွတ်အိတ်ဟောင်းကို ငွေ ၁ ကျပ် နဲ့ ပေးဝယ်ပြီးတော့မှ ဘာမဆိုင်ညာမဆိုင် ဒင်းကြောင့် အပြစ်ပေးခံရတဲ့အတွက် စတင်ခဲ့တဲ့ အညှိုးအတေးတွေဟာ ကျနော့နှလုံးသားကို လှိုက်စားလို့နေပါပြီ။ တရားခံကို တရားခံမှန်းမသိ တရားလိုကို တရားလိုမှန်းမသိ။ သိအောင်လည်းမလုပ်ပဲ ၂ ယောက်လုံးကို အပြစ်ပေးတဲ့ ဆရာမကိုလည်း မုန်းတီးကာ ကျနော့ရဲ့ အာစရိယ စာရင်းမှ ထုတ်ပယ်လိုက်ပါတယ်။ အစတည်းက ပညာမာန တက်နေတဲ့ သူ့ဘက်လည်း စာညံ့တဲ့ ကျနော်ကသာ တရားခံဖြစ်ရမယ်လို့ သေချာပေါက် စွပ်စွဲထားတဲ့ အတွက် ကျနော့ကြောင့် သူအပြစ်ပေးခံရတယ်ဆိုပြီး အမုန်းတွေ တစတစ အမြစ်တွယ်လို့ နေလာပါတော့တယ်။ ပန်းတော့ပန်းပဲ။ ဒါပေမယ့် ...............

ငါလည်း မနမ်းပဲ
ငါ့လာစူးတဲ့ ပန်းလေးရေ့
ငါ့ရင်က အမုန်းပန်းတွေ
မင်းအတွက် ခူးပေးချင်တယ်
နမ်းမှာလားကွယ်......


အဲဒီ့အချိန်က စလို့ ကျနော် လစ်ရင် ကျနော့ကို ဆော်ပါတယ်။ သူလစ်ရင် သူ့ကို ဆော်ပါတယ်။ သူတို့ထောင်လိုက်လို့ ကျနော် ဒုက္ခရောက်တာတွေ အပြစ်ပေးခံရတာတွေ အများကြီးရှိသလို။ ကျနော် ချောက်ချလို့ သူဒုက္ခရောက်ရတာတွေလည်း အများကြီးပါ။ ဒီလိုနဲ့ ၁၀ တန်း ဖြေပြီးလို့ အောင်စာရင်းတွေ ထွက်တော့ သူက ဘာသာစုံ ဂုဏ်ထူးနဲ့ပေါ့။ ကျနော်ကတော့ သင်္ချာလေးတစ်ဘာသာနဲ့ စစ်စစ်ပေါက်ပေါက်။ ရေစက်က ဘယ်လောက်ပါတယ် မပြောတတ်ဘူး။ အောင်စာရင်း ဖတ်တော့ သူနဲ့ ကျနော်ဆုံပြန်တယ်။ ခနိုးခနဲ့ နဲ့ ရိသဲ့သဲ့ လုပ်သွားလိုက်သေးတယ်။ ကျနော်တို့ အောင်စာရင်းတွေနဲ့ ရှုတ်ရှက်ခတ်နေတုန်း ကျနော့ တစ်ဦးတည်းသော အစ်မနဲ့ သူ့ရဲ့ အစ်ကိုလတ်တို့ အဲဒီ့နေ့မှာပဲ ခိုးပြေးကြပါလေရော။ ကျနော်ကလည်း ဘယ်ရမလဲ။ စီးတော်မြင်း ဒီတီ ဒို အစုတ်ကို စွဲပြီး သူ့အိမ်သွားပြီး ရန်ရှာတာပေါ့။ ကတ်ကတ်လန်အောင်မှ ရန်တွေ့လိုက်ကြတာ။ ပွဲကို ဆူပါလေရော။ အမှန်တော့ သူ့အစ်ကိုက ဒီလောက်လည်း မဆိုးလှပါဘူး။ သူ့ကို အမြင်ကတ်လို့ကို ကွိုင်သွားရှာတာ။

ကဲ... သောက်မြင် ကပ်စရာကောင်းတဲ့ ပန်းကလေးရေ့
ဒီကမ္ဘာမှာ ငါရှိနေသ၍
ရာသီတွေကုန် ပြက္ခဒိန်တွေဟောင်း
မပြောင်းလဲပဲ တည်မြဲဖို့
သေချာတာတစ်ခုက
နင်ဟာငါ့ရဲ့ ထာဝရရန်သူပါ။


နောက်တော့ သူလည်း မကွေးမှာ ဆေးကျောင်းသွားတက်ပါတယ်။ ကျနော်လည်း ရန်ကုန်မှာ ကြုံရာကျပန်း ကျင်လည်ကျက်စားရင်း အစ်မတို့လင်မယားဆီကနေ တချက်တချက် သူ့အကြောင်း ကြားရပါတယ်။ နောက်တော့ ဆေးကျောင်းက သူငယ်ချင်းတွေ ဆီက သတင်းထူးတခု ကြားလိုက်ရတာက ဆေးသမားလေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုတာပဲ။ ကျနော်ပဲ နားကြားလွဲသလားလို့ ပြန်မေးကြည့်တယ်။ ဆေးကျောင်းသားနဲ့လားဆိုတော့ မဟုတ်ဘူး။ ဆေးသမားနဲ့တဲ့။ ကျနော်ကလည်း ပြန်ပြောလိုက်ပါတယ်။ ကောင်းလိုက်တာလို့။ ကျနော်ကြိတ်ပြီး ဝမ်းသာနေမိတယ်။ နောက်ပိုင်း သတင်းတွေ ဆက်ကြားနေရတာက ဒီဘားထိပြီး ကျောင်းနားသွားတယ်လို့ ကြားတယ်။ အဲဒီ့နောက်ပိုင်းတော့ သတင်းအစအန မကြားရတော့။ အစ်မလင်မယားကလည်း ရပ်ဝေးကို ထွက်သွားကြပြီမို့ လုံးဝ အဆက်အသွယ် ပြတ်သွားခဲ့ပြီ။ သူတို့ကို ပါးစပ်က ထုတ်မေးဖို့လည်း ဆန္ဒမရှိဘူးလေ။

မုန်းတတ်အောင် သင်ပေးခဲ့တဲ့
ငါမုန်းခဲ့တဲ့ ပန်းကလေးရေ
ငါပြုံးဖို့ မင်းမျက်ရည်နဲ့
ငါပျော်ဖို့ မင်းဒုက္ခလေးတွေ
ငါ့အနားမှာ ဖူးပွင့်ပေးပါဦးလားကွယ်


ကိုရွာသား ရေးခိုင်းတဲ့ ပန်းလေးတစ်ပွင့် အကြောင်းပါ။

ဗီလိန်

ရင်နှင့်ရင်းသော ဂိုး

မန္တလေးမြို့ ဗထူး အားကစားကွင်း၏ အဝတ်လဲခန်းတွင်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက် (Yangon Utd.) အသင်းသားများထဲမှ အချို့ကလည်း စကားမြည်ပြောနေကြသည်။ အချို့ကလည်း လက်အုပ်ချီကာ ဆုတောင်းနေကြသည်။ အချို့ကလည်း ယတြာ၊ အဆောင်များ အပြန်အလှန် စီမံပေးနေကြသည်။ အောင်ြမင်မှုအတွက် ကြိုးစားရန် စိတ်ဓာတ်ကိုလည်း အမြင့်ဆုံးထိ မြှင့်တင်ထားကြသည်။ တစ်ရာသီလုံး ကြိုးစားခဲ့သမျှ၏ မိနစ်ကိုးဆယ်သာ အနိုင်ရရုံနှင့် ရရှိလာမည့် အကျိုးခံစားခွင့်များက ကျနော်ဘောလုံးကစားခဲ့သည့် သက်တမ်းတလျှောက် အများဆုံး ဖြစ်နိုင်သည့်အပြင် ကျနော့အတွက် ဤပွဲတွင် တစ်ဂိုးသွင်းရုံဖြင့် သည်ရာသီ၏ ဂိုးသွင်းအများဆုံးဆုကို ရရှိမည့်အပြင် မြန်မာနဲလ်ရှင်နယ်လစ်ဂ်(MNL) စတင်တည်ထောင်ချိန်မှ ၁၀နှစ်အတွင်း ဂိုးအများဆုံးသွင်းသူအဖြစ်ပါ စံချိန်တင်နိုင်တော့မည်။ သို့သော် ပြိုင်ဘက်အသင်းဖြစ်သည့် အစဉ်အလာကြီးများခဲ့သော ရတနာပုံအဖ်စီ (Yatanarbon FC) အတွက် သည်ပွဲတွင်အမှတ်မရပါက ပထမတန်းသို့ ဆင်းရမည့် အနေအထားတွင် ဖြစ်နေသည်။

နည်းပြချုပ်၏ အော်ခေါ်သံကြောင့် အောင်ပွဲအတွက် ကစားသမားများအားလုံး ညာသံပေးကာ ကွင်းဝင်တန်းစီရန် ထွက်ခွာ နေကြစဉ် အဝတ်လဲခန်း၏ ထောင့်တစ်နေရာတွင် ထိုင်ရာမှ မထသေးသည့် ကျနော့ပုခုံးကို လာပုတ်သူကား ကျောင်းတုန်းက တခန်းထဲ သူငယ်ချင်းဟောင်းလည်း ဖြစ်၊ ရန်ကုန်ယူနိုက်တက် အသင်း၏ လက်ရွေးစင်ဂိုးသမားလည်း ဖြစ်သည့် ရဲအာကာဖြစ်သည်။ ကျနော့၏ ခံစားချက်များကို သဘောပေါက်နားလည်သော အကြည့်ဖြင့် နှစ်သိမ့်ကာ ခေါင်းငြိမ့်ပြလေသည်။ ရဲအာကာကမ်းပေးသည့် လက်ကို ဆွဲကာ ထိုင်ရာမှ ထလိုက်သည်။ သက်ပြင်း တချက်ချရင်း။ တန်းစီနေသည့် ကစားသမားများနှင့်အတူ ဝင်ရောက်တန်းစီလိုက်သည်။ တန်းစီနေစဉ် တဘက် ကစားသမားများ၏ အကြည့်များကို ရှောင်လွှဲရန် မျက်လုံးအစုံကို မှိတ်ထားနေမိသည်။ မကြာမီ ကစားသမားများ ကွင်းတွင်းသို့ဝင်ရန် တံခါးဖွင့်ပေးလိုက်သည်နှင့် ရန်ကုန်ယူနိုက်တက် ပရိတ်သတ်ဘက်မှ ပထမဆုံး ကြားရသည်ကား ကျနော့နာမည်။

ထို့နောက် အသင်းဓာတ်ပုံရိုက်ပြီး အသင်းခေါင်းဆောင်နှင့် ဒိုင်လူကြီးများ သက်ဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်နေကြစဉ် ဗထူးအားကစားကွင်းကြီး၏ လေးဘက်လေးတန်ကို တရှိုက်မက်မက် ကြည့်ကာ သက်ပြင်းပူတစ်ချက်ချလိုက် မိပြီး မကြာမီ ကွင်းလယ်မှတ်ကို သွားရင်း စပေးဘောလုံးထိကာ ပွဲစဉ်စလိုက်သည်။ ပထမပိုင်း ၄၅ မိနစ်လုံးလုံး ကျနော့အတွက် အခွင့်အရေးများကို တတ်နိုင်သမျှ ရှောင်နေခြင်းကို ပရိသတ်ရော နည်းပြများပါ သတိမထားမိကြ။ အပိုင်ဘောလုံးများကို ကပ်သီးကပ်သပ် လွဲချော်နေသော ကျနော့၏ ဂိုးသွင်းချက်များကြောင့်လည်း အားလုံးက ဟာကနဲ ဟင်ကနဲ ဖြစ်နေကြသည်။

ပထမပိုင်းပွဲသိမ်းခရာ မှုတ်ပြီး နည်းပြချုပ် Mc Benny က ကျနော့ကစားပုံမှာ ကောင်းကြောင်း၊ သို့ရာတွင် ဒီ့ထက်ပို၍ အာရုံစူးစိုက်သင့်ကြောင်း ပြောကာ ဒုတိယပိုင်းကစားမည့် ကစားကွက်ကို ပြသည်။ ၄-၅-၁ ။ ထိုကစားကွက်ကို မြင်မြင်ချင်း ကျနော့၏ ဦးနှောက်တွင်းသို့ လွန်ခဲ့သည့် လေးနှစ်က ပုံရိပ်ဟောင်းများဖြတ်ပြေးသွားသည်။ ပရော်ဖယ်ရှင်နယ် ကစားသမားဘဝ၌ ပထမဆုံးဆရာဖြစ်သည့် ရတနာပုံအဖ်စီ အသင်း၏ နည်းပြချုပ် ဆရာဦးတင့်မောင်က ကျနော်ပါသည့် ပွဲစဉ်တိုင်းနီးပါး၏ ပုံမှန်ကစားကွက်ကား ၄-၅-၁ ။ Lone Striker တစ်ဦး အဖြစ် ရတနာပုံအဖ်စီ (Yatanarbon FC) အသင်းကြီးတစ်ခုလုံး၏ ဂိုးသွင်းတာဝန်ကို ကျနော်အား ယုံယုံကြည်ကြည် ပုံအပ်ထားခဲ့ဖူးသည်။ ကျနော်ကိုယ်တိုင်ကလဲ တာဝန်ကျေနိုင်ခဲ့သည်။ လမ်းဘေး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများတွင် ကစားခဲ့သော အညတရလေးတစ်ဦးမှ မြန်မာနဲလ်ရှင်နယ်လိဂ်(MNL) သက်တမ်းတလျှောက် ဂိုးသွင်းအများဆုံး ဂိုးသွင်းဘုရင်တစ်ဦး အဖြစ်ရပ်တည်လုဆဲဆဲအထိ မြေတောင်မြှောက်ပေးခဲ့သည့် နည်းပြချုပ် ဆရာဦးတင့်မောင်နှင့် ရတနာပုံအဖ်စီ (Yatanarbon FC) အသင်း၊ ဗထူးအားကစားကွင်းကြီးကို ငါ့အိမ် ငါ့မြေဟု ကြွေးကြော်ခဲ့ဖူးသည့် ယခု ရန်ကုန်ယူနိုက်တက် (Yangon Utd.) အသင်း တိုက်စစ်မှူးတစ်ဦး၏ ခံစားချက်။ အသင်း၏ ဘတ်ဂျတ်အခြေအနေအရ ကျနော့ကို ထုတ်ရောင်းခဲ့စဉ်က ကျနော့အား သားအရင်းတစ်ဦးပမာ ချစ်သည့် ဆရာဦးတင့်မောင်၏ မျက်ရည်ဝိုင်းနေသည့် မျက်ဝန်းတစ်စုံ။ အားလုံးကို မျိုချပြီး ဒုတိယပိုင်းပွဲစဉ်အတွက် ကွင်းအတွင်းသို့ ပြန်လည်ပြေးဝင်ခဲ့ပြီ။

ပထမပိုင်းတစ်ပိုင်းလုံး ခြေအသာဖြင့် ၀-၀ ရလဒ် အားမလိုအားမရဖြစ်နေသည့် ပရိသတ်များထံများ ကျနော့ နာမည်ကို ပြတ်သားစွာကြားနေရသည်။ ဒုတိယပိုင်း ၈၄ မိနစ်တွင် အသင်းခေါင်းဆောင် မြတ်သူရမှ ဖန်တီးပေးလိုက်သော ဘောလုံးက တဘက်နောက်တန်းများကို ကျော်ကာ ကျနော်၊ ဘောလုံးနှင့် ဂိုးသမား သာကျန်တော့သည်။ ကျနော့၏ နှလုံးခုန်သံကို ကျနော်ပြန်ကြားနေရသည်။ မြန်မာတစ်နိုင်ငံလုံးမှ ပရိတ်သတ်၏ ရင်တမမ အကြည့်က ကျနော့အပေါ်တွင် စုပြုံနေသည်။ ဘောလုံးကို ဂိုးသမားက လှမ်းအဆွဲ အသာတို့၍ လိမ်လိုက်ကာ ၅ မီတာအကွာမှ ဂိုးတိုင်အတွင်းသို့ ကန်ထည့်လိုက်ရင်း မြက်ခင်းပြင်သို့ လဲကျသွားသည်။ ကျနော့် မျက်နှာတစ်ခုလုံး မျက်ရည်တွေရွှဲကာ မြက်ခင်းပြင်တွင် ပက်လက်လှန်ကာ ငိုနေမိသည်။ ပရိတ်သတ်၏ အားပေးသံနှင့်အတူ ကျနော့ဘေးသို့ အသင်းသားများ ဝိုင်းကာ ဂုဏ်ပြုကြသည်။ ဆူညံပွက်လောရိုက်နေသည့် အားပေးဂုဏ်ပြုသံများကြားထဲမှ တိုးထွက်ကာ ကျနော့ နားတွင် ကြားယောင်နေမိသည်ကား ဆရာဦးတင်မောင်၏ စကားတစ်ခွန်း
“တကယ်တော့ ပရော်ဖယ်ရှင်နယ် ကစားသမားတစ်ဦးရဲ့ ဘဝဟာ သူ့ကိုယ်သူမပိုင်ဘူး။ သူ့ကို ချစ်တဲ့ သူ့ကို မြတ်နိုးတဲ့ အားကစား ပရိတ်သတ်ကြီးအတွက် ဘာပဲဖြစ်ဖြစ် တာဝန်ကျေအောင် ပေးဆပ်ရမှာပဲ။”
ဟုတ်ပါတယ်ဆရာ။ ကျနော့ကို မွေးထုတ်ခဲ့တဲ့ မိခင် ရတနာပုံအဖ်စီ (Yatanarbon FC) နဲ့ ကျနော့ နှလုံးသားကို ရင်းပြီး ပရိတ်သတ်အတွက် ဒီဂိုးကို သွင်းခဲ့ပါပြီ ဆရာ။ သွင်းခဲ့ပါပြီ.................

ဗီလိန်

*အသင်းများ၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားလိုခြင်း အလျင်းမရှိကြောင်း ဝန်ခံပါသည်။*

အရိမဒ္ဒနပူရ သူရဲကောင်း (အပိုင်း ၄)

အရိမဒ္ဒနပူရ သူရဲကောင်း အပိုင်း (၄) ကို ဆက်လက် အားပေးကြပါ။ ကြိုးစားပြီးတော့ ဆက်လျှောက်နေပါတယ်။

အင်္ဂါနေ့ နဲ့ သောကြာနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲ (စင်္ကာပူ စံတော်ချိန် ၃နာရီ) မှာ ပုံမှန် တင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ အလျင်မမီလို့ပဲဖြစ်ဖြစ် အလုပ်မအားလို့ပဲဖြစ်ဖြစ် အလွဲချော်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးကြပါ။

ဗီလိန်

ဗီလိန် သိတဲ့ အရောင်

အစိမ်းရောင် (Green)
မီးပွိုင့်မှာတော့ သွားနိုင်သည်။ Gtalk မှာတော့ ပွားနိုင်သည်။






လိမ္မော်ရောင် (Orange)
မီးပွင့်မှာတော့ အရှိန်လျှော့။ Gtalk မှာတော့ အိုင်ဒယ်လ် (Idle) ပေါ့။






အနီရောင် (Red)
မီးပွိုင့်မှာတော့ တားပါတယ်။ Gtalk မှာတော့ မအားပါကွယ်။






အနက်ရောင်၊ အမည်းရောင် (Black) & မီးခိုးရောင် (Gray)
မီးပွိုင့်အနက် မီးပွိုင့်ပျက်
Gtalk မီးခိုး ကိုဂျီပုန်း။





ကျနော်ကတော့ အဲလို သိတာပဲ။ တခြားသူတွေ အတွက်တော့.............

ဗီလိန်

အရိမဒ္ဒနပူရ သူရဲကောင်း အပိုင်း (၃)

အရိမဒ္ဒနပူရ သူရဲကောင်း အပိုင်း (၃) ကို ဆက်လက် အားပေးကြပါ။ ကြိုးစားပြီးတော့ ဆက်လျှောက်နေပါတယ်။

အင်္ဂါနေ့ နဲ့ သောကြာနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲ (စင်္ကာပူ စံတော်ချိန် ၃နာရီ) မှာ ပုံမှန် တင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ အလျင်မမီလို့ပဲဖြစ်ဖြစ် အလုပ်မအားလို့ပဲဖြစ်ဖြစ် အလွဲချော်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးကြပါ။

ဗီလိန်

ငါ အကြောင်း

ငါသည် ငါ၏ အတ္တကို ငါ့ဘာသာငါ စားသုံးသည်။ ထို့အတွက် ငါမဟုတ်သော ငါများကို ပြောလိုက်ချင်သည်ကား ငါ့နေရာနှင့်ငါ ငါ့မာနနှင့်ငါ ငါ့ဘဝကို ငါတည်ဆောက်မည်။ ငါကို ငါနှင့်မစားချင်သူများ ငါ့ကို နှောက်ယှက်သော်ညား ငါမယိုင်လဲ။ ငါ့ခြေထောက်ပေါ် ငါရပ်၍ ငါ့ဆန္ဒနှင့် ငါရှင်သန်သည်။ ငါချင်းတူတူ ငါ့ထက်သာသည့် ငါကို မနာလိုတတ်သည့် ငါအပေါင်းနှင့် ကင်းကွာလိုသော်ငြား ငါကိုယ်တိုင်က ငါဖြစ်နေ၍ ငါ့ကိုယ်ငါလည်း စိတ်မချနိုင်။ သို့ပေသောကြောင့် ပုတုဇဉ်ဖြစ်သည့် ငါကား မည်သည့် ငါကိုမျှ အပြစ်မပြောလို။ ထို့ကြောင့် ယနေ့မှ စ၍ ငါအပါအဝင် ငါမဟုတ်သော ငါအပေါင်းကို မေတ္တာပို့ပါမည်။

ငါ့ကို တွန်းချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါကို ကန်ချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ဆွဲချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို နင်းတက်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ထိုးကျွေးသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ခြေထိုးခံသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို အချွန်နှင့် မသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို မြှောက်ကာမြှောက်ကာ ရိုက်ချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့မကောင်းကြောင်း ပြောသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကောင်းကြောင်း ပြောချင်ယောင်ဆောင်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အမှားကို စောင့်နေကြသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အယိုင်ကို ဝမ်းသာသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အလဲကို လက်ခုပ်တီးသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ထိုးသော လက်ညှိုးပိုင်ရှင် ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ရင်ဝကို ဆောင့်ကန်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့နောက်ကျောကို ဓားနှင့်ထိုးသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အလစ်ကို ချောင်းရိုက်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါမေတ္တာပို့ရန် ကျန်ခဲ့သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်
ဗီလိန်

ရေတွင်းထဲက ဖားသူငယ်

ထိုးထွက်ခဲ့ပြီ
ပိတ်ဆို့နေတဲ့ ကျင်းဝတစ်ခု
ဖောက်ထွက်ခဲ့ပြီ
တားဆီးထားတဲ့ အရာတချို့
ရုန်းထွက်ခဲ့ပြီ
သေးငယ်လှတဲ့ ငါ့ကျင်းလေးထဲကနေ

ငါပျော်ရွှင်စွာ ခုန်ပေါက်နိုင်ပြီ
ငါကျယ်လောင်စွာ အော်ဟစ်နိုင်ပြီ
ငါလွတ်လပ်စွာ ရပ်တည်နိုင်ပြီ

ဟိုနားလေးမှာ ယင်ကောင်တစ်ကောင်
လျှာလေးထုတ်ပြီ ဖမ်းကြည့်လိုက်မဟ...
ဟိုနားလေးမှာ ရေလေး တစ်ကွက်
ရေလေးကူးပြီး ပျော်လိုက်မဟ...
ဟိုနားလေးမှာ မြေတလင်းလေး
ခုန်လို့ပေါက်လို့ ခြေဆန့်မဟ...

လောကတွင် တုနှိုင်းမဲ့သော နေရာတစ်ခု
လောကတွင် အသာယာဆုံးသော နေရာတစ်ခု
လောကတွင် ပျော်စရာအကောင်းဆုံးသော နေရာတစ်ခု
ငါရောက်နေပြီ။

ဗီလိန်

မှတ်ချက် ။ ။ သေချာပြီလား ဖားသူငယ်။

အရိမဒ္ဒနပူရ သူရဲကောင်း (အပိုင်း ၂)

အရိမဒ္ဒနပူရ သူရဲကောင်း အပိုင်း ၂ ထွက်ပါပြီ။

အင်္ဂါနေ့ နဲ့ သောကြာနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲ (စင်္ကာပူ စံတော်ချိန် ၃နာရီ) မှာ ပုံမှန် တင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ အလျင်မမီလို့ပဲဖြစ်ဖြစ် အလုပ်မအားလို့ပဲဖြစ်ဖြစ် အလွဲချော်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးကြပါ။

ဗီလိန်

အရိမဒ္ဒနပူရ သူရဲကောင်း (အပိုင်း ၁)

အချိန်ယူပြီး ဖန်တီးထားတဲ့ ဝတ္ထုရှည်လေး တစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။

ဤဝတ္ထုကို Luo Guanzhong ၏ Three Kingdoms ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ပထမမြန်မာနိုင်ငံတော် (ပုဂံခေတ်) နှောင်းပိုင်းအချိန် မြန်မာ့ခေတ် မြန်မာ့ဟန်နဲ့ စိတ်ကူးယဉ် ရေးသားထားခြင်းသာ ဖြစ်ပါသည်။ သမိုင်းလို မဖတ်ပဲ ဝတ္ထုလိုပဲ ဖတ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ စိတ်ကူးယဉ် ဇာတ်လမ်းသက်သက် မျှသာဖြစ်ပါသည်။ သမိုင်းကို မှားအောင်ပြုလုပ်ခြင်း မဟုတ်ကြောင်း ကြိုတင် တောင်းပန်ချင်ပါသည်။ တချို့သော ပုဂံခေတ် အသုံးအနှုန်းတွေကလည်း ကျနော်အပါအဝင် စာဖတ်သူတွေလည်း ဖတ်ရမှာ ထောက်နေမှာဖြစ်လို့ မသုံးထားတာတွေလည်း ရှိပါသည်။ အဲဒီအတွက် နားလည် ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

အရိမဒ္ဒနပူရ သူရဲကောင်းလို့ နာမည်ပေးထားပါတယ်။ အားပေးကြပါဦး။

အပိုင်း (၁) ကို သွားရောက်ဖတ်ရှုနိုင်ပါပြီ။

လေးစားလျက်....
ဗီလိန်

ဗီလိန်ပြောတဲ့ ခုတလော

ကဲ နန်းညီရေ။ သိပ်သိချင်နေမှတော့ ပြောရတော့မပေါ့။

ခုတလော
တွေးနေမိတာက
ဘယ်သူ့ကို ဒုက္ခပေးရမလဲ

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အောက်တန်းစား

ကျန်းမာရေး
ချောင်းတဟွတ်ဟွတ်

ဖတ်ဖြစ်တဲ့စာအုပ်တွေက
Dictionary

ရောက်နေဖြစ်တာက
ရုံး

ရေးဖြစ်နေတာက
အရိမဒ္ဒနပူရ သူရဲကောင်း

နားထောင်ဖြစ်နေတာက
စိတ်ညစ်ရပါလား (Big Bag)

ရွတ်နေမိတဲ့ကဗျာက
မြေခွေး နဲ့ ကိုရပ်ကွက်

ဖြစ်ချင်နေတာက
ဗီလိန်

စားဖြစ်နေတတ်တာက
ဘဝခါးခါး

သနားနေမိတာက
ငါ့မာန

လွမ်းနေမိတာက
ငါ့လုံ့လ

မေ့လျော့ပစ်နေမိတာက
ဝင်သက်ထွက်သက် (သီချင်းမဟုတ်ပါ)

ခါးသက်နေမိတာက
လူ

တမ်းတနေမိတာက
အချိန်

ကြိတ်ပြီးချီးကျူးနေမိတာက
လောကကြီးကို

ကြိတ်ပြီးအထင်သေးနေမိတာက
ငါ

ဆန္ဒမရှိတဲ့နေရာ
ရပ်ကွက်ထဲ

ဆန္ဒရှိနေတဲ့ကိစ္စ
စိတ်စေရာ

မုန်းတီးနေမိတာက
ငါ

ချစ်နေတာက
ငါ

စိတ်ပျက်နေမိတာက
ငါ

စွဲလန်းနေမိတာက
ငါ

လိုအပ်နေတာက
ငါ

တောင်းနေမိတဲ့ဆု
N/A

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
Holy S...

ဝန်ခံချင်တာက
မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်တဲ့ အလှော်ဆရာလူတချို့ကို အမြင်ကတ်နေပါတယ်။

ရဲဘော်ငချမ်းရဲကလေးမ မေဇင်ဂျီးဒေါ် မဆုမွန်၊ ....................... လုပ်ဦး။

ဗီလိန်