ပျောက်ဆုံးသွားခြင်း

မနေ့က ငါ........
ပျောက်ဆုံးသွားတယ်။
အိပ်ခန်းထဲမှာလိုက်ရှာတယ် မတွေ့
ရုံးသွားသလားဆိုတော့ မသွား
ချစ်သူဆီကိုဖုန်းဆက်ကြည့်တယ် မလာတဲ့
အစ်မက မလေးက ပြန်ရောက်ကတည်းက မတွေ့တော့တာတဲ့
သူငယ်ချင်းတွေအားလုံးက မမြင်
ဘလော့ဂါတွေအားလုံးလည်း မသိ
ဘယ်မှာလဲ ငါဘယ်ရောက်နေတာလဲ

ကောင်းကင် နဲ့ ပင်လယ်
မြေပြင် နဲ့ ရေပြင် ထိစပ်နေတဲ့
ဟိုးအစွန်းတစ်နေရာမှာ ရိပ်ကနဲတွေ့လိုက်ရသလိုပဲ
မျက်ရည်တွေကို ခြေရာခံလို့
လိုက်ကြည့်မိတယ်
အော်......လက်စသတ်တော့
ဆာလောင်မွတ်သိပ်နေတဲ့ အမေ့ရင်ခွင်ကို
တွေ့လိုတွေ့ငြား လိုက်ရှာနေမိတာပါလား။

ဗီလိန်

12 comments:

Anonymous said...

အရမ်းကောင်းပါတရ်......အမေ့ကိုသတိရမိပါရဲ့....အားပေးလျှက်...

Welcome said...

အမြန်ပြန်ရှာတွေ့နိုင်ပါစေဗျာ၊ နွေးထွေးတဲ့ မိသားစုရင်ခွင်ကို လူတိုင်း တောင့်တကြတာ အမှန်ပါပဲ။ အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

flowerworld said...

ကဗျာလေးကကောင်းတော့ ရင်ထဲကိုထိသွားတာပဲ
ပျော်ရွှင်ဖွယ်ကောင်းသောနေ့လေးများ ပိုင်ဆိုင်နိုင်ပါစေနော်

တောင်ပေါ်သား said...

အကိုရေ အရမ်းကောင်းတယ်ဗျာ အဆုံးလေးကို ဖတ်လိုက်မိတော့ အမေ့ကို ပိုလို့ သတိရမိပါတယ်

အရုပ်ကလေး said...

ကဗျာလေး ကြိုက်တယ်
နောက်ဆုံးအပိုဒ်လေးကို ပိုကြိုက်တယ်
တစ်ပုဒ်လုံးလည်းကောင်းတယ်
ဆက်လက် အဆင်ပြေပါစေ

မောင်ဖားကြီး said...

ကိုဗီလိန် အတွေးတွေက လန်းတယ်ဗျာ..
အိမ်ကိုလွမ်းလို့ ကိုယ့်ကိုကိုယ်တောင် ရှာမတွေ့တာ
ရေးပြပုံကို ကြိုက်တယ်ဗျာ... တကယ်ခံစားရတယ်...

လင်းဒီပ said...

အားပါးပါး..တယ်စာတဲ့ဆို..အဲလေ..တယ်ဆိုတဲ့စာပါလား

tututha said...

အမေ့ရဲ့ ဒုက္ခအိုးလေးတွေပါပဲ....။ အမေ့အိမ်ကို ဘယ်နေ့ပြန်မရမလဲ မသိတာထက်စာရင် ပြန်ရမယ့် တနေ့ကို သိတဲ့သူတွေက ဖြေသာပါသေးတယ် နော်။

Anonymous said...

လုပ်ချလိုက်ပြန်ပါပြီဗျာ။ မိုက်တယ်ဗျာ အရမ်းအရမ်းကိုလေးစားသွားပြီ

Anonymous said...

ဟား သိပ်မိုက်တဲ့ ကဗျာပေပဲ။
ဟက်ထိတယ်၊ ခံစားရတယ်၊ ထပ်တူကျတယ်၊ အတိုင်းအဆတူတယ်၊ ရင်ထဲ ပစ်ဝင်လာတယ်။ နောက်ဆုံးတော့ အဲဒါတွေပေါင်းစပ်ပြီး ကြိုက်သွားတယ်။
ဒါပါပဲ ဗီလိန်။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

ကြိုက်လိုက်ဒီကဗျာလေး အဆငိပြေပါစေ

တက်လူငယ် said...

လွမ်းကြောင်းတွေရေးတော့ ကျနော်လည်း ကူးစက်ပြီး လွမ်းမိပါတယ်ဗျာ။ တစ်ထပ်တည်းပဲ...

ခင်မင်တဲ့...
တက်လူငယ်...