နည်းစနစ်

ဆရာတစ်ယောက် ဘေးကဖြတ်လျှောက်
အသာလျှိုလိုက် လက်တနှိုက်က
စာရွက်အတို ချဲ့ချုံ့ယူခဲ့
မတော်ဖမ်းမိ ရှိခဲ့ဦးတော့
ပေတံစတေကာ သေချာဝှက်ထား
ဟိုချောင်ကြားက Reynold ဘောပင်
ကညစ်တင်သေး မရသေးက
စပယ်ရှယ် Pilot အံဝှက်ဘောပင်
ယူငင်ဆောင်ထား
ဘေးလူများလည်း ဟိုကြည့်ဒီလှည့်
ရသမျှသိမ်းကျုံး ရှာကြံဖြည့်စွက်
ကွက်လပ်မကျန် လိုနေပြန်က
မေးခွန်းပြန်ကူး သီချင်းရေးချ
ပြည့်ဝအဖြေလွှာ အရေးပါလှ
အောင်စာရင်းမတိုင်မီ ရောက်အောင်သာသွား
ကြုတ်ကြက်လိလိုက်
ဒီမှာသူငယ်ချင်း သွားမကြည့်နဲ့အောင်စာရင်း
သေချာကြော့စင်း ပါလာလိမ့်မယ် မင်းနာမည်။

ဗီလိန်

2 comments:

Unknown said...

Your idea is so good for poem.

ဖိုးဂျယ် said...

ဟဲဟဲ ကျွန်တော်ကတော့ ရေသန်.ဘူးကစာတွေပြန်ရေးတယ်။ ဆရာမကတောင် ရေသန်.ဘူးကို လှည့်ပြီးကြည့်နေသေးတယ်။ ဟီးဟီးရယ်ရတယ်။ မေးခွန်းတွေပြန်ရေးရင် ဆရာမဆူမယ်ဆိုလို.။