ဗလာ

ကောင်းကင်ထက်ဝယ်
ကြယ်တွေနဲ့လင်း
လမင်းအောက်မှာ
ကဗျာတွေရေး
ဂစ်တာလေးနဲ့
သံစဉ်တွေညည်း
တစ်ကိုယ်တည်းပဲ
ငေးနေမိတယ်
လမင်းလေးရယ်။
ရေးနေမိတာ အချစ်ကဗျာ
ညည်းနေမိတာ အဆွေးသံစဉ်
ဆိုနေမိတာ အလွမ်းသီချင်း
တကယ်တမ်းကျတော့
ငါ့မှာ……
ငေးစရာ ချစ်သူမရှိ
ဆွေးစရာ အလွမ်းမရှိ
တွေးစရာ အချစ်မရှိ
ဘာမှမရှိ ဗလာနတ္ထိ

ဗီလိန်

ဟိုတုန်းက ရေးခဲ့တဲ့ကဗျာလေးပါ။ ကဗျာတွေ စရေးကာစကပေါ့။

4 comments:

သံလွင် HeRo said...

ကိုဗီကဗျာဖတ်ပြီးမှပဲ လသာတဲ့ညတွေမှာဂီတာတီပြီးသီချင်းဆိုတဲ့နေ့လေး
တွေကိုလွမ်းမိတယ်ဗျာ...
ဖတ်လို့ကောင်းတယ်ဗျို့...

Anonymous said...

ဘာမှ မရှိပဲနဲ့လဲ ကြံဖန်ပြီးတော့ကို လွမ်းဆွေးနေတာပေါ့...
ကောင်းပါ့ ဗီလိန်ရယ်

sait phay yar said...

မရှိတာကျန်ဖန်ရေးတော့လည်း ဗလာ လေးလည်းကဗျာဖြစ်သွားတာပေါ့နော်

Anonymous said...

အယ်...... ကဗျာဆရာပီသပါပေ့ ချစ်သူမရှိတာတောင် အလကားနေရင်း လွမ်းဆွေးနေရတယ်ဆိုလို့ပါ