မသိခြင်းများ

ကြက်ဥကနေ ကြက်မဖြစ်သလား
ကြက်မကနေ ကြက်ဥဖြစ်သလား

မိုးရွာလို့ ရေငွေ့ရှိတာလား
ရေငွေ့ရှိလို့ မိုးရွာတာလား

ဆရာရှိလို့ တပည့်ရှိသလား
တပည့်ရှိလို့ ဆရာရှိသလား

စားသူရှိလို့ သတ်သူရှိတာလား
သတ်သူရှိလို့ စားသူရှိတာလား

အရက်ဆိုင်ဖွင့်လို့ အရက်သမားရှိတာလား
အရက်သမားရှိလို့ အရက်ဆိုင်ဖွင့်တာလား

အဆူခံရမှာမလို့ လိမ်ညာတာလား
လိမ်ညာလို့ အဆူခံရတာလား

ယုံကြည်မှုက သံသယကင်းစေတာလား
သံသယက ယုံကြည်မှုကင်းစေတာလား

မင်းသားကောင်းလို့ ဗီလိန်ကိုမုန်းတာလား
ဗီလိန်ကောင်းလို့ မင်းသားကိုချစ်တာလား

ရေစိုကို မီးနဲ့ ခြောက်အောင်လုပ်ရမလား
မီးကို ရေနဲ့ ငြှိမ်းရမလား

မီးလောင်ရာလေပင့်.... တဲ့
မွေးနေ့ ကိတ်ပေါ်က ဖယောင်းတိုင်မီးကို ဘယ်လိုငြိမ်းစေသလဲ

အိုင်းစတိုင်းကတော့ပြောတာပဲ
ဒါတွေသိရင် အချိန်ကိုတောင် ပြောင်းပြန်လှန်ပစ်လို့ရပြီတဲ့

ဗီလိန်

15 comments:

နွေးနေခြည် said...

အားလုံးက သံသရာလည်နေတာလို့ ထင်ပါတယ်

Anonymous said...

ဖတ်သူရှိလို့ ရေးတာလား
ရေးသူရှိလို့ ဖတ်တာလား

ကျော်သူရှိလို့ ပိတ်တာလား
ပိတ်ထားလို့ ကျော်ရတာလား

(ဘာမှလည်းမဆိုင်ဘူးနော် ပို့စ်နဲ့)

မဆိုင်လို့ နန်းညီကရေးတာလား
နန်းညီရေးလို့ မဆီမဆိုင်တွေဖြစ်ကုန်တာလား

Welcome said...

လောလောဆယ်
ဦးဏှောက်မပါတဲ့ လူလိုနေရတာထက်
ခေါင်းမပါတဲ့ ခန္ဓာကိုယ်နဲ့ နေရတာပိုအဆင်ပြေ သလားလို့ပါ။

Anonymous said...

အခုတော့ ဖအေတစ်လှည့်သားတစ်လှည့်ဟင်းစားနေရတာနဲ့ ဘယ်ဒင်းကစတယ်သိတော့ပါဘူးဗျာ

နှင်းပွင့်ဖြူ said...

မသိခြင်းကို မသိသလိုပဲထားးးး

မင်းအိမ်ဖြူ Minn Eain Phyu said...

ဗီလိန်လုပ်လို. ရှူုပ်ကုန်တာလား
ရှုပ်ကုန်လို. ဗီလိန်ရောက်လာတာ လား
ရုပ်ရှင်ထဲမှာပြောပါတယ် ..........
ဒါရိုက်တာသဘောပေါ.ဗျာ ...........
အဖြေထွက်ရင်ပြောပြအုံး
ရုံးချိန်တွေ ပြောင်းပြန်လှန်ကြရအောင် ..........

တောင်ပေါ်သား said...

အင်း သံသရာ လည်နေတာပါပဲ ပြုသူရှိရင် ခံရသူလဲ ရှိမယ်

လင်းဒီပ said...

ဖိလို့ တွန်းကန်တာလား
တွန်းကန်လို့ ဖိတာလား..။

ဒါတွေမသိသေးဘူးကွာ..
လောကကြီး ပြောင်းပြန်လှန်သမျှ ခံနေရတယ်..။

JulyDream said...

အိုင်စတိုင်း သိမသိတော့ မသေချာဘူး။ ဗီလိန် သိတာတော့ သေချာနေပြီ ထင်တယ်။ အချိန်တွေ ပြောင်းပြန်လှန်တော့မယ်ဆို ပြောဗျာ။

chanye` said...

ကြက်ဥက ကြက်မဖြစ်ဖို့ဆိုတာ ၅၀% ပဲသေချာတယ်..ကြက်မရော ကြက်ထီး အဲ ကြက်ဖရော ဖြစ်နိုင်တာပဲ ။
ဒီတော့ ကြက်မက ကြက်ဥဖြစ်တာကို အတည်ယူမယ်

molay88 said...

အတွေးအခေါ်က တော့လန်ထွက်နေတာဘဲ.. အဲဒါသာ စဉ်းစားမိရင် ဘာဖြစ်မလဲဟင်.. မသိလို့နော်အစ်ကို..။ :-)

ဖိုးသင်္ကြန် said...

ဗီလိန်

ဒါတွေသိရင် အချိန်ကိုတောင် ပြောင်းပြန်လှန်ပစ်လို့ရပြီတဲ့
အိုင်းစတိုင်းကတော့ပြောတာပဲ

မွေးနေ့ ကိတ်ပေါ်က ဖယောင်းတိုင်မီးကို ဘယ်လိုငြိမ်းစေသလဲ
မီးလောင်ရာလေပင့်.... တဲ့

မီးကို ရေနဲ့ ငြှိမ်းရမလား
ရေစိုကို မီးနဲ့ ခြောက်အောင်လုပ်ရမလား

ဗီလိန်ကောင်းလို့ မင်းသားကိုချစ်တာလား
မင်းသားကောင်းလို့ ဗီလိန်ကိုမုန်းတာလား

သံသယက ယုံကြည်မှုကင်းစေတာလား
ယုံကြည်မှုက သံသယကင်းစေတာလား

လိမ်ညာလို့ အဆူခံရတာလား
အဆူခံရမှာမလို့ လိမ်ညာတာလား

အရက်သမားရှိလို့ အရက်ဆိုင်ဖွင့်တာလား
အရက်ဆိုင်ဖွင့်လို့ အရက်သမားရှိတာလား

သတ်သူရှိလို့ စားသူရှိတာလား
စားသူရှိလို့ သတ်သူရှိတာလား

တပည့်ရှိလို့ ဆရာရှိသလား
ဆရာရှိလို့ တပည့်ရှိသလား

ရေငွေ့ရှိလို့ မိုးရွာတာလား
မိုးရွာလို့ ရေငွေ့ရှိတာလား

ကြက်မကနေ ကြက်ဥဖြစ်သလား
ကြက်ဥကနေ ကြက်မဖြစ်သလား

မသိခြင်းများ

ဖိုးဂျယ် said...

အတွေးတွေက လန်ထွက် မနေ့က
ဘုန်းကြီးကျောင်းက ပြန်လာလို့
တရားပေါက်သွားတာလား သယ်ရင်း
ဘုန်းကြီးကျောင်းသွားလို့ တရားပေါက်တာလား . . .
တရားပေါက်လို့ ဘုန်းကြီးကျောင်းသွားတာလား . . .

Anonymous said...

အကျိုးရှိလို့
အကြောင်းဖြစ်တာလား
ဒါကိုသိရင်တော့ အကျိုးအကြောင်း ညီမျှလိမ့်မယ်း)

ရွှေပြည်သူ (ShwePyiThu) said...

“အိုင်းစတိုင်းကတော့ပြောတာပဲ
ဒါတွေသိရင် အချိန်ကိုတောင် ပြောင်းပြန်လှန်ပစ်လို့ရပြီတဲ့”

ဖြစ်နိုင်ပါတယ်... သဘောတကျဖတ်သွားပါတယ် မောင်လေးဗီလိန်ရေ...