ရင်ထဲကရွှေ

တိုးတက်ပါတယ် မိုးမတတ်နေရာတွေနဲ့
စိုးရမ္မက်နဲ့ အတ္တတွေက အဆစ်ပေါ့။
မင်းရှာတဲ့ ငွေတချို့ ငါလည်းမက်ပါတယ်
ရေကြည်ရာကျက်စား မြက်နုခြေချခဲ့တဲ့အထဲ
မင်းတင်မဟုတ်ပါဘူး
ငါဆိုတဲ့ အတ္တသားကောင်လည်းပါတာပေါ့။

တချို့က သာယာ တချို့က မာယာနဲ့ပေါ့
တချို့က ရုန်းကန် တချို့ကလည်း အပြုံးပန်နေကြရော့ပေါ့
အင်ဂျင်နီယာ ဒေါက်တာကစလို့
မြေတူး ပန်ကန်ဆေး ဘဝပေးလည်းကြမ်းခဲ့ပါပြီ။
လက်ညောင်းအောင် ရုန်းရလို့လဲ ဇွဲမလျှော့နဲ့
တိုက်ပြောင်းအောင် အဆင်ပြေလဲ ဘဝမမေ့နဲ့
နေစရာမရှိလို့လည်း အားမငယ်နဲ့
ပီအာရ်ရလို့လဲ မာန်မတက်နဲ့
သူ့နိုင်ငံကို ကျေးဇူးတင်ရင်တောင်
ကိုယ်တိုင်းပြည်ကိုတော့ ကျေးဇူးမမေ့ပါနဲ့
တောင်းပန်ချင်ပါတယ်
အတန်းမတက်ခင်
ရွတ်ခဲ့တဲ့ ကမ္ဘာမကြေကိုတော့
တန်ဖိုးထားပေးပါ
သေချာတယ် မင်းဟာ မြန်မာ

မြန်မာမှန်းမသိအောင် ဝတ်လို့ရမယ်
မြန်မာမှန်းမသိအောင် နေလို့ရမယ်
မင်းတို့အတွက် ငါ့ရင်နာတယ်
ငါ့ဘယ်ဘက်ရင်အုံကို
တဒုန်းဒုန်းနဲ့ထုပြီး ထပ်ပြောလိုက်မယ်
မြဲမြဲမှတ်ထား မင်းဟာရွှေမြန်မာ။

ဗီလိန်

20 comments:

Anonymous said...

တယ်ဆိုတဲ့ စာပါလား။ သတိပေးစာလေးက ကောင်းပါ့ဗျား။ဟုတ်တယ်ဗျာ တချို့က မေ့တတ်တယ်
ကောင်းတယ် ဆက်ရေး။ မပြောလဲဆက်ရေးမှာဆိုတော့
မထူးဘူးဆိုတော့ ဆက်ရေးလို့ပဲ ပြောတော့မယ်

သံလွင် HeRo said...

ငွေ.မက်ချင်စရာအကောင်းဆုံးကသူပဲမို့ကျနော်လည်း
သူ့နောက်တစ်ကောက်ကောက်လိုက်မတတ်ဖြစ်နေပြီ...
မြက်နုကိုရှာကျန်ရင်းမာယာအပြုံးတွေကလည်းနေ့စဉ်
နဲ့အမျှပန်ဆင်တတ်နေပြီ...သူများနိုင်ငံရောက်မှဘယ်
လောက်ကြီးပွားကြီးပွား. ကိုယ့်နိုင်ငံကိုချစ်မြတ်နိုးတတ်
လာပြီ...ဩော်ကျနော်မျိုး မြန်မာ...စင်စစ်မြန်မာ...
မြန်မာတဲ့ဟေ့...
ဆရာ့ဆရာကြီး...အဲဒီကဗျာကိုစီးတီးဟောမှာလက်ကမ်း
စာစောင်အနေနဲ့သွားဝေရင်ကောင်းမယ် ဟဲဟဲ

khin oo may said...

ခံစားချက်တွေ များရှိနေလေရော့သလားပီပြင်တယ်။

Dr Phyo Wai Kyaw said...

ကောင်းတယ်ဗျာ
ရင်ဘတ်ကို တဒုန်းဒုန်း ထုနေပုံပါ
မြင်ယောင်လာတယ်
အဟုတ်
:P

Anonymous said...

ဟား ... သိပ်ကောင်းတဲ့ ကဗျာပါကလား
ဖတ်ရင်းဖတ်ရင်း ရင်ထဲမှာ ဇာတိမာန်တွေတဖွားဖွားနဲ့
ကိုယ့်အမျိုးကိုယ့်နိုင်ငံ ကိုယ်ရေမြေကို ချစ်တဲ့စိတ်တွေနဲ့
နှလုံးသွေးတွေပွက်ပွက်ထအောင် လှုပ်နှိုးထားတဲ့ ကဗျာလေးပါလား
သိပ်ကြိုက်တယ်၊ သိပ်သဘောကျတယ်၊ အဖွဲ့အနွဲ့၊ အတိုင်အဖောက်၊ ကာရံနဲ့ စာသား ဟန်ချက်ညီ စည်းဝါးကိုက်လွန်းအားကြီးလို့
အခုလို မနေနိုင်ပဲ ထင်မြင်ချက်ပေး ကွန်မန့်လေးပွတ်လိုက်မိတော့တယ် ဗီလိန်ရေ ...။

ခင်မင်လေးစားစွာဖြင့်

မသက်ဇင် said...

ကိုဗီလိန်ရေ---
ကဗျာကကောင်းလှပါဘိ--အားမာန်တွေပါလှပါဘိ---

ဘာတဲ့---
တဒုန်းဒုန်းနဲ့ထုပြီး ထပ်ပြောလိုက်မယ်
မြဲမြဲမှတ်ထား မင်းဟာရွှေမြန်မာ။

ဇာတိသွေးတွေတက်လာတယ်--
အနုပညာ မြောက်လိုက်တာ--
ခင်မင်လျက်
မသက်ဇင်

Steve Evergreen said...

are you nationalist, aren't you?

ဖိုးဂျယ် said...

:) ကျတော်တို.ပြောနေကြကတော့ ရွှေမြန်မာ မဟုတ်ပါ ရွှံ့မြန်မာပါ မြန်မာ အချင်းချင်း သူများနိုင်ငံရောက်တာတောင် မညီညွတ်လို.ပါ။ :)

တက်လူငယ် said...

တိုးတက်ပါတယ် မိုးမတတ်နေရာတွေနဲ့
စိုးရမ္မက်နဲ့ အတ္တတွေက အဆစ်ပေါ့။
မင်းရှာတဲ့ ငွေတချို့ ငါလည်းမက်ပါတယ်
ရေကြည်ရာကျက်စား မြက်နုခြေချခဲ့တဲ့အထဲ
မင်းတင်မဟုတ်ပါဘူး
ငါဆိုတဲ့ အတ္တသားကောင်လည်းပါတာပေါ့။

ကဗျာကို ဘယ်လိုအတွေးလေးပေါက်ပြီး ရေးချလိုက်တာတုန်း..ကျနော်လည်းကဗျာချစ်သူတစ်ယောက်ပဲ။ ကြိုက်တယ်ဗျာ။ ကဗျာကို လမ်းစဖော်ထားပုံလေးကသိပ်ကောင်းတယ်။
အားပေးလျက်
တက်လူငယ်...

sait phay yar said...

အမလေးလေး...ဗီတို့ကတော့ လန်းတယ်
ပလာတာစားလိုက်တော့ ထမင်းသတိရသွားတယ်ထင်ရဲ့
ဝမ်းသာပါတယ်။ ဒို့ကတော့ ရွှေပြည်မှာပျော်တယ်။
ဆက်ရေးးးးးးး

Anonymous said...

ကျနော်လည်း ရွှေမြန်မာ.... လေးစားတယ် ဘရားသားရေ့ ဘ၀မမေ့ဖို့  သတိပေးလိုက်တာ အားလုံးသော ရွှေတွေကိုပေါ့ ။

chanye` said...

ကြိုက်လွန်းလို့ ကျွန်တော့ဘလော့ဂ်မှာ ပါ အကို့နာမည်လေးနဲ့ တင်ပေးထားတယ်နော်..ခွင့်ပြုတယ်ဟုတ်?
အရမ်းကောင်းတဲ့ကဗျာလေးပါ :)

လင်းဦး(စိတ်ပညာ) said...

ကျွန်တော်လဲ အဲ့အကြောင်း ဆောင်းပါ ခဏခဏရေးနေရတာ။ ကျေးဇူးပါ။ ကဗျာလေး အတော်လေးကို ကောင်းပါတယ်။ ကျွန်တော်တို့က ရွှေမြန်မာတွေပါ။

megumi said...

အားမာန်အပြည့်ပါတဲ့ ကဗျာပဲ။

အရမ်းကောင်းတယ်။
ဟုတ်တယ်။ တို့အားလုံးဟာ မြန်မာ။

"မြန်မာကို မြန်မာ"လို့ ကျေကျေနပ်နပ်ကြီး မပြောရဲတဲ့ လူတွေကို ဒီကဗျာပေးဖတ်ရမယ်သိလား။

ကွက်ကွက်ကွင်းကွင်း ရေးပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်။

Dream said...

ဘယ်သူလဲကွ..တဒုန်းဒုန်းနဲ့ ထုနေတာ..

ကမ္ဘာမကြေ၊မြန်မာပြည်
တို့အဖိုးနဲ့ တို့အဖွားနဲ့ ဗိုက်နာလို့သေ... အဲမွှားတုန်ပီ
တိဖူး..တိဖူး..တိဒေါ့ဖူး.. . ဟိဟိ..
:P :P :P
ဦးဦးb b
ခံစားချက်တွေ ပေါက်ကွဲကုန်ပြီထင်တယ်... တဒုန်းဒုန်း
နဲ့တော့မထုနဲ့နော်.. ဟွန်း.. :P :P

တကယ်ကောင်းတယ်ဗျာ...
မြန်မာဟာမြန်မာပါပဲ။။
ဘယ်နိုင်ငံရောက်ဘယ်လိုအခြေအနေမှာပဲ
ဖြစ်နေဖြစ်နေ.. မြန်မာဟာမြန်မာပဲ..
မြန်မာလူမျိုးဖြစ်ရတာကိုဂုဏ်ယူတယ်..
မြန်မာလူမျိုးထဲကမှ ဗုဒ္ဓဘာသာ ဖြစ်ရတာကို ပို
ပြီးလည်းဂုဏ်ယူမိတယ်..bb လေးတော်တယ်...
:) :)

ခေါင်ခေါင် said...

အရမ်းကောင်းတယ် ဗီလိန်... ကျေးဇူးလဲတင်တယ် ဒီပိုစ့်လေးအတွက် ...

ကမ္ဘာမကျေဆိုခဲ့ရတာလဲ မမေ့ပါဘူး..
ဘယ်နေရာရောက် ရောက် မြန်မာဟာ မြန်မာ ပါပဲ... ကျွန်မလဲ ရွှေမြန်မာ...

kk said...

ဆွေးနွေးပေးပေါ့ လို့ ရေး ထား ပေ မဲ့  မ ဆွေးနွေး ရဲ ပါ ဘူး။ ဒါပေ မဲ့ တော် တော် စိတ် ဆိုး နေ တဲ့ ပုံ ပဲ။ အမှား ပါ လျှင် လည်း
ကတ် သီး ကတ် သတ် အ တွေး အခေါ် လေး တစ် ခု လို့ တွေးပြီး ခွင့် လွှတ် ပေး ပါ။
ကျွန်မ အရင် က ရွှေမြန်မာ တွေ ၊ ရွှေ တွေ ဆို တဲ့ စကား တွေ နဲ့ မ ရင်းနှီး ခဲ့ ပါ ဘူး။ ခြေ ရာ ခွက် လေး ထဲ မှာ ပဲ လို အပ် ချက် တွေ ကို ရင် ဆိုင် ခဲ့ ရ ပါ တယ်။
ကိုယ့် အတ္တ တွေ ကို မ ချိုး နှိမ် နိုင် တော့ လို့ အ ပြင် ထွက် ခဲ့ တော့ မှ ပဲ ဒီ ရွှေ ဆို တာ နဲ့ ဆုံ ခဲ့ ရ ပါ ပြီ။ ရွှေ လို့ ဆို တာ နဲ့ ဗုဒ္ဓဘာသာ
မြန်မာလူမျိုး တစ် ယောက် ဟာ ဘု ရား မှာ ကပ် တဲ့ ရွှေ ၊ အ မြတ် တ နီုး ၀တ် ဆင် ရ တဲ့ ရ တ နာ လို့ တွေး မိ ပါ တယ်။ ဒါ ပေ မဲ့ အဲ ဒီ ရွှေ ကို ခြေ တောက် မှာ လည်း ၀တ် ဆင် တတ် သေး ကြောင်း မ မေ့ သင့် ပါ ဘူး။ ရွှေ ရွှေ ဆို တိုင်း ဘယ် လို အ ဆင့် မှာ ရှိ သ လဲ လို့ အ မြဲ တမ်း တွေး မိ ပါ တယ်။
တစ် ခါ တစ် ခါ အ မှား လုပ် မိ ရင် ကိုယ့် ကို ကိုယ် ရွှေမြန်မာ လို့ မ ပြော ချင် ပါ ဘူး။ ငါး ခုံး မ တစ် ကောင် မ ဖြစ် ချင် သူ တွေ အများ ကြီး ရှိ နေ ပါ သေး တယ်။ မြန်မာ ဖြစ် ရ တာ ကို မြန်မာ လူ မျိုး တွေမှ ဂုဏ် မ ယူ ရင် ကမ္ဘာ မှာ မြန် မာ လူ မျိုး ပျောက် ကွယ် ဖို့ ပဲ ရှိ ပါ တယ်။
ကဗျာ ကို တော် တော် ကြိုက် ပါ တယ်။ အ တွေးအခေါ် လည်း ကောင်း ပါ တယ်။ ဒီ လို ရေး လို့ ခါ သာ ပိတ် တစ် အုပ် တော့ လက် ဆောင် မ ပေး နဲ့ နော်။ အ ခြေ အ နေ မ ပေး သေး လို့ ရွှေ ခြေ ကျင်း ဘ၀ ရောက် နေ ရ သူ များ အား ကိုယ် ချင်း စာ ပေး နိုင် မယ် ဆို ရင် ရင် ဘတ် ကို တ ဒုန်း ဒုန်း ထု စ ရာ မ လို တော့ ဘူး လို့ ထင် ပါ တယ်။ တစ် ပါးသူ ရဲ့ သိမ် ငယ် စိတ်
ကို ပါ နား လည် ပေး နိုင် စေ ချင် ပါ သည်။

ဗီလိန် said...

ဟုတ်ကဲ့ဗျ။ အခုလိုဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ သိမ်ငယ်ရတာ။ အထင်သေးခံရတာ။ အနှိမ်ခံရတာက အားလုံးပါပဲ။ ဘဝမေ့တဲ့သူတွေကို ဆိုလိုချင်တာလည်းပါပါတယ်ဗျာ။ အားလုံးကတော့ ရုန်းကန်နေကြရတာပါပဲ။ အနှိမ်ခံရမှာစိုးလို့ အခြေအနေအရ မပြောတာမျိုးကို နားလည်ပေးနိုင်သလို၊ ပြဿနာတစ်ခုခုပေါ်လို့ ကိုယ့်နိုင်ငံ သိက္ခာကျမှာ စိုးလို့မပြောတာမျိုး ဆိုရင်လည်း ဂုဏ်ယူပါတယ်။

အထူးသဖြင့် ရွှေ၊ ရွှေ ချင်းတွေ့ရင်တော့ ဒီအခြေအနေတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။ ရွှေ ရွှေ ချင်းတွေ့ရဲ့သားနဲ့ ရွှေလို စကားမပြောတာတို့။ ဒီမြေမှာမွေး ဒီရေသောက်ပြီး ကြီးလာတဲ့ သူတစ်ယောက်က ကိုယ်တိုင်းပြည်ကို စော်ကားတဲ့စကားမျိုး ပြောတာ တို့ကတော့ ကျနော် ဘယ်လိုနားလည်ပေးရမလဲဗျာ။

အစိုးရမုန်းတာ နဲ့ တိုင်းပြည်ချစ်တာ မတူသလို
နိုင်ငံတော် ပုန်ကန်မှု နဲ့ နိုင်ငံတော် သစ္စာဖောက်မှု ကလည်း တူသယောင်နဲ့ လုံးဝ(လုံးဝ) ကြီး ဆန့်ကျင်နေပါတယ်ဗျာ။

Unknown said...

အားပါး လန်းလိုက်တဲ့ကဗျာ.. တကယ်တကယ် ချီးကျူးတယ်.. အခုမှ လာဖြစ်တာ.. ကဗျာလေးကတော်တော် ကောင်းတယ်... ကိုဗီလိန်ရေ ဆက်ပြီး ကဗျာကောင်းကောင်းလေးတွေရေးပါ.. အားလေးနေပါတယ်

လေးစားစွာဖြင့်
ပိုက်ပိုက်

Unknown said...

ရေးလိုက်တာ... အားပေးကအားလေး ဖြစ်သွားတယ်.. :P