ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)

ရင်ခွင်နွေး၌ ခိုလုံခြင်း (၃) မှ....

ဒီနေ့ ချစ်သူများနေ့ သူနဲ့ ချစ်ခဲ့တာ ၆နှစ်ပြည့်ပြီ။ ကန်ဘောင်သွားဖို့ပဲ ချိန်းထားတယ်လေ။ ကန်ဘောင်ဆိုတာ ချစ်သူတို့ရဲ့ အထင်ကရပဲမလား။ ရခိုင်မုန့်တီ စပ်စပ်လေးစားပြီး ချွေးစို့နေတဲ့ သူ့နဖူးလေးကို တစ်သျှူးလေးနဲ့ သုတ်ပေးမယ်။ မိုးမရွာနေမပူပဲ ဆောင်းထားတဲ့ ထီးတွေကြားထဲမှာ သူများတွေလိုပဲ ထီးဖွင့်ထားမယ်။ ဗလင်တိုင်းဒေး ဆိုတော့ လူတော်တော်ကြပ်လိမ့်မယ်။ စောစောသွားမှ နေရာရမှာ။ ပြီးရင် ဟိုကနေဝယ်လာတဲ့ အမွှေးပွရုပ်ကို သူဖက်အိပ်ဖို့ ပေးမယ်။ လိုချင်မယ်ဆို နှလုံးသားပါထုတ်ပေးဦးမှာ။ ပီတိအပြည့်နဲ့ ညီလေးဆီက ကားကို အနိုင်ကျင့်ပြီးယူလာခဲ့တယ်။ ပြည်လမ်းတလျှောက် ပြည်သူ့ရင်ပြင်ကိုဖြတ်ပြီး မြေနီကုန်းမရောက်ခင် ရှင်စောပုလမ်းနဲ့ ဓမ္မစေတီလမ်းထိပ် ရောက်ကာနီးမှ မီးက နီသွားပါတယ်။

မီးနီလို့ ဘရိတ်အုပ်ရုံရှိသေးတယ်။ နောက်က ဘရိတ်လွတ်လာတဲ့ ၄၅ ဘတ်စ်ကားက ကုန်းဆင်းအရှိန်နဲ့ ကျနော့ကားနောက်ဖင်ကို ခပ်ပြင်းပြင်း ဝင်ဆောင့်ပါတော့တယ်။ တဖက်ရှင်စောပုလမ်းကနေ မီးစိမ်နေပြီဖြစ်လို့ အရှိန်မလျှော့ပဲ ဆက်မောင်းလာတဲ့ ပဂျဲရိုးကလည်း ခေါင်းထွက်လာတဲ့ ကျနော့ကားကို ကီလို ၈၀နှုန်းနဲ့ ဖြတ်တိုက်လိုက်ပါတယ်။ ဘာမှမသိလိုက်တော့ပါဘူး။ အသိက မရတစ်ချက် ရတစ်ချက်။ သိတာကကျနော့ ပေါင်မှ ကားပြတင်းပေါက်ဘောင်က စိုက်နေတယ်။ ကျနော့ကိုယ်က ကားစတီယာရင်နဲ့ ကားအမိုးနဲ့ ကြားမှာညပ်နေတယ်လေ။ လှုပ်လို့လဲမရဘူး။ ရလဲအားမရှိတော့ဘူး။ သွေးတွေကလည်း ရဲပတောင်းခတ်လို့။ ဆူညံသံတွေ၊ ယာဉ်ထိန်ရဲ ဝီစီသံသဲ့သဲ့ တွေ တဖြည်းဖြည်း… တဖြည်းဖြည်း… တဖြည်းဖြည်း တိုးသထက်တိုးသွားပြီး……………………….။

ကဲ အိမ် နဲ့ မဆုမွန် ရေ တစ်ခုတော့တာဝန်ကျေပြီနော့။ သေဖို့လက်ကျန် ၁၀ ရက် တက် လေးပါ။

ရင်ခွင်နွေး၌ ခိုလုံခြင်း (၁)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၂)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၃)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)

8 comments:

တောင်ပေါ်သား said...

ကိုကြီးဗီလိန်ရေ "ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)" ကို ခံစားသွားပါတယ် နာ့အကိုတော့ သနားပါတယ် ဒုက္ခဒုက္ခ ဒါဘယ်သူအပြစ်လဲဗျ ကိုကြီးကောင်မလေးအပြစ်တော့ ဟုတ်ဘူးနော့် ကိုကြီးက ဗီလိန်ဆိုတဲ့ အတိုင်း ကိုကြီးညီလေးကားကို အနိုင်ကျင့်ပြီးလာလို့လား ဒါမှာမဟုတ် ဘရိတ်မကောင်းတဲ့ မြန်မာပြည်က ၄၅ ကားကြောင့်လား အရှိန်မလျှော့တဲ့ ပါဂျဲရိုးကြောင့်လား ဘာပဲဖြစ်ဖြစ် ကျနော့်အကို ဗီလိန်တော့ ဒီတခါ ပေါင်ထိပြီး မေ့သွားပြီး ဟိဟိ ကိုကြီးရေ စတာနော့် စိတ်ချိုးနဲ့

သံလွင် HeRo said...

၁.၂.၃ ကအပျော်တွေစံစားနေရပြီးမှ...နောက်ဆုံး၎မှာ
ဝေဒနာနဲ့ဆုံသွားတော့...စိတ်ထဲမှာတစ်မျိုးကြီးပဲဗျာ...
ဇာတ်လမ်းအနိမ့်အမြင့်လိုက်ဆွဲသွားတာလေးတော့မိုက်တယ်ဗျိုး...ဟဲဟဲ...
အဲဒါတစ်ဂယ်ဂျီးလား...တော်သေးတာပေါ့ဗျာပေါင်ပဲထိလို့...ဆော်နဲ့ကောအဆင်ပြေသွားရဲ့လား... :P

ဗီလိန် said...

မသေလို့မရဘူး ကိုသံလွင်Hero ရဲ့ သူတို့ တက်ထားတဲ့နာမည်ကိုလည်းကြည့်ဦး။ မသေချင်တော့ဘူး သေတာတွေများနေပြီ။ :)

ဗီလိန် said...

တောင်ပေါ်သားရေ့.... မေ့တာမဟုတ်ဘူး။ သေတာဗျ။ သေတာ။ :)

ခေါင်ခေါင် said...

ဘယ်လိုကြီးလဲ ကိုဗီလိန် တို့ကတော့ အဆန်းတွေလုပ်ပြန်ပြီ
ကောင်မလေး တစ်ယောက်ထဲ စောင့်နေတာ ဘယ်လိုလုပ်မလဲ ..

မဆုမွန် said...

သွားပြီ ကိုဗလိန်ကောင်မလေးတော့ ကိုကိုချစ်မလာလို့ ဗိုလ်အောင်ဒင်နဲ့ တွေ့ နေပြီပေါ့ ဗာလင်တိုင်းဒေးမှာ တစ်ယောက်တည်းစောင့်နေရမယ့် ကောင်မလေးက သနားစရာ..၀ိုင်းစောင့်ရှောက်မယ့်သူတွေမြင်ယောင်သေး
:) GHOST ထဲကလို ဗေဒင်ဆရာမုကီးနဲ့ လိုက် ဆက်စောင့်ရှောက်မယ့် အေုကာင်း ဆက်ရေးပါလား
ဇာတ်လမ်းက တိုးလို့ တန်းလန်းဖြစ်နေတယ် ကိုယ့်လူ..
ဆက်ရေးပါ :)

မောင်bee said...

ဇာတ်လမ်းကတော့ ခံစားရတယ်ဗျာ။ song trackလေးထပ်ဖြည့်လိုက်ပါလား ကိုဗီ။ ဒီလို လေ
"~~ ဒိုးရတော့မယ်~ အချစ်ရေ ~နှုတ်ဆက်ခဲ့ပါတယ်"

ဗီလိန် said...

တ်ပါ့ ကိုဘီးရာ သေတာတွေများနေပြီ။ အသေရပ်တော့မယ်။ မသေတော့ဘူး။ ဟဲဟဲ။ ကို သံလွင် ဒီတစ်ခါတော့ ကျနော် နိုင်လို့မရတော့ဘူး တက် ခေါင်းစဉ်ကိုက သေမှဖြစ်မှာလေ။
:)