အမေ နဲ့ အမိန့်

စစ်တပ်တစ်တပ် အတွက်တော့
ပထမတန်းစား လက်နက်ကြီးပေါ့

ဒါပေမယ့် အမေက ပြောတယ်
အမေသားကို ဘယ်တော့မှ အမိန့်မပေးဘူး... တဲ့လေ။
ပေးလည်း မြေဝယ်မကျ နာခံစရာမလိုဘူး... တဲ့လေ။
သားကိုမွေးတုန်းက သားဦးနှောက်ကို အမေက အလကားပေးထားတာ မဟုတ်ဘူး... တဲ့လေ။
အမေ့စကားနားထောင်ပြီး လမ်းမလွဲနဲ့ အမေလည်း လူပဲ... တဲ့လေ။

ဒါပေမယ့် အမေရယ်
အားလုံးနီးပါးမှန်နေတဲ့ အမေ့စကားတွေ သားကို နာခံခွင့်ပြုပါနော်.........။

ဗီလိန်

15 comments:

Welcome said...

တန်ဖိုးမဖြတ်နိုင်တဲ့
မွေးမေမေရဲ့ ဆုံးမစကားလေးပါ။
နားမထောင်နဲ့ ဆိုပေမယ့်
မလွန်ဆန်နိုင်တာတော့ အမှန်ပါ။

sait phay yar said...

လိမ်လိမ် လိန်မာနေတယ်
တော်ဒယ် ဆက်လုပ်
အမိန့်ပေးခဲ့တယ် ဒါဘဲ

Anonymous said...

ခလုတ်တိုက်တိုင်း အမိ တ တယ်ဆိုတာ ဒါမျိုးပေါ့ လိန်လိန်ရေ့ ။ အဆင်ပြေပါစေ

My Diary said...

မှန်တယ် မှန်တယ်
တကယ်မှန်တယ်
ဦးနှောက်ကိုအလကားမပေးထားဘူးနော်

ကိုရင်နော်ခင်လေးငယ် said...

ခေါင်းစဉ်လေးကိုက စိတ်ဝင်စားစရာ..

မချစ်ရ said...

ဘာပဲပြောပြောနားထောင်ပါသားသားလိမ်မာပါပြီဂျပေါ့

လင်းဒီပ said...

သားလေးအတွက် အမေ စိတ်ပူတယ်ကွယ်..
သွားလေရာလာလေရာ ဘုရားတရားမမေ့နဲ့...
ရည်းစားတွေလည်း အများကြီးမထားနဲ့..
ဟုတ်လား...

ဝင်နောက်သွားသည်...:P

Ðaywalker[Soul] said...

ကြိုက်တယ်ဗျို့.... ဒီစာသားလေးကို အခိုက်ဆုံး.... သားကိုမွေးတုန်းက သားဦးနှောက်ကို အမေက အလကားပေးထားတာ မဟုတ်ဘူး...

မောင်bee said...

အမိန့်လာနာခံ ပါတယ်။

ရွှန်းမီ said...

လေးစားပါတယ်..

Anonymous said...

သားလိမ္မာလေး... ကောင်းပါတယ်... အမေချစ်မှာပေါ့...

မင်းအိမ်ဖြူ Minn Eain Phyu said...

လိန်လိန် , အမေ.မှာကမေတ္တာတွေ အပြည်.ရှိတယ်လေ ၊၊ ဒါကြောင်သူတို.ါ်ရဲ.နှုတ်ထွက်စကားဘယ်တော.မှမမှားဘူး...

မသက်ဇင် said...

ဒါပေမယ့် အမေရယ်
အားလုံးနီးပါးမှန်နေတဲ့ အမေ့စကားတွေ သားကို နာခံခွင့်ပြုပါနော်.........။

လိမ္မာသားပဲလေ---

ရွှေပြည်သူ (ShwePyiThu) said...

အမေဖြစ်သူ ပြောသွားတဲ့စကားလေးကို ချစ်စရာကောင်းတယ်လို့ လေးလေးစားစား မြင်မိပါတယ်... ဗီလိန်ရေ ကြာလေ ပိုတော်လာလေပဲ...

khin oo may said...

တယ်လိမ်မာနေပလား။