ဝဋ်

ဘောပွဲရှုံးလို့ အမေ့ပိုက်ဆံတွေလည်း ဖြုန်းခဲ့ဖူးတယ်။
ညအချိန်တန် အိမ်ပြန်မလာလို့
အမေ့အိပ်ရေးတွေလည်း ပျက်စေခဲ့ပြီးပြီ။
ကျနော့စနက်နဲ့ သိပ်ချစ်ကြတဲ့
အဖေနဲ့အမေ ခွဲအိပ်ခဲ့တာလည်း အကြိမ်ပေါင်းမနည်း။
ဒေါသရှေ့ထား တားမရတဲ့သားကြောင့်
ရဲစခန်းသွားခဲ့ရတာလည်း အခါအခါ။
..................
...........................
...........
.......................
ဒီစကားလုံးတွေ
ငါရေးခဲ့တာလည်း ထပ်နေပါပြီ
အလွမ်းတွေများ ပြေမလားလို့ပေါ့။
ရေးသမျှ တခဏ
လွမ်းသမျှ တဖွဖွ
တမ်းသမျှ တသသ
ငါ့မျက်ရည်စတွေလည်း
လူမမြင်အောင်ဖွက်ခဲ့ပြီးပြီ
မလွမ်းဘူး...မလွမ်းဘူး...ဆိုပြီး
နှလုံးသားကိုလည်း လိမ်ညာခဲ့ပြီးပြီ
အလွမ်းတွေက လျော့မသွား..............
အော် ဘယ်တော့များမှ ဒီဝဋ်တွေမှ ကျွတ်ပါမလဲနော်။

ဗီလိန်

10 comments:

WWKM said...

ကဗျာလေးဖတ်ပြီး စိတ်တောင်မကောင်းမိဘူး ။
တကယ်လွမ်းနေတာလား။
အဆင်ပြေပါစေ မောင်လေးဗီလိန် ရေ။

အရုပ်ကလေး said...

ကဗျာလေး ကောင်းတယ်
စာသားတွေထဲက ဖြစ်ပုံနဲ့ တော်တော်တူလို့
ကိုယ်ချင်းစာမိပါတယ် ..
ဆက်လက် အောင်မြင်ပါစေ

လင်းဒီပ said...

မိဘကိုလွမ်းတဲ့အလွမ်းက မင်္ဂလာရှိတဲ့အလွမ်းလို့ ကိုယ်တော့ထင်တယ်..ပျော်ရာမှာမနေရတာတော့ ဝဋ်ပေါ့လေ..

Anonymous said...

လွမ်းနဲ့တော့။။ ပြန်တော့. အိမ်ကို.. ဒီဇင်ဘာမှာ ပြန်ပြီး.. ပြန်မလာနဲ့တော့..

Anonymous said...

အားပေးတယ်ဗျို့။ ပထမဆုံးအပိုဒ်က ကျွန်တော့်အဖြစ်နဲ့ အတော့်ကို တူတယ်။

Anonymous said...

ဟား......ကောင်းလိုက်တဲ့ အရေးအသားလေးပါလားဗျာ ရေလည်လန်းတယ်ဗျာ။ အားလုံး အနော်နဲ့တူတယ်ဗျ။ရဲစခန်းနဲ့ ရ၀တရုံးဆို အိမ်ဦး
နဲ့ ကြမ်းပြင်လိုကို ဖြစ်ခဲ့တာ ဟိဟိ

Anonymous said...

အလွမ်းတွေပြေပါစေ ဗီလိန်ရေ ...။

khin oo may said...

ုkom: သားနောင်တ ရပါပြီ အမေ

နှင်းပွင့်ဖြူ said...

ကျွတ်ချင်လား...... ချွတ်လိုက်.......... ဟတ်ဟတ်
နောက်တာနော်
ကဗျာလေးက ထိတယ်.... ဒီလိုပါပဲ ၀ဋ်လို့ မသတ်မှတ်သင့်ပါဘူး။

မသက်ဇင် said...

အလွမ်းတွေများနေတာကိုး---
"၀ဋ်"
ကိုဖတ်ရင်း စိတ်မကောင်းဖြစ်မိပါတယ်--
ကဗျာလေးကောင်းတယ်---