သူရဲကောင်းလေး

ဒေါင်......ဒင်.......ဒေါင်......ဒင်......
အချက်ပြ ခေါင်းလောင်းသံကြောင့် တစ်ရွာလုံး လန့်ဖျန့်သွားသည်။ အလန့်တကြား ဖြစ်သွားသော ကားမောင်းသမားတစ်ယောက်မှ တဆင့် ဥသျှစ်သီးကြွေတဲ့ ပုံပြင်ထဲကလို၊ ပုစဉ်းရင်ကွဲအော်သံ ပုံပြင်ထဲကလို ဆင့်ကဲဆင့်ကဲ အက်ဆီးဒင့်တွေဖြစ်ပြီး တစ်ရွာလုံး ပြောင်းသတ် ကုန်ပါတယ်။ အဲဒီ အချက်ပေးသံကို တီးလိုက်သူကတော့...................



ဒီဇာတ်လမ်းထဲက မင်းသားလေး Chicken Little ပါပဲ။ လုပ်သမျှ အမြဲတမ်း တလွဲပဲဖြစ်ဖြစ်နေလို့ တစ်ရွာလုံးက မကြည်တဲ့အပြင် အကောင်ကပါ သေးတော့ နှိမ်လည်းနှိမ်ကြ၊ အကုန်လုံးရဲ့ နောက်ပြောင် အနိုင်ကျင့်တာ ခံနေရပေမယ့် အမြဲတမ်းပျော်ရွှင်နေပြီး ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကြက်ကလေးဟာ ဖခင်မီးသတ်သမား ကြက်ဖကြီးရဲ့ မိတဆိုးသားလေးပါ။ အဖေတစ်ခု၊ သားတစ်ခုဘဝမို့ အရမ်းချစ်ကြတဲ့ သားအဖနှစ်ယောက်ဖြစ်လို့ ကြက်ကလေးရဲ့ ပေါက်ကရ တလွဲလုပ်သမျှကို ဖခင်ဖြစ်သူက အမြဲလိုက်ရှင်းနေရတဲ့ ဇာတ်လမ်းလေးနဲ့ အစပြုထားပါတယ်။

ကြက်ကလေးရဲ့ အရာရာကို စူးစမ်းလိုစိတ်၊ ဖြတ်ထိုးဉာဏ်ရင့်သန်ပြီး တီထွင်ဆန်းသစ်နိုင်တဲ့ အရည်အချင်း၊ ပတ်ဝန်းကျင်နဲ့ မိမိပတ်ဝန်းကျင်ကို ကာကွယ်လိုစိတ်၊ မိမိစွမ်းအားရှိသမျှ အစွမ်းကုန် ကြိုးစားအားထုတ် တတ်တဲ့ ဇွဲသတ္တိနဲ့ စိတ်ဓာတ်၊ အချိန်တိုင်း ဖြတ်လတ်တက်ကြွနေတဲ့ ပုံသဏ္ဏာန်တွေဟာ လူငယ်တွေရဲ့ စံပြထားရလောက်တဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေပါပဲ။ အကောင်သေးပေမယ့် အထင်သေးလို့မရတဲ့ ဇာတ်လိုက်ကျော်လေး Chicken Little ပါ။ နောက်ပိုင်းဇာတ်လမ်း ကိုတော့ အရသာပျက်မှာစိုးလို့ မပြောပြတော့ပါဘူး။ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား တာယာပွကြီးနဲ့ ခပ်ဆင်ဆင်တူတဲ့ ဒီဇာတ်ကောင်လေး Chicken Little ကို Walt Disney ကနေဖန်တီး ထုတ်ဝေဖြန့်ချီပါတယ်။

ဖန်တီးသူတွေကတော့
Directed by Mark Dindal
Produced by Randy Fullmer
Written by Steve Bencich
Ron J. Friedman
Starring Zach Braff
Garry Marshall
Joan Cusack
Steve Zahn
Don Knotts
Patrick Stewart
Music by John Debney
Distributed by Walt Disney Pictures ဖြစ်ပါတယ်။
Trailer လေးကိုပါ တင်ပြပေးလိုက်ပါတယ်။



နန်းညီရဲ့TAG လေးပါ။ ကာတွန်းကားသိပ်ကြိုက်တဲ့ ကျနော့အတွက် ကောက်ခါငင်ကာပဲ ဖြေလိုက်ပါတယ်။ နန်းညီ ရေ့ ကျေနပ်ပါတယ်နော်။ :)

ကျနော့ သူငယ်ချင်းအပေါင်းအသင်း ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီညီ၊ ညီမတို့ အားလုံး ဒီရက်ထဲ အပျင်းကြီးတဲ့သူကကြီး၊ အသဲကွဲလို့ ကွဲပြဲတဲ့သူကကွဲပြဲ၊ အလုပ်များတဲ့သူကများ၊ စိတ်ညစ်တဲ့သူကညစ်၊ စာမေးပွဲနီးလို့ ဘလော့ဘက် ခြေဦးမတည့်နိုင်သူက တစ်မျိုးနဲ့မို့ ဒီTAGလေးနဲ့ ဘလော့ရောဂါပိုး ထိုးထည့်လိုက်ပါတယ်။ စာမေးပွဲရှိသူတွေကတော့ စာမေးပွဲပြီးပြီးချင်း ရေးပေးပေါ့၊ မအားတဲ့သူတွေကလည်း အားတာနဲ့ရေးပေးပေါ့၊ လို့ ပြောရင်းနဲ့ ရှိသမျှ ဆွေသဟာတွေအားလုံး ဝါးလုံးရှည်နဲ့ သိမ်းကြုံးTAGလိုက်ပါတယ်။ မကောင်းသူထိပ် ကောင်းသူထိပ် တော့မဟုတ်ဘူး။ မေ့ကျန်သူရှိရင်တောင် Edit ပြန်လုပ်ပြီး ထပ်ထည့်မှာ။ စိတ်မဆိုးကြေး။ ကာတွန်းကားကိုလုံးဝ စိတ်မဝင်စားပြီး မကြည့်တဲ့သူတွေကိုတော့ လွတ်ငြိမ်းခွင့်ပေး လိုက်ပါမယ်နော်။

ဖိုးဂျယ် (ရေးပြီး)
မတူးတူးသာ (ရေးပြီး)
ခေါင်ခေါင်
မေ (စိတ်ဖြေရာ) (ရေးပြီး)
ကိုအင်ဒီ (ရေးပြီး)
ဥယျာဉ်မှူး
apyae1
ချမ်းရဲ (ရေးပြီး)
ကိုလင်းဒီပ
ကိုရွာသားလေး (ရေးပြီး)
မဆုမွန်
သံလွင်ဟီးရိုး
မဝါ (ရေးပြီး)
လိပ်ပြာလေး (ရေးပြီး)
မက်မက် (ရေးပြီး)
ဂုဂု (လွတ်ငြိမ်းခွင့်ပေးပြီး)
မီးလေးဇာ (ရေးပြီး)
အိမ်
ကိုဂျူဝသန်
ယမမင်းလေး (ရေးပြီး)
မရွှေပြည်သူ (ရေးပြီး)
ကိုဖားကြီး

10 comments:

တက်လူငယ် said...

ကိုဗီလိန်ရေ..။ လုပ်လဲလုပ်နိုင်ပါ့ဗျာ။ ရှာလဲရှာနိုင်ပါ့။
အတုယူအားကျပါတယ်ဗျာ။ youtube ကို ဘလော့ဂ်စာတွေကြားထဲ ထည့်ညက်နည်းလေးတောင်
သိချင်လာတယ်။ နည်းလမ်းလေး တဆိတ်လောက် ပြန်ပြပေးပါလားဗျ။

Anonymous said...

အေးပါ အေးပါ အေးပါ
ဟွန်း..
အစ်မ အဲ့ဒီ့ကာတွန်းလေးကို သိပ်ကြိုက်တယ် တင်ပြပေးတာ ကျေးဇူး
တက်ခ်ကို ဘယ်လိုရေးရမှန်း မသိသေးဘူး သူများပို့စ်လေးတွေ အရင်ကြည့်ဦးမယ်

WWKM said...

ဟတ်ဟတ်.. မမ၀ါ တို့က အသက်ကြီးပါပြီမောင်ဗီလိန်
ရယ်. ကာတွန်းကား ဘယ်ကြည့်မတုန်း..ဟဟ
ရေးစေချင်ရင်တော့ သူများတွေရေးတာကြည့်ပြီးမှရေး
ပေးပါမယ်နော့.အလှည့်ကျ မနွဲ့စတမ်းနော် မှတ်ထား.း)

ဒါနဲ့ ရေးခိုင်းတဲ့ လူအရေအတွက်က ကိုးလိုးကန့်လန့်ပါ
လား ၁၉ ယောက်တဲ့ ၊၁၉ ယောက်မကောင်းပါဘူးကွယ်
၁၈ ယောက်ဆို ၁၈ ယောက် ၂၀ ဆို ၂၀ စုံက ပိုကောင်းတာပေါ့..ဟတ်ဟတ်.
အဲဒီတော့ ၁၈ ယောက်လုပ်ချင်ရင် အစ်မကိုဖြုတ်လိုက်
နော်..အားမနာနဲ့..း) ၂၀ ယောက်လုပ်မှ ပိုကောင်းမယ်
ထင်ရင် မောင်ဇင်ယော် ကိုထည့်လိုက်နော်. ဟဟ
သူစာမေးပွဲပြီးပြီ..ပုန်းနေတာ. ထွက်လာအောင်ခေါ်လိုက်
.. ဟဲဟဲ.. ဖွသွားပြီ .. :P မောင်ဇင်ယော် နဖူးတော့လှုတ်
နေလောက်ပြီ..ဟဟားး
မ၀ါ

ဖိုးဂျယ် said...

ဟားဟား မမ၀ါကတော့ အဲ့လိုတော်တာ တားလဲ
ကာတွန်းကားက ငယ်ငယ်ကပဲ ကြည့်တာ ကြီးလာတော့
ဘာကားမှကို မကြည့်တာ ထိုင်ကြည့်နေရတာပျင်းလို.
ခုတော့ ထိုင်ပြီး Blogနေရတာတော့ မပျင်းဘူး။
သို.သော်ကြိုးစားပြီးရေးရမယ်ဆိုတော့လဲ
ကြိုးစားယုံပေါ့

flowerworld said...

မောင်လေးရေကြိုးစားပြီးရေးပေးပါ့မယ် ကာတွန်းကာမကြည့်ဖြစ်တာတောင်ကြာပေါ့

Anonymous said...

ကိုဗီရေ ကျနော့်ကို ပထမတက်ထားတာလေးတော့ ခွင့်လွှတ်စေချင်တယ်ဗျာ မရေးတာကတော့ဗျာ
သူများအကြောင်းဆိုတော့ မကောင်းဘူးထင်လို့ပါ
သိတဲ့အတိုင်းကျနော်ကရေးရင် တရားလွန်ရေးတာဆိုတော့ အရေးခံရတဲ့သူသည်းခံရင်တော်ရဲ့ မခံနိုင်ပဲဆဲမှာစိုးလို့
ပါဗျာ။နားလည်ပေးလိမ့်မယ်လို့ထင်ပါတယ်ဗျာ။
ဒါနဲ့ အခုဘာကိုရေးရမှာလဲဗျ

Yaminnie’s Daydream said...

အစကမီးနာမည် မပါ ပါဘူး...
အခုမှ... :P
အားရင်ရေးမယ်နော်... အဟဲ... :)

Anonymous said...

ကိုဗီလိန် ကာတွန်းကားလက်မှတ်ဝယ်ပေး ရေးပေးမယ်

သံလွင် HeRo said...

ဗျိုးကိုဗီ...ကျနော်စာမေးပွဲပြီးရင်
Madagascar 2 ကိုရေးပေးပါ့မယ်ဗျ...အခုတည်းက
စရံပေးသွားတယ်...ဟဲဟဲ

ရွှေပြည်သူ (ShwePyiThu) said...

ကာတွန်းရုပ်ရှင်လေးတွေက ကာတွန်းလို့ ပြောပေမယ့် တကယ်ကောင်းရင် တချို့ရုပ်ရှင်တွေထက်တောင် အတွေးအခေါ်တွေ သင်ခန်းစာတွေ ပေးတတ်ပါတယ်။ မျှဝေပေးတာ ကျေးဇူးပါပဲ မောင်လေးဗီလိန်ရေ...