ကြေကွဲလက်ခုပ်

ငါကိုယ်တိုင်တောင် မစားရက်တဲ့အသီး
ငါ့နှလုံးသားကို မြေဖို့
ငါ့ဆန္ဒတွေ ပေါင်းသင်
ငါ့မာနတွေ ချရောင်း
ငါ့အချိန်တွေ မြှုပ်နှံလို့
စိုက်ပျိုးခဲ့ပြီးပြီ
အသီးအပွင့်တွေကိုလဲ
ငါမစားရက်ပါဘူး
မျက်ရည်တစ်စိမ့်စိမ့် ငိုကြွေးနေတဲ့
ငါ့နှလုံးသားတောင်
မြေသြဇာဖြစ်ခဲ့ပြီးပြီပဲ
ခေါင်းစဉ်တစ်ခုတပ်ဖို့လည်း
မချုပ်နှောင်ချင်တော့ပါဘူး။
ရှင်သန်လိုက်ပါ
လွတ်လွတ်လပ်လပ်ကြီးကို
အောင်မြင်စွာ ရှင်သန်လိုက်စမ်းပါ။
နှလုံးသားမရှိတော့ပေမယ့် လက်ခုပ်သံကတော့ ကျယ်ပါသေးတယ်။

2 comments:

ခေါင်ခေါင် said...

ဒီလိုပဲပေါ့ တစ်ခါတစ်ရံ မသာယာ တဲ့အချိန်တွေလဲရှိမှာပေါ့...

လက်ခုပ်တီးပေးလိုက်တာပဲ ကောင်းပါတယ်..

noblemoe said...

အင်းးးးးးးးးရှင်သန်နေမယ်ဆိုရင် နှလုံးသားပေးရလည်းပေးရပေါ့ 
ငါ့နှလုံးသားတောင်
မြေသြဇာဖြစ်ခဲ့ပြီးပြီပဲ
ခေါင်းစဉ်တစ်ခုတပ်ဖို့လည်း
မချုပ်နှောင်ချင်တော့ပါဘူး။
ရှင်သန်လိုက်ပါ
လွတ်လွတ်လပ်လပ်ကြီးကို
အောင်မြင်စွာ ရှင်သန်လိုက်စမ်းပါ။
ကောင်းလိုက်တဲ့ စာသားလေးတွေပါပဲ။
သာယာချမ်းမြေ့ပါစေနော်
ိမိုး