အမေက ကျနော့အတွက်
- အိပ်ယာဝင်တိုင်း ပုံပြောပြသူ။
- ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းပေးသူ။
- လိုချင်တိုင်း ပူစာစရာမလိုပဲ ၀ယ်ပေးတတ်သူ။
- ရန်ကုန်ရောက်တိုင်း ကစားကွင်းခေါ်သွားသူ။
- ဗိုက်ဆာတိုင်း ဟင်းနွေးပေးသူ။
- ကိုယ်ပူတိုင်း အနားကမခွာသူ။
- မိုးရွာတိုင်း ထီးလိုက်ပို့ပေးသူ။
- နေ့တိုင်း ထမင်းဗူး ဟင်းကောင်းစေသူ။
- ရန်ဖြစ်တိုင်း လိုက်ထုတ်ပေးသူ။
- ဘောပွဲရှုံးတိုင်း လိုက်ရှင်းပေးသူ။
- ဆိုက်ကယ်ပေါင်တိုင်း လိုက်ရွေးပေးသူ။
- အနံ့ထွက်လာတိုင်း အဖေမသိအောင်ဖုံးကွယ်ပေးသူ။
- ပြန်မလာမချင်း မအိပ်ပဲစောင့်သူ။
- အောင်မြင်တိုင်းလည်း လက်ခုပ်တီးသူ။
- ကျရှုံးတိုင်းလည်း နှစ်သိမ့်ပေးသူ။
- ဝေခွဲမရတိုင်း ဆုံးဖြတ်ပေးသူ။
- ကြေကွဲရတိုင်း အားပေးပေးသူ။
- ရေခြားမြေခြားမသွားစေချင်ပဲ ပေးသွားခဲ့သူလေ……။
ကျနော်က အမေ့ အတွက်
- သူလေ……။
2 comments:
ကောင်းတယ်ကွ
After I read ur poem,I miss my mom...
I like it.This poem is the best for us.
Post a Comment