သိပ်ချစ်ရတဲ့ ဖေဖော်ဝါရီ

ရက်သုံးဆယ်မှာ စက်တင်ဘာ
အေပရယ် ဂျွန်နဲ့ နိုဝင်ဘာ
ကျန်သောရက်မှာ သုံးဆယ့်တစ်
ဖေဖော်ဝါရီ နှစ်ဆယ့်ရှစ်
ရက်ထပ်နှစ်မှာ တစ်ရက်တိုး
ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး။


အလုပ်စားပွဲပေါ်က ပြက္ခဒိန်ကိုကြည့်ပြီး ရွတ်မိလိုက်တာပါ။ ဇန်နဝါရီလည်း ကုန်သွားပြီ။ ညီလေး လင်းအရုဏ်ပြောသလို...........
“ကဲ… ဘာပဲပြောပြော ၂၀၀၉ ဇန္နဝါရီလကြီးရေ… ကျွန်တော်လင်းအရုဏ် နှုတ်ဆက်လိုက်ပါတယ်။ နောင်ဘယ်တော့မှ ပြန်တွေ့နိုင်မယ်မထင်ပါဘူး…။ ဒီလအတွင်းမှာ ကျွန်တော့်ကို အတွေ့အကြုံအသစ်တွေ ရစေခဲ့လို့၊ အင်တာနက်လှိုင်းတွေပေါ်မှာရော ကမ္ဘာမြေပြင်ပေါ်မှာပါ မိတ်ဆွေအသစ်တွေရစေခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျာ…။
ကဲ… ကျွန်တော်သွားတော့မယ်နော်။ ကျွန်တော်ကတော့ အသက်ရှင်နေသေးသ၍ ဆက်သွားနေရဦးမယ်ဗျ… နှုတ်ဆက်ခဲ့ပါတယ် ဇန္နဝါရီလကြီးရေ…။”
လို့ပဲ နှုတ်ဆက်ရမလားပဲ။ ဘာပဲဖြစ်ဖြစ် ဖေဖော်ဝါရီလတော့ ရောက်ခဲ့ပါပြီ။ ပြောမယ့်သာပြောတာ ဖေဖော်ဝါရီကို ကျနော်က သိပ်ကြိုက်တာဗျ။ ဘာကြောင့်လဲဆိုတော့။................ ကဲ အစကတော့ ပြောမလို့ပဲ။ သူငယ်ချင်းတွေကိုပဲ မေးတော့မယ်။ အစ်ကိုတွေ၊ အစ်မတွေ၊ ညီတွေ၊ ညီမတွေ၊ သူငယ်ချင်းတွေ အားလုံး ဖြေပေးကြဗျာ။ နောက်နေ့မှ အဖြေပေးတော့မယ်။ :)

19 comments:

ကောင်းကင်ပြာ said...

ဖေဖေါ်ဝါရီ ၂၉မှာမွေးလို့လို့ ထင်ပါတယ်၊

Anonymous said...

ချစ်သူများနေ့မှာ ကဲမလို့
ဒါမှမဟုတ် လခစောစာရလို့
.....................လို့
ဘလာ ဘလာ ဘလာ လို့
မှန်လားး

အောင်မြေ said...

ဘာအကြောင်းများပါလဲ သိရင် မျှပါအုန်းနော်

Welcome said...

ကိုယ်တော့သိနေတယ်။
ပြောပြသေးပါဘူး။
ပေါ့သွားမှာစိုးလို့ .. .. ။

sait phay yar said...

thi dae ... pyaw bu

virgin said...

ဖေဖော်ဝါ၇ီကို ကြိုက်မှာပေါ့
ချစ်သူများနေ့မှာ
မစွံတာတွေ ချွတ်ချမလို့လေ....

Unknown said...

ကိုဗီလိန်ကြီး....အဖြေပေးတော့လေ..
ရင်တွေခုန်လာပီ..(သိချင်လို့ပြောတာပါ အဟီး)

Anonymous said...

ဒီလက လခစောစောထုတ်ရမယ်လေဗျာ... ၂၈ ရက်ပဲရှိတာ... =)

Unknown said...

ကိုဗီရေ...ထပ်ဆုံးမှာတင် မကောင်းကင်ပြာ ဖြေပေးသွားတယ်.ငါ မဖြေပေးတော့ဘူးနော်...

ဖိုးဂျယ် said...

ကဲ မွေးနေ့ ဘာကျွေးမလဲပဲပြော
မင်းမွေးနေ့ရောက်ရင် ငါတို့
ထပ်ဆုံဖြစ်ရင်ကောင်းမယ်။
မတွေ့တာ ကြာနေပီလေကွာ

ဝှိုက်ဝှိုက် said...

29 ရက်နေ့ကမွေးနေ့ဆို ဒီနှစ်မှာမွေးနေ့ရှိဘူးပေါ့
မုန့်မစားရတော့ဘူး မရဘူးပဲ

Anonymous said...

မွေးနေ့ဆုတောင်းသေးဘူး.. စောတေးဒယ်.. ခွိခွိ.. မုန့်ကျွေးမှ.. (ဦးဂျယ်လိုငတ်ကြည့်တာ :P )

ရွှေပြည်သူ (ShwePyiThu) said...

ဗိုလ်ချုပ်မွေးနေ့ ရှိလို့ မဟုတ်လား (မေးသာမေးရတယ်... စိတ်ထဲမှာ ထင်နေတာက နောက်တစ်နေ့ပါ...း)

khin oo may said...

ရည်းစားမွေးနေ့ရှိလို့ပါ

ဗီလိန် said...

အဟိ

သံလွင် HeRo said...

မေးစရာလိုသေးလို့လာဗျာ...ချစ်သူရှိတဲ့သူတွေတော့
လုပ်ကြပေါ့ဗျာ။
သူများတွေ V'times မှာချစ်သူကိုယ်စီနဲ့
ပျော်နေတဲ့အချိန်
သံလွင်ဟီးရိုးတို့များ
NTUC ကချောကလက်ပဲဝယ်စားတော့မယ်။

မောင်bee said...

ရက်နည်းနည်း နဲ့ လစာ မြန်မြန် ရလို့ မဟုတ်လား ကိုဗီ။ :P

Unknown said...

ဟုတ်လိမ့်မယ်ထင်ပါတယ် တစ်နှစ်လုံးမှာ ၂၈ရက် ပဲရှိတာဆိုတော့ လစာမြန်မြန် ရတော့
တာပေါ့နော် ။

Anonymous said...

တခုခုတော့ တခုခုပါပဲ ဘာမှန်းတော့မသိဘူး။
ပြောပြပါဗျို့