ကျန်ုပ်သည် ရေစည်လှည်းမတွန်း
သို့သော် လေဒီဂါဂါး နားထောင်သည်
ကျန်ုပ်သည် ဘလော်ဂါမဟုတ်
သို့သော် ရော့ကာကြိုက်သည်
ကျန်ုပ်သည် မော်ဒန်မဟုတ်
သို့သော် မက်ဒေါ်နယ်စားသည်
ကျန်ုပ်သည် ဆေးလိပ်မသောက်
သို့သော် ဆေးလိပ်ခွက်နှင့်ရင်းနှီးသည်
ကျန်ုပ်သည် ကဗျာမရေးတတ်
သို့သော် စာအုပ်တချို့ရှိသည်
ကျန်ုပ်သည် နယူတန်မဟုတ်
ကျန်ုပ်သည် အာဒံမဟုတ်
ကျန်ုပ်သည် ဧဝမဟုတ်
သို့သော် ပန်းသီးတစ်လုံးနှင့် တိုင်ပတ်သည်
ကျန်ုပ်သည် ဧဝဘယ်သူလဲ မသိ
သို့သော် နံရိုးကြော်ကြိုက်သည်
ကျန်ုပ်သည် အိုင်းစတိုင်းမဟုတ်
သို့သော် ကျန်ုပ်စားဖို့ ကြက်ဥကြော်တတ်သည်
ကျန်ုပ်ရေးသော စာများကို အချို့ကနားလည်ကြသည်
သို့သော် ကျန်ုပ်နားမလည်
သင်သည်လည်း နားလည်အောင် ကြိုးစားကောင်းကြိုးစားမည်
သို့သော် ကျန်ုပ်မကြိုးစား
အဘယ်ကြောင့်ဆိုသော် ကျန်ုပ်သည် အသိသုည ဗီလိန္နတည်း……..
ဗီလိန်
Subscribe to:
Post Comments (Atom)
9 comments:
အင်.... မှတ်ကရော... ကိုယ့်အကြောင်း ကိုယ်သိရင်ပြီးတာပဲဗျာ.. ဟိ
နင်ကနားမလည်ဘူးပေါ့.. ငါနင်နားလည်အောင် လုပ်ပေးမယ်..... ငါ့ဆီမှာ နည်းရှိတယ်...
မပြောပြဘူး..
နင့်ကို သူငယ်ချင်း အရင်းခေါက်ခေါက်မို့ စေတနာ ဗရပွနဲ့ ကူညီပေးမှာနော်......
အောင်မငီး ဒုက္ခ...
နာကိုက ပိန်းတာပါ....
တောက်.... တော်ပြီ... နောက်ဆို နားလည်အောင် ၂ ခေါက် ၃ ခေါက်မဖတ်တော့ဘူး... ပင်ပန်းတယ်... :P
အတွေးဆန်း၊ အရေးလန်းနဲ့မို့
မကြာမကြာ လာလာငမ်းပါ၏..
နံရိုးကျော်ကြိုက်တာချင်းလည်းတူတယ်...
ကိုယ့်စာကို ကိုယ်နားမလည်တာချင်းလည်း တူတယ်...
အသိသုညချင်းလည်း တူတယ်...
ကြိုက်သွားပြီ... ကဗျာကို...
းဝ)
ဒါမှ ဒို့လိန်လိန်ကွ..... ဟဟဟဟဟ
ဖတ်တဲ့လူက အရူးဖြစ်ကော
အသိသုည ဗီလိန္နတဲ့လား.... မပြောချင်တော့ဘူး.. တော်ပြီ
ကိုယ့်ကိုကိုယ်သိတာတော်တာပေါ့။
ကျန်ုပ်သည် ဆေးလိပ်မသောက်
သို့သော် ဆေးလိပ်ခွက်နှင့်ရင်းနှီးသည်
....
ကျွန်ုသည် ဆေးလိပ်ခွက်မဟုတ်
သို့သော် ဆေးလိပ်သောက်သူများနှင့်တော့ ရင်းနှီးသည်
Post a Comment