ပိုလာဝက်ဝံပုံပြင်

မှတ်ချက်။ ။ နိုင်းနိုင်းစနေ ဆီက ပိုလာဝက်ဝံပုံပြင်ကို ထပ်ပြီးဝေမျှလိုက်တာပါ။
သူရေးထားတဲ့ မူရင်းကို ဒီနေရာ မှာဖတ်ကြည့်နိုင်ပါတယ်။
==========================================================================
ဘ၀တွေ.........ကျွန်တော့် အသိ အကိုတစ်ယောက် ပြောပြတဲ့ အကြောင်းလေး တစ်ခုပါ.. အက်စကီးမီုး လူမျိုးတွေ ဟာ ပိုလာ ၀က်ဝံတွေ ကို ဘယ်လိုဖမ်း သလဲဆိုတာ သူငယ်ချင်းတို့ သိကြလား.

အက်စကီးမိုးတွေဟာ ပိုလာတွေ ကိုဖမ်းတော့မယ်ဆိုရင် သူတို့ရဲ့ ချွန်ထက်နေတဲ့ ဓားတွေကို ပုံးထဲကိုထည့် အပေါ်က ဖျံသွေးတွေလောင်းထည့် ပြီးထားကြတယ်..ဖျံသွေးတွေ အေးပြီးခဲသွားတဲ့ အခါ အဲ့ဒီပုံးကို ပိုလာဝက်ဝံတွေ နေတဲ့နေရာ မှာသွားထားကြတယ်..၀က်ဝံတွေ ဟာဖျံသွေးဆိုတော့ အငမ်းမရ လျှာနဲ့ လျှက်စားကြတာပေါ့ ..အဲ့ဒီလိုနဲ့ အထဲမှာရှိတဲ့ ဒါးနဲ့ လျှာကိုဖြတ်မိတာ မသိကြပဲ ဆက်စားနေကြတယ်..ကြတော့ သွေးလွန်ပြီးလဲတာပေါ့..အဲ့ဒီအချိန်မှ အက်စကီးမိုးတွေ ကထွက်လာပြီး ဝိုင်းသတ်ကြတာ..

အဲ့ဒီလိုပဲ နိုင်ငံရပ်ခြားမှာ နေပြီး အလုပ်လာလုပ်....စီးပွားလာရှာတဲ့ လူတွေရဲ့ ဘ၀တွေ ဟာလည်း ဖျံသွေးနဲ့တူတဲ့ ပိုက်ဆံနောက်ကို တစ်ကောက်ကောက် လိုက်ရင်း ဓားထက်ထက်နဲ့ တူတဲ့ ဝေးကွာခြင်း နဲ့ထိမိရှမိပြီး မိဘ-မောင်နှမ-ချစ်သူ-ဆွေမျိုးသားချင်း-သားသမီး-ဇနီးကြင်ယာ နဲ့ ဝေးကွာခြင်းဆိုတာတွေနဲ့ အဆုံးသတ်ရမှာလားတဲ့..ငွေကြေးတွေ ဘယ်လောက်ရနေပါစေ..ကိုယ့်မိဘ ဆွေမျိုးတွေနဲ့ ဝေးကွာပြီး အမြဲမနေပဲ အတူတကွ ပျော်ရွှင်စွာ နေထိုင်နိုင်အောင် ကြိုးစားနိုင်ကြပါစေလို့ အဝေးရောက်သူငယ်ချင်း များ အတွက်။

3 comments:

Anonymous said...

ဒီဆုကိုအရမ်းကြိုက်တယ်..အရမ်းကိုပြည့်စုံကောင်းမွန်တဲ့ဆုပေးနည်းလေးပါ..ပေးတဲ့ဆုနဲ့ပြည့်ရပါစေ..ကိုဗီလိန်။

Anonymous said...

http://nineninesanay.blogspot.com/2007/05/blog-post_25.html

noblemoe said...

အင်းးးးးးးးး ရင်ထဲမှာ ခံစားသွားရတယ်။
တစ်ခါတစ်ခါ ဒီလိုပဲ ခံစားမိပါတယ်။ ငွေရှာနေပေမဲ့ လည်း မပျော်နိုင်ဖူးလေ။ အတကယ်ကို အကျိုးရှိတဲ့ပိုစ့်လေးပါပဲ မောင်လေးရေးးးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး