ကျန်ုပ်၏ ပန်းသီး

ကျန်ုပ် ခြံတစ်ခြံ စိုက်ထားသည်။ ဘာခြံလဲ ဆိုတော့ ပန်းသီးပင်များ စိုက်ထားသောခြံ။ ရေလောင်းသည်။ ပေါင်းသင်းသည်။ ပြုစုသည် ပျိုးထောင်သည်။ ကျန်ုပ်တွင် သားနှင့် ချွေးမရှိသည်။ သားနှင့်ချွေးမကိုလည်း ဤပန်းသီးပင်များကို ပြုစုစောင့်ရှောက်ရန် မှာထားသည်။ သို့သော် ပန်းသီးများ သီးလာပါက မစားရန်လည်း မှာထားသည်။ ဘာကြောင့်လဲဟု သူတို့က ခဏခဏမေးသည်။ ကျန်ုပ်တွင် ဖြေရန် စကားမရှိ။ မစားရန် ပြောရုံမှတပါး ကျန်ုပ် မပြောလို။ အချိန်တန်တော့ ပန်းသီးများလည်း သီးလာပြီ။ ကျန်ုပ်မှာတော့ ပန်းသီးများကို ကြည့်၍ ပျော်သကဲ့သို့ သားနှင့်ချွေးမ စားမိကြမည်ကိုလည်း စိုးရိမ်ရသည်။

ဤသို့....... ဤသို့..........

ဖြစ်စဉ် ၁ ။ ။
မနက်မိုးလင်းတော့ အသီးများဖြင့် ဝေဆာနေသော ပန်းသီးခင်းကြီးကိုကြည့်ရန် နံနက်ခင်းနေရောင်ခြည် ဖြာဝင်နေသည့် ပြူတင်းပေါက်မှ ခေါင်းပြူလိုက်သော်... ခြံထဲမှ ပန်းသီးများအားလုံး ခူးကာ ကန်နာကားပေါ် တင်နေသည့် သားကိုတွေ့ရ၏။ ကျန်ုပ်လည်း အံ့သြတကြီးနှင့် သားကိုမေးသော်....
“အဖေ့ချွေးမပေါ့ အဖေရယ် သူ့ကို အိမ်ခန်းတစ်ခန်း ဝယ်ပေးပါ။ မဝယ်ပေးရင် ဒီပန်းသီးတွေ စားပစ်မယ် ဆိုလို့ အိမ်ခန်းဝယ်ဖို့ ပိုက်ဆံလည်း စုဖြစ်အောင်၊ ပန်းသီးတွေလည်း စားလို့ မရအောင် သွားရောင်းမလို့ပါ။ သားကို နားလည်ပေးပါ အဖေရယ်။ နော်”
ကျန်ုပ် သက်ပြင်းတစ်ချက်ချလိုက်သည်။ ကဲပါလေ။ မစားဖို့က အဓိကပါလေ။

ဖြစ်စဉ် ၂ ။ ။
ပန်းသီးတွေလည်း ပြန်သီးနေပြီ။ ဒီတစ်ခါတော့ ဒီကောင် ရောင်းမစားလောက်တော့ပါဘူး ဟု တွေးရင်း ခြံထဲသို့ လှမ်းကြည့်လိုက်သည်။ နောက်တစ်ကြိမ် အံသြမိပြန်သည်။ ခြံထဲက ပန်းသီးများ အပင်ပေါ်တွင် မရှိသလောက် ဖြစ်နေပြီ။ ပင်စင်က ကိုင်လှုပ်ရင်း ခြွေချနေသော သား၏ လုပ်ရပ်ကို မည်သို့ နားလည်ရမည်နည်း။ လှမ်းအော်ပြီး မေးဆတ်ပြလိုက်တော့....
“အဖေ့ချွေးမပေါ့ အဖေရယ် ကမ္ဘာကျော်အောင် တစ်ခုခု လုပ်ပါ။ မလုပ်ရင် ဒီပန်းသီးတွေ စားပစ်မယ် ဆိုလို့ သီအိုရီလေးဘာလေးများ စဉ်းစားမိမလားလို့ ပန်းသီးတွေ ခြွေချကြည့်နေတာ။ သားကို နားလည်ပေးပါ အဖေရယ်။ နော်”
သက်ပြင်းချရုံမက အပေါ်မျက်ခုံးကိုပါ အမြင့်ဆုံးထိ မြှင့်တင်မိလိုက်သည်။ ကဲပါလေ။ မစားဖို့က အဓိကပါလေ။

ဖြစ်စဉ် ၃ ။ ။
နောက်တစ်သီး ထပ်သီးနေပြီ။ နောက်တစ်ကြိမ်တော့ သူတို့ ဆန္ဒပြည့်ဝလောက်ပြီဟု တွေးကာ စိတ်ချမ်းသာနေမိသည်။ သို့သော်.... အမလေးလေး ကုန်ပါပြီကုန်ပါပြီ။ မှန်းချက်နှင့် နှမ်းထွက် တလွဲစီ ဖြစ်ကုန်ပြီ။ ကျန်ုပ် ချစ်ခင်ရပါသော၊ ကျန်ုပ် စိုက်ပျိုးထားသော၊ ပန်းသီးပင်များ၏ ၂၀% ကို ခုတ်လှဲပြီး အမောဖြေနေသော သားအား ကြည့်ရင်း ခြံထဲသို့ ပြေးဆင်းသွားမိသည်။ မေးလိုက်ပြန်တော့ သူ၏ အဖြေကား....
“အဖေ့ချွေးမပေါ့ အဖေရယ် အခု ခုတ်ထားတဲ့ အပင်တွေက မိန်းမပုံနဲ့ တူလို့တဲ့ သားကို သဝန်တိုပြီး ခုတ်ပါ။ မခုတ်ရင်ဖောက်ပြန်လို့ပဲ ဒါဆိုရင် ဒီပန်းသီးတွေ စားပစ်မယ် ဆိုလို့ ဒီအပင်တွေ ခုတ်ပစ်ရတာပါ အဖေရယ်။ အားလုံးကိုလည်း မခုတ်ပါဘူး။ သားကို နားလည်ပေးပါ အဖေရယ်။ နော်”
ကျန်ုပ် ကိုယ့်နှဖူးကို ကိုယ်ပြန်ရိုက်မိတော့သည်။ ဒေါသကတော့ ထိန်းမရတော့

“ကဲ.... ကြာရင် ငါ့ ပန်းသီးပင်တွေ အကုန်ကုန်တော့မယ်။ ပန်းသီးမစားခင်တောင် ဒီလောက်ဖြစ်နေရင် ပန်းသီးစားပြီး လို့ကတော့ မလွယ်ဘူး။ ဒီတော့ နှစ်ယောက်စလုံး အဲဒီ့ ပန်းသီးတွေ အကုန်လုံးကို စားပြီး ငါ့အိမ်ပေါ်က တခါတည်းသာ ဆင်းသွားကြတော့ဟေ့.....။”

ဗီလိန်

15 comments:

မေလေး said...

မသိလို့မေးပါရစေ
ပန်းသီးကို ဘာလို့မစားစေချင်တာလဲဟင်
ဥာဏ်မမှီဘူးဟ
နင်ဘာကိုဆိုလိုတာလဲ။

ခရေညို said...

ဒါဆို အဖေလုပ်တဲ့သူကပန်းသီးပင်ကိုဘာအတွက်စိုက်ထားတာလဲ?
စာဖတ်ရတာ နားမလည်သလိုပဲ။ တခုခု လိုနေသလို
မေလေးပြောသလို ဉာဏ်မမှီတာတော့ အမှန်ပဲ

Andy said...

ဟိုပုံကြီးကို မော်ဒန်ရော့ခ်လုပ်ထားတာ ဟားဟား
ိမိုက်လှချည့်

စိမ်း... said...

အဲ့လို အစကတည်းက အမြင်မှန်ရသင့်တာ ခုတော့ ကြည့်.... :P

တောင်ပေါ်သား said...

အင်း နင်လဲ သတိထား အဲ့လို ပန်းသီးနဲ့ ချိန်းခြောက်တဲ့ မိန်းကလေးတွေ မယူမိစေနဲ့း) ဘ၀မှာ စိတ်တူ ကိုယ်တူ အကြင်နာလေး ရပါစေး) အဟေးဟေး

လေးစားလျက်
တောင်ပေါ်သား

မေဇင် said...

... ပန်းသီးကို ဘာလို့ မစားစေချင်တာလဲ ... ပြောချင်တာက ကဂျီဂဂျောင်ကျတဲ့ မိန်းမတွေ အကြောင်းလား... မိန်းမ ပြောတိုင်း လိုက်လုပ်တတ်တဲ့ ယောက်ကျားတွေကို လား...း)) ... သူ့ အဖေက ရဲ့ မိန်းမ က ဘာမှ ၀င်မပြောဘူးလား...း))

minneainnphyu said...

ဘာပြောရမှန်းမသိဘူး

အင်း

မင်းအိမ်ဖြူ

နေ့အိပ်မက် said...

တစ်ခုခုတော့ တစ်ခုခုမှန်းသိတယ်.. ဘာတစ်ခုခုမှန်းမသိတာက ခက်တာ..မပေါက်ဘူးနော်.. ဒီတစ်ခါ.. ဘာဆေးမှမလိမ်းဘူး

ဖိုးဂျယ် said...

ဘာပြောရမှန်း မသိ သေချာ နားမလည်ဟ

သုခုမလေဒီ said...

ပန်းသီးကိုအလှကြည့်လို့ ကတော့ စားလည်းမစားရပဲ ပုပ်သွားမှာပေါ့။း))
ဘာလို့ မစားခိုင်းတာလဲ အဆိပ်သင့်မှာစိုးလို့ လား???
တစ်ခုခုတော့ တစ်ခုခုပဲနော်
လျို့ ဝှက်ချက်လေးရှိရင် လာပြောလှည့်အုံးနော်။း))

Anonymous said...

အာဒံနဲ့ဧဝ လိုဖြစ်မှာစိုးလို့ ထင်ပါရဲ့ဗျာ....။

Anonymous said...

အာဒံနဲ့ဧဝ လိုဖြစ်မှာစိုးလို့ ထင်ပါရဲ့ဗျာ....။

Welcome said...

သားသမီးတွေကိုနိုင်တဲ့ မိဘတွေ မရှိသလောက်ပါပဲ။
ဤသည်လည်း တစ်ဒုက္ခပါလားနော် ....

k0 n@Y said...

ရေးသူက ရေးပါသည်။ ဖတ်သူက ဖတ်ပါသည်။ စာရေးသူက ပေးချင်သည်ကို စာဖတ်သူက ရသည်လည်း ရှိပါသည်၊ မရသည်လည်း ရှိပါသည်။ သို့သော်... ဘာမှန်းမသိသည်ကို (၀ါ) ကျွန်တော့်ဥာဏ်နှင့် မမှိသည်ကို ဖတ်မိသောကြောင့်...

Anonymous said...

စာလေးတွေကို အားလုံးကကောင်းတယ်ပြောကြတော့ပြောရအုံးမယ်
ရေးတဲ့သူတစ်ယောက်ပဲ တိတိကျကျ အဓိပါယ် သိနိုင်တဲ့ပို့စ်မျိုးကို ဘာလို့ရေးတာလဲလို့အရင်မေးပါရစေ
ဒသန စာပေဆိုလည်း ဒီလိုကြီးတွေ မကြောင်ပါဘူး
ဒသန စာပေဆိုတာလည်း လူတိုင်းနားလည်( တွေးကြည့်ရင်ပေါ့လေ) နိုင်တဲ့ စာပေပါပဲ ဒီလို စာမျိုးကို တင်မယ့်အစား အတွေးအမြင် ဆန်ဆန် ပညာပေးဆန်ဆန်ရေး ရင် ဖတ်တဲ့ သူလည်း ရသ မြောက်တာပေါ့ဗျာ