နှလုံးသားထဲက တက္ကသိုလ် (၂)

၄၂ရယ် ပြေးလျှက်ကယ် တွယ်ပါလို့
ချိုင့်တစ်ဖက် လက်ကဆွဲပေမို့
ပုဆိုးမယ်ကျွတ်ရင် မဝတ်နိုင်ဘု
တံတောင်နဲ့ တွတ်ကာဖိရတယ်
၂ဂိတ်မို့ တော်သေး။

ကျောင်းရောက်လျှင် တွက်ခြေကိုက်အောင်လို့
နောက်ကျဝင် အတန်းထဲရောက်လျှင်ဖြင့်
မျက်နှာငယ် လေးတွေလေးတွေနဲ့
လက်မှတ်ကယ်ထိုးကာ ခိုးထွက်တယ်
ရိုးကောက မပြည့်သေး။

ဟန်ပြကာ အတန်းရယ်တက်သမို့
နောက်အချိန်တွေ ပြေးကာမတက်ပါဘု
ကန်တင်းမယ်အချိန်တွေ ဖြုန်းပါစ
ခေါင်းတိုက်ကာ ဆွေးနွေးကြရမယ်
ဒီနေ့တော့ ကန်ဘေး။

ကျောင်းချိန်တွေ လစ်ကာလစ်ကာပ
ယောင်းအဆွေတွေ တွဲကာကဲပေစွ
ဒိုတာချ ဂိမ်းတွေဆော့လေကြ
ဘောကန်လည်း မပျက်စေကြစေဖို့
ဆော်သြကာ ပြောကာဆွရတယ်
ဖဲဝိုင်းက မထသေး။

ဗီလိန်

1 comment:

ဖိုးဂျယ် said...

တားတားကို နေပူပူကွင်းထဲက ကျောင်းပြန်ပို့ပေး ပြန်ပို့ပေး ရဘူး ရဘူး။ ကင်းတင်မှာ ပြန်အိပ်ချင်တယ်။ အရက်ခိုးသောက်ချင်တယ်။ ရှိုးဆော့ချင်တယ် ရဘူး ရဘူး ပြန်ပို့ပေး။ တားကို လွမ်းအောင်လာစနေတယ်။ ဂီး ဂီး ၀ါးဝါး