ငါ့ကိုမုန်းတဲ့ ငါ

ကဲဗျာ အမြန်ဆုံး ဖြေရှင်းပေးလိုက်ပြီ ကိုဖားကြီး နဲ့ မဝါ ရေ့။

တစ်။ အားနာတတ်ခြင်း
အားနာပါနားနှင့် သူတပါးပြောသည့်အတိုင်း ပြုလုပ်မိခြင်း။ အဲလိုနဲ့ ခံခဲ့ရပေါင်းမနည်း။ စင်ကာပူသွားဖို့ လခ ၆၅၀ ပဲရမယ့် အလုပ်ကို ပွဲစားခ ၃၅၀၀ နဲ့ လာဖို့ အားနာနာနဲ့ စရံ ငါးသောင်းပေးလိုက်တာ ဆုံးသွားပါလေရောဗျာ။
နှစ်။ အားမနာတတ်ခြင်း
ကိုယ့်ကိုကိုယ် အားနာတတ်လို့ဆိုပြီး အပြင်ကောင်းတာ အားမနာတတ်တာ လွန်သွားပြီး မိတ်ပျက်တာမနည်း။ သူငယ်ချင်း အရင်းအချာကြီးတစ်ယောက် မိန်းမခိုးတာ ပိုက်ဆံလိုလို့ လှမ်းချေးတာ မပေးလို့ အပေါင်းအသင်းတွေ ကြားထဲမှာ တော်တော်မကောင်းဘူး ဖြစ်သွားတယ်။ ချေးတာကလည်း ၂၀၀ ထဲပါ။ တကယ်ဆို အခုအနေအထားနဲ့ ဘာမှဖြစ်တာလဲ မဟုတ်ပဲနဲ့။ အားနာချင်လဲ သူပဲ၊ အားမနာချင်လည်း သူပဲ။ အဲလိုပဲ ဂေါက်တောက်တောက်နဲ့။ :)
သုံး။ ကြွားဝါတတ်ခြင်း
အကြွားကောင်းလို့ သူများလိမ်တာခံလိုက်တာ မနည်း။ ခုပဲကြည့်။ ငွေ ၂၀၀လောက်တော့ အသာလေးပါ ဆိုပဲ။ ဗီလိန်......ဗီလိန်......။ တော်တော် အကြွားသန်တဲ့ကောင်ပဲ။ အမေက ဆိုက်ကယ်အသစ်ဝယ်ပေးလို့ သူငယ်ချင်းတွေကို ကြွားလိုက်တာ ဟိုတစ်ယောက်တက်ခွ ဒီတစ်ယောက်တက်ခွနဲ့ ကိုယ်တောင် သေချာမစီးရသေးဘူး ပါတဲ့ဆီ အကုန်ကုန်တာပဲ။
လေး။ ကြွားဝါခြင်းကို အမြင်ကပ်ခြင်း
ကြွားတာကို အမြင်ကပ်တယ်ဆိုပေမယ့် ကြွားတာက နှစ်မျိုးရှိတယ်။ ရှိတာကိုကြွားတာနဲ့ မရှိပဲနဲ့ကြွားတာ။ ကျနော်မုန်းတာက တကယ်မရှိပဲနဲ့ကြွားတာကို ပြောတာ။ တကယ်ရှိပြီး ကြွားတာကတော့ ဘာဖြစ်လဲဗျာ။ ဟုတ်တယ်မလား။ ကြွားတဲ့ အထဲမှာ ပစ္စည်းကြွားတာအပြင် ပညာကြွားတာပါ ပါတယ်။ မသိပဲနဲ့ သိချင်ယောင်ဆောင်တဲ့သူ၊ မတတ်ဘဲနဲ့ တတ်ယောင်ကားလုပ်တဲ့၊ ငါမသိဘူးဆိုတဲ့စကားကို ပြောရမှာကြောက်တဲ့သူ၊ ကိုယ်သိကိုယ်တတ်လုပ်တဲ့သူ ဆိုကြည့်လို့ကိုမရဘူး။ အဲဒါတွေကို အမြင်ကပ်လွန်းလို့ ထပြောရင်းနဲ့ ပြဿနာတက်ခဲ့ပေါင်းမနည်း။ ကျနော်ကလည်း ကိုယ့်ဘက်က ပိုင်ပြီဆိုရင် ချက်နဲ့ လက်နဲ့ ကျကျနနပြန် ဆော်တတ်တာဆိုတော့ တဘက်လူက အီစိမ့်သွားရော။ အဲဒါနဲ့ပဲ အမုန်းတွေက ဖြစ်ရပြန်ရော။
ငါး။ ကိုယ်ထင်ရာကိုဇွတ်လုပ်ခြင်း
လုပ်ချင်ပြီဟေ့ဆို လုပ်ချလိုက်တာပဲ။ ဘယ်သူတားတား တားမရဘူး။ "ရန်ကုန်မှာပဲ နေပါ။ မင်းအတွက် လုပ်ငန်းတစ်ခု စီစဉ်ပေးပါမယ်။ လုပ်ချင်တာရှိလဲပြော။" ဆိုတဲ့ အဖေ့စကားကို နားမထောင်ပဲ ထွက်လာခဲ့တာ အစကတော့ ဟုတ်တုတ်တုတ်။ ခုတော့ စီးပွားရေးက လှုပ်တုတ်တုတ်နဲ့ ဘယ်တော့ ပြုတ်မယ် မသိတဲ့ ဘဝရောက်နေပါပြီ။
ခြောက်။ အကြောက်တရားမရှိခြင်း
မကြောက်တတ်လွန်းလို့ မန်နေဂျာကဆူနေတာကို ပြုံးဖြီးဖြီးမဖြစ်အောင် အောင့်ထားရတယ်။ နောက်တစ်ခါဆို အလုပ်ပြုတ်ဖို့ပဲရှိတယ်။
ခုနစ်။ နောင်တမရခြင်း
ဘယ်လောက်ခံရခံရ မမှတ်ဘူး။ နောက်တလည်းမရဘူး။ ပေတယ်။ တေတယ်။ ဒါလုပ်ရင် ဒါဖြစ်မယ်မှန်းသိသိနဲ့ မိုက်နေဆဲ။
ရှစ်။ ဖြုန်းတီးခြင်း
လူမိုက်နှင့်ငွေ အတူမနေ ဆိုတဲ့စကားပဲ မှန်လို့လားမသိ။ ဘယ်တော့မှ လက်ထဲမှာငွေမမြဲ။ ငွေဆိုတာသုံးဖို့ရှာတာ။ မလောက်ရင် လောက်အောင်ရှာ။ မရှိရင် ရှိအောင်ကြံ။ ကုန်သွားရင် ထပ်ရအောင်လုပ်။ ဆိုတာတွေက ဗီလိန်တို့ ဆောင်ပုဒ်။ အသုံးကောင်းလို့ အခုအချိန်အထိ အကြွေးတွေဝိုင်းနေတုန်း။
ကိုး။ အိပ်ရမှာကို နှမြောခြင်း
အဲဒီအကျင့်ကလည်း ဘယ်တော့များမှ ပျောက်မယ်မသိ။ လူလည်း အရိုးပေါ်အရေတင်ဖြစ်နေပြီ။
တစ်ဆယ်။ ကျပ်မပြည့်ခြင်း
ဟီးဟီး။ ရေးချင်ရာရေး၊ ပြောချင်ရာပြောနေသော အချက်ကိုးချက်ကို ဖတ်ပေးကြတာကျေးဇူးပဲ။

ကဲ..... အကုန်လုံးက ပျံ့နှံ့နေပြီးသား။ တစ်ယောက်ပဲ။ ကြားထဲမှာ လွတ်နေတဲ့ အစ်ကိုကြီးတစ်ယောက်။
ကိုရွာသားလေး ဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ ဘလော့ဂါ အသစ်စက်စက်လေး အိဖူး။ ရေးပေးမယ်မလား။ ဟဲဟဲ။ ဝင်ဝင်ချင်းစောက်နဲ့ ထွင်းတာ။ :)
--
ဗီလိန်

13 comments:

WWKM said...

ဟဟ..
ကောင်းပါပေ့..
အမ ကမောင်ဗီလိန်ကို ဘယ်သူမှမတက်ဂ်သေးဘူးထင်ပြီးထည့်လိုက်တာ..
မောင်ဖားကြီးက တူတူတက်ဂ်ထားတာတောင်မသိဘူး..
ညံ့ပါ့။ အဲလိုပဲအမလည်း တစ်ခါတလေ မအူမလည်လေး..ဟဟ
နံပါတ် ၅ က အစ်မနဲ့တူတယ်။
နံပါတ်၉ အိပ်ရမှာကိုတော့ မနှမျောပါနဲ့ မောင်ဗီလိန်ရေ.
ကျန်းမာရေးဂရုစိုက်ပြီးအိပ်ပါ။ ဟဟ ဆရာလုပ်သွားတာ.
ကျေးဇူးး  ありがとう。
お休みなさい。

ခင်မင်လျှက်
မ၀ါ

:P said...

နံပါတ် ၁၀ ကိုဖတ်ပြိး မျက်လုံးပြူးသွားဒယ်

အိပ်မက်နိဒါန်း said...

နောက်ဆုံးအချက်ကိုတော့ အကြောက်ဆုံးဘဲ ဗီလိန်ရေ... လမ်းမှာတွေ့ရင်တောင် မခေါ်ရဲတော့ဘူး...

sait phay yar said...

တော်သေး..ဒီတခါတော့တော်တော်လးဟုတ်သား ရူးတာပီပီပြင်ပြင်

Anonymous said...

ဟေးဟေးကိုယ်ဆရာရေ နံပတ်၁၀ကတော့တူနေပြီဗျို့
ဟိဟိ

Welcome said...

အမှတ်စဉ်(၁၀)လို မချွင်းမချန် ပြောရဲတဲ့ သတ္တိကို လေးစားတယ်၊ ရှောင်ရတာပေါ့

http://winzaw-mdy.blogspot.com

Anonymous said...

ပွင့်လင်းရိုးသားမှုတွေပါပဲ---

flowerworld said...

ဟားဟ ဗီဗီရေ..နံပါတ်(၁၀)ကိုဖတ်ပြီး အခုကတည်းကရှောင်ချင်သွားပြီ ဟိဟိ

ဗီလိန် said...

အဲ... သူတို့ကလည်းရှောင်မယ် ဆိုတာကြီးပဲ။ အစတည်းက ရမယ်ရှာနေတာနဲ့တူပါတယ်။ ဖေးဖေးမမလေးတော့ မရှိကြဘူး။ ဟွန်း......

မောင်ဖားကြီး said...

သြော်.... သူငယ်ချင်း ဗီလိန် တာဝန်ကျေပါတယ်ကွာ....
:)

Anonymous said...

ဟော ...
နံပါတ် (၁၀) ပြောရဲတာတော့ လေးစားတယ် ဗီလိန် ...
ကြားဖူးတာ ရှိတယ် နံပါတ်(၁၀) သမားတွေဟာ ဘယ်တော့မှ ကိုယ်နံပါတ် (၁၀) ဆိုတာ ထုတ်မပြောတတ်ဘူးတဲ့ ... အဲ ပြောပြီဟေ့ဆိုရင်လည်း နံပါတ် (၁၀) အစစ်မဟုတ်တော့ဘူးတဲ့ ...

ဘယ်လိုလည်း သဘောတူလား ... ဟားဟား
Cheers !!!

ခင်မင်လေးစားမှုများစွာဖြင့်

ဗီလိန် said...

တကယ်မပြည့်တာပါဗျာ။

ငှက်ငယ်လေး said...

တစ်ဆယ်။ ကျပ်မပြည့်ခြင်း
ဟီးဟီး။ ရေးချင်ရာရေး၊ ပြောချင်ရာပြောနေသော အချက်ကိုးချက်ကို ဖတ်ပေးကြတာကျေးဇူးပဲ။
...............
အမှန်တွေကို ထုတ်ကြွားနေရယ်ပေါ့လေ ဟီးး..