သင်ဘာဖြစ်ချင်သနည်း
ပူနေသည်။ အေးနေသည်။
အိပ်နေသည်။ ပြီးတော့ ထပြန်သည်။
နေ၀င်သွားပြီ။ ဟော.. ပြန်ထွက်လာပြန်ပြီ။
သတ္တလောကဆိုတာ အခန်းကြီး တစ်ခုလိုပဲ။
မနေနိုင်တဲ့ ရက်စက်မှုတွေ အချိန်တိုင်း ဆက်လက်ဖြစ်ပျက်နေ..
ဗီလိန် မင်းရေးတဲ့ စာသားတွေ မိုက်တယ်။
ဒါပေမယ့် ငါ Tag ဆိုတာ ဘာမှန်း ငါမသိ..
အချိန်ရရင် ရေးမယ်။ အိုး.. .. ..
နေ၀င်နေပြီ။ ငါ့စာကို ဖတ်ပြီး စိတ်မပျက်ကြပါနဲ့..။
မင်းသင်္ခ ရှီးသွားပြီ။ ကြီးမားသော ဆုံးရှုံးမှုတစ်ခု.. ..
မနေ့က ငါ အိပ်ရာထ နောက်ကျတယ်။
ဒီနေ့ ငါ တရေးပဲ အိပ်ရသေးတယ်။
ညက စွတ်စို ထိုင်းမှိုင်းနေတယ်။ မိုးသက်မုန်တိုင်းတွေကလည်း
အရာရာကို ကြည်စားနေတုန်း။ အေးစိမ့်တဲ့ လေငွေ့က
အချိန်နဲ့ အမျှ ရင်ဘတ်ထဲ တိုးဝင်နေတယ်။
အမ်.. နေ့တွေ ရက်တွေ လွဲကုန်ပြီ။
မင်း သိလား ဗီ။ ကျောင်းတုန်းက ငါ ဘယ်တော့မှ ပေါ်ပြူလာ မဖြစ်ခဲ့ဘူး။
ဒါပေမယ့် ငါ ဘာမှ မဖြစ်ခဲ့ဘူး။ ပြောရင်း ဆိုရင်း ငါ့ နှာဝမှာ
ချောင်းသာလေကို ရနံ့ ရပြန်ပြီ။ အုန်းရည်စိမ်လေး ငါ့ကို
ဘယ်သူ ၀ယ်တိုက်ခဲ့တာပါလိမ့်.. ပြန်စဉ်းစားတယ်..
အချိန်က ငါ့ကို မေ့လျော့စေတယ်။
သူငယ်ချင်းကောင်းတွေနဲ့ ဝေးရာမှာ ..
အဖြစ်အပျက်မှန် ရင်ဆိုင် ကျော်လွှားနေလျက်က
မင်းတို့ ကို အမြဲတမ်း သတိရနေခဲ့တာပါ..
ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ဘယ်သူမှ မသိပါ.. ကျွန်ုပ်ကိုယ် ကျွန်ုပ်လည်း မသိပါ..
ဘာကြောင့်ဆို လေနှင့် အချိန်က စိတ်ကို နေ့ည ပြောင်းလဲစေလို့.
လူတိုင်း ထင်နေကြတာတွေ မှားတယ်။
ခွဲခွာပြီးရင် ပြန်ဆုံရဖို့ မမျှော်လင့်ခဲ့ဘူးတဲ့.. သူငယ်ချင်း တစ်ယောက်က
အလယ်မှာ ပင်လယ်ခြားနေတယ် ဆိုရင် အဖြစ်အပျက်တွေက ၎င်းကို
ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။
လေးကို လေးနဲ့ စားရင် ဘာဖြစ်သနည်း။
ဒါဆို လေကို လေနဲ့ စားလိုက်ရင်ရော ဘာဖြစ်မှာလဲ..
ငါကတော့ "ငါ"ကို "ငါ"နဲ့ ပဲ ပြန်ပြန်စားလေ့ရှိနေတယ်။
ဒီဆန်လွန်းမှုက နေ ရုန်းကန်ထွက်ပြေးကြရအောင်..
အပြောလွယ်တယ်။ အလုပ်ခက်တယ်။
အလုပ်လွယ်ရင်ကော အပြော ခက်သွားမလား..
နောက်ဆုံး အတိတ်စကားလုံး
ငယ်ရွယ်မှု။ ပျော်ရွှင်မှု။
ဖြုန်းတီးခြင်း။ မုန်းတီးခြင်း။
အဘိုးအို။ လူငယ်
ငါ။ နင်။
-- Life is too short...!
သူငယ်ချင်း နေမင်းရဲ့ သင်ဘာဖြစ်ချင်သနည်း ကဗျာလေးပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment