တန်ဖိုးကြီးတဲ့ ဗီလိန်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်

ငါလည်း တန်ဖိုးကြီးဗီလိန် တစ်ယောက်ပါပဲ။ လောဘကြောင့် ငါ့ကို အသုံးချတယ်။ ဒေါသကြောင့် ငါ့ကို အသုံးချတယ်၊ မောဟကြောင့် ငါ့ကို အသုံးချတယ်။ တချို့ကတော့ ဒါတွေကို လူမမြင်အောင် ကာကွယ်ဖို့အတွက် အမှန်တရား လို့ထင်ရတဲ့ အရာကို မျက်နှာဖုံးစွပ်ချင်ကြတယ်။ တချို့က ဘုရားသခင်လို့ ခေါင်းစဉ်တပ်ပြီး ငါ့ကို အသုံးချကြတယ်။ ဆင်းရဲသားတချို့က ငါ့ကြောင့် ချမ်းသာလာကြတယ်။ ချမ်းသာတဲ့ သူတွေက ငါ့ကို သုံးပြီး တည်မြဲအောင်လုပ်တယ်။ ဒါပေမယ့် ငါ့ကို အသုံးချလို့ ချမ်းသာဖို့ တာဝန်မယူသလို။ ပိုင်ဆိုင်မှုတွေကိုလည်း အာမခံမပေးနိုင်ပါဘူး။ ငါဆိုတဲ့ ငါကိုယ်တိုင်က တည်မြဲခြင်းတရားကို မဖော်ဆောင်နိုင်ဘူးလေ။ ဒါတွေအပြင် ငါက တန်ဖိုးကြီးပါတယ်။ တန်ဖိုးကြီးပေသော်ငြားလဲ တန်ဖိုးကြီးသူ၊ နည်းသူ၊ မရှိသူအားလုံးကို ဖျက်ဆီးဖို့ သက်သက် မွေးဖွားခဲ့တာပါ။

ဘယ်လို တန်ဖိုးရှိသလဲ ဆိုတော့ ငါ့ကို ပိုင်ဆိုင်ဖို့အတွက် အများကြီးကြိုးစားရလိမ့်မယ်၊ အများကြီး သည်းခံရလိမ့်မယ်။ အများကြီး စွန့်လွှတ်ရလိမ့်မယ်။ တချို့များဆိုရင် ချစ်သူကိုစွန့်၊ ဘဝကို ပုံအော၊ ဆန္ဒတွေချုပ်တည်းလို့ ငါ့ကို ပိုင်ဆိုင်ဖို့၊ အသုံးပြုဖို့ ကြိုးစားကြတယ်။ တချို့ကလည်း မာနတွေကို ပုံအော၊ သိက္ခာတွေကို ရောင်းစား၊ မေတ္တာတွေကို ပစ်ပယ်ပြီး ကြိုးစားကြပြန်ရော။ လူတစ်ယောက် မွေးဖွားလာတယ်၊ ပြုစုပျိုးထောင်ပြီး ကြိုးစားအားထုတ်ခဲ့တယ်၊ အရှုံးတွေကို ရင်ဆိုင်၊ အခက်အခဲကို ကျော်ဖြတ်လို့ ပုံဖော်လာခဲ့တဲ့ အားထုတ်မှုတွေ၊ ငွေတွေ၊ အချိန်တွေအကုန်အကျခံ လို့ ကြိုးစားခဲ့သမျှ ငါ့ကို ပိုင်ဆိုင်နိုင်တဲ့ တချိန်တည်းမှာပဲ အချည်းအနှီး ဖြစ်သွားကြတယ်၊ ငါ့ကြောင့် ဘဝပျက်သွားတတ်သလို။ ငါ့ကြောင့် သေဆုံးကြပြန်ရော။ ဒါပေမယ့် ငါကတော့ မာမာပဲ။ နောက်ထပ်ငါ့ကို ပိုင်ဆိုင်ချင်တဲ့ သူတွေ၊ လိုချင်တပ်မက်နေတဲ့သူတွေ များပြားနေသလို၊ ငါ့ကို ပိုင်ဆိုင်ဖို့ ကြိုးစားနေသူတွေကလည်း တန်းစီလို့။ ငါ့ကို မွေးဖွားနေသူတွေက ပုံလို့။ လူတစ်ယောက်ရဲ့ အသက်ကို စက္ကန့်ပိုင်းအတွင်း ခြွေပစ်နိုင်တဲ့ ငါလိုကောင်တွေ အခုဆို အမေရိကန် တစ်နိုင်ငံထဲမှာတင် ကမ္ဘာက လူအရေအတွက်ထက် အများကြီးကျော်လွန်အောင် မွေးဖွားခဲ့ပြီးပြီလေ။

ဆရာဝန်တစ်ယောက်ကို ချွေးထွက်သွားအောင် အလုပ်ရှုပ်သွားစေနိုင်တဲ့၊ ကလေးအမေ တစ်ယောက်ကို မုဆိုးမဖြစ်သွားစေနိုင်တဲ့ အရည်အချင်း၊ သွက်လက်ထက်မြက်တဲ့ လူငယ်တစ်ယောက်ကို ဘဝပျက်သွား စေနိုင်တဲ့ စွမ်းအင် ဒါတွေကို ပိုင်ဆိုင်တဲ့ငါက နောက်ထပ် ဘာတွေများလုပ်နိုင်သေးလဲ။ တန်ဖိုးရှိပါပေ့ဆိုတဲ့ လူတွေကိုလည်း တန်ဖိုးမဲ့အောင်လုပ်ခဲ့ပြီးပြီ။ လူတကာရဲ့ မျက်ရည်ပေါက်ကြီးငယ်နဲ့ တောက်ခေါက်တာလဲ ခံခဲ့ပြီးပြီ။ တိုင်းပြည်တစ်ခုလုံး တရှုံ့ရှုံ့ ငိုကြွေးအောင်လည်း လုပ်ခဲ့ပြီးပြီ။ အံကြိတ်ခဲ့တဲ့သူတွေကိုပါ သေဆုံးစေခဲ့ပြီးပြီ။ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးအောင်လည်း ဖျက်ဆီးပြီးပြီ။ အခုဆို ကမ္ဘာကြီးတစ်ခုလုံး ဗြောင်းသတ်နေတဲ့ ငွေကြေးကိစ္စတွေမှာလည်း တထောင့်တနေရာကနေ ပါဝင်ခဲ့ပြီးပြီ။

ငါဘာကြောင့်လုပ်ခဲ့သလဲ မစဉ်းစားပါနဲ့။ ပြောခဲ့ပြီးပါပြီ။ ဖျက်ဆီးရုံသက်သက် ဖြစ်တည်နေတဲ့သူပါ။ ငါ့ကို အသုံးချသူတွေကတော့ တရားမှု၊ မတရားမှု၊ အမှန်တရား၊ အမှားတရား ဘယ်ဟာမှန်သလဲတော့ သူတို့ကိုယ်တိုင် သိချင်မှ သိပါလိမ့်မည်။ ဒါပေမယ့် ငါကိုယ်တိုင်လည်းမသိပါ။ အတ္တတချို့ကို မှန်သည်ဟု မှားယွင်းစွား သောက်သုံးတဲ့ သူတွေ၊ အမှားကို မှန်ချင်ယောင်ဆောင်ခဲ့သူတွေ၊ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု၊ ဝါသနာထုံမှုတွေကို အမှန်တရားနာမ်စားတပ်ပြီး ကစားခဲ့သူတွေ အားလုံး ငါ့ကို သုံးခဲ့ကြတယ်လေ။ ဒီလောက်တောင် မကောင်းတဲ့ငါက ဘာအတွက်ကြောင့် တန်ဖိုးကြီးနေရသလဲ။ ငါသာတန်ဖိုးကြီးတာမဟုတ်ပါဘူး။ ငါ့ကို အဆင်ပြေချောမွေ့စွာ အသုံးပြုမယ့် လူတစ်ယောက်ကလည်း တော်ရုံတန်ရုံ လူတစ်ယောက်မဟုတ်။ ဒါ့အပြင် ငါ့ကို အသုံးပြုဖို့က ငါတစ်ကောင်ထဲမဖြစ်။ ငါ့ကို သုံးဖို့ တန်ဖိုးကြီးအရာတွေ အများကြီး ထောက်ပံ့ရသေးတယ်။ စွမ်းအင်တွေ အများကြီး စိုက်ထုတ်ရသေးတယ်။ ဒါပေမယ့် ငါ့ရဲ့ဦးတည်ရာ တားဂတ်ကတော့ တစ်ခုတည်းပါ။ ပျက်စီးခြင်း တဲ့။

ဗီလိန် http://www.villain-lay.co.cc/2008/11/blog-post_30.html

ဓာတ်ပုံလေးကတော့ 4.bp.blogspot.com ကပါ။

လိမ်မယ်ညာမယ် စင်ကာပူမှာကွယ်

ဒီနေ့ မနက်က ကျနော့ဆီ ဖုန်းတစ်ကော ဝင်လာတယ်။ သူက ပြောတယ်။ ဖုန်းနံပါတ်က 8401 7565 ပါ။
“မမေဖူး ရှိပါသလား။”
“မရွိပါဘူးခင္မ်။ ဘာကိစ္စရှိလို့လဲမသိဘူး။ ကျနော် သူ့သူငယ်ချင်းပါ။ ကျနော့ကိုပြောလို့ ရပါတယ်။”
“ဟုတ်ကဲ့။ MOM ကဆက်တာပါ။ သူ့ အလုပ်သမားပါမစ် (WP) က Approved ဖြစ်နေလို့ ဖုန်းဆက်တာပါ။ ကျနေတာ ၂ပတ်ရှိပါပြီ။ နောက်တစ်ပတ်မှ လာမထုတ်ရင် အလိုလျောက် Cancel ဖြစ်သွားပါလိမ့်မယ်။”
ရုတ်တရက်ဆိုတော့ ကျနော်တွေဝေသွားသည်။
“ဒါနဲ့ WP လား။ S-Pass လား ခင်ဗျ။”
“ဒါကတော့ Personal Case မလို့ပြောလို့မရပါဘူးခင်ဗျ။” ဆိုပြီးဖုန်းချသွားလေရဲ့။
ပြည်ကြီးတရုတ်သံနဲ့ ခပ်ဝဲဝဲ ပြောတဲ့ အင်္ဂလိပ်စကားဆိုပေမယ့် ကျနော်နားလည်အောင်တော့ ပြောပြပါတယ်။ ကျနော်လည်း လန့်သွားတယ်။ မေဖူးက ပြန်သွားတာ ဒီနေ့ဆို ၁၆ရက်။ WP က Approved ဖြစ်တာ ၂ပတ်ကြာပြီဆိုတော့ ဘယ်နေ့ကတင်ပြီး ဘယ်နရက်နဲ့ Approved ဖြစ်နေမှန်းမသိ။ မေဖူးပြောတာကတော့ သူ့ကို ဘယ်အလုပ်ရှင်ကမှ WP မပြောနဲ့ S-Pass တောင်လျှောက်ပေးမယ်လို့ မပြောဘူး။ တကယ်တန်း တင်ပေးမယ်ဆိုရင်လည်း သူ့ကိုအကြောင်းကြားရမှာပေါ့။ ဖုန်းခေါ်လို့မရရင်တောင် မေးလ်တော့ပို့ရမှာပေါ့။ အလုပ်ရှင်က ရမ်းသန်းပြီးတင်ရအောင်ကလည်း WP ဆိုတာမျိုးက စင်ကာပူမှာ လူမရှိမှ တင်ပေးလို့ရတာ။ ပြီးတော့ Diposit အနေနဲ့ စင်ကာပူဒေါ်လာ၅၀၀၀ ကို အစိုးရမှာ ပေးထားရတာ။ ဘယ်သူက လက်လွတ်စပယ် တင်ပေးမှာတုန်း။ အဲဒီမှာထဲက ကျနော် နည်းနည်း စဉ်းစားမိသွားတယ်။ ဒါနဲ့ ကျနော်လည်း အွန်လိုင်း ကနေ စစ်ကြည့်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် အလုပ်ရှင်ရဲ့ CPF နံပါတ်တောင်းတယ်လေ။ S-Pass စစ် ချင်ရင် တော့ မလိုဘူး။ ဒီမှာ Stay ရှိပြီးသား လူတစ်ယောက်ရဲ့ FIN နံပါတ်နဲ့ ဝင်စစ်လို့ရတယ်လေ။

ဖုန်းနဲ့ခေါ်ကြည့်ပြန်တော့လည်း Auto-Reply နဲ့ ဆားဗစ်တွေက အဆင့်ဆင့်ဝင်ရတာ ခေါင်းသာမူးသွားတယ်။ လိုရင်းကမရောက်။ ဒါနဲ့ပဲ ခုနက ဖုန်းနံပါတ်ကို ပြန်ခေါ်ပြီး....
“ကျနော့ကြောင့် အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။ မမေဖူးနဲ့ ပတ်သတ်လို့ အရေးကြီးနေလို့ပါ။ သူက Oversea ရောက်နေပါတယ်။ သူ့ကို အကြောင်းကြားပေးရမှာမလို့ပါ။” ဆိုတော့
“ဟုတ်ပြီလေ။ ဒါဆိုရင်လည်း ပြောပြပါမယ်။ ရို့ဆိုတဲ့ အမျိုးသမီးက ထောက်ခံပြီး(အလုပ်ရှင်အနေနဲ့) လျှောက်ထားပေးတာပါ။ သူမ က ဗမာပါ။ စင်ကာပူနိုင်ငံသားကို လက်ထက်ထားတာပါ။” လို့ပြောပါတယ်။
MOM လည်းပြောသေးတယ်။ အလုပ်ရှင်ရဲ့ Personal Case တွေ အကုန်သိနေပါရော လားဗျာ။
“WP နဲ့လား S-Pass နဲ့လားခင်ဗျ။” ကျနော်က ထပ်မေးပါတယ်။
“WP နဲ့ပါ။ Engineering နေရာအတွက် လခ ၁၈၀၀ ကနေ ၂၅၀၀ အတွင်း နဲ့ လျှောက်ထားပေးတာပါ။”
ဟဟဟ ကျနော်ရယ်ချင်လာတယ်။ အခုလိုအချိန်မှာ နိုင်ငံသားတွေ PR တွေကိုတောင် လခ ၁၆၀၀ နဲ့ခန့်နေတဲ့အချိန်မှာ ပြည်တွင်းအတွေ့အကြုံမရှိတဲ့ နိုင်ငံခြားသား။ ဒီထက်တိတိကျကျ ပြောရရင် နိုင်ငံခြားသား အမျိုးသမီးတစ်ယောက်ကို ၁၈၀၀ ကနေ ၂၅၀၀ အတွင်းဆိုတော့ကား ရယ်စရာများဖြစ်နေမလားလို့ သေချာအောင်လို့
“ကျနော် သူ့ ဖုန်းနံပါတ်လေးများ ရနိုင်မလားခင်ဗျာ။” ဆိုတော့
“ကျနော် ရှာပေးပါမယ်။ ခဏနော်” ဆိုပြီး “သူ့ဖုန်းနံပါတ်တော့ မရှိဘူးဗျ။ သူ့အမျိုးသား ဖုန်းနံပါတ်တော့ရှိတယ်” ဆိုပြီး ဖုန်းနံပါတ်တစ်ခု ထပ်ပေးပါတယ်။
အဲဒီမှာ ကျနော်ထပ်ပြီးစဉ်းစားပါတယ်။ သူ့ဖုန်းမသိပဲ သူ့ယောက်ျားဖုန်းသိနေရအောင် MOM က ဘာလိုကြီးလဲဟ။ ပြီးတော့လည်း ကျနော့ကို အဆက်အသွယ်လုပ်တာက လက်ကိုင်ဖုန်းနံပါတ်ကြီးနဲ့ ဆိုတော့။
“ကျနော့ကို ခင်များ ရုံးဖုန်းနံပါတ်ပေးပါ ကျနော် ပြန်ဆက်သွယ်ရအောင်” လို့ ဆိုပြန်တော့
“မမေဖူးကိစ္စကို ကျနော်က ကိုင်ထားတာပါ။ ကျနော့ Personal ဖုန်းကို ပဲဆက်လို့ရပါတယ်” လို့ ပြောပြန်ပြီ။
MOM ကလူတစ်ယောက် ကိုယ်ပိုင် Personal ဖုန်း နဲ့ အလုပ်သမားဆီ တိုက်ရိုက်ဆက်စရာ အကြောင်းလုံးဝမရှိပါဘူး။ အလုပ်ရှင် သို့မဟုတ် HR (Human Resources) လူစွမ်းအားဌာနကိုပဲ ဆက်ရမှာပါ။ အလုပ်သမားက အလုပ်ရှင်နဲ့ပဲဆိုင်ပါတယ်။ MOM နဲ့မဆိုင်ပါဘူး။

သူပေးတဲ့ ဖုန်းနံပါတ်ကို ဆက်လိုက်ပြန်တော့ သူ့မိန်းမ နေမကောင်း၍ ဆေးရုံတက်နေရကြောင်း သူ့ကိုပြောလိုက်မည် ဖြစ်ကြောင်းနဲ့ လိုအပ်တာရှိရင် မှာခဲ့နိုင်ကြောင်းပြောပါတယ်။ ကဲ.......... ခင်များဆိုရင်ကောဒီကိစ္စမှာ ဘယ်လိုဆုံးဖြတ်မလဲဗျာ။

ဒီထက်သေချာသွားအောင် ကျနော့ရုံးက HR ကို ကျနော်သွားပြီးမေးပါတယ်။ HR ကို ကျနော်က
“ဒီနေ့မနက် MOM က ကျနော့ဆီ ဖုန်းဆက်တယ်” ဆိုပြီး အစချီလိုက်တော့။ မျက်လုံးတွေဘာတွေပြူးပြီး မျက်မှန်တွေဘာတွေ ချွတ်လို့ လန့်ဖြန့်သွားပါတယ်။ ကျနော့ သူငယ်ချင်းကိစ္စပါ ဆိုတော့မှ ဖူး..... ချနိုင်တော့တယ်။ ကျနော့ကိစ္စဖြစ်လာရင် သူက ရှင်းရမှာကိုး။ သူက ကျနော်ပြောသမျှကို တစ်ချက်ချင်းစီ ချရေးပြီးတော့...... ဒီအချက်တွေကို ပြောပါတယ်။
၁။ MOM ကဘယ်တော့မှ အလုပ်သမားဆီ ဖုန်းမဆက်ပါ။
၂။ မိန်းကလေးက WP ဆိုရင် Nurse, Maid, Sales & Receptionist ပဲ လျှောက်ထားလို့ရပါတယ်။
ဒီ ၂ချက်နဲ့တင် ဘွင်းဘွင်းကြီးပေါ်လာပါပြီ။ “မင်းကို လိမ်နေတာ။ မင်းဆီက သူ ၂၀၀၀၊ ၃၀၀၀ လောက်တောင်းလိမ့်မယ်” လို့ပြောပါတယ်။ ၂၀၀၀ ၃၀၀၀ မဟုတ်ပါဘူး။ ၄၅၀၀ တောင်းတာပါ။ ကျနော့ဆီတော့ ထပ်မဆက်တော့ပေမယ့် စုံစမ်းကြည့်တဲ့အခါ ဒီလိုမျိုး အလားတူပုံစံတွေကို အသိမိတ်ဆွေတွေကြားထဲမှာ တွေ့ရပါတယ်။

အလိမ်အညာတွေ ရှောင်နိုင်ကြပါစေဗျာ။

ငါ့ကိုမုန်းတဲ့ ငါ

ကဲဗျာ အမြန်ဆုံး ဖြေရှင်းပေးလိုက်ပြီ ကိုဖားကြီး နဲ့ မဝါ ရေ့။

တစ်။ အားနာတတ်ခြင်း
အားနာပါနားနှင့် သူတပါးပြောသည့်အတိုင်း ပြုလုပ်မိခြင်း။ အဲလိုနဲ့ ခံခဲ့ရပေါင်းမနည်း။ စင်ကာပူသွားဖို့ လခ ၆၅၀ ပဲရမယ့် အလုပ်ကို ပွဲစားခ ၃၅၀၀ နဲ့ လာဖို့ အားနာနာနဲ့ စရံ ငါးသောင်းပေးလိုက်တာ ဆုံးသွားပါလေရောဗျာ။
နှစ်။ အားမနာတတ်ခြင်း
ကိုယ့်ကိုကိုယ် အားနာတတ်လို့ဆိုပြီး အပြင်ကောင်းတာ အားမနာတတ်တာ လွန်သွားပြီး မိတ်ပျက်တာမနည်း။ သူငယ်ချင်း အရင်းအချာကြီးတစ်ယောက် မိန်းမခိုးတာ ပိုက်ဆံလိုလို့ လှမ်းချေးတာ မပေးလို့ အပေါင်းအသင်းတွေ ကြားထဲမှာ တော်တော်မကောင်းဘူး ဖြစ်သွားတယ်။ ချေးတာကလည်း ၂၀၀ ထဲပါ။ တကယ်ဆို အခုအနေအထားနဲ့ ဘာမှဖြစ်တာလဲ မဟုတ်ပဲနဲ့။ အားနာချင်လဲ သူပဲ၊ အားမနာချင်လည်း သူပဲ။ အဲလိုပဲ ဂေါက်တောက်တောက်နဲ့။ :)
သုံး။ ကြွားဝါတတ်ခြင်း
အကြွားကောင်းလို့ သူများလိမ်တာခံလိုက်တာ မနည်း။ ခုပဲကြည့်။ ငွေ ၂၀၀လောက်တော့ အသာလေးပါ ဆိုပဲ။ ဗီလိန်......ဗီလိန်......။ တော်တော် အကြွားသန်တဲ့ကောင်ပဲ။ အမေက ဆိုက်ကယ်အသစ်ဝယ်ပေးလို့ သူငယ်ချင်းတွေကို ကြွားလိုက်တာ ဟိုတစ်ယောက်တက်ခွ ဒီတစ်ယောက်တက်ခွနဲ့ ကိုယ်တောင် သေချာမစီးရသေးဘူး ပါတဲ့ဆီ အကုန်ကုန်တာပဲ။
လေး။ ကြွားဝါခြင်းကို အမြင်ကပ်ခြင်း
ကြွားတာကို အမြင်ကပ်တယ်ဆိုပေမယ့် ကြွားတာက နှစ်မျိုးရှိတယ်။ ရှိတာကိုကြွားတာနဲ့ မရှိပဲနဲ့ကြွားတာ။ ကျနော်မုန်းတာက တကယ်မရှိပဲနဲ့ကြွားတာကို ပြောတာ။ တကယ်ရှိပြီး ကြွားတာကတော့ ဘာဖြစ်လဲဗျာ။ ဟုတ်တယ်မလား။ ကြွားတဲ့ အထဲမှာ ပစ္စည်းကြွားတာအပြင် ပညာကြွားတာပါ ပါတယ်။ မသိပဲနဲ့ သိချင်ယောင်ဆောင်တဲ့သူ၊ မတတ်ဘဲနဲ့ တတ်ယောင်ကားလုပ်တဲ့၊ ငါမသိဘူးဆိုတဲ့စကားကို ပြောရမှာကြောက်တဲ့သူ၊ ကိုယ်သိကိုယ်တတ်လုပ်တဲ့သူ ဆိုကြည့်လို့ကိုမရဘူး။ အဲဒါတွေကို အမြင်ကပ်လွန်းလို့ ထပြောရင်းနဲ့ ပြဿနာတက်ခဲ့ပေါင်းမနည်း။ ကျနော်ကလည်း ကိုယ့်ဘက်က ပိုင်ပြီဆိုရင် ချက်နဲ့ လက်နဲ့ ကျကျနနပြန် ဆော်တတ်တာဆိုတော့ တဘက်လူက အီစိမ့်သွားရော။ အဲဒါနဲ့ပဲ အမုန်းတွေက ဖြစ်ရပြန်ရော။
ငါး။ ကိုယ်ထင်ရာကိုဇွတ်လုပ်ခြင်း
လုပ်ချင်ပြီဟေ့ဆို လုပ်ချလိုက်တာပဲ။ ဘယ်သူတားတား တားမရဘူး။ "ရန်ကုန်မှာပဲ နေပါ။ မင်းအတွက် လုပ်ငန်းတစ်ခု စီစဉ်ပေးပါမယ်။ လုပ်ချင်တာရှိလဲပြော။" ဆိုတဲ့ အဖေ့စကားကို နားမထောင်ပဲ ထွက်လာခဲ့တာ အစကတော့ ဟုတ်တုတ်တုတ်။ ခုတော့ စီးပွားရေးက လှုပ်တုတ်တုတ်နဲ့ ဘယ်တော့ ပြုတ်မယ် မသိတဲ့ ဘဝရောက်နေပါပြီ။
ခြောက်။ အကြောက်တရားမရှိခြင်း
မကြောက်တတ်လွန်းလို့ မန်နေဂျာကဆူနေတာကို ပြုံးဖြီးဖြီးမဖြစ်အောင် အောင့်ထားရတယ်။ နောက်တစ်ခါဆို အလုပ်ပြုတ်ဖို့ပဲရှိတယ်။
ခုနစ်။ နောင်တမရခြင်း
ဘယ်လောက်ခံရခံရ မမှတ်ဘူး။ နောက်တလည်းမရဘူး။ ပေတယ်။ တေတယ်။ ဒါလုပ်ရင် ဒါဖြစ်မယ်မှန်းသိသိနဲ့ မိုက်နေဆဲ။
ရှစ်။ ဖြုန်းတီးခြင်း
လူမိုက်နှင့်ငွေ အတူမနေ ဆိုတဲ့စကားပဲ မှန်လို့လားမသိ။ ဘယ်တော့မှ လက်ထဲမှာငွေမမြဲ။ ငွေဆိုတာသုံးဖို့ရှာတာ။ မလောက်ရင် လောက်အောင်ရှာ။ မရှိရင် ရှိအောင်ကြံ။ ကုန်သွားရင် ထပ်ရအောင်လုပ်။ ဆိုတာတွေက ဗီလိန်တို့ ဆောင်ပုဒ်။ အသုံးကောင်းလို့ အခုအချိန်အထိ အကြွေးတွေဝိုင်းနေတုန်း။
ကိုး။ အိပ်ရမှာကို နှမြောခြင်း
အဲဒီအကျင့်ကလည်း ဘယ်တော့များမှ ပျောက်မယ်မသိ။ လူလည်း အရိုးပေါ်အရေတင်ဖြစ်နေပြီ။
တစ်ဆယ်။ ကျပ်မပြည့်ခြင်း
ဟီးဟီး။ ရေးချင်ရာရေး၊ ပြောချင်ရာပြောနေသော အချက်ကိုးချက်ကို ဖတ်ပေးကြတာကျေးဇူးပဲ။

ကဲ..... အကုန်လုံးက ပျံ့နှံ့နေပြီးသား။ တစ်ယောက်ပဲ။ ကြားထဲမှာ လွတ်နေတဲ့ အစ်ကိုကြီးတစ်ယောက်။
ကိုရွာသားလေး ဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ ဘလော့ဂါ အသစ်စက်စက်လေး အိဖူး။ ရေးပေးမယ်မလား။ ဟဲဟဲ။ ဝင်ဝင်ချင်းစောက်နဲ့ ထွင်းတာ။ :)
--
ဗီလိန်

ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း

ကျောင်းပုံပြင် (၃) မှာ ရေးခဲ့သလိုပဲ ကျောင်းခေါ်ချိန်တွေ အမြဲလိုလိုနေတတ်တဲ့ ဗီလိန်တစ်ယောက် စာမေးပွဲနီးရင်တော့ဖြင့်........................

ပထမဆုံး လုပ်ရတာကတော့ နှစ်ဝက်စာ အဆိုင်းမင့်တွေပါ။ ကိုယ်တိုင်တော့ မဟုတ်ပါဘူး။ ကျနော့ကို ခင်ကြမင်ကြတဲ့ ကောင်မလေး သူငယ်ချင်းတွေဆီက အကူအညီ လိုက်တောင်းရတာပါ။ ဘာလိုချင်လည်း အကုန်လုပ်ပေးမယ်။ ပြီးရင်တော့ အက်ဆေးတစ်ပုဒ်ရေးပေး။ ဒီလို အပေးအယူတွေနဲ့ ဗီလိန်တစ်ယောက် အလုပ်ရှုပ်ပါတော့တယ်။
သူတို့ရဲ့ အဆိုင်းမင့်ခ၊ အက်ဆေးခ၊ စာရှင်းပြခ တွေအနေနဲ့
(၁) နယ်က ငါးပိ၊ ငါးခြောက်၊ ပုစွန်ချဉ် စတဲ့ပစ္စည်းပစ္စယာ အဖြာဖြာဝယ်ပေးခြင်းများ အပြင်။
(၂) ကျောင်းဆင်းရင် ချိုင့်ကူဆွဲပေးခြင်း၊ စာမေးပွဲကြေးသွင်းပေးခြင်း၊ စာမေးပွဲလျှောက်လွှာ ဝယ်ပေး၊တင်ပေးခြင်း ကဲ့သို့ ဆားဗစ်များပါဝင်သလို၊
(၃) နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခြင်း၊ အခါအားလျှော်စွာ ကန်ဘောင်သို့ခေါ်ပြီး ရခိုင်မုန့်တီ၊ အကြော်များ ကျွေးမွေးပြုစုခြင်း စတဲ့ ကိစ္စအဝဝကို ပြုစုပေးခြင်းဖြင့် လည်းပါဝင်ပါတယ်။
(၄) အချို့အချို့သော သူများအတွက် သူတို့ ကြိတ်၍ကြိုက်နေသော ကောင်လေးများ၏ Data များကို ရယူပေးခြင်း၊ မသိမသာ မြှောက်ထိုးပင့်ကော် လုပ်ပေးခြင်းအားဖြင့် ချစ်ကြိုက်သွားစေခြင်း၊ ရန်ဖြစ်နေသော အတွဲများကို ပြန်လည် စေ့စပ်ညှိနှိုင်းခြင်း အနေနဲ့လည်း မြှားနတ်မောင် Special Service ပေးပါသေးတယ်။

ဒါတွေအားလုံးပြီးလို့ စာမေးပွဲအတွက် အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ဖြင့် လူရှာရပါတယ်။ ဘာလုပ်ဖို့လဲ ဆိုတော့ကား အစ်ကိုတော်၊ ဦးရီးတော် တစ်ယောက်အနေနဲ့ အဆူခံပြီးလက်မှတ်ထိုးပေးဖို့ပါ။ ဒါမှလည်း စာမေးပွဲဖြေခွင့်က ရမှာကိုး။ အစတော့ တစ်ယောက်တည်း ငိုပြီး ကြိုးစားကြည့်တာပေါ့။ ဌာနမှူးက အုပ်ထိန်းသူခေါ်ခဲ့ ဆိုတော့မှ သူငယ်ချင်း တစ်ယောက်ယောက်ကို အပူကပ်၊ ခေါ်လာပြီး ဌာနမှူးရဲ့ မုန့်ဟင်းခါးကို ကူစားခိုင်းရတာပေါ့ဗျာ။ သူ့ကို ကူစားခိုင်းပြီးလို့ လက်မှတ်တွေဘာတွေထိုး ပြီးလို့ ဖြေခွင့်ရပြီဆိုတာနဲ့ လှည်းတန်းထိပ်က ဝင်းစားတော်ဆက်ကို နှစ်ယောက်သားပြေးပြီး ကစ်တော့တာပဲ။ အဲဒီမှာလည်း ဇာတ်လမ်းလေးတွေကရှိသေး။ နောက်များမှ ပြောပြပါဦးမယ်။

စာမေးပွဲရောက်ရင် အရင်ရေးခဲ့ဖူးတဲ့ နည်းစနစ် ဆိုတဲ့ ကဗျာလေးလို အကွက်ပေါင်း များစွာကိုသုံးဖို့အတွက် Reynold ဘောပင်၊ Pilot ဘောပင်၊ Super Glue၊ Tape၊ ထောက်ချွန် (သို့) ကညစ် စတာတွေ ဝယ်ရတဲ့အပြင် စာမေးပွဲ အထောက်အကူပြု ပစ္စည်းများဖြစ်တဲ့ မှန်မခုံးတဲ့ လက်ပတ်နာရီကြီးကြီး တစ်လုံး၊ လိုသလို အတိုးအလျှော့ လုပ်နိုင်တဲ့ ခါးပတ်၊ ဂျပန်ဖောင့်သွင်းပြီးသား ကွန်ပြူတာတစ်လုံးနဲ့ ပရင်တာ၊ မီးမှန်ပြီး သူငယ်ချင်းတွေစုပြီး အိပ်လို့ရမယ့် အိမ်ခန်းတစ်ခန်း၊ စပေါ့အတွက် ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် လိပ်စာများ၊ သာမက စာမေးပွဲပြီးပြီးချင်း ကြုတ်ကြတ်လိဖို့ ပန်းခြင်း၊ မုန့်ပုံး၊ ပါတိတ် စတဲ့ ကြည့်ကောင်းမယ့် အသုံးတော်ခံပစ္စည်းများ။ အစရှိတဲ့ အရာတွေကိုဝယ်ယူဖို့ အတွက် လိုအပ်တဲ့ ငွေကို ဖဲဝိုင်းသွားပြီး ရှာရပါတယ်။ (သနားစရာလေးနော်) မိဘကိုလည်းဒုက္ခမပေးချင်တော့ဘူးလေ။ (လိမ္မာလိုက်တဲ့သားလေး)

အားလုံးပြည့်စုံလို့ အဆင့်သင့်ဖြစ်ပြီ ဆိုရင်တော့ တစ်ပတ်လောက် အလိုကစပြီး ခုနရှာထားတဲ့ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ အိမ်ခန်းမှာ စခန်းချနေထိုင်ပြီး အပန်းဖြေ အဲလေ။ စာစကျက်ပါတော့တယ်။ ဒါက စာသင်နှစ်ဝက်တစ်ခုလုံးရဲ့ တစ်ပတ်တည်းသာရှိတဲ့ စာကျက်သီတင်းပတ်လေးပေါ့။

စာကျက်ပုံကလည်း ဒီလို။ ညနေစောင်းဆို စုစည်းတဲ့အိမ်မှာ လူစု၊ ပြီးရင် ရလာတဲ့ စပေါ့တွေ Data တွေနဲ့ စုစည်းစရာရှိတာစုစည်း၊ ကျက်ဖို့လုပ်စရာရှိတာလုပ်၊ လက်နက်တပ်ဆင်ဖို့ ပြင်ဆင် ဒီလိုနဲ့ ဗိုက်ဆာလာပြီဆိုရင် အပြင်ထွက် စားကြသောက်ကြပေါ့။ ပြန်ရောက်တာနဲ့ စာကျက်မယ်လို့တော့မထင်နဲ့ ကိုရီးယားကားကြိုက်သူက ကိုရီယားကား၊ ဂိမ်းဆော့ချင်သူက ဂိမ်း၊ သင်္ချာတွက်ချင်သူက သင်္ချာတွက် (အပျော်ပေါ့)၊ ပြီးလို့ ညမိုးတော်တော်ချုပ်ပြီ ဆိုတော့မှ (စာမကျက်သေးပါဘူး) တရုတ်တန်း၊ စမ်းချောင်း၊ ကျောက်မြောင်း စတဲ့ လူစည်ကားရာ အရပ်တွေကိုသွားပြီး အအေးလေးဘာလေး သောက်ပေါ့။ စာမေးပွဲအကြောင်းကတော့ အားနာပါးနာနဲ့ ဆွေးနွေးဖြစ်ပါတယ်။ :) အဲဒီက ပြန်ရောက်တော့မှ စာနည်းနည်းကျက်ပြီး နေဖင်ထိုးတဲ့အထိ အိပ်ကြပါတယ်။ ဒါကတော့ စာမေးပွဲပြင်ဆင်ပုံတွေပေါ့။ ကြိုက်တယ်ဆိုတဲ့ ညီ၊ညီမတွေ စမ်းကြည့်ပေါ့။

ဗီလိန်

ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား
ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့
ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ
ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း
ကျောင်းပုံပြင် (၅) ဗီလိန် နဲ့ မော်ကွန်းထိန်းများ

သူရဲကောင်းလေး

ဒေါင်......ဒင်.......ဒေါင်......ဒင်......
အချက်ပြ ခေါင်းလောင်းသံကြောင့် တစ်ရွာလုံး လန့်ဖျန့်သွားသည်။ အလန့်တကြား ဖြစ်သွားသော ကားမောင်းသမားတစ်ယောက်မှ တဆင့် ဥသျှစ်သီးကြွေတဲ့ ပုံပြင်ထဲကလို၊ ပုစဉ်းရင်ကွဲအော်သံ ပုံပြင်ထဲကလို ဆင့်ကဲဆင့်ကဲ အက်ဆီးဒင့်တွေဖြစ်ပြီး တစ်ရွာလုံး ပြောင်းသတ် ကုန်ပါတယ်။ အဲဒီ အချက်ပေးသံကို တီးလိုက်သူကတော့...................



ဒီဇာတ်လမ်းထဲက မင်းသားလေး Chicken Little ပါပဲ။ လုပ်သမျှ အမြဲတမ်း တလွဲပဲဖြစ်ဖြစ်နေလို့ တစ်ရွာလုံးက မကြည်တဲ့အပြင် အကောင်ကပါ သေးတော့ နှိမ်လည်းနှိမ်ကြ၊ အကုန်လုံးရဲ့ နောက်ပြောင် အနိုင်ကျင့်တာ ခံနေရပေမယ့် အမြဲတမ်းပျော်ရွှင်နေပြီး ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကြက်ကလေးဟာ ဖခင်မီးသတ်သမား ကြက်ဖကြီးရဲ့ မိတဆိုးသားလေးပါ။ အဖေတစ်ခု၊ သားတစ်ခုဘဝမို့ အရမ်းချစ်ကြတဲ့ သားအဖနှစ်ယောက်ဖြစ်လို့ ကြက်ကလေးရဲ့ ပေါက်ကရ တလွဲလုပ်သမျှကို ဖခင်ဖြစ်သူက အမြဲလိုက်ရှင်းနေရတဲ့ ဇာတ်လမ်းလေးနဲ့ အစပြုထားပါတယ်။

ကြက်ကလေးရဲ့ အရာရာကို စူးစမ်းလိုစိတ်၊ ဖြတ်ထိုးဉာဏ်ရင့်သန်ပြီး တီထွင်ဆန်းသစ်နိုင်တဲ့ အရည်အချင်း၊ ပတ်ဝန်းကျင်နဲ့ မိမိပတ်ဝန်းကျင်ကို ကာကွယ်လိုစိတ်၊ မိမိစွမ်းအားရှိသမျှ အစွမ်းကုန် ကြိုးစားအားထုတ် တတ်တဲ့ ဇွဲသတ္တိနဲ့ စိတ်ဓာတ်၊ အချိန်တိုင်း ဖြတ်လတ်တက်ကြွနေတဲ့ ပုံသဏ္ဏာန်တွေဟာ လူငယ်တွေရဲ့ စံပြထားရလောက်တဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေပါပဲ။ အကောင်သေးပေမယ့် အထင်သေးလို့မရတဲ့ ဇာတ်လိုက်ကျော်လေး Chicken Little ပါ။ နောက်ပိုင်းဇာတ်လမ်း ကိုတော့ အရသာပျက်မှာစိုးလို့ မပြောပြတော့ပါဘူး။ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား တာယာပွကြီးနဲ့ ခပ်ဆင်ဆင်တူတဲ့ ဒီဇာတ်ကောင်လေး Chicken Little ကို Walt Disney ကနေဖန်တီး ထုတ်ဝေဖြန့်ချီပါတယ်။

ဖန်တီးသူတွေကတော့
Directed by Mark Dindal
Produced by Randy Fullmer
Written by Steve Bencich
Ron J. Friedman
Starring Zach Braff
Garry Marshall
Joan Cusack
Steve Zahn
Don Knotts
Patrick Stewart
Music by John Debney
Distributed by Walt Disney Pictures ဖြစ်ပါတယ်။
Trailer လေးကိုပါ တင်ပြပေးလိုက်ပါတယ်။



နန်းညီရဲ့TAG လေးပါ။ ကာတွန်းကားသိပ်ကြိုက်တဲ့ ကျနော့အတွက် ကောက်ခါငင်ကာပဲ ဖြေလိုက်ပါတယ်။ နန်းညီ ရေ့ ကျေနပ်ပါတယ်နော်။ :)

ကျနော့ သူငယ်ချင်းအပေါင်းအသင်း ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီညီ၊ ညီမတို့ အားလုံး ဒီရက်ထဲ အပျင်းကြီးတဲ့သူကကြီး၊ အသဲကွဲလို့ ကွဲပြဲတဲ့သူကကွဲပြဲ၊ အလုပ်များတဲ့သူကများ၊ စိတ်ညစ်တဲ့သူကညစ်၊ စာမေးပွဲနီးလို့ ဘလော့ဘက် ခြေဦးမတည့်နိုင်သူက တစ်မျိုးနဲ့မို့ ဒီTAGလေးနဲ့ ဘလော့ရောဂါပိုး ထိုးထည့်လိုက်ပါတယ်။ စာမေးပွဲရှိသူတွေကတော့ စာမေးပွဲပြီးပြီးချင်း ရေးပေးပေါ့၊ မအားတဲ့သူတွေကလည်း အားတာနဲ့ရေးပေးပေါ့၊ လို့ ပြောရင်းနဲ့ ရှိသမျှ ဆွေသဟာတွေအားလုံး ဝါးလုံးရှည်နဲ့ သိမ်းကြုံးTAGလိုက်ပါတယ်။ မကောင်းသူထိပ် ကောင်းသူထိပ် တော့မဟုတ်ဘူး။ မေ့ကျန်သူရှိရင်တောင် Edit ပြန်လုပ်ပြီး ထပ်ထည့်မှာ။ စိတ်မဆိုးကြေး။ ကာတွန်းကားကိုလုံးဝ စိတ်မဝင်စားပြီး မကြည့်တဲ့သူတွေကိုတော့ လွတ်ငြိမ်းခွင့်ပေး လိုက်ပါမယ်နော်။

ဖိုးဂျယ် (ရေးပြီး)
မတူးတူးသာ (ရေးပြီး)
ခေါင်ခေါင်
မေ (စိတ်ဖြေရာ) (ရေးပြီး)
ကိုအင်ဒီ (ရေးပြီး)
ဥယျာဉ်မှူး
apyae1
ချမ်းရဲ (ရေးပြီး)
ကိုလင်းဒီပ
ကိုရွာသားလေး (ရေးပြီး)
မဆုမွန်
သံလွင်ဟီးရိုး
မဝါ (ရေးပြီး)
လိပ်ပြာလေး (ရေးပြီး)
မက်မက် (ရေးပြီး)
ဂုဂု (လွတ်ငြိမ်းခွင့်ပေးပြီး)
မီးလေးဇာ (ရေးပြီး)
အိမ်
ကိုဂျူဝသန်
ယမမင်းလေး (ရေးပြီး)
မရွှေပြည်သူ (ရေးပြီး)
ကိုဖားကြီး

ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ

ဒီတစ်ခါတော့ ဗီလိန်တစ်ယောက်ရဲ့ စာသိပ်ကြိုးစားတဲ့ အကြောင်းလေးပေါ့။ ကျနော်တက်တုန်းက ကျောင်းရဲ့ သင်ရိုးဖွဲ့စည်းပုံလေးကို အရင်ပြောပြရလိမ့်မယ်။

ပထမနှစ် (ပထမနှစ်ဝက်) ----- မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဘာသာဗေဒ (Linguistics) နဲ့ မေဂျာ Paper ၃ ခု။
ပထမနှစ် (ဒုတိယနှစ်ဝက်) ----- မြန်မာစာ၊ အင်္ဂလိပ်စာ၊ နိုင်ငံတကာဆက်ဆံရေး (International Relation-IR) နဲ့ မေဂျာ Paper ၃ခု။
ဒုတိယနှစ် (ပထမနှစ်ဝက်) ----- မြန်မာစာ၊ ဒဿနိက (Philosophy) (သို့မဟုတ်) သမိုင်း (History)၊ မေဂျာ Paper ၄ခု နဲ့ လူတွေ့။
ဒုတိယနှစ် (ဒုတိယနှစ်ဝက်) ----- မြန်မာစာ၊ မနုဿ (သို့မဟုတ်) ပါဠိ၊ မေဂျာ Paper ၄ခု နဲ့ လူတွေ့
တတိယနှစ် (ပထမနှစ်ဝက်) ----- မေဂျာ Paper ၆ ခု နဲ့ လူတွေ့။
တတိယနှစ် (ဒုတိယနှစ်ဝက်) ----- မေဂျာ Paper ၆ ခုနဲ့ လူတွေ့။

ပထမနှစ်ဝက်က Supply ၂ ခါထိခွင့်ရှိပါတယ်။ ပထမနှစ်ဝက်စာမေးပွဲ >>> Supply >>> Double Supply ဆို ပြီး ၃ ခါဖြေလို့ မအောင်ရင်တောင် နောက်စာမေးပွဲတိုင်းမှာ ဝင်ဝင်ဖြေလို့ရပါတယ်။ ပထမနှစ်ရဲ့ ပထမနှစ်ဝက်မှာ စာမေးပွဲရှုံးပြီ ဆိုပါတော့။ ဒုတိယနှစ်ဝက်ကတော့ Double Supply မရှိပါဘူး။ ၂ ခါပဲ အခွင့်အရေးရှိပါတယ်။

ဗီလိန်တို့ကတော့ ဒီသီအိုရီကို အပြည့်အဝ လိုက်ခဲ့သပေါ့ဗျာ။ ကျောင်းသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ အကုန်ယူခဲ့တာ။ ဟဲဟဲ။ ဖြေလို့ရသမျှ စာမေးပွဲကို ဝင်ဖြေတာ။ :) နှစ်တိုင်း Supply နဲ့ Double Supply ကို လွတ်ခဲ့တယ်မရှိ။ ဒုတိယနှစ်မှာများဆိုရင် တတိယနှစ် (ပထမနှစ်ဝက်) တက်တက်ခြင်းမှာ ဖြေရတဲ့ Supply Exam မှာ ပထမနှစ်ဝက်အတွက် Double Supply က ၆ဘာသာ၊ ဒုတိယနှစ်ဝက်ရဲ့ Supply က ခြောက်ဘာသာ စုစုပေါင်း ၁၂ ဘာသာကို ၆ ရက်နဲ့အပြီး ဖြေခဲ့တာဗျ။ အထင်တော့မသေးလိုက်နဲ့ဦး ၁၂ ဘာသာစလုံး ကွင်းလုံးကျွတ်အောင်သွားသဗျ။ ဗီလိန်တို့များ ပိုင်ချက်ကတော့နော။

ဒါကစာမေးပွဲတွေ အကြောင်း။ နောက်တစ်ခုက စာသင်ချိန် ပထမနှစ်စာသင်ချိန်လေးကို ဥပမာပြလိုက်ပါတယ်။ ပထမဇယားက ကျောင်းက ထုတ်ပြန်တဲ့စာသင်ချိန်။ ဒုတိယဇယားက ကျနော် လိုက်နာတဲ့စာသင်ချိန်။




ဇယား (၁)


ဒါကတော့ ကျောင်းကထုတ်ပြန်တဲ့ အချိန်ဇယား (ယေဘုယျပေါ့ဗျာ။ အတိအကျရယ်တော့ မဟုတ်ပါဘူး။)


















































































































































































၀၉း၀၀~၀၉း၅၀


၁၀း၀၀~၁၀း၅၀


၁၁း၀၀~၁၁း၅၀


နား
ချိန်


၁၂း၃၀~၁း၂၀


၀၁း၃၀~၀၂း၂၀


၀၂း၃၀~၀၃း၂၀


တနင်္လာ


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ


အင်္ဂါ


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ


ဗုဒ္ဓဟူး


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ


ကြာသပတေး


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ


သောကြာ


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ





ဇယား (၂)


ဒါကတော့ ဗီလိန်လိုက်နာတဲ့ အချိန်ဇယားပါ။ ဒါကလည်း ပုံမှန်တော့မဟုတ်ဘူး။ အကြမ်းအားဖြင့်ပေါ့လေ။

















































































































































































၀၉း၀၀~၀၉း၅၀

၁၀း၀၀~၁၀း၅၀

၁၁း၀၀~၁၁း၅၀

နား
ချိန်

၁၂း၃၀~၀၁း၂၀

၀၁း၃၀~၀၂း၂၀

၀၂း၃၀~၀၃း၂၀

တနင်္လာ

အတန်းတက်

အတန်းတက်

ကန်တင်း

ကန်ဘောင်

ကန်ဘောင်

ဂိမ်းဆိုင်

အိမ်ပြန်

အင်္ဂါ

အတန်းတက်

ကန်တင်း

မြက်ခင်း

မြက်ခင်း

နားနေဆောင်

နားနေဆောင်

M-3

ဗုဒ္ဓဟူး

အတန်းတက်

ကန်တင်း

ကန်တင်း

ကန်ဘောင်

နားနေဆောင်

အတန်းငိုက်

ဘောကွင်း

ကြာသပတေး

အတန်းတက်

အတန်းတက်

အပြင်သွား

အပြင်သွား

အတန်းငိုက်

ဂိမ်းဆိုင်

အိမ်ပြန်

သောကြာ

အတန်းတက်

ကန်တင်း

မြက်ခင်းး

ကန်တင်း

အတန်းငိုက်

နားနေဆောင်

ဘောကွင်း



အညွှန်း။
အတန်းတက် = မိနစ် ၂၀နောက်ကျမှဝင်။ လက်မှတ်ထိုး။ ခိုးထွက်။ (မှတ်ချက် ။ ။ ကျောင်းရောက်တာ နောက်ကျရင် ကန်တင်း)
အတန်းငိုက် = ထမင်းစားပြီး ပျင်းရိဖွယ်ကောင်းသော ဂျပန်စာများဖြင့် ငိုက်မြည်းခြင်း။
ကန်တင်း = ကျောင်းသားများ ထုံးစံအတိုင်း မျက်စိအစာကျွေးခြင်း၊ ပေါက်ကရလေးဆယ် များပြောခြင်း။ ညက ဘောပွဲငြင်းခြင်း။ မနေ့ညနေက ကိုယ်တိုင်ကန်ကြသော ဘောပွဲကို ပြန်လည်သုံးသပ်ခြင်း။ အများသူငါကို ပြဿနာရှာ ဒုက္ခပေးခြင်း။ ရည်းစားစာများ အခမဲ့ရေး အေးဂျင့်တည်ထောင်ခြင်း။
ကန်ဘောင် = အင်းယား အနောက်ဘက် ကန်တင်း၊ သိပ္ပံကန်တင်း၊ ဝါဇ္ဇာကန်တင်း နှင့် ဗထက်ချိုက်ကွေ့ကန်တင်းတို့တွင် သောင်းကျန်းခြင်း၊ စိမ်းလန်းစိုပြေ နှင့် ရန်ကုန်တက္ကသိုလ်မိန်းထဲတွင် အတွဲချောင်းခြင်း အမှုကို သူငယ်ချင်းများနှင့် တက်ညီလက်ညီ ပြုလုပ်ခြင်း။
မြက်ခင်း = ကျောင်းမြက်ခင်း နှင့် ရန်ကုန်တက္ကသိုလ်မိန်းထဲ ရှိမြက်ခင်းများတွင် ကျားထိုးခြင်း၊ စစ်တုရင်ထိုးခြင်း။ ဂစ်တာတီးခြင်း။ စာမေးပွဲနီးလျှင် စာကြည့်ချင်ယောင်ဆောင်ခြင်း။
နားနေဆောင် = နိုင်ငံရေးမလုပ်ရင် ပြီးရောကွာ အရမ်းကြီး မဟော့ရင် ပြီးတာပဲလို့ ကျောင်းစောင့်ကပြောထား သဖြင့် အခန်းပိတ်၍ သင်္ချာတွက်ခြင်း။ (အမှန်တော့ ကျောင်းစောင့်က ပြောတာမဟုတ်ဘူး။ မော်ကွန်းထိန်းက ပြောတာ။ သူကကျောင်းစောင့်ကတဆင့် ကျနော်တို့ကိုပြောတာ။ အဟီး လျှောက်မပြောနဲ့နော်။)
M-3 = ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ကလေ သိတယ်မလား။ အဲဒီကိုသွားတာကို ပြောတာ။ တစ်ပတ်တစ်ခါလောက် မိုက်လေးခဲပြီး ကဲလိုက်ရမှ။ :)
အပြင်သွား = ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ၊ မြကျွန်းသာ၊ ပလာဇာများ၊ စင်တာများ သို့ လျှော့ပင်း(ဝင်းဒိုးပဲများပါတယ်။) ထွက်ခြင်း။
ဂိမ်းဆိုင် = PS2 နှင့် Computer ဂိမ်းများ အဖွဲ့လိုက် ချိန်းပြီး ဆော့ခြင်း။
ဘောကွင်း = အခြားကျောင်းမှ အသင်းများကို ဖိတ်ခေါ်၍ အိမ်ကွင်းကန်ခြင်း။ အဝေးကွင်းများကို စနေ၊ တနင်္ဂနွေနေ့များသာ ကန်ပါသည်။ :)

ကျောင်းမှန်မှန်တက်ခဲ့တာကို အချိန်ဇယားလေးနဲ့ ဖော်ပြပေးတာပါ။ စာမေးပွဲဖြေကာနီးရင် ဌာနမှူး(ပါမောက္ခ)က ဘာကြောင့် ကျနော့ကိုခေါ်ခေါ်ပြီး ကျောင်းခေါ်ချိန် မပြည့်ဘူးနဲ့ ပြောလဲတော့ မသိပါဘူးဗျာ။ စဉ်းစားကြည့်ပါဦး။ ကျောင်း ၃နှစ်လုံး ကျောင်းကိုမရောက်တဲ့နေ့က လက်ချိုးရေလို့ လက် ၁၀ချောင်းမကုန်ပါဘူး။ ဒါနဲ့များ ကျနော့ကျောင်းခေါ်ချိန်က ၃၇%၊ ၄၃% ၄၆% အဲလိုတွေကြီးပဲ။ တစ်ခါမှ ၅၀%မကျော်ဘူး။ ဆရာမက သင်္ချာညံ့လို့နဲ့ တူပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ်လေ။ လူကြီးတွေပဲ တခါတလေကနေ ၆ခါ၆လေ လောက်တော့မှားမှာပဲလေ ဆိုပြီး ပဲထားလိုက်ပါတယ်။ ဒါတောင် လက်မှတ်မထိုးပေးလို့ ငိုပြရသေးတယ်။ ဗီလိန်တို့များ အကယ်ဒမီပေးလို့ရတယ်။ ဌာနမှူးရှေ့များရောက်ပြီ ဆိုလို့ကတော့ အသေငိုပြီပဲ။ သေပြီးသား အဘိုးတွေ၊ အဘွားတွေလည်း အခါအခါ ထပ်သေရတာနဲ့။ ဦးလေးတွေ နေမကောင်းဖြစ်ရတာနဲ့၊ အဒေါ်တွေကို ကူညီပေးရတာနဲ့၊ တခါတလေများ အပြင်ကသူငယ်ချင်းကို အစ်ကိုလုပ်ခေါ်သွားပြီး အဆူခံခိုင်းရတာနဲ့။ ပြီးတော့လည်း အဆင်ပြေသွားပါတယ်။ ဗီလိန်က ဒီလောက်တော့ ပိုင်ပါတယ်။ ဟဲဟဲ။

အဲဒါနဲ့ပတ်သတ်လို့ ကဗျာလေးတစ်ပုဒ်တောင် ရေးဖြစ်သေးတယ်။

၄၂ရယ် ပြေးလျှက်ကယ် တွယ်ပါလို့
ချိုင့်တစ်ဖက် လက်ကဆွဲပေမို့
ပုဆိုးမယ်ကျွတ်ရင် မဝတ်နိုင်ဘု
တံတောင်နဲ့ တွတ်ကာဖိရတယ်
၂ဂိတ်မို့ တော်သေး။

ကျောင်းရောက်လျှင် တွက်ခြေကိုက်အောင်လို့
နောက်ကျဝင် အတန်းထဲရောက်လျှင်ဖြင့်
မျက်နှာငယ် လေးတွေလေးတွေနဲ့
လက်မှတ်ကယ်ထိုးကာ ခိုးထွက်တယ်
ရိုးကောက မပြည့်သေး။

ဟန်ပြကာ အတန်းရယ်တက်သမို့
နောက်အချိန်တွေ ပြေးကာမတက်ပါဘု
ကန်တင်းမယ်အချိန်တွေ ဖြုန်းပါစ
ခေါင်းတိုက်ကာ ဆွေးနွေးကြရမယ်
ဒီနေ့တော့ ကန်ဘေး။

ကျောင်းချိန်တွေ လစ်ကာလစ်ကာပ
ယောင်းအဆွေတွေ တွဲကာကဲပေစွ
ဒိုတာချ ဂိမ်းတွေဆော့လေကြ
ဘောကန်လည်း မပျက်စေကြစေဖို့
ဆော်သြကာ ပြောကာဆွရတယ်
ဖဲဝိုင်းကမထသေး။

ဗီလိန်


ကျောင်းပုံပြင် (၃) ရဲ့ စာသင်ရက်တွေကိုတော့ ဒီမှာပဲ နားလိုက်ဦးမယ်ဗျာ။

ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား
ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့
ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ
ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း
ကျောင်းပုံပြင် (၅) ဗီလိန် နဲ့ မော်ကွန်းထိန်းများ

နှလုံးသားထဲက တက္ကသိုလ် (၂)

၄၂ရယ် ပြေးလျှက်ကယ် တွယ်ပါလို့
ချိုင့်တစ်ဖက် လက်ကဆွဲပေမို့
ပုဆိုးမယ်ကျွတ်ရင် မဝတ်နိုင်ဘု
တံတောင်နဲ့ တွတ်ကာဖိရတယ်
၂ဂိတ်မို့ တော်သေး။

ကျောင်းရောက်လျှင် တွက်ခြေကိုက်အောင်လို့
နောက်ကျဝင် အတန်းထဲရောက်လျှင်ဖြင့်
မျက်နှာငယ် လေးတွေလေးတွေနဲ့
လက်မှတ်ကယ်ထိုးကာ ခိုးထွက်တယ်
ရိုးကောက မပြည့်သေး။

ဟန်ပြကာ အတန်းရယ်တက်သမို့
နောက်အချိန်တွေ ပြေးကာမတက်ပါဘု
ကန်တင်းမယ်အချိန်တွေ ဖြုန်းပါစ
ခေါင်းတိုက်ကာ ဆွေးနွေးကြရမယ်
ဒီနေ့တော့ ကန်ဘေး။

ကျောင်းချိန်တွေ လစ်ကာလစ်ကာပ
ယောင်းအဆွေတွေ တွဲကာကဲပေစွ
ဒိုတာချ ဂိမ်းတွေဆော့လေကြ
ဘောကန်လည်း မပျက်စေကြစေဖို့
ဆော်သြကာ ပြောကာဆွရတယ်
ဖဲဝိုင်းက မထသေး။

ဗီလိန်

ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ။ ဗီလိန် အချစ်ဆုံး ဘရာဇီးအသင်းက ဂျာမနီကို ၂ဂိုး၊ ဂိုးမရှိနဲ့ ဖလား ဆွတ်ခူးသွားတဲ့နေ့။ အဲဒီပွဲမှာ ကျနော်သိပ်ကြိုက်ခဲ့တဲ့ ရိုနယ်ဒိုက ၂ဂိုးသွင်းပြီး ပွဲစဉ်တလျှောက် ၈ဂိုးသွင်းနဲ့ ရွှေဘောလုံးဆုယူသလို၊ ကျနော် ခုချိန်ထိ ခရေဇီဖြစ်ပြီး လေးစားဆဲ ဂိုးသမားကြီး အိုလီဗာခမ်းကလည်း ဒီပွဲမှာပေးရတဲ့ ၂ဂိုးကလွဲရင် ပွဲစဉ်တလျှောက် ပေးဂိုးမရှိ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီး ပွဲစဉ်တလျှောက် ဂိုးသမားအကောင်းဆုံးဆုဖြစ်တဲ့ ယာရှင်ဆုကို ဆွတ်ခူးခဲ့တဲ့အပြင် အကောင်းဆုံး ဘောလုံးသမားဆုကိုပါ ရခဲ့တဲ့ ကမ္ဘာ့ဖလားစံချိန်မှာ ပထမဆုံး ဂိုးသမားဖြစ်ခဲ့တယ်လေ။ အဲဒီနေ့ပြီး နောက်တစ်နေ့ပေါ့။ တက္ကသိုလ်ကို ခြေစချတာ။ ဝှူး…………… မောလိုက်တာ ကျောင်းစတက်တဲ့နေ့ကို ပြောရတာ။

လှည်းတန်းကနေ တက္ကသိုလ်ရိပ်သာလမ်း တလျှောက် ငါကွတက္ကသိုလ်ကျောင်းသားကြီး ဆိုတဲ့ ခံစားချက်အပြည့်နဲ့ အဓိပတိလမ်းကြီးနဲ့ ဗထက်ချိုက်ကွေ့ရှေ့ကဖြတ်၊ တက္ကသိုလ်များဆေးရုံ အဲဒီနောက် ဆရာများဆောင်နဲ့ ပုဂံလမ်း။ အမေတို့ အဖေတို့ပြောပြောနေတဲ့ ရယ်မောသံတွေ ပြည့်နှက်ခဲ့တဲ့ တက္ကသိုလ်ဆိုတဲ့ ပတ်ဝန်းကျင်မှာ သူတို့အငွေ့အသက်တွေ ထိတွေ့လိုက်ရသလိုပဲ။ ဒါတွေ အကုန်ဖြတ်လာပြီးတော့ အင်းယားလမ်းမီးပွိုင့်ကို ခဏစောင့်၊ မီးပွိုင့်စိမ်းတော့ ဖြတ်လာခဲ့ပြီး အပြုံးနဲ့ ဆီးကြိုနေတဲ့ ကျောင်းတော်ကြီးရဲ့ အဝကိုရောက်လာပါတယ်။


ကျောင်းထဲဝင်လာတော့ မျက်စိလေး ပေကလည်၊ ပေကလည်နဲ့ ယောင်ချာချာလေးပေါ့။ ရုပ်ရှင်တွေထဲကလို ဘယ်သူကများ ချောက်ချမလဲ။ ဘယ်သူကများ ဝိုင်းလှောင်ကြမလဲ ခပ်ကြောက်ကြောက်နဲ့ပေါ့။ ဒါပေမယ့် ဘယ်သူမှတော့ ချောက်မချပါဘူး။ တက်ရမယ့်အဆောင်ကို တန်းတန်းမတ်မတ် ရောက်သွားပြီး ကျနော့ထုံးစံအတိုင်း နောက်ဆုံးတန်းတစ်နေရာမှာနေရာယူလိုက်ပါတယ်။ ကျနော် အတန်းထဲရောက်တော့ ယောက်ျားလေးက ကျနော်တစ်ယောက်တည်း မိန်းကလေးတွေက အယောက် ၃၀ လောက်ရှိမယ်။ ဟီးဟီး။ ကျနော်ကလည်း နေရခက်တာနဲ့ စာအုပ်တစ်အုပ်ထုတ်ပြီး ကဗျာတစ်ပုဒ် ချရေးလိုက်ပါတယ်။

ဘဝဆိုတဲ့ အရာဝတ္ထု
အစပြုလို့ ရောက်ခဲ့ရတယ်
YUFL……..။
တွေ့ဆုံကြုံကြိုက် သည်အခိုက်ဝယ်
ရည်ရွယ်ချက်တူ ဘီအေယူဖို့
အတူရောက်လာ သည်အခါမို့
မချောသုံးဆယ် တစ်ကိုယ်ရယ်မို့
ဘယ်လိုဘယ်ပုံ ဘယ်နည်းဘယ်လမ်း
ဘယ်လိုစခန်း ကျွမ်းရမည်ကို
ရွံ့နေသော်လည်း………။
ကျနော်တက္ကသိုလ် ကျောင်းတော်သားမို့
မချောတစ်ထောင် ကိုယ်တစ်ကောင်လည်း
လျှောက်လှမ်းမည်ဟု သန္နိဌာန်ပြု
မာန်ဟိတ်ဟန်စု
ငါဟဲ့ ယူအဖ်အယ်လ်ကျောင်းသား ဖြစ်ပေတော့သကိုး…………………..။

(နောင်တစ်ချိန်မှာ ဒီကဗျာကို ပြန်ပြင်ပြီး ကဗျာစာအုပ်လေး တစ်အုပ်မှာ ထည့်ခဲ့သေးတယ်။)
ကဗျာရေးပြီး မကြာခင်မှာပဲ နောက်ထပ်ကျောင်းသား ၂ယောက်ထပ် ရောက်လာပါတယ်။ တော်သေးတာပေါ့။

ဒီလိုနဲ့ ကျောင်းတက်ခေါင်းလောင်းထိုးတော့ အရပ်ရှည်ရှည် ဟိတ်ဟန်အပြည့်နဲ့ ဆရာမ တစ်ယောက် ရောက်လာပါတယ်။ ကျနော်တို့ အတန်းပိုင်ပေါ့လေ။ သူက သူ့လက်ထဲက နာမည်စာရင်းခေါ်တော့ သိပ်ရင်နှီးသလို နာမည်တစ်လုံး ကြားလိုက်တယ်။ ပြန်ထူးလိုက်တဲ့အသံကို လှမ်းကြည့်လိုက်တော့……… ဟုတ်ပါသည်။ သူမှသူ၊ သူမှသူစစ်စစ် အော် အချိန်တွေ ၇နှစ် ရယ် ဘာမှန်းမသိဝေးခဲ့ရပေမယ့် အခုတော့တို့ကို ကံတရားက တို့နှစ်ယောက်ကို ပြန်ဆုံခွင့် ပေးလိုက်ပြီလားဟင်။ တမျိုးတော့ မထင်ပါနဲ့ဗျာ။ ၄တန်းထဲက ကျနော်တို့ မြို့ကနေ ထွက်သွားခဲ့တဲ့ သူငယ်ချင်းပါ။ တခါတလေ ပြန်လာပေမယ့် အကြောင်းက မတိုက်ဆိုင်တော့ မတွေ့ရဘူးလေ။ လူတွေအများကြီးထဲမှာ ဆိုတော့ သတိမထားမိလိုက်ဘူး။ ဆရာမက အ၊ အိ၊ အု၊ အဲ၊ အော့(အို) စရေးတော့ နောင်မှာ အချစ်ဆုံး သူငယ်ချင်းဖြစ်လာတဲ့ စိုင်း အခန်းထဲကို ခွင့်တောင်းပြီးဝင်လာပါတယ်။ အဲ့ဒီမှာ ဆရာမကရစ်ပါလေရောဗျာ။ ရစ်တဲ့ဇာတ်လမ်းကတော့ ကိုယ့်ဟာကိုယ် ဆင်ဆာဖြတ်လိုက်ပြီ။ :)

ဒီလိုနဲ့ပဲ စာသင်ချိန်အပြီးကို စောင့်နေမိတာ ဘာသင်သွားမှန်းတောင် မသိလိုက်ပါဘူး။ ငယ်ချစ်ဦး အဲလေ။ ငယ်သူငယ်ချင်းကို နှုတ်ဆက်ချင်စိတ်တွေက ထိန်းမရတော့ဘူးလေ။ အတန်းဆင်းတော့ သူက အပြင်ထွက်သွားတယ်။ ကျနော်ကလည်း ဘယ်ရလိမ့်မလဲ တရောသောပါး လိုက်ပြီးခေါ်တာပေါ့။
“ဟဲ့… နီနီ။” သူကလှည့်ကြည့်တော့
(နင်ငါ့ကို မှတ်မိလား) လို့ ပြောမယ်ကြံတုန်း
“အေး ဗီလိန်။ နင့်ကို အစောကြီးတည်းက တွေ့သားပဲ။ တမင်မခေါ်တာ” နည်းနည်းတော့ နင်သွားတယ်။ “ကဲပါထားပါတော့။ နင်က ငါ့ကိုမှတ်မိတယ်ပေါ့။” နည်းနည်းတော့ စိတ်ထဲဝမ်းသာမိတယ်။
“အင်း နင်ဒီမှာ တက်မယ်ဆိုတာ ငါကသိပြီးသား။ ပြီးခဲ့တဲ့လကပဲ ငါမြို့ကို ပြန်ရောက်တယ်ဟ အဲဒါနဲ့သိခဲ့တာ။ သူတို့ပြောတုန်းက နင့်ကိုငါ လုံးဝကိုမမှတ်မိတာ။” ဒုတိယအကြိမ် ထပ်ပြီးနင်သွားသည်။ ဘာကို နင်နေမှန်းကိုမသိ တော်တော်တော့ ခံရခက်သည်။ သူကဆက်ပြောတယ်။
“နောက်မှ တဖြည်းဖြည်းပေါ်လာတာ။ ငယ်ငယ်တုန်းက အတန်းထဲမှာ ပေါက်ကရအမြဲလုပ်တဲ့ နင်ပဲလို့။” လုပ်ချလိုက်ပြန်ပြီ။ အင်းပေါ့လေ ခံပေါ့ ဗီလိန်ရယ် မင်းကိုက ဘူးချင်တဲ့ကောင် မှတ်ကရော။
“ဘာပဲဖြစ်ဖြစ် မှတ်မိရင်ပဲ ကျေနပ်ပါတယ် ဟယ်” လို့ စကားစဖြတ်ပြီး ထွက်မလို့လုပ်တုန်း
“နေဦးဟဲ့ ငါမှတ်မိတာ တစ်ခုရှိတယ်။ ပထမတန်းတုန်းက နင် အတန်းထဲမှာ အင်အင်းတွေ ယိုချတာလေ။ အဲဒါနင်လေ။ ဟုတ်တယ်မလား။ ဟုတ်ပါတယ် နင်ပါ။ အဲဒီတုန်းက ဘောင်းဘီလဲတော့ နင်က သတင်းစာလေးနဲ့ တောင်အုပ်ထား သေးတယ်လေ။” ပြောပုံကကြည့် ဘေးမှာက သူ့အဖော် သုံးယောက်နဲ့။ သေနာမလေး ဒါမျိုးကျတော့ ဉာဏ်ကကောင်းတယ်။ ကျနော်ကလည်းရှက်ရှက်နဲ့
“မဟုတ်ပါဘူးဟာ နင်ကလည်း ငါမဟုတ်ပါဘူး နင်မှားတာနေမှာပါ။ ငါသွားဦးမယ် ဟိုကောင်တွေနဲ့ ကန်တင်း ခဏသွားမလို့” ဆိုပြီး စကားစအတင်းဖြတ်ပြီး ထွက်လာရတော့တာပေါ့ဗျာ။ ....ကောင်မလေး။ သူချည်း တရပ်စပ်ပြောသွားတယ် ဘာမှန်းမသိပဲကို ခံလိုက်ရတာ။

ကန်တင်းမှာ စားစရာတွေမှာစား အတန်းပြန်တက်ပြီးတော့ ကျောင်းဆင်းတော့ ကျောင်းကအပြန် တက္ကသိုလ်ရိပ်သာလမ်း တလျှောက် သူ့အကြောင်းတွေပဲ စဉ်းစားလာမိတယ်ဗျာ။

ကျောင်းတော်ကြီးရဲ့ ပထမနေ့ အတွေ့အကြုံလေးပေါ့။ ကျောင်းပုံပြင် (၂) ပေါ့လေ။

ဗီလိန်


ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား
ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့
ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ
ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း
ကျောင်းပုံပြင် (၅) ဗီလိန် နဲ့ မော်ကွန်းထိန်းများ

နှလုံးသားထဲက တက္ကသိုလ် (၁)

ကျောင်းစတက်တက်ချင်းတုန်းက ရေးခဲ့တဲ့ ကဗျာလေးကို ပြန်တင်ပေးလိုက်တာပါ။

ဘဝဆိုတဲ့ အရာဝတ္ထု
အစပြုလို့ ရောက်ခဲ့ရတယ်
YUFL……..။
တွေ့ဆုံကြုံကြိုက် သည်အခိုက်ဝယ်
ရည်ရွယ်ချက်တူ ဘီအေယူဖို့
အတူရောက်လာ သည်အခါမို့
မချောသုံးဆယ် တစ်ကိုယ်ရယ်မို့
ဘယ်လိုဘယ်ပုံ ဘယ်နည်းဘယ်လမ်း
ဘယ်လိုစခန်း ကျွမ်းရမည်ကို
ရွံ့နေသော်လည်း………။
ကျနော်တက္ကသိုလ် ကျောင်းတော်သားမို့
မချောတစ်ထောင် ကိုယ်တစ်ကောင်လည်း
လျှောက်လှမ်းမည်ဟု သန္နိဌာန်ပြု
မာန်ဟိတ်ဟန်စု
ငါဟဲ့ ယူအဖ်အယ်လ်ကျောင်းသား ဖြစ်ပေတော့သကိုး…………………..။

ဗီလိန်

Gmail မှာ Video Chat ရပြီ


Gmail မှာ Video Chat ရပြီ။

ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား

YUFL ကသူငယ်ချင်းတစ်ယောက်က ကျောင်းတော်ကြီးအကြောင်းလေး တစ်ခုလောက်ရေးပေးပါဆိုလို့ ရေးလိုက်တာပါ။ အစတည်းက ရေးဖို့အစီအစဉ်ရှိပေမယ့် သူ့တွန်းအားကြောင့် ခုချက်ချင်းပဲရေးဖြစ်သွားပါတယ်။

အရင်ဆုံး အားကစားနဲ့ ပတ်သတ်တာလေးပေါ့။ နိုင်ငံခြားဘာသာတက္ကသိုလ်ကြီးကို စရောက်ပြီး ၁လ လောက်ပဲရှိသေးတယ်။ ဂျာမန်ဘာသာက သူငယ်ချင်းတစ်ယောက် လုပ်လိုက်တာ အထက်တန်း ကျောင်းသားဘဝ ပြီးကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ တနည်းပြောရရင် မီးခဲပြာဖုံးဖြစ်နေတဲ့ အားကစားပိုးက ပြန်လည်နိုးထလာတော့တာပေါ့။ သိပ်မကြာလိုက်ပါဘူး။ မေဂျာစုံကို သွားပြီး လူစု၊ ပိုက်ဆံစု၊ လိုချင်တဲ့ နံပါတ်တွေမှတ်။ တစ်သင်းစာပြည့်အောင် မနည်းစုရတယ်။ မေဂျာ ၇ခုရှိတာ တစ်ခုကိုမှ ယောက်ျားလေးက ၄ ၅ ယောက်ပဲရှိတာကိုး။ တစ်သင်းစာပြည့်တော့ အားကစားပဒေသာကိုသွား၊ ဝတ်စုံအပ်၊ နောက် ၃ရက်လောက်ကျတော့ ၀တ်စုံတွေရ စပြီးသောင်းကျန်းပါတော့တယ်။ နောက်ဆုံးချိန်တိုင်း အတန်းလစ်။ ဘောကွင်းမှာနေရာယူ။ ချိန်းထားတဲ့ အခြားအသင်းတွေနဲ့ ကန်ကြတာပေါ့။ ခဏခဏရှုံးတာကတော့ တပိုင်းပေါ့။

အဲဒီမှာ ဟောသည်က မင်းသားကြီး ဗီလိန်က ဘယ်မှာမှတ်လဲ။ တစ်သင်းလုံးမှာ မရှိရင် ပွဲဆက်ကစားလို့မရတဲ့ တစ်ဦးတည်းသော ဂိုးသမားကြီးပေါ့။ ကန်တဲ့နေရာမှာ သုံးမရလို့ ဂိုးဖမ်းတဲ့ဂိုးသမားတော့ မဟုတ်ဘူးနော်။ ဂိုးသမားတစ်ယောက်ရဲ့ဘဝ၊ ဂိုးသမားတစ်ယောက်ရဲ့နှလုံးသားနဲ့ အမှန်အကန်ဖမ်းတဲ့ ဂိုးစောင့် တာဝန်ယူ ရဲဘော်ကြီးပါ။ ဒါပေမယ့် နောက်ပိုင်းတော့ ဘုန်းတန်ခိုးရှင်ဆိုပြီး နာမည်ကြီးသွားသဗျ။ ဘုန်းတန်ခိုးဆိုတာက ကိုယ့်ဟာကို စာလုံးပေါင်း ပြောင်းလိုက်တာ။ အမှန်က ဖုန်း....တစ်ဂိုး။ ဟီးဟီး။ ဖုန်းကနဲ ကန်လိုက်တာနဲ့ တစ်ဂိုးပေးလိုက်ရလို့လေ။

သထုံကွင်းက ပြန်ရင် ညနေ ၆နာရီကျော်ကျော်။ ကွင်းထဲကအပြန် ဗထက်ချိုက်ကွေ့ အရင်တက္ကသိုလ် ကျောင်းကားတွေ စုရပ် တက္ကသိုလ်စာတိုက်ရှေ့က ကွင်းပြင်ဘေးက ကန်တင်းက အားသစ်ကဖီးမှာ အအေး ၃၊၄ခွက်နဲ့ ကုန်းဆင်း (အလကားရ ရေခဲရေ) ၁၀ခွက်လောက်မှာသောက်၊ ဟေးလားဟားလားနဲ့ ခုနက ဘောပွဲအကြောင်း ပြန်ပြောကြနဲ့ ၇နာရီလောက်ကျတော့မှ ပြန်ကြတာပေါ့။ ဒါတောင် ကားဂိတ် မရောက်ခင်ပြော။ ကားပေါ်မှာပြောနဲ့ ကားပေါ်က ဆင်းတဲ့အထိပါပဲ။ သြော်... တက္ကသိုလ်... တက္ကသိုလ်... ခုချိန်ထိ အဲဒီ ဗထက်ချိုက်ကွေ့ နားရောက်ရင် အဲဒီ ပုံရိပ်တွေက အတိုင်းသား မြင်နေရတုန်းပါပဲလား။

ဒီလိုနဲ့ တက္ကသိုလ်ကြီးကို မြိန်ရည်ရှက်ရည် ခံစားပြီး နောက်ဆုံးနှစ် ရောက်လာပါပြီ။ ဒီနေရာမှာ တစ်ခုပြောရဦးမယ်။ ကျောင်းတော်ကြီးမှာ ကျောင်းသားတွေကို အမြဲတမ်းဆူနေ ငေါက်နေတဲ့ အပေါက်ဆိုးဆိုး သဘောကောင်းကောင်း စာမေးပွဲဌာနက မော်ကွန်းထိန်းဆရာမကြီး တစ်ယောက်ရှိတယ်ဗျ။ ကျောင်းသားတွေကို ဆူနေကြဆိုပေမယ့် ကျောင်းသားတွေ အခက်အခဲတစ်ခုခုရှိလာရင် အမြဲဖြေရှင်း ပေးပါတယ်။ သူ့အကြောင်းကတော့ နောက်မှ အေးအေးဆေးဆေး ပြောပြဦးမယ်။ ကျနော် နောက်ဆုံးနှစ် ပြီးကာနီးကျတော့ ဖရက်ရှာတွေ ကိုလည်းကြိုရင်း ကျနော်တို့ Batch လည်းနှုတ်ဆက်ရင်းဆိုပြီး ပွဲတစ်ခုလုပ်ပါတယ်။ လုပ်စရာမရှိ ရှာကြံလုပ်တာပါ။ လုပ်တဲ့ပွဲကလည်း တရားဝင်မဟုတ်ရာကနေ တရားဝင်ဖြစ်သွားလေရဲ့။

ဖြစ်ပုံက ဒီလို ကျနော်တို့ နောက်ဆုံးနှစ် ဘောလုံးအသင်းနဲ့ ပထမနှစ်၊ဒုတိယနှစ် ညွန့်ပေါင်းအသင်းနဲ့ ကျောင်းတွင်း ချစ်ကြည်ရေးပွဲ ဆိုပါတော့ဗျာ။ သထုံကွင်းဘေးက တက္ကသိုလ်များ ဘောလုံးကွင်း (ထိုအချိန်က ဘဏ္ဏာအခွန်အသင်းရဲ့ လေ့ကျင့်ရေးကွင်း) ကို ငှားပြီး ကန်ကြတာဗျ။ ငှားတယ်ဆိုတာကလည်း ကွင်းစောင့်ကို ၁၀၀၀၀ လောက်ပေးပြီး တိတ်တိတ်ဆိတ်ဆိတ် ကန်ရတဲ့သဘောပါ။ အဲဒါကို မောင်မင်းကြီးသားတို့က ကျောင်းကကျောင်းသားဦးရေရဲ့ ၅၀% အထက်ရှိတဲ့ ပရိတ်သတ် (အထူးသဖြင့် ကောင်မလေးတွေပေါ့ဗျာ။ ကောင်လေးတွေ ရဲ့ တ၀က်လောက်က ဘောလုံးအသင်း ၂သင်းထဲမှာ ပါနေပြီကိုး) ခေါ်ချလာပါရော။ တစ်ပတ်လောက် အလိုတည်းက လက်သိပ်ထိုးပြီး လက်ကမ်းစာလေးတွေ ဝေထားတာကိုး။ ဒီလိုနဲ့ နေ့လည် ထမင်းစားချိန်ပြီးလောက်မှာ ကျောင်းကနေ အားလုံး ချီတက်လာပါလေရောဗျာ။ ကစားမယ့်သူတွေက တော့ ထမင်းမစားဘူးပေါ့လေ။

ကွင်းဝလည်းရောက်ရော ပြဿနာက စပါလေရော။ ကွင်းစောင့်က ပေးမ၀င်တော့ဘူး။ ကန်မယ့် ၂၂ယောက်နဲ့ အရံ ၁၀ယောက်လောက်ပဲ ၀င်ရမတဲ့လေ။ ကဲသေပြီဆရာပဲ။ အားလုံးကလည်း ကောင်မလေးတွေရှေ့မှာ အရှက်ကွဲ မခံချင်တာနဲ့ ရှက်ရမ်းရမ်းပြီး ပြဿနာရှာပါလေရော။ ကျနော်အပါအ၀င်ပေါ့။ နင်လားဟဲ့ငါလားဟဲ့ ပြောဆိုနေကြတုန်း ခုနကပြောတဲ့ မော်ကွန်းထိန်း ဆရာမကြီးက နေ့လည် ထမင်းစား ပြန်ရာကနေ အဲဒီနားကဖြတ်လာတော့ ကျနော်တို့ကိုတွေ့ရော။ ရှေ့ဆုံးမှာ ထောင်ထောင်ထောင်ထောင်နဲ့ ထင်းထင်းကြီး မြင်နေရတာက ကျနော်။ ဟီးဟီး။

ဆရာမကြီးက ကျနော် UFL ငပွကြီးကို
"ဟိုကောင် ဗီလိန် ဒီကိုလာစမ်း" ကျနော်လည်း ကုတ်ကုတ်ကုတ်ကုတ်နဲ့
"ဟုတ်ကဲ့ ဆရာမကြီး" ဆိုပြီး ရိုရိုကျိုးကျိုးလေးပေါ့။
"ဘာဖြစ်တာလဲ" ဆိုတော့ "ဟုတ်ကဲ့ ဆရာမကြီး။ ကျနော်တို့ ဘောကန်မလို့ပါ။"
"ဟဲ့ ဒါတော့သိတာပေါ့။ ဘာတွေစကားများနေလဲ လို့မေးနေတာ။" ဝေ့လည်ကြောင်ပတ် လုပ်မရတော့မှန်း ကျနော်သိလိုက်ပြီ။
"သူတို့က ပရိတ်သတ်တွေပါလို့ ပေးမကန်ဘူးလို့ ပြောနေလို့ပါ ဆရာမကြီး" ဆရာမကြီး တွေဝေသွားသည်။ "ဖယ်စမ်း" ဆိုပြီးရှေ့တိုးသွားပြီး "မင်းတို့က ဘာလို့ပေးကန်တာလဲ" ဆိုတော့ ကွင်းစောင့်ကလည်း
"အခုလို လူစုလူဝေးနဲ့ ဆိုပေးမကန်ရဘူးလို့ ပြောထားလို့ပါ ခင်ဗျ" အဲဒီတော့ ဆရာမကြီးက မျက်မှောင်ကြုတ်ပြီး
"ဟို ဆိုင်းဘုတ်မှာ ဘာရေးထားသလဲ" "တက္ကသိုလ် အားကစားကွင်းပါ ဆရာမကြီး" လို့ သူကပြန်ဖြေတယ်။
"အေး။ အခု ကန်မှာကလည်း တက္ကသိုလ်ကျောင်းသားတွေ တက္ကသိုလ်ကွင်း တက္ကသိုလ်ကျောင်းသားတွေ ပိုင်တယ်။ မင်းဘာမှ တားနေစရာမလိုဘူး" လို့ ပြောတော့။
"ဒါကတော့ ဆရာမကြီးရယ်။ အဆည(အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန)က ပြောထားလို့ပါ။ ကျနော်က ပေးမကန်တာမဟုတ်ပါဘူး။"
"ဟုတ်ပြီ အဲဒီ အဆညကို ပြောလိုက် ငါတာဝန်ယူတယ်လို့။ ငါက သူတို့ ကျောင်းက မော်ကွန်းထိန်း။ ဟုတ်ပြီလား။" ဆို ပြီး ဆရာမကြီးက ကျနော်တို့ကို ၀င်ခိုင်းတယ်လေ။

ကျနော်တို့လည်း ယောင်ပေပေနဲ့ ပျော်ပျော်ကြီး ၀င်သွားသပေါ့။ ဘယ်ရလိမ့်မလဲ။ ကွင်းစောင့်ကလည်း သူ့ ကောင်လေးတစ်ယောက်ကို အဆညကို လွှတ်ပြိးတိုင်ပါလေရော။ အဆညကလည်း ချက်ချင်း ကျောင်းကို ဖုန်းဆက်ပြီး ချုပ်ကြီးကိုတိုင်တော့တာပဲ။ ကျောင်းတော်ကြီးရဲ့ အရှင်သခင် ပါချုပ်ကြီးလည်း မနေသာတော့ပဲ။ ဂိုဏ်းချုပ် ၇ယောက် (မေဂျာ ၇ ခုရဲ့ ဌာနမှူး ပါမောက္ခများ)ကို ခေါ်၊ ခုံစောင်းမှာ ချိတ်ထားတဲ့ တိုက်ပုံကိုဆွဲ ပြီး သထုံကွင်းကို ချီတက်လာပါလေရောဗျာ။ ဒန့်...တန့်...တလန့်။ :) ဂိုဏ်းချုပ် ၇ယောက်တောင်မဟုတ်ပါဘူး။ ဒုဂိုဏ်းချုပ်တွေ ဘာတွေတောင်ပါသေးတယ်။

ချုပ်ကြီးလည်း ကွင်းထဲကိုအရောက် ကျနော်တို့ကလည်း အ၀တ်အစားလဲပြီး သွေးပူလုပ်နေချိန် အဆင်သင့်ပဲ။ မသိရင် ချိန်ကိုက်ထားသလားအောက်မေ့ရတယ်။ ဂိုဏ်းချုပ် ၇ယောက်ကတော့ ကိုယ်ကျောင်းသားတွေကို ကွက်ကျိကျိလုပ်နေပေမယ့် ချုပ်ကြီးကတော့ အားလုံးကိုခေါ်ပြီး "မင်းတို့က ဒီလိုမလုပ်ရဘူးလေကွာ။ ဆရာကြီးကို ပြောဆိုခွင့်တောင်း ပြီးမှလုပ်ပေါ့။ ပြီးတော့လည်း အခုကကျောင်းချိန်ကြီး။ နောက်ပြီး အခုလို ကျောင်းနာမည်တပ်ပြီး လူစုလူဝေးလုပ်ခွင့်မရှိဘူးကွ။ ကဲပါ ထားလိုက်တော့။ မင်းတို့ ကန်တာလာအားပေးတာပါ ကဲကဲ ပွဲစတော့လေကွာ" ဆိုပြီး အထူးတန်းပွဲကြည့်စင်မှာ နေရာယူလိုက်ပါလေရော။

ကျနော်တို့ အားလုံးလည်း ဝေး........ ဆိုပြီး "ကျေးဇူးတင်ပါတယ် ဆရာကြီး" ဆိုပြီး အားပါးတရ ပွဲစလိုက်ပါတော့သတည်း.........။

အဲဒီပွဲက ၁-၁ နဲ့ သရေကျသွားပြီး ထူးခြားချက်ကတော့ ဟောသည်က ကျနော်မင်းသားကြီး ယူအာ့ဖ်အယ်လ် ငပွကြီး ဗီလိန်က ပင်နယ်တီတစ်လုံး ကာကွယ်နိုင်လိုက်ပါတယ်ဗျာ။ (ဒါကကြော်ငြာ ဖာဂူဆန်သိရင် လာများငှားမလားလို့) :)

နောက်နေ့လည်းကျရော ဌာနမှူးအသီးသီးက သက်ဆိုင်ရာ ဘောလုံးသမားတွေကို မုန့်ဟင်းခါးကျွေးတာမှ နေ့လည်စာပါလွတ်ပါလေရောဗျာ................။

ဒါကတော့ ဗီလိန်ရဲ့ ကျောင်းပုံပြင် (၁)လေးပါ။ ကျောင်းသားတွေကို အမြဲနားလည် ပေးသော ဆရာကြီးနဲ့ ကိုယ့်ကျောင်းသားတွေကို အထိမခံကာကွယ်ပေးတဲ့ ဆရာမကြီးအပါအ၀င် ဆရာ၊ ဆရာမအားလုံးနဲ့ သူငယ်ချင်းတွေ အားလုံးအတွက် အမှတ်တရလေးပါ။

ဗီလိန်

ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား
ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့
ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ
ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း
ကျောင်းပုံပြင် (၅) ဗီလိန် နဲ့ မော်ကွန်းထိန်းများ

ပန်းချီမဆွဲတတ်တဲ့ ဗီလိန်




သြော်....လူတွေ....လူတွေ

လ..........
နှစ်ချောင်းခင်......
လူ


ငါလည်း...............လူပဲ။

ဝဋ်

ဘောပွဲရှုံးလို့ အမေ့ပိုက်ဆံတွေလည်း ဖြုန်းခဲ့ဖူးတယ်။
ညအချိန်တန် အိမ်ပြန်မလာလို့
အမေ့အိပ်ရေးတွေလည်း ပျက်စေခဲ့ပြီးပြီ။
ကျနော့စနက်နဲ့ သိပ်ချစ်ကြတဲ့
အဖေနဲ့အမေ ခွဲအိပ်ခဲ့တာလည်း အကြိမ်ပေါင်းမနည်း။
ဒေါသရှေ့ထား တားမရတဲ့သားကြောင့်
ရဲစခန်းသွားခဲ့ရတာလည်း အခါအခါ။
..................
...........................
...........
.......................
ဒီစကားလုံးတွေ
ငါရေးခဲ့တာလည်း ထပ်နေပါပြီ
အလွမ်းတွေများ ပြေမလားလို့ပေါ့။
ရေးသမျှ တခဏ
လွမ်းသမျှ တဖွဖွ
တမ်းသမျှ တသသ
ငါ့မျက်ရည်စတွေလည်း
လူမမြင်အောင်ဖွက်ခဲ့ပြီးပြီ
မလွမ်းဘူး...မလွမ်းဘူး...ဆိုပြီး
နှလုံးသားကိုလည်း လိမ်ညာခဲ့ပြီးပြီ
အလွမ်းတွေက လျော့မသွား..............
အော် ဘယ်တော့များမှ ဒီဝဋ်တွေမှ ကျွတ်ပါမလဲနော်။

ဗီလိန်

ပျောက်ဆုံးသွားခြင်း

မနေ့က ငါ........
ပျောက်ဆုံးသွားတယ်။
အိပ်ခန်းထဲမှာလိုက်ရှာတယ် မတွေ့
ရုံးသွားသလားဆိုတော့ မသွား
ချစ်သူဆီကိုဖုန်းဆက်ကြည့်တယ် မလာတဲ့
အစ်မက မလေးက ပြန်ရောက်ကတည်းက မတွေ့တော့တာတဲ့
သူငယ်ချင်းတွေအားလုံးက မမြင်
ဘလော့ဂါတွေအားလုံးလည်း မသိ
ဘယ်မှာလဲ ငါဘယ်ရောက်နေတာလဲ

ကောင်းကင် နဲ့ ပင်လယ်
မြေပြင် နဲ့ ရေပြင် ထိစပ်နေတဲ့
ဟိုးအစွန်းတစ်နေရာမှာ ရိပ်ကနဲတွေ့လိုက်ရသလိုပဲ
မျက်ရည်တွေကို ခြေရာခံလို့
လိုက်ကြည့်မိတယ်
အော်......လက်စသတ်တော့
ဆာလောင်မွတ်သိပ်နေတဲ့ အမေ့ရင်ခွင်ကို
တွေ့လိုတွေ့ငြား လိုက်ရှာနေမိတာပါလား။

ဗီလိန်

"ဗုဒ္ဓဘာသာနှင့် ဗေဒင်နက္ခတ်"

“နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။ အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။”နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်သွားကြသည်။ ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသော နက္ခတ်ဖြစ်၏။ ကောင်းကင်မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။(ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )

။ကျနော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ မြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို လိုက်နာကျင့်ကြံတဲ့သူလို့ အရိုးရှင်းဆုံး ပြောလို့ရပါ တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် အခြေခံအားဖြင့် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်ရပါမယ်။ အဲဒီလို ယုံကြည်လိုက်တာကို ကမ္မဿကတ သမာဒိဋ္ဌိဉာဏ် ရှိတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ ဘုရား၊ တရား၊ သံဃာသည်သာ ကိုးကွယ်အားထားရာ အမှန်လို့ ရွတ်ဆိုနေပြီးတော့ အခြားသော လောကီပညာရပ်တွေ အပေါ်မှာ အားထားရာအနေဖြင့် လုပ်ဆောင်လာကြသည်မှာ မသင့်တော်ပါ။ ဘာလို့ဒီလိုတွေ ဖြစ်လာကြလဲ စမ်းစစ်ကြည့်ရင် ကံ၊ ကံ၏ အကျိုးအပေါ်မှာ ယုံကြည်ချက် အားနည်မှု၊ လောကီရေးရာ လတ်တလော အဆင်ပြေချင်မှု တွေကိုတောင့်တ၊ မက်မောတဲ့ အတွက်ကြောင့်လို့ သုံးသပ်မိပါတယ်။ လူဆိုတာ ကိုယ့်ယုံကြည် ချက်နဲ့ ကိုယ်လုပ်ဆောင်တာဖြစ်လို့ မိမိတို့ အားထားချင်ရာတွေကို လုပ်ဆောင်ကြတာ အပြစ်ဆိုခြင်း မဟုတ်ပါဘူး။ အမှား၊ အမှန်သေချာ ခွဲခြား သိစေချင်တာပါ။

ဗေဒင်၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ နက္ခတ်တွေ အပေါ်မှာ ယုံကြည်မှု၊ အားထားရာတစ်ခုလို့ ထင်မှတ်နေခြင်းတွေသည် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လုံးဝ မသင့်တော်ပါဘူး။ ထိုအရာတွေကို ကိုးကွယ်အားထားလို့ လက်ရှိအခြေမှာ စီးပွားရေး၊ လူမှုရေး အဆင်ပြေကောင်း ပြေပါလိမ့်မယ်။ သို့သော် အပါယ်သံသရာကို မကျဘူးလို့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ မှတပါး အခြားသော ကိုးကွယ်မှုများသည် အာမခံချက် မရှိပါဘူး။ မြတ်စွာဘုရားရှင်၏ သာသနာတော်နှင့် တွေ့ကြုံပြီး တရားတွေနာကြား ကျင့်ကြံနိုင်တဲ့ ယခုလို အချိန်အခါမှာမှ တရားတွေ မကျင့်ကြံ၊ မလိုက်နာကြဘူးရှိရင် လူဖြစ်ရှုံး ရပါမယ်။ သံသရာ တလျောက်လုံးက ပါလာတဲ့ အမှားတွေကို စွန့်လွတ်ဖို့ အချိန်တန်ပါပြီ။ လောကသတ္တ၀ါတွေ ကောင်းကျိုးအတွက် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရတဲ့ ဘုရားရှင်၏ ကျေးဇူးတရားတွေ၊ ဘုရားရှင် ဖော်ထုတ်ဟောခဲ့တဲ့ တရားတွေ၏ ကျေးဇူးတွေ၊ ထိုတရားတွေကို ထိန်းသိမ်းစောင့်ရှောက် ဟောကြားဆုံးမခဲ့တဲ့ ဆရာတော်ကြီးတွေ၏ ကျေးဇူးတရားတွေကို သိတတ်ကြရပါမယ်။ အချို့သောသူတွေ လုပ်တတ်တာလေးတွေ ပြောပါမယ်။ မိမိတို့ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားဆုံး ဖြတ်ဖြစ်ပြီးမှ လက်ခံကြပါ။

ဗေဒင်ဆရာက ယတြာချေခိုင်းလို့ ဘုရားမှာ အမွေးတိုင်၊ ဆီမီးပူဇော် ကြတယ်။ ဘုရားကို ကိုးကွယ်ပူဇော်မှုသည် သက်ရှိထင်ရှား ရှိသလို နှလုံးသွင်းပြီး ကိုးကွယ်ရတယ်ဆိုတာ သိနှင့်ပြီးသားပါ။ ဘုရားရှေ့မှာ အမွေးတိုင်တွေ၊ ဖယောင်း တိုင်တွေ စုပြီး ထွန်းညှိပူဇော်တာ မသင့်တော်ပါဘူး။ ကိုယ့်ရှေ့မှာတောင် အမွှေးတိုင် ၅တိုင်လောက်ထွန်းပြီး နေကြည့်နိုင်ပါ့မလား။ ဆရာတော်အရှင်ဆန္ဒာဓိက စာအုပ်မှာတော့ ဘုရားကို ညှော်တိုက်နေကြတာပါ လို့ရေးထားပါတယ်။ ဗေဒင်ဆရာက သက်စေ့ ရေသပ္ပါယ်ရမယ် ဆိုတော့ ဘုရားရှင်ကို ဆောင်းတွင်းဖြစ်နေပစေ ခေါင်းကနေ ရေလောင်းတတ်ကြပါတယ်။ ပေါက်မြောက်အောင်လို့ ပေါက်ပန်းလှူခိုင်းတယ်။ အကြံအစည် အောင်ဖို့ ကြံစည်းလှူခိုင်းတယ်။ အရာရာအောင်ဖို့ အဝေရာညွှန့် လှူခိုင်းပါတယ်။ ဒီလိုခိုင်းတိုင်း လုပ်ရင်တော့ မသင့်တော်ပါ။

ဘုရားဂုဏ်တော် ပုတီးစိပ်ရာမှာလည်း မိမိနှစ်သက်တဲ့ အခေါက်ရေကို စိပ်လို့ရပါတယ်။ ဘယ်နှခေါက်စိပ်ရမယ်၊ ဘယ်ဂုဏ်တော်ပွားရမယ် ဆိုတာ ထေရ၀ါဒမှာ ကန့်သတ်ချက်မရှိပါ။ လူတွေက ကျဉ်းကြပ်အောင် ကန့်သတ်နေကြတာပါ။ ရက်ရာဇာနေ့မှာ သူတပါးအသက် သတ်လည်း အကုသိုလ်ဖြစ်တယ်။ ပြဿဒါးနေ့မှာ ဥပုသ်စောင့်လည်း သီလကုသိုလ်ရတာပါပဲ။ ဒီတော့ အချိန်တွေ၊ နေ့ရက်တွေက ပဓာန မကျဘူးဆိုတာ သိသာပါတယ်။ ဘုရားရှင်ဟောခဲ့တဲ့ ပုဗ္ဗာဏှသုတ်ဟာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသော နိမိတ်များသာ ဖြစ်နေမည့်အကြောင်း ရတနာ (၃)ပါးကို အခြေခံတိုင်တည် သစ္စာ တရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။ ဗေဒင်ပညာဆိုတာ တိုက်ရိုက်တော့ သာသနာကို မထိခိုက်သလိုပါ။ မည်သည့် ဗေဒင်ဆရာမှ သူများအသက်သတ်ရမယ်လို့ ယတြာမပေးပါဘူး။ သူတပါး ပစ္စည်းခိုးပြီး စားရမယ်လို့လည်း မပြောကြပါဘူး။ ဘုရားကို ဘယ်လိုပူဇော်ရမယ်။ ဘာတွေလှူရမယ် စသဖြင့်သာ ပြောကြတာပါ။ ဗေဒင်နဲ့ ပတ်သတ်ပြီးတော့ ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်း ဆရာတော်ဦးဉာဏ က ယခုလို ရေးသားထားပါတယ်။ ဗေဒင်က ရက်ရာဇာနှင့် ပြဿဒါးကို ပဓာန ထားသကွဲ့။ မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ်ကို ပဓာန ထားသကွဲ့။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့။ မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့။ မြတ်စွာ ဘုရားနဲ့ဆန့်ကျင်တာကို ယုံလျှင် ဘုရား၊ တရား မယုံရာ ကျတာပေါ့။” အင်မတန် သတိပြု သင့်ပါတယ်။

ကျနော်ကိုယ်တိုင်လည်း မဟာဘုတ်ထူတာ၊ နာမည်ပေးနည်း ( ယခင်က ခင်ကြီးဖျော်နည်း၊ နောက်ပိုင်းတော့ မင်းသိင်္ခတို့ သုံးကြတယ်)၊ လက်မှတ်ထိုးတာ၊ လက္ခဏာပညာ၊ အိမ်ထောင်ဖက်ရွေးနည်း၊ ( ဓမ္မသောက အင်းဝရာဇာ။ ဥဿာစိန်ပန်း ဒန်းလှကိုရှာ စတဲ့ လင်္ကာ လေးတွေနဲ့ပါ) စသဖြင့် လေ့လာခဲ့ဖူးပါတယ်။ တကယ်တော့ ဒီပညာတွေဆိုတာ ဟောသူက မကျွမ်းကျင်လို့ ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ၊ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။

နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက် တွေကြောင့်လဲ လွဲနိုင်ပါတယ်။ ဗေဒင်မေးတဲ့သူက ကောင်းမှု တွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါတယ်။ ဤနေရာမှာ ဆရာတော်အရှင်ဇ၀န ရေးသားသော စာအုပ်ထဲမှ ထုတ်နှုတ် တင်ပြပါမယ်။ နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်က စာချဘုန်းကြီးတပါး၏ ဇာတာကို ကြည့်ပြီး အရှင်ဘုရားမှာ ခန္ဓာပျက်ကိန်းရှိနေပါတယ်။ ယတြာမချေလို့ မရပါဘူးလို့ လျှောက်ထားရာ တပည့်စာသင်သား သံဃာတွေက တုန်လှုပ်သော်လည်း စာချဘုန်းကြီးကတော့ တုန်လှုပ်ခြောက်ချားခြင်း မရှိပါဘူး။ အေးမြကြည်လင်တဲ့ မျက်နှာက တစ်ချက်လေးမှ ပျက်သွားခြင်းမရှိ၊ ပကတိအတိုင်းပါပဲ။ တပည့်များရော၊ ဗေဒင်ဆရာရော ဆရာတော်ပြောမည့် စကားကို နားထောင်နေကြပါတယ်။ စာချ ဘုန်းကြီးထံမှ စကားသံအချို့ ထွက်လာပါတယ်။ “ဒကာကြီး အခုလိုဟောကြားသတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဦးပဉ္စင်းအတွက်တော့ ကိစ္စမရှိပါဘူး”။ ထိုစကားကို ဗေဒင်ဆရာ က မကြိုက်ပါ။ သူ့ပညာကို မယုံကြည်သောကြောင့်လို့ ယူဆပါတယ်။ ထိုမကျေနပ်တဲ့စိတ်က မပြေပြစ်တဲ့ စကားတွေပြောပါတယ်။ “အရှင်ဘုရား.. တပည့်တော်ပြောတဲ့အတိုင်း ယတြာမချေဘဲ နေရဲနေကြည့်ပါ။ အခုနှစ် ၁၃၅၃ ခုနှစ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပိုတွဲလေးလ အတွင်းမှာ ခန္ဓာပျက်ရင်ပျက်၊ မပျက်ရင်လည်း သေလောက်နီးပါး ရောဂါကို ခံစားရမယ်၊ အကယ်၍ တပည့်တော် ပြောတဲ့အတိုင်း မဖြစ်ဘူးဆိုရင် တပည့်တော်တို့ ဗေဒင်ကျမ်းတွေ အကုန်မီးရှို့ပစ်မယ်”။

လူတစ်ယောက်၏ ကောင်းကျိုးဆိုးကျိုးကို ကံတရားထက် ဂဏန်းသင်္ချာများက ပို၍ ဖန်တီးနိုင်သည်ဟု ယူဆလိုက်လျှင် ဗုဒ္ဓဘာသာဝင် မပီသနိုင်တော့ပါ။ ဗေဒင်ဆရာက သူပြောချင်တာ ပြောပြီး ပြန်သွားပါတယ်။ ဗေဒင်ဆရာ၏ အတိအကျဟောချက်ကြောင့် တပည့်များက စိုးရိမ်သဖြင့် ယတြာချေဖို့ အတင်းအကြပ်လျှောက်ထားရာ စာချဘုန်းကြီးက “ငါအမြဲတမ်း ယတြာ ချေနေတာ မင်းတို့ မတွေ့ကြဖူးလား” ပြန်မေးတော့ တပည့်များက “တွေ့ပါတယ်ဘုရား” ဟု လျှောက်ကာ ပြန်ခဲ့ကြပါတယ်။ အချိန်တွေကုန်လွန်ပြီး ဆရာတော်ကား ဘာရောဂါ အသက်ဘေးမှ မဖြစ်ပဲ၊ စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်ဘုန်းကြီး ဘ၀သို့ပင် ရောက်ခဲ့ပါတယ်။ ထိုအခါမှ ဗေဒင်ဆရာ ဟောခဲ့သလို အဘယ့်ကြောင့် အသက်အန္တရာယ် မဖြစ်ရကြောင်း ဟောကြားပါတယ်။

အတိုချုံ့ ပြောရရင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံတွေကို ဆရာတော်က ယခင်ကတည်းက နေ့စဉ်ပြုလုပ်ခဲ့ခြင်း၊ ကောင်းမှုတွေနဲ့ ထုံမွှမ်းနေလာခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဗေဒင်ပညာရှင်တွေဆိုတာ ပုထုဇဉ်တွေပဲ။ အဲဒီတော့ အမှားဆိုတာ ဘယ်ကင်းပါ့မလဲ။ ဗေဒင်၊ နက္ခတ်ပညာဆိုတာ ကောင်းကျိုးဆိုးကျိုးကို ကြိုတင်သိနိုင်စွမ်းရှိတဲ့ လောကီပညာ တစ်ခုပါ။ ဒါပေမဲ့ လိမ်းဆေးကို စားဆေးအဖြစ် သုံးလိုက်ရင် အသက်အန္တရာယ် ဖြစ်နိုင်သလို ဒီဂြိုလ်ထဲရောက်နေလို့သာ ဒီလိုဖြစ်ရတာ၊ အတိတ်ကံ ပစ္စုပ္ပန်ကံနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆလိုက် ရင်တော့ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးတဲ့ အဓိကအန္တရာယ်ကြီး ဖြစ်သွားနိုင်တယ်။ ဘုရားလောင်း မွေးဖွားစဉ်က ဘုရားဖြစ်မယ်ဆိုပြီး လက်ညိုးတစ်ချောင်းတည်း ထောင်ခဲ့တဲ့ ကောဏ္ဍညပုဏ္ဏားတောင် ဘုရားလောင်းက ဒုက္ကရစရိယ မကျင့်တော့ဘဲ အစားအစာလဲ ပြန်စားရော ဘုရားမဖြစ်တော့ပါဘူးလို့ ပြန်ပြီး ယုံကြည်သွားလို့ ပဉ္စ၀ဂ္ဂီ (၅)ပါးလုံး ဘုရားလောင်းကို စွန့်ခဲ့ကြတာပဲ။ ဘုရားဖြစ်ပြီး ဓမ္မစကြာတရား ပြန်လာဟောတော့မှ ဘုရားဖြစ်ပြီဆိုတာ သိကြတာပါ။ ဒီတော့ သာမန် လက္ခဏာ၊ ဗေဒင် ပညာမှာ မုချမှန်ပါမယ်လို့ ပြောလို့မရနိုင်ပါဘူး။ဤသို့ဖြင့် ဒီပညာတွေဟာ လေးစားစရာ၊ စိတ်ဝင်စားစရာ ကောင်းလောက်အောင် တိတိကျကျ ဟောနိုင်၊ ပြောနိုင်တာတွေ ရှိသလို၊ ကာယကံရှင်ကလဲ ပြန်ပြီးပြုပြင်နိုင်ကြောင်း သေချာနေပါ တယ်။ ဒီတော့ ဆရာတော် အရှင်ဇ၀န ပြောသလို ပြောရရင် လိမ်းဆေးအဖြစ်ပဲ သုံးသင့်တဲ့ ဆေး ကို သောက်ရင် ပြဿနာ အကြီးအကျယ်တတ်ပါမယ်။ ဒါ့ကြောင့် ပညာတစ်ရပ်အနေနဲ့ သုံးချင်သုံးနိုင်ပါတယ်။ သို့သော် ကိုးကွယ်အားထားရာ အစစ်ဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ တို့ထက် ပိုပြီး အလေးမြတ်ပြုရင်တော့ မသင့်တော်ပါ။ အမှားနှင့် အမှန်၊ အတုနှင့် အစစ် ကွဲပြားဟန်ကို ပိုင်းခြားသိမြင်ပြီး စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ။

http://dhammaratha.blogspot.com/ ကပို့စ်ကိုတင်ပြလိုက်တာပါ။ သာသနာတော်အစစ်အမှန် အဓွန့်ရှည်တည်တံ့ပါစေ။

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)

(၁)
"သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်းပါ" တဲ့။

ဘယ်သောကာလတုန်းက စတင်ပေါ်ပေါက်ခဲ့တဲ့ အဆိုအမိန့်လည်း မသိပါဘူး။ ကြည့်ရတာ ကျွန်တော်တို့ရဲ့ ရှေးဟောင်း လူ့အဖွဲ့အစည်းအပေါ် သြဇာကြီးခဲ့ပုံ ပေါ်တဲ့ ရှေးမြန်မာကြီးတစ်ယောက်ယောက်ရဲ့ အယူအဆဖြစ်မှာပါပဲ။ ဒီစကားကို ကျွန်တော် ငယ်ငယ်တုန်းက အဘိုးအဘွားတွေ ပြောကြ ဆိုကြတာ ကြားခဲ့ဖူးပါတယ်။ တော်တော် ကြောက်စရာကောင်းတဲ့ သဘောထားပါ။ ကလေးတွေဟာ သူတို့ကို မိဘတွေက ချစ်မှန်းသိရင် ကဲတတ်တယ်၊ ရောင့်တက်တတ်တယ်၊ ဆိုဆုံးမဖို့ မလွယ်တော့ဘူး။ ကြာရင် ပျက်စီးသွားမှာပဲလို့ ထင်ခဲ့ကြတာကိုး။ ဒါကြောင့်လည်း။ ကလေးဆိုတာ နှိမ်ထားမှ၊ ကြောက်အောင်လုပ်ထားမှ တန်ကာကျမယ်၊ နို့မဟုတ်ရင် "ငယ်သော်ကားသား၊ ကြီးသော်ကျားတည့်၊ ငယ်သော် သမီး ကြီးသော်မီးတည့်" ဖြစ်သွားလိမ့်မယ်လို့ ယူဆလိုက်ကြတာပါ။ ဒဲဒီေ၇ှးဟောင်း အယူဟာ အခုချိန်ထိ အရှိန်မကုန်းသေးပါဘူး။

"အိမ်က သားက သုံးနှစ်ရှိပြီ။ သိပ်ဆိုးတာပဲ၊ အဖေလည်း မကြောက်၊ အမေလည်း မကြောက်ဘူး။ အိမ်ဘေးက ဦးရာဂျူး ဆိုတဲ့ ကုလားကြီးကိုတော့ ကြောက်တယ်၊ သူဆိုးပြီးငိုပြီဆိုရင် 'ဦးရာဂျူးရေ' လို့သာ အော်ခေါ်လိုက် တစ်ခါတည်း ငြိမ်ပြီးတိတ်သွားတော့တာပဲ။ ကလေးဆိုတာ သူကြောက်ရမယ့် လူတစ်ယောက်တော့ ရှိမှရှင့်" လို့ မိခင်တစ်ယောက်က ပြောပါတယ်။ သူ့ခမျာ သူ့သားကလေးမှာ အကြောက်တရားရှိတာကို ဂုဏ်ယူနေပုံပါပဲ။ သူ့စကား ကြားလိုက်ရတဲ့အခါ ကျွန်တော် ငယ်ငယ်တုန်းက ကြောက်အောင် အလုပ်ခံရပုံကို သတိရမိသေးတော့။ ကွန်တော် ငိုကြောရှည်နေတဲ့အခါ ကျွန်တော့်ကို ထိန်တဲ့ အဒေါ်က "ဟာလ၀ါကြီးလာနေပြီ၊ လာနေပြီ" ဆိုလိုက်ရင် ချက်ချင်း အငိုတိတ်ရတော့တာ၊ ဟာလ၀ါ ဆိုတာ ဘာမှန်းမသိဘဲနဲ့ ကြောက်လိုက်ရတာလေ။ နောင်ကြီးလာမှ ဟာလ၀ါဆိုတာ အတော်စားလို့ကောင်းတဲ့ မုန့်တစ်မျိုးမှန်း သိရတော့တာ။

သားသမီးကို အိပ်ပျော်နေမှ နမ်းရဲကြရှာတဲ့ မိဘမျိုးကို ငယ်ငယ်တုန်းက တွေ့မြင်ဖူးပါတယ်။ သူတို့ခမျာ သားသမ်ီးတွေရှေ့မှာ မျက်နှာကို တည်တည်ကြီး လုပ်ထားကြရရှာပါတယ်။ လေသံကိုလည်း တင်းတင်းမာမာ ဖြစ်အောင် အားစိုက်ပြီး ပြောကြရရှာပါတယ်။ ရိုက်နှက် အပြစ်ပေးဖို့ လိုလာပြီ ထင်ရင်လည်း လက်မနှေးအောင် ကြိုးစားကြရရှာပါတယ်။ ရင်ထဲက တကယ်ဖြစ်နေတဲ့ ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာပုံရိပ်တွေ မပေါ်အောင် ဖိနှိပ်ချုပ်တည်းထားရတာ၊ အတွင်းစိတ် ခံစားမှုကို ဆန့်ကျင်ပြီး သရုပ်ဆောင်ပြနေရတာတွေဟာ အတော်တော့ ပင်ပန်းကြရှာမှာပါ။ ဘာဖြစ်လို့ သူတို့ အဲဒီလို ဖြစ်နေကြရတာလဲ။

“မှားယွင်းတဲ့ အယူအဆကို လက်ခံယုံကြည်ထားလို့ပါ။ ပြီးတော့ ကလေးရဲ့ သဘာဝကို နားမလည်ကြလို့ပါ။ ပြီးတော့ တန်ဖိုးထားမှုတွေ လွဲနေလို့ပါ။” လို့ စိတ်ပညာ ဆရာတစ်ဦးက ဆိုပါတယ်။

=====================================================================
မှတ်ချက်။ ။ မောင်သစ်ဆင်း၏ ကြောက်စိတ်နှင့် သင့်ဘဝ မျက်နှာဖုံးဆောင်းပါးများ မှ မူရင်းမပျက် တင်ပြခြင်းသာဖြစ်ပါသည်။


တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၁)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၂)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၃)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၄)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၅)
တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ (၆)

မမေ့နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု

ကျနော် တချိန် ကျောက်လောကမှာ ကျင်လည်ခဲ့တုန်းက အကြောင်းလေး ပြောပြချင်တယ်ဗျာ။ ကျောက်လောက ဆိုတာကလည်း ပြောရခက်သား။ လူတွေသိနေတဲ့ပွဲစား ဆိုတာထက် ပိုပြီးခြေလိမ်တဲ့သူတွေပေါ့။ ကျောက်လောကရဲ့ စည်းကမ်းတွေအရ ပြောပြီးစလစ်၊ ကိုယ်ဖြစ်ကိုယ်ခံ၊ အကြံတူရင် ဦးသူစား ဆိုတော့ကား တော်တော်လေးကို မလွယ်တဲ့ ထုံးစံကြီးပါ။ ဂတုံးပေါထိပ်ကွက်ဖို့ ချောင်းနေကြတာဆိုတော့ မြွေမြွေချင်းခြေမြင် ဖို့ကလည်း အရေးကြီးတာပေါ့။

ကျောက်သမားတွေ အခေါ်အဝေါ်တွေအရ ဘုရားစူးစိန်ဆိုတာ စိန်စစ်စစ်ကိုပြောတာပါ။ “ဘုရားစူးရပါစေဗျာ။ စိန်အစစ်ပါ” လို့ဆိုတဲ့ သဘောပေါ့လေ။ အဲဒါကို လုပ်ချင်တဲ့သူက ဘာပြောတယ်မှတ်လဲ ဘုရားဖူးစိန် တဲ့လေ။ သိပ်ပြီးမနူးမနပ်ဆို ခံပေါ့။ ဘုရားဖူးစိန် ဆိုမှတော့ ဘုရားဖူးရုံပဲလေ။ စစ်တယ်မစစ်ဘူးမှ မပြောတာ။ ပြောင်ခေါင်းစိမ်းဆိုတဲ့ ကျောက်ကိုလည်း ဖန်ခေါင်းစိမ်း၊ ကော်နဲ့ကပ်ထားတဲ့ ပတ္တမြားကိုလည်း ကပ်ထည်ဆို ကပ်တယ်ပေါ့။ အဲလိုမပြောဘူး။ နှစ်လွှာပတ္တမြား တဲ့လေ။ မသိရင်ပဲ မင်းတုန်းမင်းကြီး နားမှာပန်တဲ့ ပတ္တမြားလိုလိုနဲ့။ အများကြီးပေါ့ဗျာ။ ကျနော်လည်း မေ့တဲ့ဟာမေ့ကုန်ပြီ။ တော်တော်လေး စကားကြွယ်ကြတဲ့ လူတွေ။ အဲလိုမျိုး ခံလိုက်ရတဲ့သူဆိုရင်လည်း ရောင်းသူမှာ အပြစ်မရှိ။ ဝယ်သူက အသုံးမကျမှုပဲလေ။

ကျနော့ အသိထဲက မိတ်ဆွေတစ်ယောက်က အရင်က ရှေ့နေ၊ အခု(အဲဒီ အချိန်တုန်းက) ကျောက်သမား၊ ကျောက်ပွဲစား။ သူ့ကိုကျနော်ကြားဖူးတဲ့ စကားလေးတစ်ခွန်း ပြောပြဖူးတယ်။ လောကကြီးမှာ လူသုံးမျိုးရဲ့စကားဆို သတိထားတဲ့။ အဲ့ဒီ သုံးမျိုးက ကျောက်သမား၊ ရှေ့နေ၊ ပွဲစား တဲ့။ တွေးကြည့်တိုင်းကို ရယ်ချင်ပက်ကျိ။ ရှေ့နေလုပ်တဲ့သူက အနားယူပြီး ကျောက်သမား၊ ပွဲစားလာလုပ်နေတယ် ဆိုတော့ဗျာ။ ခန္ဓာကိုယ်ရဲ့ အရိုးမရှိတဲ့ တစ်နေရာကတော့ အနားကိုမယူရတော့ဘူး။ သူ့စကားဆိုလည်း ချင့်ယုံပေါ့။

မကောင်းတာတွေ ပြောနေပေမယ့် ကောင်းတာလေးတွေတော့ရှိသား။ ကျောက်သမား အများစု (တချို့တလေတော့ မပါဘူးပေါ့လေ။) အထူးသဖြင့် တကယ်တမ်း ကျောက်လောကမှာ ကျင်လည်နေကြသူတွေက ကိုယ့်စကားကိုတော့ တန်ဖိုးထားကြပါတယ်။ ပြောပြီးစလစ် ဆိုတာမျိုးပေါ့။ ကိုယ်ပြောပြီးသားဖြစ်နေရင် ငွေဘယ်လောက်ကွာကွာ ဂရုမစိုက်တော့ဘူး။ စကားတည်ဖို့ပဲစဉ်းစားတော့တယ်။ ဟုတ်တော့လည်းဟုတ်ပါတယ်။ တစ်ချက်လောက်ငြိရင် အိကနဲရတဲ့ အခြေအနေမျိုးတွေ ဖန်တီးနိုင်စွမ်းရှိသကိုး။

ကျောက်လောကမှာ ကျောက်ကြီးသမားနဲ့ ကျောက်သေးသမားဆိုပြီး ၂-မျိုးရှိတယ်ဗျ။ ၁-ရတီမှာ ၅-လုံး၊ ၁၀-လုံး၊ အလုံး-၂၀ စသဖြင့်ပါတဲ့ ၁၀-လုံးစီး၊ ၂၀-စီးလို့ခေါ်တဲ့ ကျောက်သေးကိုင်တဲ့ ကျောက်သေးသမား နဲ့ တစ်လုံးထဲကို ၀.၅-ရတီ(ငါးမူးကိုက်)၊ ၁-ရတီ၊ ၂-ရတီကနေ ဒီထက်ကြီးတဲ့ ရှိတဲ့ ကျောက်တွေကိုင်တဲ့ ကျောက်ကြီးသမားပေါ့။

ကျောက်သေးသမားတွေကတော့ စံဆိုတာရှိတယ်။ သတ်မှတ်ထားတဲ့ စံချိန်တွေနဲ့ကိုက်တဲ့ ပုံမှန်ဈေးနဲ့ အလုပ်လုပ်ကြတာလေ။ ဈေးနည်းရင်နည်းတယ်။ များရင်များတယ် ရှင်းတယ်။ ကားဈေးကွက် အိမ်ဈေးကွက်လိုမျိုးပဲပေါ့။

ကျောက်ကြီးသမားတွေ အတွက်ကတော့ ဈေးများသွားလည်း ငါ့ကို ဈေးမှန်နဲ့မရောင်းဘူး ဆိုတာမျိုးမရှိသလို။ ဈေးနည်းသွားလည်း အချောင်ရလိုက်တယ် ဆိုတာမျိုး သဘောမထား။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်က ပါးစပ်ထဲက ဈေးကွက်လေ။ စံချိန်တွေနဲ့ကိုက်ထားတဲ့ ဈေးကြမ်းက လွဲရင် ကြိုက်ဈေးနဲ့ပဲ အလုပ်လုပ်ကြတာကိုး။ ကြိုက်ဈေးဆိုတာကို တိတိကျကျ ထပ်ခွဲပြောရရင်
၁) ရောင်းသူ၏ ကြိုက်ဈေး = ဈေးကြမ်း + ဝယ်မည့်သူ၏ တန်ဖိုးထားမှု + ဝယ်မည့်သူ၏ ဝယ်နိုင်မည့် အမြင့်ဆုံးဈေး
ဝယ်သူ၏ တန်ဖိုးထားမှု ဆိုတာ ဘာအတွက်ဝယ်မှာလဲ၊ ဘယ်သူ့အတွက်ဝယ်မှာလဲ၊ ဘာလုပ်ဖို့ဝယ်မှာလဲ နဲ့ အခြားအကြောင်းတွေကို ဆိုလိုပါတယ်။ ဝယ်မယ့်သူက အမေ့အတွက် လက်ဆောင်ဝယ်ပေးမှာလား။ ချစ်ချစ်အတွက်လား။ ပေးကမ်းဂါရဝပြုရမယ့်သူအတွက်လား။ ဒါမျိုးဆို ထိထိမိမိလေးနှပ်ပေတော့။ ကျောက်သမားချင်း ဝယ်ရောင်းဆိုရင်တော့ သိပ်နှပ်လို့မရ။
၂) ဝယ်သူ၏ ကြိုက်ဈေး = ဈေးကြမ်း + ရောင်းမည့်သူ၏ အနေအထား + ရောင်းမည့်သူ၏ ရောင်းနိုင်မည့် အနိမ့်ဆုံးဈေး
ရောင်းသူ၏ အနေအထားဆိုတာက ဘာအတွက်ရောင်းတာလဲ၊ ဘာကြောင့်ရောင်းတာလဲ နဲ့ အခြားအကြောင်းတွေကို ဆိုလိုပါတယ်။ ရောင်းမယ် သူက စမောလေးကို အိမ်ခန်းငှားထားပေးဖို့လား။ ဗိုက်နာလို့ ရောင်းတာလား။ မိန်းမကလေးမွေးဖို့ ရောင်းတာလား။ စသဖြင့်ပေါ့လေ။

ဥပမာပြောရရင် ကျနော်ကြားဖူးတာ ဂျူးလူမျိုးတစ်ယောက်ဆီက သိန်း-၁၀၀နဲ့ ခေါ်ထားတဲ့ စိန်တစ်လုံးကို အင်္ဂလန်က တော်ဝင်မိသားစုထဲက တစ်ယောက်က သူ့ဇနီးလောင်းကိုဝယ်ပေးဖို့ လိုချင်တော့ ဈေးမေးလိုက်တာ အဲ့ဒီဂျူးက ချက်ချင်းပဲ သိန်း-၂၀၀ ဖြစ်သွားသတဲ့။ သိန်း-၂၀၀လည်း ဝယ်သွားပါတဲ့အပြင် သူက ဂျူးကိုကျေးဇူးတောင် တင်သွားပါသေးတယ်။ ဒါဘာကြောင့်ပါလဲ။ အရင်ဈေးသိန်း-၁၀၀နဲ့ ဝယ်ရင် သူ့ဇနီးလောင်းအတွက် သိန်း-၁၀၀တန် စိန်ကိုဝယ်ပေးရာရောက်ပြီး။ အခုဈေး သိန်း-၂၀၀နဲ့ ဝယ်တော့ သိန်း-၂၀၀တန် ဝယ်ပေးတယ်ရယ်လို့ ဖြစ်သွားပြီလေ။ အဲဒါကို ကျောက်လောကလို့ခေါ်သဗျ။

ဒါတင်မဟုတ်သေးပါဘူး နောက်တစ်မျိုးက ကိုယ်တွေ့လေးပါ။ ကျနော့ဆရာနဲ့ တောင်ကြီးကို ရောက်တုန်းကပေါ့။ ဆရာ့ဆီက ပညာတွေ တော်တော်ရလိုက်သလို ကျောက်သမားဆိုတာ ဒါပါလားလို့ တော်တော်နားလည်သွားတယ်။ ဒီလိုဗျ တောင်ကြီးသွားတာကလည်း ကျောက်အရောင်းအဝယ်ကိစ္စပဲ။ ဟိုရောက်လို့ ၂ရက်လောက်နေတော့ တခြားကျောက်သမား တစ်ယောက်က ကျောက်လေးတစ်လုံး ပြချင်လို့တဲ့လေ။ ဆရာကလည်း လက်ခံပြီး ချိန်းလိုက်တာပေါ့။ ဟိုတယ်မှာ နေ့လည်ပိုင်း ကော်ဖီသောက်ရင်းပေါ့။

လူရောက်လာတော့ စတိုင်ပန်နဲ့ အင်္ကျီလက်ရှည်နဲ့ သေသေချာချာ သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ အိန္ဒိယကပြား တစ်ယောက်ပါ။ အသားကဖြူဖြူ ရုပ်ကဖြောင့်ဖြောင့်နဲ့ပါ။ အချင်းချင်းမိတ်ဆက် ကော်ဖီသောက်ရင်း ကျောက်ထုတ်ပြတော့။ အရည်တော်တော်ကောင်းတဲ့ ပတ္တမြားလို့ထင်ရတဲ့ Gernet ကျောက်နီလေးတစ်လုံးပါ။ မြန်မာငွေ ၅၀၀-ကျပ် လောက်ပဲတန်ပါတယ် သဘာရင့် ဆရာအတွက်က ခွဲနိုင်ပေမယ့် တော်ရုံလုပ်သက်နဲ့ ခွဲလို့မရနိုင်တဲ့ ကျောက်တစ်လုံးဖြစ်လို့ မသိရင်ခံသွားရနိုင်ပါတယ်။ ဒါကိုဆရာကသိပေမယ့် ငါ့ကိုလုပ်ရကောင်းလားလို့ ဒေါသလုံးဝထွက်မလာပါဘူး။ ဘယ်ဈေးလဲလို့မေးပါတယ်။ သူက ဆရာပဲသတ်မှတ်ပါတဲ့။ ဆရာကလည်း မသတ်မှတ်ပဲ သူ့ကိုထပ်ပြောခိုင်းပါတယ်။ သူကပြောပါတယ်။ “၈သိန်းခွဲပဲပေးပါ” တဲ့လေ။ ဒီနေရာမှာ တော်ရုံပုံမှန်သူဆို ထရိုက်ဖို့ပဲရှိပါတယ်။ ဆရာက ဒီမှာလည်း ဘာမှမဖြစ်သေးပါဘူး။ “ကျနော်အဲလောက်မပေးနိုင်ဘူးဗျာ” တဲ့။ အဲဒီတော့သူက “ဒါဆိုလည်း ဆရာပေးနိုင်မယ့် ဈေးကိုပြောပါ ကျနော်လျှော့ပေးနိုင်ရင် လျှော့ပေးရမှာပေါ့” လို့ပြန်ပြောပါတယ်။ ဆရာကလည်း ခပ်တည်တည်နဲ့ပဲ “ကျနော် ၃၀၀ ပေးမယ်ဗျာ”။ အဲဒီတော့သူကလည်း ခပ်တည်တည်ပဲ “၅၀၀တော့ပေးပါဗျာ။ ကျနော့အတွက် လက်ဘက်ရည်ဖိုးလေးပေါ့” တဲ့လေ။ အဲလိုနဲ့ အဲ့ဒီကျောက်က အရောင်းအဝယ် ဖြစ်သွားတဲ့အပြင် သူတို့ ၂ယောက်က နောက်ပိုင်းမှာ အတော်လေးရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက်မိတ်ဆွေတွေ ဖြစ်သွားကြလေရောဗျာ။ နားကိုမလည်နိုင်အောင်ပါပဲ။ မိတ်ဆွေဆိုတာကို ကျွမ်းကျင်မှုဘယ်လောက်ရှိပါတယ် ဆိုတာနဲ့ပါ အရောင်းအဝယ်ထည့် လုပ်လိုက်သလိုပဲ။

ကဲစဉ်းစားသာ ကြည့်ပါတော့ဗျာ ကျောက်လောကဆိုတဲ့ အသိုင်းအဝိုင်းကို။ ဘာပဲဖြစ်ဖြစ် လူဆိုတဲ အတ္တသမားတွေဆိုပေမယ့် တခြားလောကနဲ့မတူတဲ့ ဟန်ချက်လေးတွေနဲ့ ရှင်သန်နေတဲ့ အဲဒီလောကကို ကျနော်နှစ်သက်နေဆဲပါဗျာ……..။

ဗီလိန်