ကြာ

မနက်မိုးလင်း
ရေချိုးမယ်ဆိုတော့
ရေချိုးခန်းထဲကလူက ကြာ
မနက်စာစားမယ်ဆိုတော့
ထမင်းအိုးက ကြာ
ရုံးသွားတော့
ဘတ်စ်ကားက ကြာ
လမ်းရောက်တော့
မီးပွိုင့်က ကြာ
ဆင်းမယ်ဆိုတော့
ရှေ့ကလူကကြာ
ရုံးအောက်ရောက်တော့
ဓာတ်လှေကားက ကြာ
ကွန်ပြူတာဖွင့်တော့
ဝင်းဒိုးက ကြာ
အွန်လိုင်း တက်တော့
ကော်နက်ရှင်က ကြာ
အလုပ်စတော့
နာရီလက်တန်က ကြာ
အလုပ်မပြီးတော့
စီနီယာက ကြာ
ဖုန်းခွက်ထဲက
ကစတန်မာ ကွန်ပလိန်းသံက ကြာ
ပစ္စည်းလှမ်းမှာတော့
စက်ရုံက ကြာ
သူဌေးလာတော့
*မုန့်ဟင်းခါးက ကြာ
ရုံးဆင်းချိန်က ကြာ
စနေရောက်ဖို့က ကြာ
လခထုတ်ရက်က ကြာ
အမေ့ဖုန်းမလာတာက ကြာ
ချစ်သူဆီက အဖြေက ကြာ
ကြာ အားလုံးက ကြာ

ဗီလိန်

*မုန့်ဟင်းခါး = အဆူခံထိခြင်းကို ဆိုလိုပါသည်။

12 comments:

Anonymous said...

အသစ်မတင်တာ “ကြာ” လို့လာကြည့်တာ ကြာ တာနဲ့လာတိုးနေတယ်။

အမယ် ပေါ်လာပြီး ချစ်သူဆီကအဖြေက ကြာတဲ့ ခုမှစာစစ်တုန်း သေချာဖြေထားရဲ့လား ဂုဏ်ထူးတော့မထွက်လောက်ဘူး အောင်တော့အောင်မှာ။

အမြန်အောင်မြင်လိုပါသလားး
ဆရာကြီး ကိုကြောင်မျိုးဆီသို့သွား (တီဗွီကြော်ငြာမှာ အဲ့လိုကြားဖူးလို့ )


ကြာာာာာာာာ

sait phay yar said...

kyar.. kyar....all are kyar
water lily twe ne po

NangNyi said...

စာမူ ပရုဖ်ပေးတော့ အက်ဒစ်တာက ကြာ ..
ဘန်နာလုပ်ခိုင်းတော့ ဒီဇိုင်နာက ကြာ..
ဟီ

Welcome said...

ကြာပိန်းရွက်နဲ့အတူ
ကြာပစ်သွားတဲ့ ကောင်းမလေးနောက်ကို
ကြာကြာလေး လိုက်ငမ်းရင်း
ကြာပန်းခိုင် တည်းခိုခန်းထဲဝင်သွားလို့
ကြာမှကြာပါပဲ.... ဗျို့ ..

My Diary said...

အဟား2 ရေးထားတဲ့ကဗျာကလည်းကောင်း
ဦးဝဲလ်ကမ်းကြီးမန့်ပုံကလည်းကောင်း
တယ်မိုက်ပါလား
ကြာချက်ကတော့ မိုက်ကမ်းကုန်ပဲ
ခိုက်သွားပီ

Sein Lyan Tun said...

ကြာ...ကြာ...ကြာ...
ကြာတွေကို ဖတ်ရင်းနဲ့ လူကိုချာထွက်သွားတယ်...
တော်သေးတယ်...
မကြာတဲ့နေရာလေးတွေကျန်သေးလို့ 
:D

Anonymous said...

ပိုက်ဆံဈေးတက်ဖို့စောင့်နေရတာကြာ

ဖိုးဂျယ် said...

ကြာတာ ကြာလို့ ကြာနေတာကို
ကြာနေမှန်းမသိပဲ ကြာနေပါ့လားလို့
ကြာတာကို ကြာကြာ စိတ်တိုနေတာတယ်း)

Anonymous said...

ကြာတတ်တာတွေ မကြာစေဘို.
ကြာတွေ လှူကာ ဆုတောင်းပါသည်။
မကြာခင်ဘဲ ပြန်ဆုံပါစေ။
တဲ..
ကေလာမမ

mgnge said...

နောက်ထပ်ဘာကြာ စရာများကျန်သေးတုန်းဗျ
ထပ်သိ ချင်သေး ပါ့... တစ်ခြား ကိစ္စကြာတာ အကြောင်း မဟုတ်ဘူးနော်...။
ချစ်သူ့ ဆီက အဖြေ ကြာနေတာတော့ မကောင်းဘူးနော်
ကိုယ့်ဆရာ..။

Anonymous said...

မောင်မောင်ဇော်လတ်က စောင့်တယ်... တူကကြာတယ်တဲ့...... :0

Anonymous said...

ရုံးပိတ်ရက်များကတော့ မကြာပါဘူးဗျာ..