မပေးနဲ့

မပေးပါနဲ့ မလိုချင်ခဲ့ဘူး
လိုလဲ မလိုအပ်ဘူး
ငါ့ဘာသာ မနေနိုင်လို့ ပံ့ပိုးခဲ့တာပါ
ဒီလို ချည်နှောင်မှုအတွက်
ငါကူညီခဲ့တာမဟုတ်ဘူး
ကူညီသမျှသာ ကျေးဇူးလိုက်တင်နေရင်
ကျေးဇူးတင်သမျှသာ ကျေးဇူးလိုက်ဆပ်နေရရင်
ဘယ်တော့များမှ ဒီသံသရာလွတ်မှာလဲ
သူရှိနေရင် ဆပ်နေရဦးမယ်
သူရှိနေရင် ကန်းမိနေဦးမယ်
မချည်နှောင်ပါနဲ့
ငါစိုက်ပျိုးခဲ့တာ ခူးယူချင်လို့မဟုတ်သလို
ငါပျိုးထောင်ပေးတာ ပန်ချင်လို့မဟုတ်ဘူး
ကျေးဇူးဆိုတာကြီးနဲ့ မချုပ်ခြယ်ပါနဲ့
မင်းဘဝ မင်းသာယာတာ မြင်နေရရင်ကျေနပ်ပါပြီ
နောက်ဆုံးတခွန်းပြောလိုက်မယ်

“ကျေးဇူးတင်မယ်ဆို မကူညီနိုင်ဘူး။”

ဗီလိန်

8 comments:

ခေါင်ခေါင် said...

ကျေးဇူးတင်မယ်ဆို မကူညီနိုင်ဘူး တဲ့....

ကျေးဇူးလုံးဝ မတင်ဘူး...
နောက်နေ့တွေ ကျရင်လဲ ခိုင်းဦးမယ်နော်...
လှမ်းလှမ်းပြီး ဒုက္ခ ပေးရတာ အားမရသေးဘူး...

Dr Phyo Wai Kyaw said...

ဂျစ်ကန်ကန် တယ်ရေးပါလားဗျ
ဒါပေမဲ့ နှစ်သက်စရာကောင်းတယ်
ကဗျာလေးကို ကြိုက်တယ်
ခင်မင်လျက်

Anonymous said...

အော်.. ဂလိုလား ရတယ်လေ။ယူရို၂၀၀၀ခောက်ကူညီပါ
ဗျာ။စိတ်ချကျေးဇူးတင်တယ်လုံးဝမပြောဘူး။

sait phay yar said...

ကိုဗီးကတော့လုပ်ပြီ...ကျေးဇူးတင်တော့ဘူးဗျာ
ပိုက်ဆံချေး

ဖိုးဂျယ် said...

ကိုဗီလိန် ကောင်းလိုက်တာဗျာ။ ကျတော် ကူးသွားမယ်နော်။ ပို.စရာရှိလို. ကိုဗီလိန် အရေးအသားကတော့ ပြောစရာမလိုဘူး။ ကျေးဇူးတော့ မတင်ခဲ့တော့ဘူးနော်။

Unknown said...

ဟားဟား..ကိုဗီလိန်တော့ ကိုယ့်စကားနဲ့ ကိုယ်
ခံနေရပြီ..ကျနော်လည်း ကျေးဇူးမတင်ဘူး..ဟီးဟီး
ကောင်းတယ်ဗျို့ ..ကဗျာလေးက
စတုဒီသာ ကျွေးနေသလို့ ..ဟုတ်ပေါင်..ချောတီး..

WWKM said...

( ငါစိုက်ပျိုးခဲ့တာ ခူးယူချင်လို့မဟုတ်သလို
ငါပျိုးထောင်ပေးတာ ပန်ချင်လို့မဟုတ်ဘူး
ကျေးဇူးဆိုတာကြီးနဲ့ မချုပ်ခြယ်ပါနဲ့
မင်းဘဝ မင်းသာယာတာ မြင်နေရရင်ကျေနပ်ပါပြီ
နောက်ဆုံးတခွန်းပြောလိုက်မယ်
“ကျေးဇူးတင်မယ်ဆို မကူညီနိုင်ဘူး)

ကဗျာလေးအရမ်းကောင်းပါတယ် မောင်လေးဗီလိန်ရေ.
အမြဲအားပေးနေပါမယ်နော်။

Anonymous said...

စိတ်ချ..
ကိုဗီလိန် ဘုန်းကြီးဝတ်ရင်တောင်
တင်ပါ့..လို့လုံးဝမပြောဘူး
း)