အချစ်နှင့် ရှမ်းကိုးမြှီး

အချစ်ဟာ ပိုကာဝိုင်းထဲက ဂျိုကာဖဲနဲ့တူတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဟုတ်တယ်လေ။ ပိုကာဝိုင်းထဲမှာ ဂျိုကာဖဲတွေရှိပြီး ဒုက္ခရောက်နေတဲ့ သူတွေရှိသလို အချစ်တွေ တွေကိုင်ပြီး ဘဝထဲမှာ ဒုက္ခရောက်နေတဲ့သူတွေ လည်း တပုံတပင်ပဲလေ။ ကိုယ့်မှာသာ လိုအပ်တာတွေ ပြည့်စုံသွားပြီဆိုရင်တော့ အချစ်ဆိုတဲ့ ဂျိုကာသာရှိခဲ့ရင် ပန်းတိုင်ကို တမဟုတ်ချင်း အရောက်သွားနိုင်တယ်လေ။

ကဲ အခုထပ်ပြောချင်တာက အချစ်နဲ့ ရှမ်းကိုးမြှီးနဲ့ ဆက်စပ်မှုပေါ့။ အပေါ်မှာ ပြောခဲ့သလိုပဲ ပိုကာမှာ ပန်းတိုင်အတွက် ဂျိုကာဖဲဟာ ပထမနေရာမှာ မရှိသလိုပဲ။ ရှမ်းကိုးမြှီးမှာလဲ အချစ်ရဲ့သင်္ကေတ Heart ဆိုတဲ့ အသည်းပုံဟာလည်း ဖဲချပ်တွေထဲမှာ ဒုတိယ အဆင့်ပဲရှိထားတယ် မဟုတ်ပေဘူးလား။ ဖဲအကြောင်းမသိတဲ့ သူတွေအတွက်တော့ အားနာပေမယ့် ကဗျာလေးတစ်ပုဒ်တော့ ရေးလိုက်တယ်ဗျာ။

အတ္တအထွေထွေ
မြှီးကိုးခုစွဲ ရှမ်းသရဲမို့
လောဘမသတ် ၂ဆ ဥထား
စားသွားသကဲ့ ချစ်သူနှစ်ဖွဲ့
ပြိုင်တူချစ်မိ သိလေသွားဝယ်
ထားခဲ့မယ်မို့ သတိထားလော့။

လောဘထပ်ကြီး ၃ဆဆွဲသော်
ဘူတိတိထိ ဒုက္ခငြိသည်
မှတ်ပါညီတို့ များလေပိုဝေး
ဘူပိတ်ကာငေး တစ်သက်လုံးဆွေး
လူပျိုကြီးသာ ဖြစ်မည်မနှေး။

ဖမ်းသင့်ဖမ်းရာ တန်ရာကိုသိ
မဆွဲမဖမ်း ဆွဲသူသတိ
သုံးဆငြိမည် သတိတည်၍
ဖဲကိုမကြည့် လူကိုရှုလော့
ဤနည်းတူစွာ ချစ်သူကိုရှာ
ရုပ်ရည်အသင့် စိတ်ဓာတ်ကိုကြည့်။

သုံးခုတူက ငါးဆရမည်
သည်လိုနည်းတူ ချစ်သူကိုရှာ
အချစ်၊ မေတ္တာ၊ သစ္စာထပ်တူ
ရင်ခွင်တူက
ငါးဆမက တစ်ဘဝလုံး
သက်ဆုံးမြဲမြံ ချစ်ကြလေလေ။

အရင်းသုံးဆ မပြည့်ဝသေး
ဝမ်တိမ်ဝေးသလို
တတ်သင့်ပညာ မပြည့်ဝမီ
စိတ်အလိုလိုက် မမိုက်ကြနှင့်
အခြေကိုခိုင် ဝမ်တိမ်ပိုင်မှ
ချစ်ရေးချစ်ရာ စဉ်းစားကြလော့။

အချစ်နှင့်ရှမ်း
စွဲလမ်းတမ်းတ ဖြတ်မရမို့
ဒုက္ခရောက်နေ ငါလည်းပါ၏
သို့ပါသော်ငြား ရုန်းမထွက်နိုင်
ရှမ်းနှင့်အချစ် အားညှစ်ကာတင်း
ရုန်းလေဦးလော့
အမောင်ဗီလိန်။


ဗီလိန်

*၂၀၀၉ ခုနှစ် Velantine Day အမှတ်တရ။*

8 comments:

Welcome said...

ဖဲနဲ့အချစ် ဘာဆိုင်လဲမသိ။
ရှမ်းမတွေတော့ ဖဲမရိုက်ရရင်
ခေါင်းကိုက်တယ်။ ဇက်ကြော တက်တယ်တဲ့။
ဖဲရိုက်နေမှ နေသာထိုင်သာရှိတယ်ဆိုပဲ။
ပျော်ရွှင်တဲ့ ဗာလင်တိုင်းနေ့လေးပါ။

ဖိုးဂျယ် said...

hAppY VaL3nTin3'S dAy
ကောင်းလိုက်တဲ့ အဓိပ္ပာယ်လေးဟ
ကြံကြံဖန်ဖန် ရေးတတ်ပါ့ ဗီဗီရာ

လင်းဒီပ said...

ချစ်သူကမုန်း ဖဲကရှုံး ဆိုတဲ့ ကျောင်းတုန်းက အော်သံလေးတွေ အမှတ်ရတယ်

Anonymous said...

ဖမ်းမယ်း)

ဝှိုက်ဝှိုက် said...

အကောက်ပေးပါ မပေးရင် ရဲတိုင်လိုက်မယ်နော် :P

Anonymous said...

စပိတ် တစ်ကို သုံးတန်းနေပြီ.. ဟဲဟဲ.. ဆက ပါသေး..။ ဟဲဟဲ

မောင်bee said...

ရှမ်းကိုးမှီး တောင်မနေရ ကိုဗီ လက်စွမ်းပြ။ :P

Anonymous said...

ဟားဟား... ကဗျာလေးက ရှယ်ပါပဲဗျာ။ ကြံကြံ
ဖန်ဖန် တွေးတတ်ပါ့ကိုဗီရေ.....