သခင့်ပန်း

တဒင်္ဂ
မြင်သမျှ
ဘဝင်မကျ
ရင်တမမနဲ့မို့
သခင်တမ်းသော
ပန်း......
လွမ်းချင်ချင်
နွမ်းမခင် မော်ကာတွေး
ကြွေလက်စ ငါ့အချစ်ကို
မြေမစား မိုးမဖျက်မီ
ခြေဖဝါးနု ယုနေစေဖို့
နင်းကာလေ ခြေပါလော့

ဗီလိန်

10 comments:

ခရေညို said...

ဗီလိန် ရေဘာတွေအလိုမကျဖြစ်နေတာလဲ?

ဖိုးသင်္ကြန် said...

မိုက်သဗျာ

စိမ်း... said...

ကာရံလေးတွေ လှတယ်... :)

ကိုလူထွေး said...

ခြေဖဝါးနုက ဘယ်လို 'ယု' တာလဲ

းဝ)

Anonymous said...

မြေမစား မိုးမဖျက်

တဲ့လား အသုံး လေးက နုလှချည်ကို ကိုလိန်ရယ်

မင်းအိမ်ဖြူ

sait phay yar said...

ကြွေလက်စ ငါ့အချစ်ကို
ဗီး အဲဒီစာသားကြိုက်တယ်... ကြွေလက်စ ငါ့အချစ်တွေ မြေမခစေချင် သူများနင်းခြေမှာလည်း မလိုချင်ဘူး.

နေ့အိပ်မက် said...

ကဗျာက တန်းလန်းကြီးလိုပဲ.... ရွတ်ရတာ နောက်ဆုံးအချသံက ဘာဖြစ်နေသလဲမသိ..... တစ်ကြောင်းလောက်လိုနေသလိုလို

မချစ်ရ said...

ဘယ်တွေပျောက်ကိုဗီလိန်
ကဗျာလာဖတ်သွားတယ်နော်

တောင်ပေါ်သား said...

ကဗျာလေးအတိုင်းတော့ အနင်းမခံပါရစေနဲ့
သခင့်ပန်းလေးကို သခင်ကသာ မကြွေခင်လေး အမြန်ဆုံး ဆွတ်ခူးနိုင်ပါစေ

လေးစားလျက်
တောင်ပေါ်သား

နန်းညီ said...

အဲလို နင်းခိုင်းမယ့်လူတွေ များများလာပါစေဗျာ