မင်းတို့မသိတဲ့ ငါ့အကြောင်း

မင်းတို့ပြောတဲ့ လှပတယ်ဆိုတဲ့ အဆင်းတစ်ခု ငါ့မှာမရှိဘူး
မင်းတို့ပြောတဲ့ ခန့်ညားတယ်ဆိုတဲ့ အရာတစ်ခု ငါ့မှာမရှိဘူး
မင်းတို့ပြောတဲ့ တောက်ပတယ်ဆိုတဲ့ အမွှေးအတောင်တစ်ခု ငါ့မှာမရှိဘူး
မင်းတို့ပြောတဲ့ တော်ဝင်စာရင်းထဲ ငါမပါဘူး

ဇီဝဇိုးလိုလည်း ဆေးဖြစ်စေမယ့် အသိုက် မဆောက်တတ်သလို
လင်းနို့လိုလည်း မြေသြဇာဖြစ်စေမယ့် မစင် မစွန့်တတ်ဘူး
ကြက်တွေလိုလည်း အိပ်ယာ မနှိုးပေးတတ်သလို
ဘဲတွေလိုလည်း ဥဥမပေးတတ်ဘူး

ရေကူးတတ်တဲ့ ပင်ဂွင်းငှက်လည်း မဟုတ်ဘူး
အပြေးသန်တဲ့ ငှက်ကုလားအုတ်လည်း မဟုတ်ဘူး
သူများ သားငယ်သမီးငယ်ကို ချီတဲ့ သိမ်းငှက်လည်း မဟုတ်ဘူး
သူများ လှန်းထားငါးခြောက် ခိုးစားတဲ့ ကျီးကန်းလည်း မဟုတ်ဘူး

လူတွေကပြောတယ်
ငါဟာ ရုပ်ဆိုးတယ်
ငါဟာ ဗီလိန်
ငါဟာ ငှက်ဆိုး
ငါဟာ ကျက်သရေမရှိတဲ့ငှက်
ငါဟာ အသားစားငှက်
ထားလိုက်ပါတော့ မင်းတို့သတ်မှတ်ချင်သလို သတ်မှတ်
တစ်ခုတော့ပြောလိုက်မယ် သက်သက်လွတ်မစားပေမယ့်
သူများအသက်ကိုမသတ် သူများပစ္စည်းမခိုး
ငါးပါးသီလလုံပါတယ်လို့ ပြောရင်ယုံမလား???
တော်ဝင်ငှက်ထဲမပါပေမယ့်
စေတီပေါ်က ငှက်မြတ်နားတော်မှာ
နားခိုခွင့်ရတဲ့ ၅ကောင်တည်းသောငှက်ထဲက
ဠင်းတ........။

ဗီလိန်

ဠင်းတအကြောင်းကို ဒီလင့်ခ် မှာဖတ်ကြည့်လို့ရပါတယ်။



ဓာတ်ပုံလေးကို www.haryana-online.com/ ကနေကူးယူပြသပါတယ်။ ဖော်ပြထာတာက ခေါင်းနီဠင်းတ (Red-Headed Vulture) အမျိုးအစားပါ။

15 comments:

တက်လူငယ် said...

လူတွေကပြောတယ်
ငါဟာ ရုပ်ဆိုးတယ်
ငါဟာ ဗီလိန်
ငါဟာ ငှက်ဆိုး
ငါဟာ ကျက်သရေမရှိတဲ့ငှက်
ငါဟာ အသားစားငှက်
ထားလိုက်ပါတော့ မင်းတို့သတ်မှတ်ချင်သလို သတ်မှတ်
တစ်ခုတော့ပြောလိုက်မယ် သက်သက်လွတ်မစားပေမယ့်
သူများအသက်ကိုမသတ် သူများပစ္စည်းမခိုး
ငါးပါးသီလလုံပါတယ်လို့ ပြောရင်ယုံမလား???
တော်ဝင်ငှက်ထဲမပါပေမယ့်
စေတီပေါ်က ငှက်မြတ်နားတော်မှာ
နားခိုခွင့်ရတဲ့ ၅ကောင်တည်းသောငှက်ထဲက
ဠင်းတ........။

ကဗျာလေးနဲ့တင်ပြထားပုံလေးက ရှင်းလင်းပါတယ်ဗျာ။ ကဗျာကောင်းလေးပါလို့ပြောချင်တယ်.။
အားပေးတဲ့..
တက်လူငယ်...

Unknown said...

ကိုဗီလိန်လုပ်ပြီ ခင်ဗျားကတော့..
လှတပတငှက်လေးဆိုတော်သေး..
အဟား
ကဗျာလေးက အရမ်းမိုက်တော့..
အရမ်းကြိုက်သွားပြီဗျို့ 

လင်းဒီပ said...

လိန်လိန်က ဓာတ်ပုံထဲမှာ ပိုချောတယ်နော်..:P

sait phay yar said...

လိန်ရေတော်ကြာ နင့်ဘဘော့လာရတာလည်း zoo ရောက်နေတယ် ထင်နေကြဦးမယ်

khin oo may said...

စိတ်ဝင်စားစရာဘဲ။

khin oo may said...

ဟုတ်သွားဖတ်ပြီးသွားပြါီ့ပိ။ တကယ်စိတ်ဝင်စားစရာပါဘဲ

Dream said...

လုပ်ချလိုက်ပြန်ပြီ ဘီဘီတို့တော့...
ZOO ထဲကတိရစ္ဆာန်တွေ မစုံသေးဘူး...
ဒါနဲ့ ဘယ်တုန်းကဠင်းတဖြစ်သွားတာလဲ..
မိုက်တယ်နော်...ဠင်းတတောင်မှ အကောင်းစားလေး..
ဟီးဟီး
အတွေးအရေးလေးက ဂွတ်တယ်ဗျာ..

ငါဟာ ငှက်ဆိုး
ငါဟာ ကျက်သရေမရှိတဲ့ငှက်
ငါဟာ အသားစားငှက်
တော်ဝင်ငှက်ထဲမပါပေမယ့်
စေတီပေါ်က ငှက်မြတ်နားတော်မှာ
နားခိုခွင့်ရတဲ့ ၅ကောင်တည်းသောငှက်ထဲက
ဠင်းတ........

အတွေးလေးဂွတ်တယ်.. ကဗျာလေးစပ်ထားတာက
လည်းလန်းတယ်..

ဒါနဲ့သတိတစ်ခုပေးမယ်နော်.. ပျံမယ်ဆိုရင်တော့
ပျင်းရင်တောင်မနားသင့်တဲ့အရပ်ကို မပျံနဲ့နော်..
ဟဲဟဲ..တော်နေ ရုံသွင်းပြနေမှာ စိုးလို့.. :P :P

Anonymous said...

ရိုး ဗီလိန် ...

ဇီဝဇိုးလိုလည်း ဆေးဖြစ်စေမယ့် အသိုက် မဆောက်တတ်သလို
လင်းနို့လိုလည်း မြေသြဇာဖြစ်စေမယ့် မစင် မစွန့်တတ်ဘူး
ကြက်တွေလိုလည်း အိပ်ယာ မနှိုးပေးတတ်သလို
ဘဲတွေလိုလည်း ဥဥမပေးတတ်ဘူး

သိပ်ကောင်းတဲ့ ဥပမာပေးအဖွဲ့အနွဲ့ အဖြစ် ခံစား၊ နှလုံးသားထဲကို တန်းတန်းမတ်မတ်ဝင်။

လူတွေကပြောတယ်
ငါဟာ ရုပ်ဆိုးတယ်
ငါဟာ ဗီလိန်
ငါဟာ ငှက်ဆိုး
ငါဟာ ကျက်သရေမရှိတဲ့ငှက်
ငါဟာ အသားစားငှက်
ထားလိုက်ပါတော့ မင်းတို့သတ်မှတ်ချင်သလို သတ်မှတ်
တစ်ခုတော့ပြောလိုက်မယ် သက်သက်လွတ်မစားပေမယ့်
သူများအသက်ကိုမသတ် သူများပစ္စည်းမခိုး
ငါးပါးသီလလုံပါတယ်လို့ ပြောရင်ယုံမလား???
တော်ဝင်ငှက်ထဲမပါပေမယ့်
စေတီပေါ်က ငှက်မြတ်နားတော်မှာ
နားခိုခွင့်ရတဲ့ ၅ကောင်တည်းသောငှက်ထဲက
ဠင်းတ........။

ဘ၀ပေးအခြေအနေတစ်ရပ်ကို စိတ်ဓါတ်နဲ့ အပြုသဘောဆောင် မြှင့်တင်၊
ဘ၀ရဲ့ စိန်ခေါ်မှုတစ်ရပ်ကို မိုးခါးရည်မသောက်ပဲ ကျော်ဖြတ်၊
မှတ်တမ်းမှတ်ချက် တစ်ရပ်အနေနဲက ဆိုရ ... ရင် ...။

ဠင်းတတစ်ကောင်လို ထင်မှတ်စေတဲ့ ခံစားချက်နဲ့ ကိုယ့်လူ ...
အတွေး၊ အရေးနဲ့ ကာရံတေးတွေ စည်းချက်ဟပ်တဲ့
ကဗျာကောင်း ... ။

ရွှေပြည်သူ (ShwePyiThu) said...

မောင်လေးဗီလိန်ရေ... ပို့စ်တွေက အမြဲတမ်း တခုခုကျန်ခဲ့စေပါတယ်။ လင်းတအကြောင်းကို အခုမှ သေချာသိရ တွေးရတော့တယ်။ ဟုတ်တယ်နော် လင်းတကိုဆို လူတွေက ငှက်ဆိုးငှက်ယုတ်လို့ပဲ ပြောကြတာ... ဒီလိုတွေးကြည့်တော့လည်း... ဘာပဲဖြစ်ဖြစ် အရာရာဟာ အမြင်တစ်ခုပေါ်မူတည်ပြီး ပြောင်းနေတာပါပဲ...

Anonymous said...

ကဗျာက အမိုက်စားပဲဗျို့...။
တွေးထား ရေးထားတာလေးတွေ ကောင်းတယ်ဗျာ...။ တကယ်တမ်းလည်း တန်ဖိုးဆိုတာ တန်ဖိုးသိတဲ့သူအတွက် နှိုင်းရတစ်ခုလိုပါပဲဗျာ

ဗီလိန် said...

ငှက်မြတ်နားတော်သွန်းလောင်းရင် ငှက်၅မျိုးသွန်းလောင်းခွင့်ရှိပါတယ်။ အဲ့ဒီထဲမှာ ဠင်းတပါတယ်လို့ မှတ်သားမိဖူးတာလေးရှိလို့ပါ။ ရွှေတိဂုံစေတီမှာတော့ အဲ့ဒီနေရာမှာ ဗုဒ္ဓပုံတော်ပါ။ အဲ့ဒါက ရွှေတိဂုံစေတီရဲ့ ထူးခြားချက်တစ်ခုပေါ့။ လာရောက်ဖတ်ရှုသူတွေအားလုံး ကျေးဇူးတင်ပါတယ်ဗျာ။

Andy said...

တကယ်ကောင်းတဲ့ကဗျာပါ...
ကျွန်တော်ဆို ရေးနိုင်မယ်မထင်ဘူး

Anonymous said...

အားပါး
ပြောင်မြောက်လိုက်တဲ့ ကဗျာလေးဗျာ
သဘောကျတယ်
အားပေးနေမယ်
ပျံသာပျံ ပျံသာပျံ ဟိုနေရာရောက်တဲ့အထိပျံသန်းပြစ်လိုက်
အဲဒီနေရာရဲ့အပေါ်ကိုရောက်မှ မစင်တွေသာ စွန့်ချပြစ်လိုက်ဗျာ.......

ရွှန်းမီ said...

ရှားပါး သတ္တ၀ါ

မိုးခါး said...

ဠင်းတ ဆို ကျက်သရေမရှိဘူးပဲ ပြောတတ်ကြတာနော်
သူ့ရဲ့ အဆင်းအသွင်ကြောင့်လားတော့မသိဘူး
ကာတွန်းထဲ ဆွဲလိုက်ရင်လဲ အရုပ်ဆိုးဆိုးကြီးတွေကိုးးး
:D