ချစ်စရာ တီတီတာတာ သတ္တဝါလေးများ

ကျနော်သိပ်ချစ်တဲ့ သတ္တဝါလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်။ :) တွန့်လိမ်တွန့်လိမ်နဲ့ သူတို့ခန္ဒာပေါ်က အကွက်လေးတွေက တကယ်ကို အနုပညာဆန်သဗျ။

ဒေါသကြီးတယ်နော်။ ငါပေါက်လိုက်ရ။ (မြွေဟောက်)ကျုပ်က အစားကြီးတယ်ဗျ။ ဒီလိုမျိုး အားရပါးရစားလိုက်ရမှ။ (စပါးအုံး၊ စပါးကြီး)စားလို့ဝပြီ။ အိပ်တော့မယ်။ ဝှါး.....ပျင်းလိုက်တာ ဘာလုပ်ရင်ကောင်းမလဲ။ (မြွေစိမ်း Green Sanke)အညောင်းပြေ အညာပြေ လမ်းထွက်လျှောက်ဦးမယ်။ (မြက်မြွေ Grass Snake)ကျမနာမည် ပြောင်းခင်းသကြားလုံး (Candy Corn Snake)ကျမက ပြောင်းခင်းသကြားလုံးရဲ့ညီမ။ ပြောင်းခင်းနှင်း (Snow Corn Snake)ကျနော်က သူတို့ရဲ့ အစ်ကို ကိုပြောင်းခင်း (Corn Snake)ကျုပ်က သူတော်ကောင်းလေးပါ။ (မြွေသူတော်၊ ငန်းတော်ကြား Coral Snake)ရန်လာမစနဲ့နော်။ ခွီး.....(ဝါဂွမ်းပါးစပ် Cottonmouth Snake)ဘာကြည့်တာလဲ။ ဟွန်း။ (Stuffed Corn Snake) တို့က ဘုရင်မ (Queen Snake)ခေါင်းကြီးကိုယ်သေး Chunk Headed လေး ဆိုတာကျုပ်ဗျ။ (Chunk Headed Snake)ထဆင်ထူးဆိုတာ ဒီလိုရေးရတယ်ဗျ။ (မြွေညို Brown Snake)ခြေအိတ်စွပ်ထားတာမဟုတ်ပါဘူး။ ဒါကမွေးရာပါ။ (ခြေစွပ်မြွေ Garter Snake)တို့လင်မယားတွေ ချစ်ချစ်ခင်ခင်ပေါ့။ (Storeria RedBelly Sankes)ငါတို့လည်း ချစ်ကြပါတယ်ကွ။ (Serpentarium Monteverde Tour Snake)ဒါလေးက ကိန္နရီ ကိန္နရာ အက (အနောက်တိုင်း ကြာပွတ်မြွေ Western Whip Snakes)တို့တွေကတော့ တူတူအိပ်နေပြီ။
ကျုပ်တို့တတွေလည်း အလှကိုယ်စီနဲ့ပါဗျာ။


ဓာတ်ပုံတွေအကုန် Google ကနေရှာပြီး တင်ပြလိုက်တာပါ။

12 comments:

sait phay yar said...

မြွေလည်းမနေရ.. ဗီးလိန်တို့ကတော့

capricorn said...

လှလိုက်တာ..
အန္တရာယ်မရှိရင်..သိပ်ကောင်းမှာပဲ..
ညီမက..မြွေကြိုက်တယ် :)

Anonymous said...

ရှဲရှဲနီ ကိုဗီ ရေတချို့မြွေတွေအခုမှတွေ့ဖူးတာဗျ
ကျနော်က မြွေဆိုရင် တွေ့တဲ့နေရာ သတ်တာပဲ.....
စားဖို့လေ... ဟိ....

chanye` said...

အော်..မြွေမြွေ... တယ်လည်းတရားကျစရာပါလား.. ကျွတ်စ်ကျွတ်စ် ( ဘာမှလည်းမဆိုင်းဘူး.. ဟီး )

သံလွင် HeRo said...

ပြောင်းဖူးမြွေနဲ့သကြားလုံးမြွေကချစ်စရာလေးပါဗျာ
ကြည့်ပါလားရုပ်လေးကသနားကမားနဲ့
အိမ်မှာမွေးချင်တယ်ဗျာ...ဘယ်မှာသွားဝယ်ရမှာလဲ
လိပ်စာပြောပြပါ...

WWKM said...

အစ်မက သတ္တဗေဒ အဓိက နဲ့ ကျောင်းပြီးတာပါ.
ဒါပေမယ့်မြွေ တော့ကြောက်တယ်။း)

Dr Phyo Wai Kyaw said...

ခင်ညားအကောင်တွေက အတုတွေ
လှုပ်လည်းမလှုပ်ဘူး
နောက်တစ်ခါ
လှုပ်တဲ့ အကောင်တွေ
ဖမ်းလာခဲ့
ဒါပဲံ

Anonymous said...

ကြောက်ကြောက် နဲ့ ဒီလောက် မြွေမျိုးစုံ မမြင်ဘူးလို့ ကြိုးစားပြီး ကြည့်သွားတယ်... ကျေးဇူးပါ

ခွန်း said...

ကြည့်ရင်းနဲ့ ခြေထောက်တွေတောင် ယားလာတယ်ဗျာ။ ကြက်သီး ထစရာကြီး။ :D
လှတော့လှတယ်ဗျ။ ငါးတွေလို ရေကန်ထဲမှာ အလှမွေးလို့ ရရင်ကောင်းမယ်။

Anonymous said...

အောင်မလေးတော် ကြည့်ရတာ
အသည်းယားလိုက်တာ ရှည်မျှောမျှောအကောင်တွေဆိုကြောက်လဲ ကြောက်တယ်
ကြည့်လဲ ကြည့်ချင်တယ် ရှာရှာဖွေဖွေ

noblemoe said...

မြွေကိုချစ်တတ်တယ် အံ့ပါ့ တို့ ကတော့ ကြောက်ကြောက် မြွေတွေလည်းဗီဗီနဲ့ တွေ့ မှ
နာမည်လေးတွေ ရသွားတယ် အဟင့် 
သာယာချမ်းမြေ့ပါစေနော်
မိုး

မိုးခါး said...

အမလေး
ကြည့်ရင်းကြည့်ရင်း အူတွေ ယားလာတယ် .. ကလိ ကလိနဲ့
(မကြည့်ပဲလဲ မနေနိုင်)