လည်နေတဲ့ လက်တံ

ငို
ငိုလိုက်ပါ
ခမ်းခြောက်သွားပါပြီ ဆိုတဲ့အထိ
ငါလိုချင်တာ မင်းမသိသလို
မင်းလိုချင်တာ ငါ့မှာမရှိ

ချစ်တယ်
နှစ်ယောက်စလုံး
လျှမ်းလျှမ်းတောက်ချစ်တယ်
မေးခွန်းမှားနေတဲ့ အဖြေ
ဘယ်မှာရှာရမှာလဲ
မင်းမျက်လုံးမှာ ငိုကြွေးသလို
ငါ့ နှလုံးသားမှာ ပူဆွေးနေတယ်
ပြတ်သုန်းကြွေမွသွားမတတ်ကို ရူးသွပ်နေတာ

ငါ့အိပ်မက်က မြို့တော်ကြီးကို တည်ဆောက်ဖို့
နောက်တစ်ချိန်မှာ ငါ့အမေဆီက
အပြုံးတွေဝေဆာနေတဲ့ လက်ခုပ်သံ
ငါကြိုးစားရဦးမယ်
ဒါတွေ အတွက်
ငါ့မှာ သိပ်ကိုရှားပါးနေတဲ့
မလောက်ငှတဲ့ အရာတစ်ခု
မင်းကိုလည်းဝေငှ ပေးပါရက် မတင်းတိမ်
အမာရွတ်ဖြစ်လာမယ့် ဒဏ်ရာက
ဝေဒနာပြည့်နေမယ့် အနာဂတ်ထက်တော့
သင့်တော်ပါလိမ့်မယ် ချစ်သူ။

ဗီလိန်

5 comments:

ခေါင်ခေါင် said...

ဗီလိန် နေတော့ ကောင်းပါတယ် နော်..

လင်းဒီပ said...

သင့်သင့်မြတ်မြတ်နေကြပါကွ...ဟားဟား စတာပါ...ကဗျာလေးကောင်းတယ်...

Anonymous said...

ကောင်းပါ့ဗျားေ၇းချက်လေတွေ (တကယ်ပြောတာပါ) :D

ဗီလိန် said...

ခေါင်ခေါင်
ဘာဖြစ်လို့လဲဟင်။
ကဗျာကို ခံစားလို့မရရင် သည်းခံပေးပါ။
နှလုံးသားချင်းမတူဘူးလေ။
:)

လင်းဦး(စိတ်ပညာ) said...

ငါ့မှာ သိပ်ကိုရှားပါးနေတဲ့
မလောက်ငှတဲ့ အရာတစ်ခု
မင်းကိုလည်းဝေငှ ပေးပါရက် မတင်းတိမ်
အမာရွတ်ဖြစ်လာမယ့် ဒဏ်ရာက
ဝေဒနာပြည့်နေမယ့် အနာဂတ်ထက်တော့
သင့်တော်ပါလိမ့်မယ် ချစ်သူ။

သိပ်ကောင်းတဲ့ ရေးဖွဲ့မှု။ :)