စစ်တုရင်ခုံပေါ်က ငါ

နောက်ဆုတ်လို့ မရတဲ့ အချိန် = ပွန် (Pawn)
အားရပါးရ ရွေ့လျားလို့ရတဲ့ လွတ်လပ်မှု = မြို့တံတိုင်း (Rook)
ဟိုခုန်ဒီကူးနဲ့ ပျော်ရွှင်ခုံမင်ဖွယ် ကောင်းလှတဲ့ သူငယ်ချင်း = မြင်းစစ်သူကြီး (Knight)
ကိုယ့်ဘေးနားမှာ ခြံရံပြီး အမြဲတမ်းကာကွယ်ပေးနေတဲ့ မိသားစု = ဘစ်ရှော့ (Bishop)

ဒီတခါ............
ငါ့ပန်းတိုင်အတွက်
ငါ့ဘုရင်မကို ထိုးကျွေးတော့မယ်

ဗီလိန်

10 comments:

ဖိုးဂျယ် said...

ဟုတ်ပါပြီ ဘုရင်ကြီး ကိုဗီလိန်ရယ်
စက်ရက်လိုက်တာဗျာ

ကောင်းကင်ပြာ said...

စဉ်းစားပါဦးလို့ အကြံလာပေးပါတယ်

မောင်bee said...

ထိတယ် ကိုဗီရေ့။

Anonymous said...

ွှအမှန်တကယ်တော့ ဒီကစားနည်းကို နားမလည်တာ အမှန် ဆိုတော့........ကဗျာရဲ့ ဆိုလိုရင်းကိုမသိဘူး ဘုရင်မက ဘယ်နေရာအသုံးဝင်ပြီး ဘုရင်ထီးက ဘာအသုံးဝင်လဲဆိုတာကိုပါ ။

chanye` said...

တယ်အပေးအကမ်း ရက်ယောပါလားဗျ ။
မသေချာပဲနဲ့တော့ မလုပ်လိုက်ပါနဲ့ဗျာ.. တော်ကြာနောင်တရနေမှ

Unknown said...

Excellent! Great ပဲ...။ ဘုရင်မကိုထိုးကျွေးပြီးရင်တော့ သူ့ဘုရင်ကို ရအောင်တော့ဖမ်း...။ မလွတ်စေနဲ့ ;) သို့မဟုတ်...။ မတန်ဘူး...။

NangNyi said...

လန်ချိတ်ပဲ..

pandora said...

ကျွေးလိုက်ပေါ့
ပွန်းကိုဟိုဘက်ရောက်အောင်ရွှေ့နိုင်ရင် နောက်ထပ်ဘုရင်မ ထပ်ရနိုင်သေးတာပဲ။

Anonymous said...

ဒီနည်းပဲရှိတော့တယ်ဆိုရင်တောင် တခြားတစ်နည်းစဉ်းစားသင့်သေးတယ်ထင်တယ်...
သူ့ဘုရင်ကျမှ ပန်းတိုင်ရောက်မှလား....

Anonymous said...

ကစားနည်းနဲ့ အခေါ်အဝေါ်တွေ မသိပေမဲ့
နှိုင်းယှဉ်ပြသွားပုံလေးကို သဘောကျတယ်ဗျာ။