မညီမျှခြင်း

သဝန်တိုမှ အချစ်တဲ့လား
နားလည်မှုတွေ အပြန်အလှန်နဲ့
ငြိမ်းချမ်းနေတာကကော အချစ်မဟုတ်ဘူးလား။

သံသယတွေ ပြည့်နှက်နေတဲ့ အချုပ်ခန်းလေးတစ်ခု
လှောင်မြိုက်လို့ မွန်းကြပ်လှပါပြီ
ပျော်ရွှင်ခြင်းတွေပျောက်ဆုံး ငါ့ကိုယ့်ငါလည်း ပျောက်ဆုံးနေပြီလေ။

ငါချစ်တဲ့ အမေ့စကားကို လျစ်လျူရှုပြီး
ငါချစ်တဲ့ အနုပညာကို ကန့်သတ်ချုပ်ချယ်ပြီး
ငါချစ်တဲ့ သူငယ်ချင်းတွေကို မေ့ထားပြီး
ပေးဆပ်ခဲ့သမျှ
နောက်ဆုံးတော့ ပြန်ရလိုက်တာက
ညီမနဲ့ မသင်္ကာ၊ အစ်မနဲ့ သံသယ
သူငယ်ချင်းတကာနဲ့ ပေးစား
ငါဟာ အောက်တန်းစား တဲ့လေ။

စွပ်စွဲချက်တွေ သံသယတွေ ချုပ်ချယ်မှုတွေ မရှိတဲ့
တစ်နေရာမှာ တိတ်ဆိတ်စွာ ငိုနေခွင့်သာပေးပါတော့ ချစ်သူ။

ဗီလိန်

6 comments:

Anonymous said...

ငါ့ သယ်ရင်းလေး အလုပ်ရှုပ်နေလို့
အွန်လိုင်းမတက်ဘူးထင်နေတာ
ငါ့တို့ကို မေ့နေတာကိုး
ကောင်းပါတယ် ကောင်းပါတယ်
မကျေနပ်လို့ ခွင့်တရက်ယူပီးမတွေ့ရင်
ရှင်ခန်းပြတ်ပဲ :)

Welcome said...

မိန်းကလေးဆိုတာ
အချော့ကြိုက်တယ် ညီဗီလိန်ရ
သူဘာပြောပြော
ကိုယ့်ကိုယ်ချစ်တယ်လို့ မှတ်ပြီး
စိတ်ကျေနပ်အောင် ချော့လိုက်ပါ..

(ကိုယ်တော့အချော့လွန်လို့ ဘီးတောင်လှိမ့်စရာ မရှိတော့ဘူး)

မသက်ဇင် said...

စွပ်စွဲချက်တွေ သံသယတွေ ချုပ်ချယ်မှုတွေ မရှိတဲ့
တစ်နေရာမှာ တိတ်ဆိတ်စွာ ငိုနေခွင့်သာပေးပါတော့ ချစ်သူ။

ကဗျာ ဖတ်ပြီးစိတ်မကောင်းဖြစ်ရတယ်--
ချော့လိုက်ပါ--

မဆုမွန် said...

ဗီလိန်လေးက စည်းရုံးရေး ညံ့တာကိုး စိတ်လျော့ စိတ်လျော့ မောင်လေး ပြန်ချော့လိုက်ပေါ့ နောက် ညှိလေ..သံစဉ်မှန်မှ ဂီတသံစဉ် သာသာလေး ထွက်မယ်ကွယ့်

ဗန်ပိုင်းယား said...

ဟွန့် . .ကေလာထက်ဆိုးတဲ့သူနဲ့ လာတွေ့နေတယ်. . ဂွမ်တာပဲ . ခနခန ရန်ဖြစ်ပေးရတယ်ဗျ. .. ဟိ

တီချမ်း said...

ရွေးစရာ ၂ လမ်း

၁) မမကွမ် ဟီ သင်တန်းသွားတယ်
၂) မေ့လိုက်တော့

ခိခိခိ

စကားမစပ် တီ့ ဆီ မလာတာကြာပြီနော်