မနက်ခင်း ဘုံလောင်းတစ်ခု


တုတ်………… တုတ်……….. တုတ်………. တုတ်……… တုတ်…….. တုတ်……. တုတ်…… တုတ်….. တုတ်…. တုတ်… တုတ်.. တုတ်. တုတ် တုတ် တုတ်………… တုတ်
ပထမအုန်းမောင်း။ ကြိမ်းရာမှထလိုက်ပါတယ်။ ဒီနေ့ တနင်္ဂနွေမို့ ဘုံလောင်းတွေပေါတယ်။ ဒီတစ်ပတ် စာအံတွေများတာကြောင့် တစ်ပတ်လုံး ကောင်းကောင်းမဘုန်းခဲ့ရ။ ဟိုဘက်တစ်ရပ်ကွက်ကျော်မှာ ဝက်သားဆိုပဲ။ မနေ့က ကျောင်းနီးချင်း ကိုရင်တစ်ပါး ပြောလိုက်တာလေ။ ဒီကိုရင်လေးက အင်ဖော်မေးရှင်းဆို ကောင်းပါ့။ မျက်နှာသစ်ပြီးတာတောင် ကိုရင်တို့ကမနိုးသေး။ မနေ့ကတည်းက အတူတူသွားဖို့ ညှိထားပြီးသား။ အမြန်နှိုးပြင်ဆင်ခိုင်းလို့ ထွက်လာခဲ့ပါတယ်။ မနက်စောစောမို့ ဆိုက်ကားသမားနဲ့ ကျုပ်တို့ဘုံလောင်းစီမယ့် ကိုရင်၊ သံဃာတွေပဲ မြင်ရတယ်။ ဒီနေ့ တော်တော်တောင် စည်သလိုပဲ။ နဂိုဆို ဒီနေ့လောက် မတွေ့ရ။ ပြီးမှစဉ်းစားမိတယ်။ စာမေးပွဲတွေ ပြီးပြီကိုး။ စာမေးပွဲပြီးလို့ ဘုံလောင်းလိုက်ခံနိုင်တာ။ ဘုံလောင်းမှထွက်မခံရင် ကျောင်းက ငပိကြမ်းနဲ့တို့စရာပဲ။ တစ်ပတ်တစ်ခါ ဘုံလောင်းလေးနဲ့မို့ တော်သေးတာ။ ဒကာတွေကလည်း ပိုလျှံနေတဲ့နေရာတွေမှာပဲ ခေါင်းစဉ်တပ်ခံချင်နေကြတာ။ တခါတခါများ ဟိုဘက်ကျောင်းကရိပ်သာမှာ မုန့်ဟင်းခါးတွေသွန်သွန်ပစ်ရင် ဒီဘက်ကကြည့်ပြီး နှမြောလိုက်တာ။ ကိုရင်ငယ်လေးတစ်ပါးဆိုရင် “မွန့်… မွန့်ဟင်းခါးတွေ။ တွန်…တွန်နေတယ်။” ဆိုပြီးနှမျောတသပြောရှာလေရဲ့။

ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားရင်း လမ်းလျှောက်လာလိုက်တာ ဝက်သားတိုးရမယ့် နေရာတောင်ရောက်ပါပြီ။ ကြည့်လိုက်တော့ အပါး ၅၀လောက်။ သြော်…ကျုပ်တို့ထက် ဝီရိယသာသူတွေပေါ့။ မဆိုးပါဘူး ဝက်သားအိုးကကြီးသားပဲ။ အဆင်ပြေလောက်ပါတယ်။ ဝင်ပြီးတန်းစီလိုက်တော့ ကျုပ်ရှေ့က ဦးဇင်းကအသိပဲလေ။ အရင်တစ်ခေါက်စာမေးပွဲတုန်းက ရှေ့ဆင့်နောက်ဆင့်ဖြေရတာ။ သူနဲ့တောင် ညကဘောပွဲအကြောင်း ပြောဖြစ်သေးတယ်။ ဘောပွဲအကြောင်းပြောတယ်ဆိုလို့ အထင်တော့ မသေးစေချင်ဘူး။ ကြည့်ပဲကြည့်တာ လောင်းတာတို့ဘာတို့မပါပါဘူး။ ကျုပ်တို့ သံဃာတွေက ထောင်နဲ့ချီတဲ့ဝိနည်းတွေကို ထိန်းသိမ်းရပါတယ်။ ဒီလို အားတဲ့အချိန်လေး တခါတလေ ဘောပွဲလေးကြည့်တာတို့၊ ညဖက်စာကျက်နေတုန်း ဗိုက်ဆာလွန်းလို့ ငှက်ပျောသီးလေး တစ်လုံးလောက်စားမိတာတို့၊ ကိုရင်လေးတွေဂိမ်းဆော့တာတို့ကို အပြစ်ကြီးတစ်ခုဆိုပြီးတော့တော့ မပြောပါနဲ့ဗျာ။ ကျုပ်တို့ ဘောပွဲကြည့်တာ၊ ငှက်ပျောသီးစားမိတာ အပြစ်ရှိတာမှန်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မထိခိုက်ဘူးလေ။ နောက်ပြီး ကျုပ်တို့က ပုတုဇဉ်ပဲရှိသေးတယ်လေ။ မြတ်စွာဘုရားဟောထားခဲ့တဲ့ တရားတော်တွေကို ထိမ်းသိမ်းစောင့်ရှောက် ဖြန့်ဝေဖို့လည်း တာဝန်ကရှိသေးတယ်လေ။ အင်း…… တစ်ခုတော့ရှိတယ်။ ကျုပ်ပြောတဲ့အထဲမှာ လောဘကို အားပေးတဲ့လောင်းကစားတွေကို လုပ်တဲ့၊ အားပေးနေတဲ့ အချို့အချို့သောသံဃာတွေ မပါဘူးနော်။ ကဲထားပါတော့လေ။ သိအောင်ပြောပြတာပါ။ ကိုယ့်အပြစ် ကိုယ်ဖုံးနေတာမဟုတ်ပါဘူး။ ကျုပ်အလှည့်ရောက်တော့မယ်။ မနက်အစောကြီးထပြီး အဝေးကြီးကနေ လမ်းလျှောက်ကြွလာ ဒီဝက်သားလေး ၂ ဖတ်၊ ၃ ဖတ် အတွက်ပါ။ ခုတော့ရပြီ။ လိုချင်တာရပြီဆိုတော့ ကျောင်းပြန်ရုံပေါ့။

ကျုပ်ကိုရင်နှစ်ပါးကတော့ နောက်တစ်ခေါက် ထပ်ပြီးတန်းစီလေရဲ့။ ကျောင်းကိုအပြန် ကာဖေလေးသောက်ချင်တာနဲ့ လက်ဘက်ရည်ဆိုင်ဘက်ထွက် လာခဲ့တယ်။ ဆိုင်ရှေ့ရောက်တော့ ဒကာမတစ်ယောက်မေးလိုက်တာက “ဦးဇင်းဘာကောင်းလဲ”တဲ့။ ကျုပ်ကလည်း “ဦးဇင်းမသိဘူး”လို့ ပြောလိုက်တော့။ သူက ဘာပြန်ပြောတယ်မှတ်လဲ။ “ဘုန်းကြီးဖြစ်ပြီး ဒါတောင်မသိဘူး”တဲ့။ သြော်လူတွေ…လူတွေ… တယ်ခက်ပါလား။ မေးသင့်တာက ဆွမ်းကိစ္စ ပြေလည်ရဲ့လား။ စာမေးပွဲဘယ်တော့လဲ။ ဒါမျိုးဖြစ်သင့်တာပေါ့။ ဒီလို ဒကာတွေလုပ်လို့ပဲ သံဃာတော်တွေ ပျက်စီးနေတာပါ။ အခုလို စနေ၊ တနင်္ဂနွေလိုနေ့မျိုးဆို ဘုံလောင်းလေးနဲ့ အစဉ်ပြေပေမယ့် ငါးပိရည်နဲ့ တို့စရာတလှည့်၊ အသီးအရွက်ကြော်လေးတလှည့်နဲ့ သွေးအံမတတ် စာကျက်နေရတဲ့ ကျုပ်တို့လို စာသင်သား သံဃာတော်တွေမှာ ဒါတွေလုပ်ဖို့လည်း အချိန်မရှိပါဘူး။ စာမေးပွဲရက်များဆိုရင် မအိပ်ရတာတောင်ရှိသေးတယ်။ ကာဖေသောက်ပြီးတော့ ခြောက်နာရီခွဲပြီ။ ခပ်သွက်သွက်ပြန်မှ။ ကျောင်းရောက်ရင် ဘုရားရှိခိုးပြီး တစ်စုံတည်းသော အပိုသင်္ဃန်း ခပ်ရိရိကိုလျှော်ရဦးမယ်။

မှတ်ချက်။ ။ အရှင်ကောသလ္လ (ဓမ္မစေတီ) တရားတော်များမှ ကိုးကားပါတယ်။ ဗုဒ္ဓ၏ သာသနာတော်ကို နှစ်ပေါင်း ၂၅၅၁ နှစ်ကျော်တိုင်တိုင် အကောင်းအတိုင်း မပျက်မစီးအောင် ထိမ်းသိမ်းစောင့်ရှောက်လာသော သံဃာတော်များ၏ ဘဝကို စာနာထောက်ထား ပူဇော်ရှိခိုးလျက်။
ဓာတ်ပုံကိုတော့ http://www.allmyanmar.com/ ကနေပူဇော်ပါတယ်။

8 comments:

Anonymous said...

နာတဲ့တရားတွေကို ဖြန့်ဝေပေးတာ ကျေးဇူးပါဗျာ

သံလွင် HeRo said...

တော်တော်လေးကောင်းတယ်ဗျာ.သံဃာတော်တွေရဲ့
ရုန်းကန်နေရတဲ့ဘဝကိုထင်ဟပ်စေတဲ့အတွက်
ကိုဗီလိန်တို့တော့လုပ်ချလိုက်ရင်အလန်တွေချည်းဘဲ
ဟဲဟဲ

Anonymous said...

တကယ်ကို ရေးသင့်ရေးထိုက်တဲ့ စာတစ်ပုဒ်ပါခင်ဗျာ။

လင်းဒီပ said...

အော် ဗီလိန် ဗီလိန် ဒီလိုတော့လည်း...ဘုရားမှန်း တရားမှန်း..သိသားပဲ.....:P

ခေါင်ခေါင် said...

သာဓု သာဓု ..အ ဟမ်း အဟမ်း...

ဒါမျိုးလဲရတာပဲနော်..မထင်ရဘူး..

Anonymous said...

အစကတော့ ဘုံလောင်းဆိုတာဘာကိုပြောတာလဲမသိဘူး၊ တစ်ခါမှလည်းမကြားဖူးဘူး။
ဘုံကျောင်းလိုမျိုးလားလို့။
ဒီနေ့မှဖတ်ဖြစ်တာ၊ ကောင်းပါတယ်။
(မြန်မာစာ သတ်ပုံမမှန်တာကလွဲလို့)
ဟီး.....

အလင်းစေတမန် said...

“ဦးဇင်းဘာကောင်းလဲ” လို. ရှိတာပဲလား ဟားဟား

တောင်ပေါ်သား said...

ဒီမှာပါ မွှေသွားတယ်း) ပညာပါတယ် မောင်ဗီလိန်ရေး) နင့်နားလာသင်မယ်

လေးစားလျက်
တောင်ပေါ်သား