ချစ် .... နာ .... မုန်း

ငါ့စာတွေကို လာမဖတ်နဲ့ ချစ်သူ
ဘယ်သူ့ကိုမှ ပြောခွင့်မရှိတဲ့ ရင်ခုန်သံတွေ
ကဗျာတစ်ပုဒ်ပဲဖြစ်ဖြစ် ချရေးပါရစေ

ငါ့ရင်ခုန်သံကို နားမထောင်နဲ့ ချစ်သူ
ဘယ်သူ့ကိုမှ မပေးတော့မယ့် အချစ်တွေ
ရင်ထဲမှာပဲဖြစ်ဖြစ် သော့ခတ်ထားပါရစေ

ငါ့အချစ်တွေ မလိုချင်နဲ့တော့ ချစ်သူ
ဘယ်လိုမှ ပေါင်းစည်းဖို့ မဖြစ်နိုင်တဲ့ ဘဝတွေ
တစ်သက်လုံးပဲဖြစ်ဖြစ် စိတ်နာလိုက်စမ်းပါ

ငါ့ဘဝကို စွန့်ထွက်သွားတော့ ချစ်သူ
ဘယ်လိုမှ ပြန်မလန်းဆန်းနိုင်တော့တဲ့ နားလည်မှုတွေ
ဓားနဲ့ပဲဖြစ်ဖြစ် ငါ့ရင်ကိုမွှန်းလိုက်စမ်းပါ

အကြင်နာတွေကို နာတာတွေနဲ့ ဖုန်းလွှမ်းလိုက်တော့ ချစ်သူ
ဖြူဖြူကျော်သိန်းဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ရဲ့ စာသားတွေ
နင်သက်သာအောင် အော်ဆိုလိုက်စမ်းပါ

ဗီလိန်

19 comments:

ခရေညို said...

ဖြူဖြူကျော်သိန်း သီချင်းတွေက အများကြီးပဲ ဘယ်သီချင်းကိုပြောတာလဲဟင် ?

ပုံ့မေ said...

အေးလေ ရှင်းအောင်ပြောမှပေါ့....

ဖြူဖြူကျော်သိန်းသီချင်း ဘယ်သီချင်းလဲ.....

ကဗျာလေးကောင်းတယ်.....

ငါ့လောက်နီးနီးတော်လာပြီ........ :P

တောင်ပေါ်သား said...

နင့်ကဗျာအတိုင်း နေရရင်ဖြင့် ငါတော့ သေပြီး)
ကဗျာလေးက ကောင်းပါ့ ဗီဗီရေ.. အချစ်ကိုလဲတခါတလေ မျှော်ကြည့်ပါဦးဟ ပေးဆပ်မူတွေချည်းများနေတယ်း)


လေးစားလျက်
တောင်ပေါ်သား

Welcome said...

အလန်းလေး လာဖတ်တယ်..
ဓားနဲ့အမွှမ်းခံဖို့ အသင့်ဖြစ်ရင်
ဂျီးဒေါ်အိမ်မှာ သံချေးတက်နေတဲ့ ဓားတစ်ချောင်းရှိတယ်
ငှားပေးချင်လို့ ...

Vista said...

ကျောက်ကျောလှီးတဲ့ တွန့် တွန့် တွေပါတဲ့ ဓားလေးဌားမယ်လေ တွန့် တွန့် လေးတွေနဲ့ အမွှမ်းခံလိုက်ပေါ့ လိန်လိန်

ဒဏ္ဍာရီ said...

ကဗျာလေးက ခံစားချက်တွေ အပြည့်နဲ့ပါလား။ ပေါက်ကွဲ သံဇဉ်တွေလိုပဲ။ တခါတလေ အချစ်ကို ဒီလိုပဲ ကျောခိုင်းကြည့်လိုက်တာ ကောင်းတယ်။

ခင်မင်လေးစားလျှက်

မုန်း said...

ဓားတုံးတုံးနဲ့ မွှန်းချင်တယ်.ရမလား.

ရွှေပြည်သူ (ShwePyiThu) said...

ဗီလိန္နုကတော့ ခက်ပြီ... ဟိုက ဘာမှ မပြောရသေးဘူး သူကချည်း လာမဖတ်နဲ့၊ နားမထောင်နဲ့၊ မလိုချင်နဲ့၊ စွန့်သွားတော့... စုံနေတာပဲ။ ဟိုခမျာ ဖတ်ချင် နားထောင်ချင်နေရင် သနားစရာ...း))

သိင်္ဂါကျော် said...

စာတော့ လာဖတ်ရင်လည်း ဖတ်ပါစေ... :P

ရေတမာ said...

ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မိုးခါး said...

ဟူးးးးးးးးးးးးး
မရွှေပြည်သူပြောသလိုပဲး))
ဖတ်ချင်ရင်တောင် သူ့ခမျာ သနားပါတယ် .. :P

khin oo may said...

ဆားနဲ့ပက်ခဲ့တယ်။

Ree Noe Mann said...

ဟုတ်နေတာပဲရော။

မိုက်တယ် ကဗျာက။

ခင်တဲ့ ရီနို

လင်းဒီပ said...

မိစိမ်းကားကြီး မုန်းတယ်...တွား...

လင်းဒီပ said...
This comment has been removed by the author.
မေဇင် said...

း)) အပြင်းစား ရိုက်ချက်.. အဟဲ ဘာလဲ တော့ မသိဘူး.. ကဗျာဖတ်ပြီးတော့ အဲ့လို ပြောချင်လို့...။ ချစ်..မနာ...မမုန်း... ဆက်ချစ်နိုင်ပါစေ....။

မောင်မောင် said...

ဟာဗျာ ဟို က သနားစရာလေး ကို အဲလို မလုပ်ပါနဲ့။
သူ ကလည်း ဒေါန ချည်းပဲ။
( တကယ်ခံစားချက်များ ရှိနေလို့ လား :(
အေး ဗျာ စီဘောက်စ်မှာ အော်ချင်တာ
အော်မရဘူး။
ဒီကော်နရှင် က စုတ်ချာပေ့
အမွဲတကာ့ထွတ်ခေါင် ဖွတ်မင်းနောင် ကွန်နရှင်ဗျာ။
စကားမစပ် ဘိုကြက်ချေး အကြောင်းလာဖတ်ပါဦးနော်။

မေလေး said...

ဗီလိန်ရ
ဘာတွေဖြစ်နေတာလဲ
တော်တော်ပေါက်ကွဲနေတာကို
စိတ်ကိုလျော့ပါဟယ်

(ကဗျာလေးကောင်းတယ်. ခံစားလို့တော့ မကောင်း)

စိမ်း... said...

စိတ်မကောင်းဘူး... သီချင်းပဲ နားထောင်တော့မယ်... :)