အချဉ်ပေါက် နှလုံးသား

ရေရောထားတဲ့ ကဗျာကျဲကျဲ ငါမလိုချင်တော့ဘူး
ရင်ရှားထားတဲ့ အတွေးမွဲမွဲ ငါမလိုချင်တော့ဘူး
မီးစင်ကြည့်ကတဲ့ ဖဲချပ်ခါးခါး ငါမလိုချင်တော့ဘူး

ထို့အတူ.....
ပုရွက်ဆိတ် တက်တော့မယ့် သကြားဖြူး ဆွမ်းဖြူခြောက်ခြောက်၊
ဝင်းဝါနေတဲ့ ကြက်ဥပြုတ်၊
ယမကာတစ်ခွက်နဲ့ ကြက်ပေါင်ကြော်တစ်ချောင်း၊
ငါရင်နာလို့ မဆုံးတော့ဘူး

ဘုံလောင်းတိုးရင်း စာကြိုးစား
အဲကွန်းသုံးရင်း အလုံးရှာ
ငါရင်နာလို့ မဆုံးတော့ဘူး

ငိုချင်းနဲ့ချက်မ မျက်ရည်နဲ့အသုဘ
ရက်မလည်ခင် ခွဲတဲ့အမွေ
ငါရင်နာလို့ မဆုံးတော့ဘူး

ထို့အတူ.....
မီးမလာတဲ့ ရေခဲသေတ္တာထဲက
ညှီသို့သို့ပတ်ဝန်းကျင် တစ်ခု
ငါမလိုချင်တော့ဘူး

ယင်တလောင်းလောင်းနဲ့ မျက်စောင်းတွေ
ဖြုတ်တပျိုးပျိုးနဲ့ လက်ညိုးတွေ
ငါမလိုချင်တော့ဘူး

အမြတ်ကြီးစားသတဲ့လား
မျက်ရည် နဲ့ ဘုရားဟောလွတ်ပါတယ်
မုဒိတာဆိုတာ ဘာလဲ
ငါမရှင်းပြချင်တော့ဘူး

မအိုခင် နာသေ
ငပိထုပ်ထဲက ကင်ဆာတွေ
လက်ဘက်သုတ်ထဲက ရောဂါတွေ
ငါ့သမုဒ္ဒရာကို မနှစ်သိမ့်တတ်တော့ဘူး

မအိုခင် နာသေ
ကြွတ်ကြွတ်အိတ်က အပြာရောင်တွေ
ငြုပ်သီးမှုန့်ထဲက အနီရောင်တွေ
ငါအိပ်မက်ဆိုးက မနိုးထနိုင်တော့ဘူး

ကော်ပီသီချင်း နဲ့ ကော်ပီခွေ
လက်ညိုးခြင်း ထိပ်တိုက်
ငါ့ဦးနှောက်တွေ အခြောက်မခံနိုင်တော့ဘူး

ရေစီးချောင်းကို ဓားစာခံပြု
အနုပညာနဲ့ အဆဲတစ်ရာ
ငါမခန့်မှန်းတတ်တော့ဘူး

ကွန်ယက်ကြီးကို တလွဲသုံး
ငါလုပ်တာ လူမသိဘူးဆိုတဲ့
ခွေး မစားတဲ့ စိတ်ဓာတ်တွေ
ငါ့အန်ချင်စိတ်ကို မထိန်းတတ်တော့ဘူး

ထို့အတူ.....
ဘာတစ်လုံးဆောင် အိုတောင် မဆင်းရဲ
ဘာကုန်ရင် မအိုခင် ဆင်းရဲ
အင်တာနက်ပေါ်က ကိုဘာဘယ်
လေထဲက မဘယ်ဘာ
ငါ့ဟာသတွေ မဆုံးတော့ဘူး

ဗီလိန်

14 comments:

aung pyae said...

အစ်ကိုရေ... အဲကွန်းသုံးရင်း အလုံးရှာ ဆိုတာဘာကိုပြောတာလည်းဟင်... ပြောပြပါလား..
;)

ဗီလိန် said...

apyae1 ရေ့
1 2 3 ကိုပြောတာပါ။

တောင်ပေါ်သား said...

ဘာတွေ ပေါက်ကွဲနေတာတုန်းဟ ခုတလော အပြင်းတွေ ထွက်နေပါ့လား မောင်.. အကောင်းဆုံးက အားလုံးကိုမေ့ပြီး ကမ်းစပ်မှာ သွားနားပါလေး)


လေးစားလျက်
တောင်ပေါ်သား

ဖိုးသင်္ကြန် said...

ကျွန်တော်လည်း ထိုနည်း၎င်း...

JulyDream said...

အချဉ်ပေါက်နေတဲ့ နှလုံးသား ဆိုတော့ ဘာလုပ်ပေးရမှန်း မသိတော့ဘူး။ အချဉ်ပေါက်နေတဲ့ အစာအိမ်ဆိုရင် လေဆေးလေး ပေးအုံးမလို့။ အခုတော့ ဘာဆို ဘာမှ မသိတော့ဘူးကွယ်။

စိမ်း... said...

ဘာတွေများ နာကျည်းနေတုန်း...
အပြင်းစားကြီးပါလား... :)

မေလေး said...

စိတ်လျော့ပါ ကိုဗီလိန်ရေ
မကောင်းတဲ့သူ မကောင်းတဲ့လမ်းသွားပါလိမ့်မယ်။
စိတ်တွေ သိပ်ရှုပ်နေတယ် ဆိုရင်တော့
တောင်ပေါ်ပြောသလို ကမ်းခြေမှာ
အာာာာာာာာာာာာာာာာာာာာာာာာာာာာာာားးးးးးးးးးးးးးးး
လို့
သွားအော်လိုက်စမ်းဘာာာာာာ။
အဲလိုအော်လိုက်တော့ နည်းနည်းတော့ ပေါ့သွားမပေါ့။
ကိုယ်တော့ လောကကြီးကလူတွေကို စိတ်ထဲအချဉ်ပေါက်လာတိုင်း အဲလိုသွားသွားအော်တယ်။

ခရေညို said...

ဟာ ဘယ်သူ့ကို ဒီလောက်တောင် မကျေနပ်နေဖြစ်တာလဲ?

Anonymous said...

ခွေး မစား တဲ့ စိတ်ဓါတ် လား။
ခွေးမ စား တဲ့ စိတ်ဓါတ်လား။

ဗီလိန် said...

ခွေး မစား
ပါ K ရေ့။ ပြင်လိုက်ပါပြီ။

မင်းအိမ်ဖြူ Minn Eain Phyu said...

pls pls ....


Pls be patient ! haha

ပျော်ရွှင်ပါစေဗျာ

မင်းအိမ်ဖြူ

ဗီလိန် said...

ကိုမင်းအိမ်ဖြူ >>> ပေးရှန့်ပါတယ်ဗျာ။ ပေးရှန့်ပါတယ်။

ခရေညို >>> ဘယ်သူ့ကိုမကျေနပ်ဘူးလဲ ဆိုတော့။ အထဲမှာ တစ်ခုချင်း ရေးချထားပါတယ်။

နှင်းဆီပန်းချစ်တဲ့ကောင်မလေး >>> ကျနော်လည်းအော်လေ့ ရှိပါတယ်။ လောလောဆယ်တော့ အော်စရာမလိုသေးပါဘူး။ မြင်တာတွေ ချရေးလိုက်တာပါ။ ဘယ်သူ့ကိုမှ တင်းနေတာမဟုတ်ပါဘူး။

စိမ်း >>> ကျနော်က အနုထက် အပြင်းအခါးတွေပဲ ရေးရတာ သဘောခွေ့လို့ပါ။ နာမည်ကိုက ဗီလိန် လေ

JD >>> အစာအိမ်လည်းမကောင်းဘူးဗျ။ ကြုံတုန်း ပေးလိုက်ပါလား။

ဖိုးသင်္ကြန် >>> ဘယ်နည်း၎င်းလဲ ဟင်။

တောင်ပေါ်သား >>> မြင်တာလေးတွေ ချရေးတာပါ။ သိပ်ပေါက်ကွဲနေလို့ ရယ်တော့ မဟုတ်ပါဘူး ကိုတီဖော်တောင်ရေ့။ ကမ်းစပ်မသွားရဲဘူး။ ရေကြောက်လို့။ :P :P

နေ့အိပ်မက် said...

ဖတ်လာဖတ်လာပြီး.. အလယ်နားရောက်မှ ဘာကိုဆိုလိုလဲ သဘောပေါက်တော့တယ်.. နေ့အိပ်မက်တို့များ အဲလိုပိန်းတာ..

ဗီလိန် said...

ပေါက်သွားပြီလား နေ့အိပ်မက်။ ဆေးထည့်လိုက်ဦး။