ခြေလှမ်း

ရွှေတွင်းလား သေတွင်းလား
ရှေ့တိုးရမှာလား နောက်ဆုတ်ရမှာလား
အဖေကပြောတယ် သတ္တိရှိပါတဲ့
အမေကပြောတယ် သတိရှိပါတဲ့
တွန့်ဆုတ်နေတော့ ခရီးမရောက်
ရဲတင်းပြန်တော့ ထောင်ချောက်မိသတဲ့
ဖောင်ဖျက်တိုင်းလည်း မနိုင်ပေမယ့်
ဘုရင့်နောင်က သက်သေပြခဲ့ပြီလေ
မုဆိုးလုပ်တိုင်းကော သားကောင်မဖြစ်တော့ဘူးလား
သိပ်တော့မထူးလှပါဘူး
လက်ဦးမှုကသာ တရားသူကြီး
ဒီပွဲမှာ ဘက်လိုက်မှုတွေတော့ မရှိဘူး
ပြေးရင်းနဲ့လိုက်၊ လိုက်ရင်းနဲ့ပြေး
နိုင်မလိုနဲ့ရှုံး ရှုံးမလိုနဲ့နိုင်
ပြုံးမလိုလိုနဲ့လည်း မှိုင်ခဲ့လေရဲ့
မျက်ရည်တွေကော ရယ်သံတွေပါ ငါခလုတ်တိုက်ခဲ့ပြီလေ
သာယာမှုတွေကို အလိုလိုက်
ခနဲ့ပြုံးတွေကိုလည်း မျက်စောင်းထိုးခဲ့သေးတယ်
တကယ်တော့ ငါကိုယ်တိုင်လည်း အညှီနံ့ မကင်းပါဘူး
ငါ့လောဘကြောင့် ငါဆုံးရှုံး
ငါ့ဒေါသကြောင့် ငါမှားယွင်း
ငါ့မောဟကြောင့် ငါပျက်သုံးခဲ့ပြီးပြီ
ဘာပဲဖြစ်ဖြစ်တော့ ဒီခြေလှမ်းကို ဆက်လှမ်းနေဦးမှာပဲ
ငါ့အတ္တနဲ့ ငါကိုး။


ဗီလိန်

12 comments:

kiki said...

ကိုဗီလိန်လေးရေ ။ မိခင်စိတ်နဲ့ ပြောလိုက်မယ် အသွားမတော်တလှမ်း... တဲ့ ။
ဖခင်စိတ်နဲ့ ပြောအုံးမယ်၊
တနေ့ တလံ ပုဂံဘယ်ရွေ့ မလဲ ...လို့  ။
ကိုယ့် စိတ်နဲ့ ကိုယ် ပြော ပါမယ်
မသေမချင်းတော့ ဒီခြေလှမ်းတွေ လှမ်းနေရမှာဘဲ
ရှေ့ နောက်တောင်မြောက်ဘယ်ရောက် ရောက်ပေါ့ လို့ ။ လူသားအားလုံး
ပျော်ရွှင်ငြိမ်းချမ်းပါစေ .....

NangNyi said...

ငါ့လောဘကြောင့် ငါဆုံးရှုံး
ငါ့ဒေါသကြောင့် ငါမှားယွင်း
ငါ့မောဟကြောင့် ငါပျက်သုံးခဲ့ပြီးပြီ


အင်း အင်း..

Anonymous said...

လာလည်သွားပါတယ်။ ဒါနဲ့ စီဗုံးကြီးကို ဘယ်မှာရောင်းစားလိုက်သလဲဗျ။

ဗီလိန် said...

ရှိပါတယ် ကိုပီတာ။ IE နဲ့ဖွင့်ကြည့်ပါ။ ရပါလိမ့်မယ်။

မောင်bee said...

အဲ ဘာပြောရမှန်းတောင်မသိဘူး ရေးချက်တွေ ရေးချက်တွေ!

Welcome said...

ကိုဗီ ..
အားပေးနေမယ့် အားတွေတင်သွားပါတယ်။
ရေးချက်တွေ တက်တက်လာတယ်။
အဟုတ်နှစ်သက်မိတယ်။
အားပေးလျက်ပါ .. ..

chanye` said...

ကဗျာတွေ ရေးလှချည်းလားဗျ...
ခံစားချက်တွေပြည့်ကြပ်နေပြီထင်တယ် ။
လက်စွမ်းပိုပိုထက်လာတယ်

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာက အရောင်တွေတောက်နေတယ် မောင်လေးဗီလိန်ရေ...
“ငါ့အတ္တနဲ့ငါကိုး”တဲ့... သိပ်မှန်တာပဲ...

Anonymous said...

ကျနော့်ရဲ့ ခြေလှမ်းတိုင်းကတော့ေ၀၀ါးတဲ့ အနာဂတ်တွေကို မှန်းဆရင် လျှောက်နေတုန်း ဒီနေ့ထိတော့ ဘာမှဖြစ်မလာပါ ။

ဖိုးဂျယ် said...

ဖောင်ဖျက်တိုင်းလည်း မနိုင်ပေမယ့်
ဘုရင့်နောင်က သက်သေပြခဲ့ပြီလေ
မုဆိုးလုပ်တိုင်းကော သားကောင်မဖြစ်တော့ဘူးလား
မှန်တယ် သယ်ရင်း

Anonymous said...

“ဘာပဲဖြစ်ဖြစ်တော့ ဒီခြေလှမ်းကို ဆက်လှမ်း နေဦးမှာပဲ.” တခါတလေမှာ ချည့်နဲ့ ခြေလှမ်းများ၊ တခါတရံ အားမာန်အပြည့် ခြေလှမ်းများ.. ဘယ်လိုပဲ ဖြစ်ဖြစ် ခရီးမဆုံးသမျှ လှမ်းနေရဦးမယ်.. အားတင်းထားကြမယ်။ ကဗျာကောင်းလေးပဲဗျိုး။ နှစ်သက်မိပါတယ်။

Anonymous said...

ကြိုက်တယ်ဗျာ ပက်ပက်စက်စက်ကို ကြိုက်တာ
ရေလည်မိုက်တယ်၊ ဒီလိုကဗျာမျိုးကို သဘောကျတာဗျ။ လူတိုင်းရဲ့ လက်တွေ့ရင်ဆိုင်
နေရတာကို မျက်စေ့ထဲကွင်းကွင်းကွက်ကွက်ကိုပေါ်တာဗျ။