ကျွန်ုပ်၏ ဖွင့်ပွဲများ

ဒီခေါင်းစဉ်(ပထမဆုံးများ)ကို မတက် (TAG) ပါနဲ့လို့ အကြိမ်ကြိမ်ပြောတယ်။ မဖြစ်ဖြစ်အောင် တက်(TAG) တယ်။ အခုတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတော့မယ်။ ခေါင်ခေါင်ရေ သိပ်သိချင်ရင်လာဖတ်။ ကောင်းတာတော့ တစ်ခုမှမပါဘူး။ ဗီလိန်ပါဆိုမှ ကောင်းတာရှိပါ့မလား။ ဟုတ်ဘူးလား။

ပထမဆုံး အကြီးအကျယ် အရိုက်ခံရတာ …… ကွမ်းစားလို့ ဆရာက သူလက်ညောင်းတဲ့အထိ ရိုက်တာ။
ပထမဆုံး ကျောင်းပြေးတာ …… ငယ်သေးတယ်။ အတန်းတောင်မမှတ်မိတော့ဘူး။ အိမ်စာတွေ မပြီးလို့။
ပထမဆုံး သူများအသတ် သတ်ခဲ့တာ …… တီကောင်ကို ဆားပတ်ပြီးတော့။
ပထမဆုံး လိမ်တာ …… အဖေ့ကို စာတွေမပြီးသေးပဲ ဆော့ချင်လို့။
ပထမဆုံး သူများကိုဒုက္ခပေးခဲ့တာ …… အတန်းထဲက ကောင်မလေးတစ်ယောက်ရဲ့ ကွန်ပါဘူးကို ဖွက်ထားတာ။ တော်တော်နဲ့ကိုပြန်မပေးတာ။
ပထမဆုံး ခိုးတာက …… စာမေးပွဲမှာ မေးခွန်းထဲမှာမေးတာ တစ်ခုမှကိုမသိခဲ့တာ။ မအောင်ပါဘူး။ ပထမဆုံး စာမေးပွဲကျဖူးတာပဲ။
ပထမဆုံး အရက်သောက်တာ …... ၁၀တန်းပြီးတာနဲ့ စသောက်တော့တာပဲ။

ပထမဆုံး လောဘ ...... ဘောပွဲ စလောင်းတတ်တုန်းက။ နောက်ပိုင်း အစုံကိုတတ်လာတော့တာပဲ။
ပထမဆုံး ဒေါသ …… အမေထည့်ပေးလိုက်တဲ့ ထမင်းဘူးကို မှောက်အောင်လုပ်ခဲ့တဲ့ သူငယ်ချင်းကို။
ပထမဆုံး မောဟ …… သူ့ကိုစပြီးစွဲလမ်းခဲ့တုန်းက။ အခုထိစွဲလန်းနေတုန်းပဲ။
ပထမဆုံး မာန …… ငယ်ငယ်တုန်းက အဆင့်တစ်ရတုန်းက။ တစ်ခါတည်းရဖူးတာပါ။
ပထမဆုံး အတ္တ …… အဒေါ်ပေးတဲ့ ချောကလက်ကို အစ်ကို့ကိုမကျွေးပဲ တစ်ယောက်တည်း စားပစ်လိုက်တုန်းက။
ပထမဆုံး တဏှာ …… ပထမဆုံး ရန်ကုန်ရောက်တုန်းက စိန်ဂေဟာမှာတင်ထားတဲ့ ခလုပ်လေးတွေနဲ့ ဆော့ရတဲ့ ကစားစရာဘောလုံးကွင်း။
ပထမဆုံး နောင်တ …… သိပ်ကြိုက်ပါတယ်ဆိုတဲ့ အဝေးထိန်းကားလေးကို တစစီဖြုတ်ပြီး ပြန်မတပ်တတ်တော့လို့။

ပထမဆုံး အိမ်ကနှင်ချခံရတာ …… ၃ရက်လောက်အိမ်ပြန်မလာလို့။ ပြန်ကိုအလာမခံတော့တာ။ တော်တော်လေး ရှင်းလိုက်ရတယ်။
ပထမဆုံး စခန်းရောက်တုန်းက ……. ဆိုက်ကယ်တိုက်မှု။
ပထမဆုံး ရန်ဖြစ်တာ …… ဘိလျက်ခုံမှာ။ နောက်ပိုင်း အမေက ခဏခဏလိုက်ထုတ်ပေးရတယ်။
ပထမဆုံး ခေါင်းကွဲတာ …… ကျောက်မြောင်းက ရန်ပွဲမှာ။ သူတို့ ၅ ယောက် ကျနော်တို့ ၂ ယောက်။
ပထမဆုံး လက်ကျိုးတာ …… မူးပြီးလှေကားပေါ်က ပြုတ်ကျတုန်းက။
ပထမဆုံး သောက်ခဲ့တဲ့အရက် ...... မြန်မာရမ်။
ပထမဆုံး သောက်ခဲ့တဲ့ဆေးလိပ် ….. မိုင်းလ် ဆဲလ်ဗင်း။

ဒီလောက်ဆိုရတယ်မလား။ တော်ပြီလေ။ ကျန်တာတွေတော့ မပြောချင်တော့ဘူး။ မကျေနပ်သေးရင် မေးလ်ပို့ပေးမယ်။ :)
ကဲ ကိုနေမင်းရေ ပြောကြည့်ပါဦး။
အားမယ်ဆိုရင် မရွှေပြည်သူ လည်းကြားချင်သေးတယ်။
ကို မောင်မောင် ကတော့ပြောပြီးသား။

4 comments:

ခေါင်ခေါင် said...

ဝမ်းသာတယ် ကောင်းတာကို တစ်ခုမှ မရှိဘူး..
ကြည့်တာနဲ့ သိသာတယ်..
ဟွန့်.. လူဆိုး သူခိုး ဂျပိုး ဒါးမြ.. ဘာကျန်သေးလဲ...

ဟီးဟီး...

လင်းဦး(စိတ်ပညာ) said...

အဟဲ... ပထမဆုံးတွေပဲ ရွေးဖတ်သွားတယ်ဗျို့ :)

Anonymous said...

အင်း ကောင်းတာတစ်ခုမှမပါဘူး.... ဟဲ.....
သိရပြီပေါ့.... :P

Anonymous said...

အင်း သူလဲ တမူထူးတဲ့ တစ်ယောက်ပါလား။
ကြိုက်တယ်ဗျာ အဖြစ်အပျက်တွေကို :D
သူတော်ချင်း သတင်းလွေ့လွေ့ပေါင်းလို့ရပြီဗျို့