ဗီလိန်နဲ့ အယ်လ်ဖာဘတ်

စာလည်း မရေးဖြစ်တာကြာပြီ။ မောင်ရင်ညိုတဂ်လို့ ရေးရပါဦးမယ်။ ကိုရင်ညိုတဂ်တဲ့ ခေါင်းစဉ်က ကျွန်တော်ရေးတဲ့ A to Z" တဲ့။ ကဲ... ရေးတတ်သလောက် ရေးကြည့်မယ်ဗျာ။ အမှားပါရင်တော့ ခွင့်လွှတ်။ တဂ်ကို တဂ်လို မရေးပဲ ဉာဏ်စမ်းလေးပါ ထည့်ရေးလိုက်မယ်။ အဖြေတွေကိုတော့ အက္ခရာတွေရဲ့ နောက်ကို Select လုပ်ပြီး ကြည့်နိုင်ပါတယ်။

A for Ace
လူ ဆိုတာကတော့ ဒါလေးလိုပဲ။ တခါတလေ အကြီးဆုံးဖြစ်နေတတ်သလို၊ တခါတလေလည်း အငယ်ဆုံးဖြစ်နေတတ်တယ်။ ဒါကို မြင်နိုင်ဖို့ ဗီလိန် ကြိုးစားနေတုန်းပါပဲ။

B for Buddha
ဗီလိန်ကို ဘယ်သူ ဖန်ဆင်းသလဲ။ ဘယ်သူမှ မဖန်ဆင်းဘူး ဗီလိန်ရဲ့ ဖန်ဆင်းရှင်က ဗီလိန်ပဲ ဆိုတဲ့ အသိကို ပေးစွမ်းခဲ့သူ။

C for Challenge
ကျနော် သိပ်မင်တဲ့ စကားလုံးလေးပါ။ ဘာပဲလုပ်လုပ် သူမပါရင် စိတ်မဝင်စားတာများတယ်။ သူရှိမှ ဗီလိန့် ဘဝဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံယူမိတယ်။

D for Deal
ကျနော် အနှစ်သက်ဆုံး စကားလုံးတွေထဲက တစ်လုံးပဲ။ C ပေါင်းများစွာ ရဲ့ စိန်ခေါ်သံ ဆိုလည်း မမှားပါဘူး။ ဒီစကားပြောပြီးတိုင်း အောင်မြင်မှုကိုပဲ မရရအောင် ကြိုးစားတော့တယ်။

E for Enemy
ဗီလိန့် အတွက် မရှိမဖြစ် လူတချို့ပါ။ သူတို့ရှိလို့သာ ဗီလိန့် ဘဝ ပျော်စရာလေးတွေနဲ့ ပြည့်နှက်နေတာပါ။ သူတို့ကြောင့်လည်း နေရာ တစ်နေရာမှာ ဗီလိန် ခြေထောက်နှစ်ချောင်းနဲ့ မတ်တပ်ရပ် နေနိုင်တာပါ။ ဒီအတွက် တစ်လက်စတည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

F for Friend
ဒီစကားလုံးရဲ မူရင်း အဓိပ္ပာယ်က အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစကားလုံးကို အရည်ခြုံသက်သက် အသုံးပြုကြတဲ့ လူပေါင်းများစွာနဲ့လည်း ဆုံတွေ့ခဲ့ရပါတယ်။ ဗီလိန် လိုအပ်နေချိန်မှာ တကယ့်ကို အကူညီပေး၊ ထူမ ပေးခဲ့တာလည်း ဒီစကားလုံးလေးပဲဖြစ်သလို ဗီလိန့်ကို တွန်းချ၊ လှဲချ၊ ခြေထိုးခံ၊ ထိုးကျွေး၊ နင်းတက် သူတွေ အားလုံးက တိုက်တိုက်ဆိုင်ဆိုင် ဒီထဲကပဲ ဖြစ်နေပါတယ်။ ဒီစကားလုံးကို တုတ်ချောင်းလေး တစ်ချောင်း ဖြည့်ထည့်လိုက်တာနဲ့ F ကနေ E အဖြစ်ကို ပြောင်းသွားသလိုပါပဲ။ ဟိုဘက် အစွန်း နဲ့ ဒီဘက် အစွန်း ၂ဘက်စလုံးမှာ ရှိနေတဲ့ စကားလုံးလေးပါ။

G for Gaming
ဗီလိန်ရဲ့ ဝါသနာ။

H for Heal the World
ဗီလိန် မြတ်နိုးတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ မိုက်ကယ်ဂျက်ဆင်ရဲ့ ဒီသီချင်းလေးထဲက အတိုင်းပဲ ဖြစ်စေချင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ တွေ နောက်ကို လိုက်တဲ့ အတ္တများ ကင်းဝေးစေချင်ပါတယ်။

I for I
ဗီလိန်ကတော့ တစ်နေ့ တစ်နေ့ ဒါကိုပဲ ပြင်ဖို့ ကြိုးစားတယ်။ ကောင်းတာ မကောင်းတာကတော့ မတတ်နိုင်ဘူး။ ဘယ်သူတွေ ဘာတွေ မကောင်းဘူးလဲ စိတ်မဝင်စားပါဘူး။ ဒါကြီး မကောင်းတာကိုပဲ ကြည့်ကြည့်ပြီး တစ်နေ့ တစ်နေ့ စိတ်တွေမောတယ်။ သေချာတာကတော့ ဆက်ပြင်နေဦးမှာပဲ။ ခက်တာက ကောင်းကို မကောင်းသေးတာ။

J for Jealous
လူတွေ ညှီစော်နံတဲ့ အကြောင်းရင်းပေါင်း များစွာထဲက တစ်ခုပေါ့။

K for Keep quite
ဆိတ်ဆိတ်နေ ထောင်တန် ဆိုတဲ့ စကားလေးကို အမှတ်ရပြီး အမြဲတမ်း ကိုယ့်ကိုကိုယ် သတိပေးနေမိတဲ့ စကားလေး တစ်ခွန်းပါ။

L for Lag
မကြာခင်မှာ သုံးရတော့မယ့် အင်တာနက် Speed.

M for Mother & Father
ဗီလိန် ဘာလုပ်လုပ် သူ့တို့အကြောင်းစဉ်းစား၊ ဘာလုပ်လုပ် သူ့တို့အတွက် စဉ်းစား၊ ဘာလုပ်လုပ် သူ့တို့စကား နားယောင်၊ အောင်မြင်ခြင်းပေါင်းများစွာရဲ့ တံခါးပေါင်းများစွာကို ဖွင့်ပေးတဲ့ သော့တစ်ချောင်း။

N for Neglect
လူတွေ... လူတွေ... ဒီလိုနေနိုင်မှ တော်ကာ ကျတယ်။

O for Owl
ဘယ်အရာကို မဆို ဗီလိန်ကြည့်တတ်တဲ့ အမြင်က ဒီသတ္တဝါရဲ့ မျက်လုံးလိုများ ဖြစ်နေမလား။ လက်ဝါးပြရင် လက်ဖမိုးမြင်ခဲ့လို့ ပါးရိုက်ခံရမလို ဖြစ်တာလေးတွေ မြင်ယောင်မိသေးတယ်။

P for Peace
လောဘ၊ ဒေါသ၊ မောဟ တို့ ချုပ်ငြိမ်းပါစေ။

Q for Queen
စစ်တုရင်ခုံပေါ်မှာလိုပဲ သူမရှိလို့ ရှုံးမယ် ဆိုတဲ့ လူထက် စာရင် သူရှိမှ အောင်ပွဲကို သိမ်းပိုက်ဖို့ အခွင့်အလမ်းတွေ ပေးစွမ်းနိုင်မယ့်သူပဲ ဖြစ်ချင်တယ်။


R for Reflect
ရန်သူ ဖြစ်ဖြစ် မိတ်ဆွေ ဖြစ်ဖြစ် ဗီလိန် တုန့်ပြန်တတ်တဲ့ သီအိုရီ။

S for Singapore
ဗီလိန့် အတွက် အောင်မြေ။ လုပ်သမျှ ဖြစ်၊ ဖြစ်သမျှ အောင်မြင်ပြီး မကြာခင်မှာ အနိုင်နဲ့ ပိုင်းပြီး ထွက်ခွာတော့မယ့် အောင်လံ စိုက်ရာမြို့တစ်မြို့။

T for Thumb
ဒါလေးကို မိုးပေါ် အမြဲထောင်ထားနိုင်ကြပါစေ။

U for U Turn
ဗီလိန် မှားနေမှန်း သိရင် ဒီလို ပြန်လှည့်နိုင်အောင် ကြိုးစားတယ်။ မအောင်မြင်တာခက်တယ်။

V for Villain
ဗီလိန့် အတွက် အဓိပ္ပာယ်အရှိဆုံး၊ အနှစ်သာရ အပြည့်ဝဆုံး၊ အမြတ်နိုးဆုံး စကားလုံးလေးပါ။ ဘာကြောင့်လဲ ဆိုတာတော့ ရေးပြနေစရာ မလိုလောက်ဘူး ထင်ပါတယ်။

W for Wheel
လောကကြီးက သူ့လိုပဲ။ အမြဲတမ်း အလှည့်ဆိုတာ ရှိတယ်။ ကိုယ့် အလှည့်တော့ မနွဲ့စတမ်းပဲ။

X for X
မသိပဲ မှားတဲ့ သူနဲ့ သိရက်နဲ့ မှားတဲ့သူ ဘယ်သူ သာသလဲ။

Y for Year 2012
ရှပ်ရှင်ထဲမှာလို ဖြစ်မဖြစ်တော့ မသိဘူး။ ကမ္ဘာကြီးလည်း ဟိုနေရာက ငလျင်လှုပ်လိုက်၊ ဒီနေရာက မီးတောင် ပေါက်လိုက်၊ မုန်တိုင်းတွေက ထန်လိုက်၊ ရေတွေ ခမ်းလိုက်၊ ရေခဲတောင် ပြိုလိုက်နဲ့... ဟူး........... ဖြစ်ပြန်တော့လည်း စံချိန်တင်တွေ၊ စံချိန်တင် နီးပါးတွေ ချည်းပဲ........... ကိုယ့် အတ္တလေးတွေ ကိုယ်စုထားကြပေါ့။

Z for Zero
တကယ်တော့ ဗီလိန်ရဲ့ အရည်အချင်းကလည်း ဒီဂဏန်းလောက်ပဲရှိပါတယ်။ ရေးချင်တာ ရေးထားတာတွေ စိတ်ရှည်လက်ရှည် ဖတ်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။

ဗီလိန်

ဖဲဝိုင်း

လောဘ နဲ့ ဒေါသ ကကြိုး ......

ဗီလိန်

Singapore Flyer


ဗီလိန်

Singapore noon


ဗီလိန်

Challange

နောက်ဆုတ်ခြင်းလား ရှေ့တိုးခြင်းလား
ရှောင်ပုန်းခြင်းလား ဇွတ်တိုးခြင်းလား
မရေရာမှုတွေနဲ့မှ နပန်းလုံးချင်တာ
မွေးရာပါ ဆိုတော့လည်း ခက်သား

ငါ့အတ္တ၊ ငါ့တဇွတ်ထိုး၊ ငါ့ခေါင်းမာမှုတွေ
နောက်တစ်နည်း....
ငါ့ရဲရင့်မှု၊ ငါ့ပြတ်သားမှု၊ ငါ့ယုံကြည်မှုတွေ အတွက်
ငါ့ဘဝငါ စိန်ခေါ်ရုံပေါ့

တံငါလိုက်ဝတော့ အမဲလိုက်
ကျားဆိုးလည်း ငါမကြောက်ဘူး
အမဲလိုက်ဝတော့ တံငါလိုက်
မုန်တိုင်းထန်လည်း ငါမဖြုံဘူး
ဘဝကြမ်းကြမ်း လှိုင်းထန်ထန်ထဲ
ငါ့လက်တွေ ပစ်ပြီးကူးနေဦးမယ်
ငါမမောဘူး
အမေ့အပြုံးလေး ငါ့အနားမှာ ဝဲနေသ၍ပေါ့။

ဗီလိန်

Mr. Guan

သူ့မျက်နှာနီရဲရဲ
သူ့ဝတ်ရုံ အစိမ်းရင့်ရင့်
နောက်ကျောက မခုတ်တဲ့ နဂါးစိမ်း ဓားပြားလှံရှည်
နတ်ဘုရားလို စံထားလောက်တဲ့ သူရဲ့ ပြယုဒ်
ခုတော့ ဒီပြယုဒ် ဆိုတာ
ဟိုး............... အဝေးတောင်စွယ်ကြားက နေလုံးနဲ့အတူ
ပျောက်ဆုံးသွားတော့မှာလား..............။

ဗီလိန်

ကျနော်ချစ်သော အပြာရောင်ဖဲပြားလေး

ရုံးမှာ အလုပ်လေးပါးတုန်း ကမ္ဘာကြီးပေါ်ကို လျှောက်သွားနေမိတယ်။ တနေရာ အရောက်...... မြင်လိုက်ရတာက အပြာရောင်လေးတွေ။ ရင်ဘတ်ကနေ ဖြာထွက်နေတဲ့ အပြာရောင် လေးတွေမြင်တိုင်း ကျနော့စိတ်တွေ နုပျိုသွားသလိုပဲ။ အဲဒီ့ အပြာရောင်လေးတွေက သူလေးနားမှာ ဝိုင်းဝိုင်းလည်လို့ပေါ့။ လွမ်းလိုက်တာကွာ... ပြောမပြတတ်အောင်ပဲ။ သူအတွက် ကျနော်က အညတရ ဆိုပေမယ့် သူက ကျနော့အတွက် သူရဲကောင်းတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ကျနော့ကို ဘဝ အကြောင်းတွေ သင်ပေးသူ ဆိုလည်းဟုတ်တယ်။ ကျနော့ကို ရင့်ကျက် စေတဲ့သူ ဆိုလည်းဟုတ်တယ်။ ကျနော့ကို အတိုင်းမသိ ပျော်ရွှင်စေခဲ့သူဆိုလည်း ဟုတ်တယ်။ ကျနော့ အတွက် ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်း ၂၅ ခါ ထွန်းခဲ့ဖူးတဲ့ ဘဝ တလျှောက်လုံးမှာ သူနဲ့ တွေ့ဆုံခဲ့ရခြင်းကို ကျနော် အမြတ်နိုးဆုံးပဲ။ ဘာကြောင့်လဲဆိုတော့.... သူ့ကို ကျနော် ချစ်တယ်။ သူနဲ့ ပတ်သတ်ပြီး နာကြည်းစရာတွေ ရှိနေလည်း ကျနော် ချစ်တယ်။ သူနဲ့ ပတ်သတ်ပြီး လူတကာ အပြောအဆိုခံခဲ့ရလည်း ကျနော်ချစ်တယ်။ သူနဲ့ ပတ်သတ်ပြီး အရှက်ရစရာတွေ ကြုံဆုံခဲ့လည်း ကျနော်ချစ်တယ်။ သူနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ ခုံတန်းလေးတွေ... ပုဏ္ဏရိပ်ပင်လေးတွေ... သစ်ပင်အောက်က မြက်ခင်းပြင်လေးတွေ... တွေးမိတိုင်း မျက်ရည်ဝိုင်းမိတယ်။

သူဟာ ကျနော့အတွက်တော့ အပြုစုကောင်းတဲ့ အိမ်ရှင်မတစ်ယောက် လိုပဲ။ သူဟာ အချက်ပြုတ်တော့ မကောင်းဘူး။ ဒါပေမယ့် ဟင်းကောင်းဖွယ်ရာတွေ စားရတိုင်း သူ့လက်ရာ ခပ်ညံ့ညံ့လေးကို သတိရတယ်။ ခပ်ကျဲကျဲ လက်ဘက်ရည်နဲ့ တခါတခါ ဆားမပါတဲ့ ကြက်ဥပေါင်မုန့်ကြော်၊ ဖြူဖတ်ဖြူရော် အသားဟင်းနဲ့ ခပ်ပြဲပြဲ ထမင်း။ ဒါတွေကို ဘာကြောင့် ကျနော် တမ်းတနေမိတာလည်း။ ကျနော့မှာ အကြောင်းရင်းက တစ်ခုပဲရှိတယ်။ သူ့ကို အရမ်းချစ်တယ်။ ဒါတွေတင်ဘယ်ကဦးမလဲ။ မိုးလင်းကနေ မိုးချုပ်ထိ အဲကွန်းနဲ့ နေနေရပေမယ့် အဲကွန်းဖွင့်ပေးဖို့ အမြဲ ကပ်သပ်တတ်တဲ့ သူ့ကို သွားသတိရပြန်ရော။ သူနဲ့ တွေ့ကာစတုန်းကတော့ ကျနော် စာဖတ်နေရင် အဲကွန်းလေးက အေးလို့။ ချမ်းလွန်းလို့တောင် အအေးလျှော့ခိုင်းရတယ်။ နောက်ပိုင်းကျတော့ မီတာခလေး အကြောင်းပြပြီး ဖွင့်မပေးတော့ဘူး။ ဒါလည်း ကျနော် သူ့ကို ချစ်နေတုန်းပဲ။ အဲကွန်းနည်းတူပါပဲ။ သူနဲ့ ဆုံကာစက ကွန်ပြူတာလေး သုံးတတ်ကာစ ဆိုတော့ သူ့ကွန်ပြူတာလေးကို ကျနော်သုံးတယ်။ နောက်ပိုင်းကျတော့ ကွန်ပြူတာခန်းတံခါးဝက သော့ခလောက်လေးက ကျနော့ကို အထဲ ပေးမဝင်တော့ဘူးလေ။ သူကျနော့ကို ဘယ်လိုပဲ ထားထား သူ့ကို ကျနော်ချစ်တယ်။ သူ့ကို ကျနော် ချစ်နေရရင်ကိုပဲ ကျေနပ်နေတဲ့သူပါ။

သူက ကျနော့ကို မိုးလင်းမိုးချုပ် သူ့ဘေးနားမှာ ရှိစေချင်တယ်။ ဒါပေမယ့် သူငယ်ချင်းတွေက ခေါ်ရင် တခါတခါ သူ့နားမှာ မရှိနေနိုင်ဘူး။ အဲလိုအခါမျိုးဆို သူက ကျနော့ကို ဆူတယ်။ အပြစ်ပေးတယ်။ တခါတလေ ကျနော့ကို ဖြတ်မယ် ပြောတယ်။ ကျနော့နှလုံးသားတွေ နာကျင်ခဲ့ရတယ်။ ကျနော် သူငယ်ချင်းတွေနဲ့ အပြင်သွားတယ် ဆိုရင်တောင် သူ့ဆီကိုတော့ အရင်သွားတယ်။ သူငယ်ချင်းတွေ လူခွဲပြီ ဆိုရင်လည်း သူ့ဆီ တခေါက် ပြန်သွားပြီးမှ အိမ်ပြန်နေကျပါ။ နောက်ပိုင်းကျတော့ ကျနော့ကို တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်တယ်။ ၄ရက်မှာ ၃ရက် သူ့ဆီမှာ နေမပေးရင် ဖြတ်မယ်တဲ့။ ကျနော်လည်း အတတ်နိုင်ဆုံးနေပေးပါတယ်။ ဒါပေမယ့် ကျနော်ကလည်း လွန်ပါတယ်။ ၄ ရက်မှာ ၃ ရက်က သူဘေးမှာ မရှိနေခဲ့ဘူးလေ။ ဟိုသူငယ်ချင်းက ဒိုတာမှာ Supporter လိုနေလို့၊ ဒီသူငယ်ချင်းက ဆေးကျောင်းနဲ့ပွဲအတွက် ဂိုးသမားမရှိလို့။ ဒီလိုနဲ့ပဲ အဖော်မင်တဲ့ ကျနော်နဲ့ အနားမှာ အမြဲရှိစေချင်တဲ့ သူ ခဏခဏ ပြဿနာ ဖြစ်ကြရတယ်။ ကတိတွေ အထပ်ထပ်ပေးပြီး ပျက်တတ်တဲ့ ကျနော့ကို သူကပဲ နောက်ဆုံး ခွင့်လွှတ်ခဲ့ပါတယ်။ အငိုသန်တဲ့ ကလေး နို့ပိုစို့ရတယ် ဆိုသလိုပဲ ဆိုးတဲ့ ပေတဲ့ ကျနော့ကို သူပိုချစ်သလားမသိပါဘူး။

သူ့ အမှတ်အသားဖြစ်တဲ့ အပြာရောင်ဖဲပြားလေးလည်း ကျနော်လည်း ဝတ်ဆင်ဖူးပါရဲ့၊ ဝတ်ခဲ့ဖူးလို့ ပျော်ခဲ့ရသလို ဒီအပြာရောင် ဖဲပြားလေးကပဲ ခွဲခွာခြင်းအတွက် အမှတ်အသားတစ်ခုပေပဲလား။ အင်းယားကန်နားက သူ့ပုံရိပ်တွေ၊ အဓိပတိလမ်းက သူ့အငွေ့အသက်တွေ၊ ဘယ်ဘက်ရင်အုံမှာ သူ့နာမည်ကိုရေးထိုးပြီး ဖမ်းမိခဲ့ဖူးတဲ့ ရင်ခွင်ထဲက ဘောလုံးတွေ၊ မဖမ်းမိပဲ ပိုက်တိုးသွားတဲ့ နာကျင်မှုတွေ၊ သူ့အတွက် ရေးခဲ့ဖူးတဲ့ ကဗျာလေးတွေ၊ စာတိုပေစတွေ၊ သူနဲ့ တွဲရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးတွေ၊ သူချက်ကျွေးခဲ့တဲ့ ခပ်ညံ့ညံ့ ထမင်းဟင်းတွေ..... အားလုံးကို ဆာလောင် မွတ်သိပ်စွာ တမ်းတနေဆဲပါ။ ခုတော့လည်း ဒါတွေဟာ ချရေးစရာ စာတစ်ပုဒ်အနေနဲ့ ဖြေသိမ့်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့ သူနဲ့ အဝေးဆုံးနေရာကို ရောက်နေပါပြီ။ တကယ်လို့ တနေ့မှာ သူ့ အနားကို ပြန်သွားခဲ့ဦးမယ် ဆိုရင်တောင် အရင်လိုနွေးထွေးမှုလေးတွေ ပြန်မရနိုင်တော့ဘူး ဆိုတာကတော့ မြေကြီး လက်ခတ်မလွဲ သေချာပါတယ်။ တစ်နေ့ ကျနော့လို စာတွေ ရေးဦးမယ့် ညီငယ်ညီမငယ်တွေ သူ့အနားမှာ ရှိနေပြီလေ............။

အတွေးတွေ ဝေနေလိုက်တာ အလုပ်လာအပ်လို့ ခုနက ဖွင့်ထားတဲ့ http://www.facebook.com/group.php?v=wall&ref=search&gid=92184520401 လင့်ခ်လေးကို ပိတ်ပြီး အလုပ်လုပ်လိုက်ဦးမယ်ဗျာ။

ဗီလိန်

မှတ်ချက် ။ ။ ကန်တင်း အစားအသောက်ညံ့သော၊ အဖြူရောင်တီဗွီ ဖြူဖြူလေးများ သော့ခတ်ထားတတ်သော၊ အဲကွန်းမဖွင့်သည့် စာကြည့်တိုက်ရှိသော၊ ဘွဲ့ဝတ်စုံ၌ အပြာရောင် ဖဲပြားလေး ပါသော..................

Chinatown Night



ဖေဖေ၊ မေမေ၊ သမီးလေး၊ သားလေး၊ ကင်မရာတစ်လုံး၊

ရောင်စုံမီးလုံးများနဲ့ ချိုင်းနားတောင်းညတစ်ည...............


ဗီလိန်

အခန်း

ချစ်သူ့ပါး ကျနော့အနမ်းလေး စီးဆင်းခဲ့တုန်းက
သူရယ် ကျနော်ရယ်၊ ရေမွှေးနံ့ သင်းသင်းလေးရယ်
သူ့ရင်ခုန်သံကို ကျနော့ညာဘက် ရင်အုံက နားလည်သလို
ကျနော့ရင်ခုန်သံကို သူ့ညာဘက် ရင်အုံက သဘောပေါက်တယ်
ပွင့်ဖတ်ကြွေတဲ့ ပန်းတစ်ပွင့် မဟုတ်ခဲ့သလို
ခုန်အုပ်ဖူးတဲ့ ကျားတစ်ကောင်လည်း မဖြစ်ခဲ့ဘူး
နူးညံ့ခြင်း အသင်္ချေနဲ့ လောကနီတိကို ခန်းဆီးနဲ့ အတူခဏပိတ်
မမြင်ရတဲ့ မျက်ဝန်းနှစ်စုံ နားလည်စွာ ရှင်သန်နေဆဲ
လေမခတဲ့ ရင်ဘတ်တစ်စုံ သတ်ပုံမှားဆဲ

အို........ ချစ်သူ
အခုတော့.........
အတူလုပိတ်ခဲ့တဲ့ ခန်းဆီးလေးက ဖုန်အလူးလူး
ဖွင့်လိုက်ပိတ်လိုက် မီးခလုတ်လေးက
တစ်နေ့ကိုမှ အဖွင့် တစ်ခါ အပိတ်တစ်ခါ
မက်မောစွာ ရှုရှိုက်ခဲ့ဖူးတဲ့ ရေမွှေးနံ့ သင်းသင်းလေးက
အဖုန်းမဖွင့်တော် အတော်ကြာ

မင်းမျက်ဝန်းတွေ သိပ်လှတယ်....
မင်းအနမ်းတွေ သိပ်ချိုတယ်....
မင်းအပြုစုတွေ သိပ်မက်မောတယ်....
ငါ့အချစ်တွေ မဖြူစင်ဘူးပဲ ပြောပြော
မင်းရင်ဘတ်လေးကို ငါတမ်းတတယ်....
မင်းမရှိတဲ့ ငါ့အိပ်ရာက သိပ်ကျယ်လွန်းတယ်....
မင်းမရှိတဲ့ ငါ့အခန်းက သိပ်မှောင်လွန်းတယ်....
မင်းမရှိတဲ့ ငါ့နှလုံးသား သိပ်ဆာလောင်လွန်းတယ်.... ချစ်သူရယ်

ဗီလိန်


Before 2010 vs After 2009


ရှဥ့်လေးကဲ့သို့........
သဘာဝကို စားသုံးသော သဘာဝကို
မြိန်ရည်ရှက်ရည် ခံယူရင်း
ချုပ်နှောင်မှု ကင်းမဲ့သော ......
အိတ်ကပ်ထဲ၌ ငွေမရှိသော ......
တေလေဘဝတစ်ခု ပြန်ရချင်တယ်
ရှူစရာ လေဝဝ တစ်ခုတော့ ရှိတာပေါ့

ဗီလိန်