လူကြုံ

မသယ်ပေး စိတ်ကောက်တတ်
သယ်ပေးတော့ ဖုန်းမဆက်
ဆက်ပြန်တော့ အချိန်မတော်
ခေါ်လေပြန် တဂွမ်ဂွမ်နဲ့
မလာတတ် အကျွန့်အိမ်ကို
အနေမတတ် အနေခက်လေသမို့
အမ်မာတီ သွားကာပေး
ကားခလေး အဆစ်ပါ
လေးပါလှ ၁၀ကီလို
တစ်ကီလို ၉ဒေါ်လာ
၉ ရာတောင် မရပါဘု
နောက်တစ်ယောက် ဖုန်းသံမြည်
ပြောလေသည် အားမနာတတ်သူမို့
ပျို့ကာလေ ငိုလိုက်ချင်သေး
အိမ်အထိလာပေး.........။

ဗီလိန်

23 comments:

Anonymous said...

စားစရာဆို နှိုက်စား
ပါလာတာလေးတစ်ဝက်ခွဲ
အလေးကြီးဆို ပစ်ချ
အရည်နဲ့ဆို ဖောက်ခွဲ


ကျောင်းတက်တုန်းက လူကြုံပေးလိုက်ရင် ကျနော်တော့ အဲ့လိုပဲလုပ်တယ် ။ :P

ဗီလိန် said...

ကိုမျိုး လုပ်ကွက်လေးက မဆိုးဘူးပဲဗျ။ :P

Anonymous said...

ဟဟဟ.. ရီရတယ်.. ကဗျာက ရောသမမွှေပါလားဗျို့.. :D

ဖိုးဂျယ် said...

နာ့စောင်းပြောတာလားဟ နာ့မှာတာ
အိမ်ထိလာယူတယ်နော် ပြီးတော့ နည်းနည်းလေးနော်
အချိန်မတော်လဲ ဆက်ဘူးနော်
နာ့ပြန်ရင် တိတ်တိတ်လေးပြန်မှာ
ဒူမှ မပြောဘူး :) ဟီး

Unknown said...

ကျွတ် ကျွတ် ကျွတ် :P

:P said...

ခံစားချက်ချင်းတူနေသည်။

khin oo may said...

ကီလိုရောင်းထားတယ်လို့ ညာပြောပါ။ မတတ်နိုင်ဘူး.
ဒါမှ မဟုတ်လဲ ကိုယ့်ပစည်းနဲ့တင်ပြည့်နေတယ်။ စာရွက်စာတန်းဘဲ လက်ခံမယ်လို့ပြောပါ.
(အဲလိုပြောရင်းနဲ့ကို ခံစားရတာ ဂဒီးဂဒီ.. အမျိုးတွေဘဲပေါ့)

khin oo may said...

ကဗျာလေးကောင်းတယ။်

Welcome said...

ဦးဗီ၊ လူကြုံပါးချင်လို့၊ ပစ္စည်းဟုတ်ဘူးနော်၊ လူ (လူ)ကြုံပါးမှာ .. ..

NangNyi said...

မီးနဲ့ကိုဂျဲကို စောင်းပြောတာတော့ ဟုတ်ပါဘူးနော်.. ဟုတ်ဖူးနော်.. နော် နော်

khin oo may said...

သေချာတာပေါ့နန်းညီရယ်..

Anonymous said...

အင်း ... ကဗျာဖတ်ပြီး ကိုယ်ချင်းစာတယ် .. Luggage တစ်ခုလုံးလူကြုံချည်းပဲ ... လူရင်းတွေဆိုတော့လဲ အားနာတယ်.. ဒီကသွားတော့လဲသယ်သွားရတယ်။ ပြန်လာတော့လဲသယ်လာရတယ်။ ဒီကြားထဲ အဒေါ်က မလေးက သူ့သမီးအတွက် လူကြုံထည့်ပေးလိုက်တယ်။ ခုထိတော့သွားမပေးရသေးဘူး။ သွားပေးရဦးမယ်း(

ကောင်းကင်ပြာ said...

တိတ်တိတ်ပဲပြန်တော့မယ်နော်:P

My Diary said...

အတော်ပဲ ခုမှလူကြုံတွေ့တယ်
တိုင်ကီတစ်လုံးလောက် လူကြုံပေးချင်လို့
:)
သနားပါတယ်ကွယ်

chanye` said...

အော်..သယ်ပေးလိုက်ပါ.. ကုသိုလ်ရပါတယ် ဟိဟိ

ရွှေပြည်သူ (ShwePyiThu) said...

လူကြုံအကြောင်းကို ကွက်ကွက်ကွင်းကွင်း ရေးတတ်ပါပေတယ် မောင်လေးဗီလိန်ရယ်...

Unknown said...

အော်..လူကြုံ..လူကြုံ

K. said...

အပိုတွေပြောနေတယ် ကောင်မလေး အိမ်ကျတော့ အိမ်တိုင်ယာရောက်ပို့ပီးတော့ ဟွန်း မသိတာမှတ်...နာမယ်..

မဆုမွန် said...

ဟဟဟဟ အမေပြန်ခါနီးတော့ ဖုန်းပိတ်ထားလိုက်တယ်..ခွစ်ခွစ်

တက်တူ said...

ကွက်တိပဲဗျာ...

Anonymous said...

ခုနကကွန့်တာ မရလို့ ထပ်ကွန့်တယ်ဗျာ။
ဟုတ်တယ်ဗျို့ ဒါကတော့ နိုင်ငံရပ်ခြားမှာနေသူတိုင်း ခံရတာပါ။ရပြီးတော့
ရော အကောင်းပြောခံရမယ်ထင်လား......
ဝေးသေးတယ်။

chocothazin said...

ဟုတ်ပါ့ ကြုံဖူးပါတယ်။
လူကြုံပေးချင်တဲ့ ပစ္စည်းက (ရန်ကုန်အခေါ်)ပီနံအိတ် တစ်လုံးစာရှိတယ်။
သူကလည်းပေးသေးတယ်။ ကိုယ်က လည်း ယူသွားပေးရသေးတယ်။
ဖွင့် မကြည့်ပါနဲ့ လို့ လဲပြောသေးတယ်။ အောင့်သက်သက်နဲ့ ။
မသယ်နိုင်တော့လို့  နည်းနည်းခွဲပြီးထားခဲ့တာကို အိမ်ပေါ်ကနေ ခြေဆောင့်ပြီး ဆင်းသွားကြသေးတာ။

puluque said...

ရီရမလား ငိုရမလားမသိ ...
ကျတော့ အဖြစ်နဲ့တူသဗျ
ရောက်တော့လဲ ရောက်တာလေးတောင် ဖုန်းမဆက်ဘူးတဲ့..
ကိုယ် ထည့်ပေးလိုက်တော့ ကီလိုပိုနေလို့ သုံးပုံတစ်ပုံပဲ သယ်ခဲ့ပေးတယ်..
ကျတော်ပြန်တော့ ထည့်ပေးလိုကက်ကျတာ မနဲဘူး...
စိတ်ညစ်တယ်ဗျ