အမုန်းပန်းခင်း

ငါ့ကဗျာတွေထုဆစ်နေတုန်း
ဖေဖေကပြောတယ် "သားနေကောင်းအောင်နေနော်" တဲ့။
ထီးမရှိလို့ မိုးကရွာတယ်။
မိုးရေတွေကို ချစ်ခဲ့ဖူးတယ်။
မိုးရေတွေကြောင့် ရုံးနောက်ကျမလိုလိုနဲ့ အဆူခံရတယ်။
ကျောင်းမသွားဖြစ်တော့ဘူး။
မုန်းတယ်......မုန်းတယ်။ Project တွေကို မုန်းတယ်။

ပန်းတိုင်အတွက် ဘ၀ကို နှိုက်ကြည့်တော့
အချစ်လေဟာနယ်အတွက်
နင်ရယ်ငါရယ်။
ဇာတ်လမ်းတစ်ပုဒ်ရယ်။
ရင်ခုန်ခဲ့ဖူးတဲ့ ကောင်မလေးကို
နမ်းခဲ့ဖူးတဲ့ ပန်းတစ်ပွင့် သွားပေးတုန်းကပေါ့
ဒေါသတစ်ခုပိုက်လို့ ပြန်မလာချင်ခဲ့ဘူး
အချစ်အမုန်း ပြုံးလို့နေချင်သေးသလို
ရှုံးသွားမိရင်တော့ ငါ့ကံတရားပေါ့။
မြေလွှာပါးပါးမှာ ဝေဒနာများများနဲ့ သေချာခြားသွားတဲ့ စည်းတစ်ခု။
မုန်းတယ်...... မုန်းတယ်။ အစွန်းထင်းမခံတဲ့ အဲ့ဒီ့ အဖြူဆိုတာကို မုန်းတယ်။

အမှောင်ထဲမှာပဲ ရှင်သန်ခဲ့လို့လားမသိ
အမုန်းဆိုတာကိုလည်း တရှိုက်မက်မက် ရှူမိနေဦးမှာလား။
မီးလောင်ပြီးသား ငါ့ဆေးလိပ်တွေကတောင် ငါ့ကိုလှောင်လို့
တယ်ခက်တဲ့ ပတ်ဝန်းကျင်ပါလား။
ငါ့အဖေရှာတဲ့ပိုက်ဆံနဲ့ ငါ့အမေကဈေးသွား
ဒီလိုပဲ၏ နေတိုင်းချက်စားခဲ့တာပါပဲ
သူတို့လည်း ဒီလိုပဲထင်ပါ့
ဘာကြောင့်များ ညှီနံ့တွေသင်းနေပါလိမ့်။
မုန်းတယ်...... မုန်းတယ်။ လက်ညှိုးတွေကို မုန်းတယ်။

မနက်တိုင်းလည်းဆွမ်းကပ်တယ်
ဝဋ်ကြွေးတိုင်းလည်း ကျေပါရစေ
ပြုခဲ့တဲ့ကံ ငါခံလိုက်မယ်
သံတိုင်မပြောနဲ့ ဒယ်အိုးတောင်မကြောက်ဘူး။
အမေ့ကိုတော့လာမထိနဲ့။
မုန်းတယ်...... မုန်းတယ်။ လှုပ်စိစိပါးစပ်တွေကို မုန်းတယ်။

ငါ့ဒေါသနဲ့ငါ၊ မင်းမောဟနဲ့မင်း။
အတ္တကို လောဘနဲ့ရှာနေမိတာပါ
ဟုန်းဟုန်းတောက် မလောင်ကျွမ်းခင်
ခါးသက်သက် မတူးချင်မိခဲ့ဘူး
အိုက်စပ်စပ် ပစ္စုပ္ပန်နဲ့တော့
မကိုက်ခဲချင်ပါသေးဘူး
အတ္တတွေကို စီခြယ်လို့ မင်းကိုငါ မုန်းရဦးမယ်.......။

ဗီလိန်

9 comments:

ဟန်လင်းထွန်း said...

အဲ့လောက်ထိလဲ မုန်းပါနဲ့ဗျာ

kiim said...

ဟေ့..အဲလိုမုန်းရဖူးလေ..မုန်းနဲ့ မုန်းနဲ့ နော်...
မုန်းတာမကောင်းဘူးလေကွယ်...ရော် ..ကိုဗီလိန်
တို့ ကတော့.. :P :P

ဗီလိန် said...

ရဘူးဗျာ။ မုန်းမှာပဲ။ မုန်းတယ်။ မုန်းတယ်။ ဟန်လင်းထွန်းကိုလဲမုန်းတယ်။ kiim ကိုလည်းမုန်းတယ်။

မောင်ဖားကြီး said...

ဟင် ကလေးဆိုးကြီးကျနေတာပဲ။ ကဗျာကတော့
ရှယ်ပဲဗျာ။ :-P

Anonymous said...

တမုန်းထဲ မုန်းနေပုံထောက်ရင် ကိုယ့်ဆရာ ထိပြီနဲ့တူတယ်ဗျို့

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကဗျာလေး ကောင်းတယ်

အမုန်းဆိုတာ တခါတလေ လိုအပ်ပါတယ်

SMNTL

Dream said...

မုံးဒယ်.. မုံးဒယ်..မုံး...ဒယ်..
အဲယို အမုံးတဗျာဒွေ ရေးဒဲ့ဦးဦးဘီယိန်
ကိုယဲမုံးဒယ်.. ဦးဦးဘီယိန်ယေးဒဲ့ တဗျာ
ဂို ရာဖတ်တဲ့ မက်မက်ဂိုယဲ မုန်းတယ်....

ကဗျာ အချ အချုံးထိဖတ်ယိုက်ဒဲ့ မတ်စိ ဂို ယဲ မုန်းဒယ်..
ကဗျာ ကောင်းယွန်းရို့ ဖတ်ယင်းနဲ့ ပျုံးယိုက်ဒဲ့ မတ်နာ ကိုယဲ မုန်းဒယ်....

မုံးဒယ်..မုံး.. ဒယ်..
မန့်ပေးယိုက်ဒဲ့ ဟော့ဒီ လက်ချောင်းရေးဒွေ ဂိုယဲ မုံးဒယ်

မုံးဒယ်..မုံးဒယ်.. ဒါဖဲ.. :P :P :P :P
ဟီးဟီး...

ကဗျာလေးက ကောင်းတယ်ဗျာ... ဂယ်ပေါဒါနော်.. ဟီးဟီး

ဂျူဝသန် said...

ဗီလိန်ရေ ရောင်းရင် ကဗျာတွေက ရေရေလည်လည်ကိုလန်းတယ်ကွာ....... ငါလည်း အဲဒီလို စိတ်ကူးနဲ့ ရေးချင်တာ မရဘူးကွ။ မလိုက်နိုင်ဘူး....... ဟဲ ဟဲ ။ ဆက်ရေး.... ဗီလိန် ကျကျကဗျာတွေကို ဖတ်ရတာလည်း
တမျိုးဆန်းတာပေါ့။

ခေါင်ခေါင် said...

ဘာလို့ ဒီလောက်မုန်းနရပြန်တာလဲ...
အဲလောက်ထိတော့ မမုန်းပါနဲ့...