ကမ်း

ဟုတ်တယ်။ ငါဟာတေလေငှက်
အနေမတတ်လို့လဲ သေမတတ်ခံခဲ့ရပြီးပြီ

ဆာလောင်မွတ်သိပ်ခဲ့တဲ့ လောဘတချို့နဲ့
ပြောမရအောင် ဆိုးပြခဲ့ပြီးပြီ

ဆန္ဒများနဲ့ မွန်းကြပ်
ရူးမတတ်လဲ ဒုစရိုက်မှာ ပျော်ဝင်ခဲ့ပြီးပြီ

ငွေခေါ်ရာနောက် တကောက်ကောက်
ငါးပါးသီလတွေလည်း
အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီးပြီ

အတ္တပြေးလမ်းမှာ
မာနတစ်ခုရဲ့ အရှိန်အဟုန်နဲ့
မာန်ဟုန်ပြင်းပြင်း ချီတက်ခဲ့ပြီးပြီ

“ငါ” ဆိုတဲ့စိတ်
မအိပ်ရတဲ့ ညတွေလည်းများခဲ့ပြီ

မျက်စိစုံမှိတ် ကြိတ်ခဲပျံသန်း
မောပန်းလာတော့........
နားစရာ တန်း၊ ကပ်စရာ ကမ်းမရှိတဲ့ ပင်လယ်ပြင်လေ………………။

ဗီလိန်

5 comments:

Anonymous said...

အဆုံးသတ်ကတော့စိတ် ပါပဲဗျာ

Anonymous said...

နဲနဲတော့ လျှော့လိုက် ဆရာ....

Anonymous said...

ကဗျာလေးကောင်းတယ်ဗျာ။

ပျံသန်းခြင်းရပ်ဝန်း said...

ငါဟာတေလေငှက်
အနေမတတ်လို့လဲ သေမတတ်ခံခဲ့ရပြီးပြီ


အတော်ကာင်းတဲ့ ကဗျာပဲဗျ...။
အားမာန်အပြည့်ပဲ....။

မောင်ဖားကြီး said...

ဒီကဗျာလေးကို ကြိုက်ပေမယ့် comment ပေးတုန်းက ကွန်နက်ရှင်က
တကယ်ကို ဆန့်ငင်ဆန့်ငင်ဖြစ်သွားလို့ အခုမှရေးဖြစ်တာ။ တကယ်ကောင်း
တယ် ကြိုက်လည်းကြိုက်တယ်ဗျာ