Hacker သတိ

အခုတလော Hacker တွေတော်တော် သောင်းကျန်းနေတယ်လို့ကြားမိတယ်။ ဟိုတလောကလည်း Blogger တစ်ယောက် Hack ခံရပြီး နိုင်ငံရေးနဲ့မလွတ်တာတွေ Gmail မှာ ရှိလို့ဆိုပြီး အဖမ်းခံရသတဲ့။ အခုလည်းကြည့်။ Gmail Server က ရှင်းလင်းရေးလုပ်မယ်ဆိုပြီး gmail user တွေဆီ mail တွေ ပို့ပြီး Password တောင်းနေတယ်လေ။ Gmail Server က Gmail user တွေရဲ့ Password ကိုသိပြီးသားပဲ။ တောင်းစရာမှမလိုတာ။ user တွေ Password မေ့သွားရင်တောင် ပြန်တောင်းလို့ရသေးတာပဲမဟုတ်လား။ ပြီးတော့ Gmail ကို Register လုပ်စဉ်တုန်းက User Name ကို ဖြည့်ခဲ့ရတယ်လေ။ တကယ်ဆို Dear xxxx ဆိုပြီး User name ကိုသုံးရမှာပေါ့။ အခုဟာက gmail က နာမည်ကိုပဲ @gmail.com ဖြုတ်ပြီး Dear xxxx ဆိုပြီး Mail တွေပို့နေတာပါ။ နောက်တစ်ခုက From: Gmail Team adminstrator.webmail@gmail.com ဆိုပြီးလာတာပါ။ ကျနော်သိရသလောက်ကတော့ Gmail Server လိပ်စာအမှားပို့မိရင်ပြန်လာတဲ့ Mail က From: Mail Delivery Subsystem <mailer-daemon@googlemail.com> ဆိုတဲ့လိပ်စာနဲ့လာနေကြပါ။ Gmail user တွေအနေနဲ့ ဒါကိုသတိထားမိစေချင်လို့ တင်ပြလိုက်တာပါ။ ဒါတွေကို ကျနော်က မသင်္ကာလို့ ကျနော့ အမြင်နဲ့ တင်ပြတာပါ။ အားလုံးအကြံပြုပေးစေချင်ပါတယ်။ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုပေါ့။

သူပို့တဲ့စာကို ဖော်ပြပေးလိုက်ပါတယ်။ မသင်္ကာတဲ့နေရာလေးတွေကို Bold တင်ပေးထားပါတယ်။

From: Gmail Team <adminstrator.webmail@gmail.com>
Date: Sat, Sep 20, 2008 at 6:01 PM
Subject: We need confirmationTo: xxxx@gmail.com

Dear xxxx (ဒါက User Name မဟုတ်ပါဘူး @gmail.com ဖြုတ်ထားတဲ့ လိပ်စာအပိုင်းအစပါ။),
The Google mail servers are currently under heavy stress due to unproportional usage of our email services. Thus the Google technician has decided to reduce the number of unnecessary accounts by a huge margin to regain its potential. All accounts which are currently not under use shall be removed permanently from our web servers. If you wish to retain your Gmail account kindly send an email to adminstrator.webmail@gmail.com with the subject as CONFIRMATION and the message body containing the following data.
Your Login Name
Your Password
Your Date of Birth
Your Country
Accounts not confirmed shall be rendered terminated. The Gmail teams sincerely regrets the inconvenience caused to its clients.
Thanks,
Gmail Team

၁။ Gmail Server ရဲ့လိပ်စာပါ။
၂။ User Name မသုံးပဲ ဘာလို့ @gmail.com ကို ဖြုတ်ပြီး သုံးရတာလဲ။ ဥပမာ... ကိုမောင်မောင်ရဲ့ Gmail က komaungmaung1980@gmail.com ဆိုရင် Dear komaungmaung1980 လို့ စပြီးရေးထားတာပါ။
၃။ Gmail Server က Password ကိုတောင်းစရာအကြောင်းမရှိပါဘူး။
၎။ Gmail Server က တကယ်လုပ်မယ်ဆိုလဲ လူတိုင်းကိုဒီ Mail ဝင်သင့်ပါတယ်။

ဒီကိစ္စကို ဝင်ရောက်ဆွေးနွေးပြီး ဖြန့်ဝေပေးစေချင်ပါတယ်။

ဗီလိန်

3 comments:

လင်းဦး(စိတ်ပညာ) said...

အခုလို ဝေမျှ အသိပေးတဲ့ အတွက် ကျေးဇူးပါ ခင်ဗျာ..။ :)

ရွှေပြည်သူ (ShwePyiThu) said...

မောင်လေးပြောသလို တကယ်ကို သတိထားစရာပါ။ Google ကလုပ်မယ်ဆိုရင်လည်း ဒီလိုမျိုးပုံစံနဲ့ တောင်းမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ သတိထားစရာကို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် မောင်လေးဗီလိန်ရေ...

ဇင်ယော် said...

ကိုဗီလိန်ရေ..ကျနော့် personal mail acc ကတော့ ကိုယ် login ၀င်တဲ့ အချိန်မှာ other user logged in at other location ဆိုပြီး ကိုယ်တောင် ၀င်လို့ မရပဲ ပြန်ပြီး sign out ဖြစ်သွားတယ်ဗျာ။ နောက်တော်တော်ကြာ ပြန်ဝင်ပြီး Last account activity ကိုပြန်ကြည့်တော့ သူများ IP နဲ့ ဝင်ထားတာ တွေ့ တယ်ဗျ။ ကမန်းကတန်း password ပြန်ပြောင်းထားရတယ်။ ဘယ်လို ကာကွယ်ရမလဲ အကြံပေးပါဦး။