ဗီလိန်တို့၏ အဆိုအမိန့်များ

၁။ "လွယ်သလား ခက်သလား ရာမ။ ရာမ လွယ်သလား ခက်သလား ပြောစမ်းငါ့ကို။ အေးဒီမှာ ဗိုလ်လုပ်ချင်တဲ့ကောင် ဆိုတာ ဒီလိုပစ်နိုင်မှ ဗိုလ်လုပ်လို့ရတာကွ"

၂။ "ဒါပေမယ့် သီတာဒေဝီ၊ ဟောဒီ လက်နက်တွေ ချိတ်ဆွဲထားတဲ့ ဝတ်ရုံအောက်က ကိုယ်တွင်းမှာ မင်းကို ချစ်မြတ်နိုးတဲ့ နှလုံးသည်းပွတ် ရှိနေတယ်ဆိုတာ မင်းနားလည်လိုက်ပါ၊ မင်းနားလည်လိုက်ပါ။"

၃။ "ဘယ်နှယ့်လဲ စောလူးကိုယ်တော်ရဲ့ သင့်ရဲ့ ဘုန်းသဘာကို ယှဉ်နိုင်ရင်ယှဉ်ဆို။ ဟားဟားဟားဟားဟားဟား။ ခုတော့ ဘယ်နှယ့်ရှိစ။ စစ်ပရိယာယ်ကိုမှ နားမလည်ပဲ တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မတုန်း။"

၎။ "ရဲဘော်တို့ ကိုယ့်တာဝန် ကိုယ်ယူဖို့ ပြင်ဆင်ဆုံးဖြတ်ထားတဲ့ သူတွေကိုသာ ဘုရားသခင်က ကူညီလိမ့်မယ်။"
"ရဲဘော်တို့ ကိုယ့်အတွက်သာ ကိုယ်လုပ်ပါ။ ဒါဆိုရင် ဘုရားသခင်က မင်းဘက်မှာရှိလိမ့်မယ်။"
"ရဲဘော်တို့ လွတ်လပ်ခြင်းမှာ လက်နက်တွေ မရှိရင် ဆန္ဒအားနဲ့ လဲရလိမ့်မယ်။"
"God helps only those who are prepared and determined to help themselves."
"Help yourself, then God will also help you!"
"If freedom is short of weapons, we must compensate with willpower."

၅။ "ဘာမဟုတ်တဲ့ အီရတ်ကျေးတောသားက လျှင်မြန် ထက်မြက်ပါတယ် ဆိုတဲ့ အမေရိကန်ကို လက်နက်အိုကြီးနဲ့ ပစ်ချခဲ့တာ မှတ်မိစမ်းပါ"
"ငါ့ကို ကြိုးပေးမယ် ဆိုရင် ငါ့ကြိုး ငါယူခဲ့မယ်။"
"Remember the valiant Iraqi peasant and how he shot down an American Apache with an old weapon."

၆။ "ငါတို့ ဒီတိုက်ပွဲကို ဆက်တိုက်မယ်။ အောင်ပွဲခံတဲ့အထိ ဒါမှမဟုတ် ငါတို့ အလ္လာရှင်မြတ်နဲ့ တွေ့တဲ့အထိ။"
We will work to continue this battle, until victory or until we meet God.

၇။ "လူကောင်းလူဆိုး ဆိုတာမရှိဘူး။ စွမ်းအား ဆိုတာပဲရှိတယ်။"
"There is no good and evil, there is only power."

၈။ "လောကကြီးက ငါ့ကိုသစ္စာမဖောက်ခင် ငါကအရင်လောကကြီးကို သစ္စာဖောက်မယ်"

၉။ "နတ်တကာတို့ထက် မြတ်တော်မူထသော၊ လူ-နတ်-ဗြဟ္မာ သတ္တ၀ါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဥာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ "

ဘယ်သူတွေ ပြောခဲ့တဲ့စကားတွေလဲဆိုတာ ကော်မန့်မှာ ရေးခဲ့နိုင်ပါတယ်။ :)

ဗီလိန် စုစည်းတင်ပြပါသည်။
ဘာသာပြန်မှုများ လွဲနေလျှင် မပြည့်ဝမှုအတွက် ခွင့်လွှတ်ပေးပါ။

လူ

လူအပေါ် လူတွေဆင့်
လူအမြင့် တက်ခွချင်
လူလူချင်း ဂုဏ်ရယ်နှိမ်
လူ့ဆရာမော် တော်ပေလှတဲ့လား
လူတကာကြား လူစွာစွာလုပ်တာပ
လူ့ဘူဇွာ လူ့အရာမတန်ပါဘု
လူ့ဘာသာ လူပြန်ကြည့်ပါဦး
ပညာလေး ၃ ရက်လောက်သင်
ဆရာလေး ၃ နှစ်လောက်စားမလို့လား
ပြည့်သောအိုး ဘောင်မခတ်
ကိုယ့်အတတ်သာ ကိုယ်ပြည့်အောင်ဖတ်
ငါ့အတ္တနဲ့သာ ငါဒယ်အိုးကပ်
ငရဲကဆီ ချွန်ပါလှဆူးသံကြိုး
ထိုးချင်လည်း ထိုးလေရော့
ပူရင်လည်း ပူစေတော့
ပုတုဇဉ် ငါလိုလူသား
အမှားတွေလည်း တယ်များသကိုး.......။

ဗီလိန်

ရထားစီးကြမယ်

ရန်ကုန်မှာ ကားကျပ်လို့ စိတ်ညစ်နေသလား။

နံပါတ် ၁၀ ဘယ်သူလဲ။

ကျနော် ဖတ်ဖူးသမျှ ဘာသာရေး ဘလော့တွေထဲမှာ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အားကိုးထိုက်တဲ့ လေးစားဖွယ် ဘလော့ဂါတစ်ဦးက နံပါတ်တစ်။ ဘာသာရေး မေးခွန်းတိုင်းအတွက် ငြင်းမရတဲ့ အဖြေရအောင်ရှာပေးတဲ့ ကျေးဇူးတင်ထိုက်သူတစ်ဦးပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ဖတ်လို့ လိုက်မမီအောင် ရေးအားကောင်းတဲ့၊ မှတ်သားစရာ အသိတွေ ဘာသာပြန်ရေး ပေးနေတဲ့ ဘလော့ဂါတစ်ဦးက နံပါတ်နှစ်။ Forword တွေထဲမှာလည်း သူ့စာတွေ ချည်းပဲ။ တခါတခါများ ဘာအလုပ်မှ မလုပ်ဘူးလား လို့ ထင်ရလောက်အောင်ကို ရေးနိုင်သူပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ကော်မန့်ပေးတဲ့သူတွေ ပထမ လုနေကျတယ်။ ဓာတ်ပုံတစ်ပုံ စာလေးတစ်ကြောင်းနဲ့ ကော်မန့် ၁၀၀ကျော် ရအောင် လုပ်နိုင်တဲ့ ဘလော့ဂါတစ်ဦးက နံပါတ်သုံး။ အတိုက်အခိုက်တွေလည်း သိပ်များပါတယ်။ သူတိုက်ခိုက်ခဲ့တာလည်း နည်းမှ မနည်းပဲ။ ချစ်သူပေါသလို မုန်းသူကလည်း စံချိန်တင်ထားတဲ့သူပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ကျနော် အနှစ်သက်ဆုံး ဘလော့တစ်ခုလို့ ပြောလို့ရတယ်။ နှိုက်နှိုက်ချွတ်ချွတ်တွေကို ဖွယ်ဖွယ်ရာရာ နဲ့ စုံစုံလင်လင် ရေးတတ်တဲ့ ရသစုံ ဘလော့ဂါတစ်ဦးက နံပါတ်လေး။ မြန်မာ့ Font လောက တိုးတက်ဖို့ Standard အမှန် ဖြစ်တဲ့ Myanmar Unicode ကို အနစ်နာခံပြီး သုံးထားတဲ့ ဘလော့တစ်ခုပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ Update သတင်း အစုံအလင်ကို တစ်နေရာတည်းမှာ ဖတ်လို့ရအောင် စီစဉ်ပေးတဲ့ ဘလော့ဂါတစ်ဦးက နံပါတ်ငါး။ ကမ္ဘာ့အရေးကြီးသတင်း အစုံအလင်ကို တစ်နေရာတည်းမှာတင် ဖတ်နိုင်တဲ့ အပြင် ရသလေးတွေ ကဗျာလေးတွေ နဲ့ ပါ မပျင်းရအောင် ဖန်တီးထားတဲ့ ဘလော့တစ်ခုပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ရသစုံစုံနဲ့ စွဲမက်ဖွယ် တန်ဖိုးရှိ ပို့စ်ပေါင်းများစွာကို ရေးသားတဲ့ ဘလော့ဂါတစ်ဦးက နံပါတ်ခြောက်။ နာမည်ကြည့်ရုံနဲ့ တိုင်းပြည်ချစ်တဲ့သူ တစ်ဦးဆိုတာ ထင်ရှားစွာသိနိုင်တဲ့ ခင်ဖို့ကောင်းတဲ့ အစ်မတစ်ဦးပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ပုဂံဆိုတာနဲ့ သူ့ကိုပြေးမြင်တဲ့ ဘလော့ဂါတစ်ဦးက နံပတ်ခုနစ်။ ပုဂံရာဇဝင်နဲ့ ပတ်သတ်လို့ သိချင်တာကို အလွယ်တကူရှာလို့ရအောင် ဖန်တီးထားတဲ့ ဘလော့တစ်ခုပါ။

ကျနော်နဲ့ သူငယ်ချင်းတွေ ဖန်တီးထားတဲ့၊ ဘာမှ မဟုတ်ပေမယ့် ပျော်စရာကောင်းတဲ့ ငပေါများဂေဟာအဖွဲ့သားများအားလုံးက နံပါတ်ရှစ်။ ဟာသရသကို ပြောင်မြောက်အောင်မစွမ်းနိုင်ပေမယ့် အင်အားရှိသလောက်လေး ဖန်တီးထားတာမို့ လိုအပ်တာများရှိရင် နားလည်ပေးကြပါ။

ကိုယ်တိုင် သင်္ဘောသား ဖြစ်ချင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လောလောဆယ်တော့ ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေပါတယ်။ ရေပျော် ဗီလိန် မဖြစ်သေးပေမယ့် အမေ့အိမ်ပြန်ရင်တော့ တစ်ကျွန်းပြန် ဗီလိန်တော့ ဖြစ်နေပါပြီ။ :) အသက်ကိုလုပြီး ဘဝကို စိန်ခေါ်နေကြတဲ့ သင်္ဘောသားတွေထဲက သင်္ဘောသားဟောင်း ဘလော့ဂါတစ်ဦးက နံပါတ်ကိုး။ ဟာသရသတွေ အရေးများတဲ့အတွက် ငပေါများဂေဟာကို ရာထူးကြီးကြီး၊ လခကြီးကြီးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် တစ်ကိုယ်တော်ပဲ ပေါပါရစေဆိုလို့ လက်လျှော့ခဲ့ရပါတယ်။ ဆန္ဒရှိရင်တော့ အချိန်မရွေး ကြိုဆိုလျက်ပါလို့ ထပ်ပြောချင်ပါတယ်။

တစ်ကနေ ကိုးအထိကို မမြင်ဖူးတဲ့ သူတွေပဲထည့်ထားပါတယ်။ ငပေါများဂေဟာကတော့ ချွင်းချက်ပေါ့။

နံပါတ် ၁၀အတွက်ကတော့ ဘလော့လောကမှာ နာမည်ကြီးတဲ့ ခပ်ချောချော ဘလော့ဂါလေးတစ်ဦးပါ။ သူက စိတ်ထားလေးလည်း ကောင်းတယ်။ လူတကာကလည်း ချစ်ကြတယ်။ ဗီလိန်ရဲ့အိပ်ရာကိုလည်း အမြဲလာလည်တယ်။ နောက်လည်း အမြဲလာလည်ဦးမယ်တဲ့ ပြောတယ်။ တွေ့ဖြစ်ရင်လည်း ကျနော့ကို မုန့်ကျွေးမယ်ပြောတယ်။ အဲဒါ ဘယ်သူလဲဆိုတော့









YOU
:D တွေ့ရင် မုန့်ကျွေးရမယ်နော်


^^^^^^^
မတွေ့ရင်သေချာပြန်ဖတ်။ အပေါ်မှာရေးထားတယ်။

ကိုခရောင်းရေ့ တွေ့ချင်သပတွေကိုတော့ ပြောပြပြီးပြီဗျာ။ တွေ့မတွေ့ကတော့ ကံတရားပေါ့။

ဗီလိန်