ဓမ္မသဘင် (ဆရာတော် အရှင် ဇဝန - မေတ္တာရှင်) ၂၈-၀၂-၀၉ နှင့် ၀၁-၀၃-၀၉

အားလုံးသော ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်မျာ။ လာမည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့၊ တပေါင်းလဆန်း ၆ ရက်၊ စင်ကာပူစံတော်ချိန် ညနေ ၇နာရီ ၃၀ မိနစ်အချိန်တွင် မဟာမုနိ ကလက်မန်းတီး ဘုန်းတော်ကြီးကျောင်း (Mahamuni Biddhist Society - Clementi Temple)တွင် လည်းကောင်း၊ မတ်လ ၁ ရက်နေ့၊ တနင်္ဂနွေနေ့၊ တပေါင်းလဆန်း ၇ ရက်၊ စင်ကာပူစံတော်ချိန် ညနေ ၄နာရီမှ ၆နာရီ အချိန်တွင် ကျနော်များ စင်ကာပူနိုင်ငံ၊ ယူးနို့ (Eunos) မြို့နယ်၊ အစိမ်းလမ်း ယူးနို့ဘူတာရုံ Eunos MRT(EW7) အနီးရှိ ဂျလန်ယူနို့လမ်းမကြီး(Jln Eunos) နှင့် ဆင်းမ်အဗဲတ်နယူး လမ်းမကြီး(Sims Avenue) လမ်းဆုံတွင် တည်ရှိသော မင်္ဂလဝိဟာရ ဘုန်းတော်ကြီးကျောင်း (Mangala Vihara Buddhist Temple) တွင် လည်းကောင်း၊ ဆရာတော် အရှင်ဇဝန (မေတ္တာရှင်) မှ တရားရေ အမြိုက်ဆေး တိုက်ကျွေးမည် ဖြစ်ပါသဖြင့် ဓမ္မသဘင် တက်ရောက်၍ ဓမ္မကုသိုလ် ယူနိုင်ကြစေရန် အသိပေးနှိုးဆော် လိုက်ပါသည် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်များ။

မဟာမုနိ ဘုန်းတော်ကြီးကျောင်းရဲ့ လိပ်စာကိုအောက်မှာ ဖော်ပြပေးထားပါတယ်။ ကလက်မန်းတီး ဘူတာရုံ (Clementi MRT - EW23) မှ လိုင်းကားအမှတ် ၇၈ စီးပြီး ၃ မှတ်တိုင်ဆို ရောက်ပါတယ်။
Mahamuni Buddhist Society, 23A,25A Jalan Mas Puteh, Singapore (128628) Ph:67777018

မင်္ဂလဝိဟာရ ဘုန်းတော်ကြီးကျောင်းရဲ့ လိပ်စာကတော့
30 Jalan Eunos, Mangala Vihara Buddhist Temple, Singapore (419495)
မင်္ဂလဝိဟာရ ကျောင်းတိုက်


ဆရာတော်၏ ပုံကို ကလစ်လုပ်၍ ဆရာတော်၏ Websiteများကို သွားရောက်လေ့လာ ပူဇော်နိုင်ကြပါသည်။ ဆရာတော်၏ Website နှစ်ခုဖြစ်နေပါ၍ နှစ်ခုစလုံးကို သွားရောက်ပူဇော်နိုင်ရန် တင်ပြပေးလိုက်ပါသည်။ ဆရာတော်၏ ဓာတ်ပုံနှစ်ပုံကို သက်ဆိုင်ရာ Website များမှ ကူးယူပူဇော်ပါသည်။

6 comments:

Anonymous said...

နိဗ်ဗာန်ဆော်ကြီး
သာဓု....
သာဓု...
................ပါခင်ဗျားး

ဖိုးဂျယ် said...

ဟုတ်ပါပီ ဗီဗီရေ Clementi Temple တော့ ရောက်ဖူးပေမဲ့
ဘယ်လို ပြောပြရမှန်းမသိဘူး။
Enous Temple ကတော့ လှမ်းမြင်နေတော့
မရောက်ဖူးပေမဲ့ မြင်ရတယ်လေ
သာဓု သာဓု သာဓု သယ်ရင်း

လင်းဒီပ said...

သာဓုပါ ဗီလိန်ရေ...
Eunos ကျောင်းပဲ သွားတော့မယ်..

Anonymous said...

Mahamuni Buddhist Society
23A,25A Jalan Mas Puteh,
Singapor 128628
Ph:67777018
take Bus No. 78 from Clementi mrt station alight at 3rd stop, across Weat Coast road.

ဗီလိန် said...

လိပ်စာပြောပြပေးတဲ့ Sonata-cantata ကို အထူးပဲကျေးဇူးတင် သာဓုခေါ်မိပါကြောင်း

chanye` said...

သွားရမှပေါ့ဗျာ.. eunosကိုပဲသွားမယ် ။ ကိုဗီရောသွားမှာလားဗျ?