အပြောနဲ့အလုပ်နဲ့ မညီတဲ့ အဖေ (သို့) နှိုင်းယှဉ်ချက် (၃)

အပြော ။ ။ "နောက်ကျမယ်။ ဟုတ်လား။ ဒီလောက်တောင် စည်းကမ်းပျက်နေတဲ့ကောင် ပြန်မလာနဲ့ တံခါးလုံးဝဖွင့်မပေးဘူး။"
အလုပ် ။ ။ အိမ်ရှေ့တံခါးမကြီး သော့ခတ်ထားတယ်။ နောက်ဖေးတံခါးလော့ခ် ချမထားခဲ့။

အပြော ။ ။ "အမေကြီး အံဆွဲသော့ ငါ့ပေးထား ဒီရက်ထဲ ပိုက်ဆံတွေ လျော့လျော့နေတယ်။ ဟိုကောင် နှိုက်နှိုက်နေတာပဲဖြစ်မယ်။ ဒီကောင် ဒီလောက်သုံးနေရင် ပျက်စီးလိမ့်မယ်။"
အလုပ် ။ ။ နောက်ရက်တွေ ထမင်းစား စားပွဲခုံပေါ်မှာ၊ တီဗွီ ပေါ်မှာ ထောင်တန်တွေအထပ်လိုက် မေ့မေ့ကျန်ခဲ့တယ်။

အပြော ။ ။ "အရွယ်လေး ရောက်လာလို့ သောက်သောက်စားစားလေး လုပ်မယ်မကြံနဲ့။ အိမ်ပေါ်က ကန်ချမှာ။"
အလုပ် ။ ။ "အမေကြီး ဟိုကောင်ဒီနေ့သောက်လား သလား။ သွားသွားကြည့်လုပ်ပေးလိုက်ဦး။ မနက်ကျမှ ခေါင်းတွေကိုက်နေဦးမယ်။"

အပြော ။ ။ "မင်းက ဘယ်အရွယ်ရှိသေးလို့ ကားမောင်းချင်တာလဲ။ အခုမှ လိုင်စင်ရကာစပဲ ရှိသေးတယ်။ ဂျိန်းစပွန်းလုပ်ချင်နေပြီလား။"
အလုပ် ။ ။ "ခေါင်းနည်းနည်း မူးနေတယ် အမေကြီးရေ ပွဲရုံကို TAXI နဲ့ပဲသွားတော့မယ်။"

အပြော ။ ။ "ဖုန်းတစ်လုံးကို ဘယ်လောက်များမှတ်နေလဲ။ ပိုက်ဆံကတွင်းထဲက နှိုက်လို့ရတာမဟုတ်ဘူးကွ။"
အလုပ် ။ ။ "မင်းဘယ်ရောက်ရောက် ငါခေါ်ချင်ရင်ခေါ်လို့ရအောင် ၀ယ်ပေးတာ။ ဟန်းဆက်ကို မင်းအမေနဲ့သွားဝယ်ချေ။" အမေ့ကိုပေးတဲ့ ဟန်းဆက်ဖိုးက Latest Model ၀ယ်လို့ရအောင် လုံလောက်သည်။

အပြော ။ ။ "ပိုက်ဆံဖြင့်မရှာနိုင်သေးဘူး ဖြုန်းဦးမယ်ပေါ့လေ။ ဘယ်နရက်ကြာမှာလဲ။ ဘယ်သူတွေနဲ့ သွားမှာလဲ"
အလုပ် ။ ။ သူများထက် ၃ ဆ ရှိသောငွေကို ချောင်းသာသွားဖို့ အမေကတဆင့် ပေးလိုက်တယ်။

အပြော ။ ။ "ရုံးတွေ ဂတ်တွေကို မင်းအိမ်လို့များထင်နေလား။ ကြားမကြားဖူးပေါင်ကွာ။ သူတို့ပြောတော့ အသားပဲ့သွားတာမှတ်လို့"
အလုပ် ။ ။ "ဒါမှ ငါ့သားကွ ငါ့သမီးအတွက် ဒီလို အစ်ကိုရှိတာစိတ်ချရပြီ အမေကြီးရေ။ ပြီးတော့ အချုပ်ကထုတ်ရတာကွာ၊ ဆေးရုံကမထုတ်ရရင်ပြီးတာပဲ။ ဒါမှယောက်ျားကွ။"

အပြော ။ ။ "တောက်.......။ မင်းကတော့ကွာ။ ငါးထိုးလိုက်ရ။ ဘောပွဲ ၀ါသနာပါတာပဲကွာ ကြည့်ပေါ့။ ဘာလောင်းစရာလိုလဲ။ ကိုယ်အားပေးတဲ့အသင်း နိုင်ရင်ပြီးတာပဲကို။ လိုက်မရှင်းပေးနိုင်ဘူး မင်းဟာမင်း အရိုက်ပဲ ခံရခံရ။ အဖမ်းပဲခံရခံရ"
အလုပ် ။ ။ ထိုနေ့မှစ၍ ဘောပွဲဒိုင်က ကြွေးထပ်မတောင်းတော့။

အပြော ။ ။ "လုပ်လိုက်ရင် အလွဲလွဲအချော်ချော်ကြီးပဲ စောင့်နေ ပစ္စည်းတွေ မရရအောင်ရှာပြီးဝယ်လာခဲ့။"
အလုပ် ။ ။ "အမေကြီးရေ။ ဒီကောင် ဒီနေ့ တော်တယ်ကွ။ မရတော့ဘူးလို့ ထင်ထားတဲ့ပစ္စည်းကို ပုံမှန်ဈေးနဲ့ ရအောင်ယူလာနိုင်တယ်။ ငါ့ပွဲရုံတော့ စိတ်ချရပြီ။"

အပြော ။ ။ "မင်းသွားချင်တယ်မလား။ သွားပေါ့ကွာ။ မင်းက ငါ့အလုပ်မှာ မလုပ်ရရင်ပြီးရောမလား။ နိုင်ငံခြားရောက်မှ ပြန်လာချင်တယ်မပြောနဲ့။"
အလုပ် ။ ။ "အမေကြီး၊ သားကိုမပြောတော့ဘူးလား။ အမေကြီးက တကယ်လွှတ်တော့မှာလား။ အင်းပေါ့လေ။ သူစမ်းကြည့်ချင်တယ် ဆိုတော့လည်းလွှတ်ရမှာပေါ့။ ကြိုးစားချင်တဲ့စိတ်၊ တိုးတက်ချင်တဲ့စိတ် ရှိတာကောင်းပါတယ်လေ။"

အပြော ။ ။ "ပြန်လာဦးမလို့လား။ လေယာဉ်ခ က ကုန်ကကုန်နဲ့။"
အလုပ် ။ ။ ပြက္ခဒိန်တွင် မှင်နီဖြင့်ဝိုင်း၍ နေ့တိုင်းပြက္ခဒိန်ပဲ ကြည့်နေသည်။

10 comments:

Dream said...

ဖတ်ပြီးတော့ မိဘ တွေရဲ့သားသမီး အပေါ်မှာ
ထားတဲ့ မေတ္တာ လေး ကို ခံစားသွားတယ်..

အင်း..မိဘ...မိဘ...

(သားရေဘီယိန်..နောက်ချိုမချိုးနဲ့နော်... ကျားရား..မင်းဂိုမင်းအဖေဂျီး ချောင့်နေဒယ်...
လိန်လိန်မာမာနေ... နိုင်ငန်ချားမှာ ယဲ ဆိုးမနေနဲ့ ကျားရား...တားရေးပျံရာဒါဂို ဖေဖေမေမေ တို့ ပျက်ကဒီချာယွက်..မင်နီလေး ၀ိုင်းပီး ..ပန်ရာမယ့်ရက် ကို လက်ချိုးရေပီး..ချောင့်နေဒယ်ချိုဒါ...မမေ့နဲ့ .ကျားရား..... ဒါဖဲ... :P
ပုံ/မင်းအဒေါ်... တီတီဒွင်း.. :P :P )

သံလွင် HeRo said...

ဖတ်ပြီးသွားတော့စိတ်ထဲတမျိုးကြီးပဲ...
တစ်ချို့ဟာလေးတွေကကျနော့်အဖြစ်နဲ့ခပ်ဆင်ဆင်ပဲဗျို့.
အမေတစ်ယောက်တည်းနဲ့ကျနော်တို့မဖြစ်လာနိုင်သလို........အဖေဟာလည်းအဖေပါပဲဗျာ...
သိတော့ဝူး......

မောင်ဖားကြီး said...

အော် မိဘမိဘ ဒီလိုပါပဲဗျာ။ ခင်ဗျား စိတ်ကူးသရုပ်ဖေါ်ပုံလေးကတော့ မိုက်တယ်ဗျာ

Anonymous said...

အင်း ... ဖြစ်တတ်ပါတယ်ဗျာ။
ဘာပြောလို့ပြောမှန်းမသိဘူးဗျာ

ဗီလိန် said...

ဟုတ်ကဲ့ပါ တီတီဒွင်း။ ပြန်လာပါ့မယ်ဂျ။

ကိုသံလွင်ရယ် ဟုတ်ပါ့ဗျာ။
အမေကအမေဖြစ်ပြီး အဖေကအဖေဖြစ်ပေမယ့်။ တခါတလေကျတော့လည်း အဖေက အမေ။ အမေက အဖေ လည်းဖြစ်တတ်သေးတယ်နော်။

ရိုးရိုးလေးပါကိုဖားကြီးတယ်။ ဘာမှ ထွေထွေထူးထူးကြီးမဟုတ်ပါဘူး။ အဖေ့ကျေးဇူး ချွေးတပေါက်စာလေးပဲဖြစ်ဖြစ် ဆပ်ကြည့်တာပါ။

အိမ်ရေ့ ပြောလို့မရလည်း မပြောနဲ့တော့ဗျာ။ ရင်ဘတ်ထဲမှာ သိမ်းထားလိုက်။

chanye` said...

ကြိုက်တယ်ဗျို့...။

လင်းဒီပ said...

အော်မိဘ မိဘ....ဘယ်အရာနဲ့မှ အစားထိုး နှိုင်းယှဉ်လို့မရဘူး.....
ဝေးလေ ပိုသိလေပဲ...လိန်လိန်ရေ...
ဒီပို့စ် အတွက် မင်္ဂလာပါ

ဖိုးဂျယ် said...

ကိုဗီလိန်ရေးထားတဲ့ အတိုင်းသာဆို ကိုဗီလိန်က ကံကောင်းတဲ့ လူတစ်ယောက်ပဲဗျာ။ ပျော်ရွှင်ပါစေ ကိုဗီလိန်ရေ။ အစ်ကိုလို မျိုးခပ်ဆင်ဆင်လေးတော့ ရေးမိလိမ့်မယ်ထင်တယ်။ ဒီထပ်ကံကောင်းပါစေဗျာ။

ရွှေပြည်သူ (ShwePyiThu) said...

အဖေ့ကို လွမ်းသွားတယ် မောင်လေးဗီလိန်ရေ... နောက်ဆုံးတစ်ခုက ရင်ထဲကို အထိဆုံးပါပဲ... ရေးထားတာလေး သိပ်ကိုကောင်းတယ် မောင်လေးရေ...

kk said...

မိဘ တိုင်း ဒီလို ပဲလား။ ဒါပေမဲ့ တစ် ချို့က တော့ နည်း နည်း ပို ပွင့် လင်း ပြီး တစ် ချို့က တော့ ဒီ ထက် ပို မြို သိပ် တက် တယ် ။ ကံ ကောင်း တယ် နော်။ မြင် နိုင် တဲ့ အတွက် လည်း ချီး ကျုး ပါ တယ်။ သူများ တွေ အဲ ဒီလောက် ကံ မကောင်း ဘူး ။ ရေး ထား တဲ့ ပုံ စံ ကြောင့် ပို ပြီး အသက် ၀င် သွား သလို ပဲ။