ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ

ဒီတစ်ခါတော့ ဗီလိန်တစ်ယောက်ရဲ့ စာသိပ်ကြိုးစားတဲ့ အကြောင်းလေးပေါ့။ ကျနော်တက်တုန်းက ကျောင်းရဲ့ သင်ရိုးဖွဲ့စည်းပုံလေးကို အရင်ပြောပြရလိမ့်မယ်။

ပထမနှစ် (ပထမနှစ်ဝက်) ----- မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဘာသာဗေဒ (Linguistics) နဲ့ မေဂျာ Paper ၃ ခု။
ပထမနှစ် (ဒုတိယနှစ်ဝက်) ----- မြန်မာစာ၊ အင်္ဂလိပ်စာ၊ နိုင်ငံတကာဆက်ဆံရေး (International Relation-IR) နဲ့ မေဂျာ Paper ၃ခု။
ဒုတိယနှစ် (ပထမနှစ်ဝက်) ----- မြန်မာစာ၊ ဒဿနိက (Philosophy) (သို့မဟုတ်) သမိုင်း (History)၊ မေဂျာ Paper ၄ခု နဲ့ လူတွေ့။
ဒုတိယနှစ် (ဒုတိယနှစ်ဝက်) ----- မြန်မာစာ၊ မနုဿ (သို့မဟုတ်) ပါဠိ၊ မေဂျာ Paper ၄ခု နဲ့ လူတွေ့
တတိယနှစ် (ပထမနှစ်ဝက်) ----- မေဂျာ Paper ၆ ခု နဲ့ လူတွေ့။
တတိယနှစ် (ဒုတိယနှစ်ဝက်) ----- မေဂျာ Paper ၆ ခုနဲ့ လူတွေ့။

ပထမနှစ်ဝက်က Supply ၂ ခါထိခွင့်ရှိပါတယ်။ ပထမနှစ်ဝက်စာမေးပွဲ >>> Supply >>> Double Supply ဆို ပြီး ၃ ခါဖြေလို့ မအောင်ရင်တောင် နောက်စာမေးပွဲတိုင်းမှာ ဝင်ဝင်ဖြေလို့ရပါတယ်။ ပထမနှစ်ရဲ့ ပထမနှစ်ဝက်မှာ စာမေးပွဲရှုံးပြီ ဆိုပါတော့။ ဒုတိယနှစ်ဝက်ကတော့ Double Supply မရှိပါဘူး။ ၂ ခါပဲ အခွင့်အရေးရှိပါတယ်။

ဗီလိန်တို့ကတော့ ဒီသီအိုရီကို အပြည့်အဝ လိုက်ခဲ့သပေါ့ဗျာ။ ကျောင်းသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ အကုန်ယူခဲ့တာ။ ဟဲဟဲ။ ဖြေလို့ရသမျှ စာမေးပွဲကို ဝင်ဖြေတာ။ :) နှစ်တိုင်း Supply နဲ့ Double Supply ကို လွတ်ခဲ့တယ်မရှိ။ ဒုတိယနှစ်မှာများဆိုရင် တတိယနှစ် (ပထမနှစ်ဝက်) တက်တက်ခြင်းမှာ ဖြေရတဲ့ Supply Exam မှာ ပထမနှစ်ဝက်အတွက် Double Supply က ၆ဘာသာ၊ ဒုတိယနှစ်ဝက်ရဲ့ Supply က ခြောက်ဘာသာ စုစုပေါင်း ၁၂ ဘာသာကို ၆ ရက်နဲ့အပြီး ဖြေခဲ့တာဗျ။ အထင်တော့မသေးလိုက်နဲ့ဦး ၁၂ ဘာသာစလုံး ကွင်းလုံးကျွတ်အောင်သွားသဗျ။ ဗီလိန်တို့များ ပိုင်ချက်ကတော့နော။

ဒါကစာမေးပွဲတွေ အကြောင်း။ နောက်တစ်ခုက စာသင်ချိန် ပထမနှစ်စာသင်ချိန်လေးကို ဥပမာပြလိုက်ပါတယ်။ ပထမဇယားက ကျောင်းက ထုတ်ပြန်တဲ့စာသင်ချိန်။ ဒုတိယဇယားက ကျနော် လိုက်နာတဲ့စာသင်ချိန်။




ဇယား (၁)


ဒါကတော့ ကျောင်းကထုတ်ပြန်တဲ့ အချိန်ဇယား (ယေဘုယျပေါ့ဗျာ။ အတိအကျရယ်တော့ မဟုတ်ပါဘူး။)


















































































































































































၀၉း၀၀~၀၉း၅၀


၁၀း၀၀~၁၀း၅၀


၁၁း၀၀~၁၁း၅၀


နား
ချိန်


၁၂း၃၀~၁း၂၀


၀၁း၃၀~၀၂း၂၀


၀၂း၃၀~၀၃း၂၀


တနင်္လာ


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ


အင်္ဂါ


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ


ဗုဒ္ဓဟူး


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ


ကြာသပတေး


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ


သောကြာ


မေဂျာ


မေဂျာ


မိုင်နာ



မေဂျာ


မေဂျာ


မိုင်နာ





ဇယား (၂)


ဒါကတော့ ဗီလိန်လိုက်နာတဲ့ အချိန်ဇယားပါ။ ဒါကလည်း ပုံမှန်တော့မဟုတ်ဘူး။ အကြမ်းအားဖြင့်ပေါ့လေ။

















































































































































































၀၉း၀၀~၀၉း၅၀

၁၀း၀၀~၁၀း၅၀

၁၁း၀၀~၁၁း၅၀

နား
ချိန်

၁၂း၃၀~၀၁း၂၀

၀၁း၃၀~၀၂း၂၀

၀၂း၃၀~၀၃း၂၀

တနင်္လာ

အတန်းတက်

အတန်းတက်

ကန်တင်း

ကန်ဘောင်

ကန်ဘောင်

ဂိမ်းဆိုင်

အိမ်ပြန်

အင်္ဂါ

အတန်းတက်

ကန်တင်း

မြက်ခင်း

မြက်ခင်း

နားနေဆောင်

နားနေဆောင်

M-3

ဗုဒ္ဓဟူး

အတန်းတက်

ကန်တင်း

ကန်တင်း

ကန်ဘောင်

နားနေဆောင်

အတန်းငိုက်

ဘောကွင်း

ကြာသပတေး

အတန်းတက်

အတန်းတက်

အပြင်သွား

အပြင်သွား

အတန်းငိုက်

ဂိမ်းဆိုင်

အိမ်ပြန်

သောကြာ

အတန်းတက်

ကန်တင်း

မြက်ခင်းး

ကန်တင်း

အတန်းငိုက်

နားနေဆောင်

ဘောကွင်း



အညွှန်း။
အတန်းတက် = မိနစ် ၂၀နောက်ကျမှဝင်။ လက်မှတ်ထိုး။ ခိုးထွက်။ (မှတ်ချက် ။ ။ ကျောင်းရောက်တာ နောက်ကျရင် ကန်တင်း)
အတန်းငိုက် = ထမင်းစားပြီး ပျင်းရိဖွယ်ကောင်းသော ဂျပန်စာများဖြင့် ငိုက်မြည်းခြင်း။
ကန်တင်း = ကျောင်းသားများ ထုံးစံအတိုင်း မျက်စိအစာကျွေးခြင်း၊ ပေါက်ကရလေးဆယ် များပြောခြင်း။ ညက ဘောပွဲငြင်းခြင်း။ မနေ့ညနေက ကိုယ်တိုင်ကန်ကြသော ဘောပွဲကို ပြန်လည်သုံးသပ်ခြင်း။ အများသူငါကို ပြဿနာရှာ ဒုက္ခပေးခြင်း။ ရည်းစားစာများ အခမဲ့ရေး အေးဂျင့်တည်ထောင်ခြင်း။
ကန်ဘောင် = အင်းယား အနောက်ဘက် ကန်တင်း၊ သိပ္ပံကန်တင်း၊ ဝါဇ္ဇာကန်တင်း နှင့် ဗထက်ချိုက်ကွေ့ကန်တင်းတို့တွင် သောင်းကျန်းခြင်း၊ စိမ်းလန်းစိုပြေ နှင့် ရန်ကုန်တက္ကသိုလ်မိန်းထဲတွင် အတွဲချောင်းခြင်း အမှုကို သူငယ်ချင်းများနှင့် တက်ညီလက်ညီ ပြုလုပ်ခြင်း။
မြက်ခင်း = ကျောင်းမြက်ခင်း နှင့် ရန်ကုန်တက္ကသိုလ်မိန်းထဲ ရှိမြက်ခင်းများတွင် ကျားထိုးခြင်း၊ စစ်တုရင်ထိုးခြင်း။ ဂစ်တာတီးခြင်း။ စာမေးပွဲနီးလျှင် စာကြည့်ချင်ယောင်ဆောင်ခြင်း။
နားနေဆောင် = နိုင်ငံရေးမလုပ်ရင် ပြီးရောကွာ အရမ်းကြီး မဟော့ရင် ပြီးတာပဲလို့ ကျောင်းစောင့်ကပြောထား သဖြင့် အခန်းပိတ်၍ သင်္ချာတွက်ခြင်း။ (အမှန်တော့ ကျောင်းစောင့်က ပြောတာမဟုတ်ဘူး။ မော်ကွန်းထိန်းက ပြောတာ။ သူကကျောင်းစောင့်ကတဆင့် ကျနော်တို့ကိုပြောတာ။ အဟီး လျှောက်မပြောနဲ့နော်။)
M-3 = ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ကလေ သိတယ်မလား။ အဲဒီကိုသွားတာကို ပြောတာ။ တစ်ပတ်တစ်ခါလောက် မိုက်လေးခဲပြီး ကဲလိုက်ရမှ။ :)
အပြင်သွား = ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ၊ မြကျွန်းသာ၊ ပလာဇာများ၊ စင်တာများ သို့ လျှော့ပင်း(ဝင်းဒိုးပဲများပါတယ်။) ထွက်ခြင်း။
ဂိမ်းဆိုင် = PS2 နှင့် Computer ဂိမ်းများ အဖွဲ့လိုက် ချိန်းပြီး ဆော့ခြင်း။
ဘောကွင်း = အခြားကျောင်းမှ အသင်းများကို ဖိတ်ခေါ်၍ အိမ်ကွင်းကန်ခြင်း။ အဝေးကွင်းများကို စနေ၊ တနင်္ဂနွေနေ့များသာ ကန်ပါသည်။ :)

ကျောင်းမှန်မှန်တက်ခဲ့တာကို အချိန်ဇယားလေးနဲ့ ဖော်ပြပေးတာပါ။ စာမေးပွဲဖြေကာနီးရင် ဌာနမှူး(ပါမောက္ခ)က ဘာကြောင့် ကျနော့ကိုခေါ်ခေါ်ပြီး ကျောင်းခေါ်ချိန် မပြည့်ဘူးနဲ့ ပြောလဲတော့ မသိပါဘူးဗျာ။ စဉ်းစားကြည့်ပါဦး။ ကျောင်း ၃နှစ်လုံး ကျောင်းကိုမရောက်တဲ့နေ့က လက်ချိုးရေလို့ လက် ၁၀ချောင်းမကုန်ပါဘူး။ ဒါနဲ့များ ကျနော့ကျောင်းခေါ်ချိန်က ၃၇%၊ ၄၃% ၄၆% အဲလိုတွေကြီးပဲ။ တစ်ခါမှ ၅၀%မကျော်ဘူး။ ဆရာမက သင်္ချာညံ့လို့နဲ့ တူပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ်လေ။ လူကြီးတွေပဲ တခါတလေကနေ ၆ခါ၆လေ လောက်တော့မှားမှာပဲလေ ဆိုပြီး ပဲထားလိုက်ပါတယ်။ ဒါတောင် လက်မှတ်မထိုးပေးလို့ ငိုပြရသေးတယ်။ ဗီလိန်တို့များ အကယ်ဒမီပေးလို့ရတယ်။ ဌာနမှူးရှေ့များရောက်ပြီ ဆိုလို့ကတော့ အသေငိုပြီပဲ။ သေပြီးသား အဘိုးတွေ၊ အဘွားတွေလည်း အခါအခါ ထပ်သေရတာနဲ့။ ဦးလေးတွေ နေမကောင်းဖြစ်ရတာနဲ့၊ အဒေါ်တွေကို ကူညီပေးရတာနဲ့၊ တခါတလေများ အပြင်ကသူငယ်ချင်းကို အစ်ကိုလုပ်ခေါ်သွားပြီး အဆူခံခိုင်းရတာနဲ့။ ပြီးတော့လည်း အဆင်ပြေသွားပါတယ်။ ဗီလိန်က ဒီလောက်တော့ ပိုင်ပါတယ်။ ဟဲဟဲ။

အဲဒါနဲ့ပတ်သတ်လို့ ကဗျာလေးတစ်ပုဒ်တောင် ရေးဖြစ်သေးတယ်။

၄၂ရယ် ပြေးလျှက်ကယ် တွယ်ပါလို့
ချိုင့်တစ်ဖက် လက်ကဆွဲပေမို့
ပုဆိုးမယ်ကျွတ်ရင် မဝတ်နိုင်ဘု
တံတောင်နဲ့ တွတ်ကာဖိရတယ်
၂ဂိတ်မို့ တော်သေး။

ကျောင်းရောက်လျှင် တွက်ခြေကိုက်အောင်လို့
နောက်ကျဝင် အတန်းထဲရောက်လျှင်ဖြင့်
မျက်နှာငယ် လေးတွေလေးတွေနဲ့
လက်မှတ်ကယ်ထိုးကာ ခိုးထွက်တယ်
ရိုးကောက မပြည့်သေး။

ဟန်ပြကာ အတန်းရယ်တက်သမို့
နောက်အချိန်တွေ ပြေးကာမတက်ပါဘု
ကန်တင်းမယ်အချိန်တွေ ဖြုန်းပါစ
ခေါင်းတိုက်ကာ ဆွေးနွေးကြရမယ်
ဒီနေ့တော့ ကန်ဘေး။

ကျောင်းချိန်တွေ လစ်ကာလစ်ကာပ
ယောင်းအဆွေတွေ တွဲကာကဲပေစွ
ဒိုတာချ ဂိမ်းတွေဆော့လေကြ
ဘောကန်လည်း မပျက်စေကြစေဖို့
ဆော်သြကာ ပြောကာဆွရတယ်
ဖဲဝိုင်းကမထသေး။

ဗီလိန်


ကျောင်းပုံပြင် (၃) ရဲ့ စာသင်ရက်တွေကိုတော့ ဒီမှာပဲ နားလိုက်ဦးမယ်ဗျာ။

ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား
ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့
ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ
ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း
ကျောင်းပုံပြင် (၅) ဗီလိန် နဲ့ မော်ကွန်းထိန်းများ

12 comments:

tututha said...

သိပ်မလုပ်နဲ့ဟ တော်ကြာ ပညာရေးဝန်ကြီးဌာနက တွေ့သွားပြီး ဒီပို့စ်ကို မြန်မာစာ သင်ရိုးထဲဖြစ်ဖြစ် သမိုင်း သင်ရိုးထဲဖြစ်ဖြစ် ထည့်သင်နေဦးမယ် :P

ခင်မင်လျှက် အစ်မဂျီး ...

ဖိုးဂျယ် said...

တားလဲ တခါမှ ကျောင်းမပျက်ဖူးဘူး။ နေမကောင်းတောင် ဆေးသောက် အနွေးထည်ဝတ်ပြီး
ရောက်အောင်သွားတယ်။ အဲ့လိုကြိုးစားတာ
ကျောင်းတက်သက်တမ်းက ၆နှစ်လားပါပဲ။ ဖြစ်ပုံကို
ပြီးမှပြောပြတော့မယ်။ ကျောင်းကို အဲ့လိုချစ်တာ။

s said...

ငါတို့အကိုက တော်တော်စာကြိုးစားတာပဲ။ အားကျတယ် ပိာပိာ

၄၂ရယ် ပြေးလျှက်ကယ် တွယ်ပါလို့
ချိုင့်တစ်ဖက် လက်ကဆွဲပေမို့
ပုဆိုးမယ်ကျွတ်ရင် မဝတ်နိုင်ဘု
တံတောင်နဲ့ တွတ်ကာဖိရတယ်
၂ဂိတ်မို့ တော်သေး။...

:P ရယ်ရတယ်...

Anonymous said...

တခါတုန်းက ကျောင်းသားဘ၀လေးက ပျော်ဖို့ကောင်းပါတယ်ဗျာ အခုတော့ ပြန်လည် တမ်းတဖွယ်တွေဖြစ်ကုန်ပါပြီဗျာ

khin oo may said...

kom: မှတ်ဥဏ်ကောင်းတယ်နော်

WWKM said...

ဟဟ အခုမှ မောင်ဗီလိန်ကို Super man အဲ..မှားလို့
Supply man မှန်းသေခြာသိတော့တယ်.း)
ဒါပေမယ့် မောင်လေးကတော်ပါတယ် Supply ထိတဲ့
၁၂ ဘာသာကို ၆ ရက်ထဲနဲ့ အောင်အောင်ဖြေနိုင်တယ်
ဆိုတော့လေ..အဟဲ

အဲနောက်ပြီး...
(ရန်ကုန်တက္ကသိုလ်မိန်းထဲတွင် အတွဲချောင်းခြင်း အမှုကို သူငယ်ချင်းများနှင့် တက်ညီလက်ညီ ပြုလုပ်ခြင်း။)... ဆိုတော့ ဒွတ်ခပဲ.. အမတို့ ကိုများတွေ့
ဘူးသွားသေးလား.. ဟဟား.. ရှက်စရာကြီး.

အဟတ်
ခင်တဲ့
အစ်မ၀ါ

Anonymous said...

တယ်တော်တဲ့ ဗီလိန်ပါကလားကွယ်ရို့ ...။

ခင်မင်လေးစားစွာဖြင့်

:P said...

တော်ပါတယ်။ ကျောင်းမှာရော..ကဗျာရော....

flowerworld said...

ကျောင်းချိန်တွေ လစ်ကာလစ်ကာပ
ယောင်းအဆွေတွေ တွဲကာကဲပေစွ
ဒိုတာချ ဂိမ်းတွေဆော့လေကြ
ဘောကန်လည်း မပျက်စေကြစေဖို့
ဆော်သြကာ ပြောကာဆွရတယ်
ဖဲဝိုင်းကမထသေး။...........
တော်တော်လေးကိုတော်တာပဲနော် ဗီဗီတို့က....
ချီးကျွေးတယ်..အဟဲ

လင်းဒီပ said...

ကျောင်းပျော်လေး မောင်ဗီလိန် ပေကိုး....:P

sait phay yar said...

အော်.. ဗီးရေ..ကျေးဇူးပါဘဲဗီ့ရဲ့ ကျောင်းအကြောင်းတွေရေးပေးလို့

တက်လူငယ် said...

၄၂ရယ် ပြေးလျှက်ကယ် တွယ်ပါလို့
ချိုင့်တစ်ဖက် လက်ကဆွဲပေမို့
ပုဆိုးမယ်ကျွတ်ရင် မဝတ်နိုင်ဘု
တံတောင်နဲ့ တွတ်ကာဖိရတယ်
၂ဂိတ်မို့ တော်သေး။

ကျောင်းရောက်လျှင် တွက်ခြေကိုက်အောင်လို့
နောက်ကျဝင် အတန်းထဲရောက်လျှင်ဖြင့်
မျက်နှာငယ် လေးတွေလေးတွေနဲ့
လက်မှတ်ကယ်ထိုးကာ ခိုးထွက်တယ်
ရိုးကောက မပြည့်သေး။

ဟန်ပြကာ အတန်းရယ်တက်သမို့
နောက်အချိန်တွေ ပြေးကာမတက်ပါဘု
ကန်တင်းမယ်အချိန်တွေ ဖြုန်းပါစ
ခေါင်းတိုက်ကာ ဆွေးနွေးကြရမယ်
ဒီနေ့တော့ ကန်ဘေး။

ကျောင်းချိန်တွေ လစ်ကာလစ်ကာပ
ယောင်းအဆွေတွေ တွဲကာကဲပေစွ
ဒိုတာချ ဂိမ်းတွေဆော့လေကြ
ဘောကန်လည်း မပျက်စေကြစေဖို့
ဆော်သြကာ ပြောကာဆွရတယ်
ဖဲဝိုင်းကမထသေး။

ဗီလိန်

လူငယ်ပီပီ ဒီကဗျာတစ်ပုဒ်လုံးကို သဘောကျတယ်ဗျာ။ ရေးဟန်ရော၊ တွေးဟန်ရော၊ ကာရံရော လိုက်ဖတ်တော့ ခံစားချက်တွေကလည်း ပေါ်လွင်တယ်။

ခင်မင်တဲ့လေးစားတဲ့...
တက်လူငယ်...