IE8 ထွက်ပါပြီ

လူသိများတဲ့ Internet Browser တစ်ခုဖြစ်တဲ့ IE8 (Interne Explorer Version 8) ထွက်ပါပြီ။ Beta 2 တုန်းက သုံးကြည့်တာ မြန်မာစာ ကောင်းကောင်းမပေါ်လို့ ပြန်ဖြုတ်ခဲ့ရဖူးပါတယ်။ အခုတော့ Full-Version ထွက်ပြီဖြစ်လို့ စမ်းကြည့်တာ အဆင်ပြေပါတယ်။

IE8 ကို အသုံးပြုဖို့ အနိမ့်ဆုံးလိုအပ်ချက်တွေကတော့
233MHz processor or higher
Super VGA (800 x 600) or higher-resolution monitor with 256 colors.
Microsoft Mouse, Microsoft IntelliMouse, or compatible pointing device.
RAM: 64MB for Windows XP/Server 2003 (32-bit and 64-bit) and 512MB for Windows Vista/Server 2008 (32-bit and 64-bit)
တို့ပဲဖြစ်ပါတယ်။

သူညွှန်းထားပုံအရကတော့ IE7 ထက် Faster, Easier, Safer ဖြစ်တယ်လို့ဆိုပါတယ်။ ထူးခြားချက်တွေ အများကြီးဆိုပေမယ့် သိသာတဲ့ ထူးခြားချက်တွေကတော့
၁။ Yahoo Toolbar Built-in ပါတာရယ်။
၂။ New Tab ခေါ်လိုက်ရင် Reopen Close Function ပါတာရယ်။
၃။ Shortcut တွေ ပိုစုံသွားတာရယ်။
၎။ IE7 ထက် ပိုမြန်တာရယ် ဖြစ်ပါတယ်။
၅။ Tab တစ်ခုကနေ နောက်တစ်ခုကို Link လုပ်ပြီး နောက် Website တစ်ခုဖွင့်လိုက်ရင် Tab ကိုအရောင်တူလေးတွေနဲ့ ပြထားပေးပါတယ်။
အသေးစိတ်ကိုတော့ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။ အချိန်မရလို့ ဘာသာပြန် မပေးနိုင်တာခွင့်လွှတ်ပါ။

ဒေါင်းဖို့ပါ လင့်ခ်ပေးလိုက်ပါတယ်။
Internet Explorer 8 Download

5 comments:

Anonymous said...

အချိန်ရရင် ဘာသာပြန်ပေးပါ စောင့်ဖတ်ပါမယ်

ဗီလိန် said...

ဟုတ်ကဲ့ပါခင်ဗျာ။ သုံးကြည့်လိုက်ဦးနော်။ ဝင်းဒိုးပြန်တင်ရတော့မယ်ဆိုပြီး စိတ်ညစ်ခဲ့ဖူးပေမယ့်။ အခုတော့ ပြန်တင်လို့ရပါပြီ။ Vista နဲ့လည်း စမ်းကြည့်ပြီးပြီ။ အဆင်ပြေပါတယ်။ :)

ဖိုးဂျယ် said...

သယ်ရင်း စက်ပြန်ကောင်းသွားပီပေါ့
ကောင်းပါတယ် ဘာသာပြန်ပေး
ကုလားဖြူစာတွေ မဖတ်တတ်ဘူး။

Welcome said...

ဝေါ်က (အိုင်အီး) သုံးတတ်ဘူး။ (မြေခွေး)နဲ့ပဲ နှစ်ပါးသွား လေရဲ့၊ ရှယ်ပေးလို့ တောရှယ်ပါ။

ဆင်ဆင်ပြေပါစေ ..

ရွှေပြည်သူ (ShwePyiThu) said...

IE8 ပေါ်ပြီမှန်း အခုမှ သိရတာပါ။ IE7 တုန်းကတော့ တခြား Browser (အထူးသဖြင့် Mozilla Firefox) ကို အကြီးအကျယ် နောက်ကောက်ကျသွားတယ်လို့ ထင်မိတယ်။ အခု 8 မှာ ပိုမြန်လာတယ်ဆိုလို့ ၀မ်းသာပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ IE7 တုန်းက သိသိသာသာကို လေးတာလေ။ သတင်းအတွက် အရမ်းကျေးဇူးတင်ပါတယ် မောင်လေး။