ပျက်သုဉ်း နှလုံးသား

အချစ်.....
ငါတို့နှစ်ယောက် စားသုံးခဲ့တယ်
ငါတို့နှစ်ယောက် သောက်သုံးခဲ့တယ်
နောက်ဆုံးတော့လည်း
ငါတို့နှစ်ယောက်ပဲ ခံစားရပြီ
မဝေးချင်ခဲ့ဘူး
ဝေးမနေချင်ဘူး
နီးစပ်ဖို့လည်း မဖြစ်နိုင်ဘူး
လွမ်းရမှာတွေ ကြောက်လွန်းလို့ပါ
မဝေးခင်တောင်
ငါ့နှလုံးသားကလည်း ကြွေမတတ်
အနေမတတ်တော့ ခက်သပေါ့

မင်းမျက်ရည်က
ငါ့နှလုံးသားက သွေးတစက်စက်
မင်းငိုသံက
ငါ့နှလုံးသားကို ဓားနဲ့မွှန်း
မင်းရှိုက်သံက
ငါ့နှလုံးသားကို လှိုက်စား

အို... ချစ်သူရယ်
နောင်သံသရာ အဆက်ဆက်
ဒီဝဋ်ကြွေးကနေ လွတ်ပါရစေတော့
မိုက်ခဲ့တဲ့ ငါ့အမှားတွေ
လောင်ခဲ့သမျှ မင်းပါကျွမ်းပြီပေါ့
ငါ့တစ်ယောက်တည်း ခံခွင့်ပြုပါ
ငါ့တစ်ယောက်တည်း ကြေကွဲခွင့်ပြုပါ
ငါ့တစ်ယောက်တည်း ငိုကြွေးခွင့်ပြုပါ

ဗီလိန်

9 comments:

Anonymous said...

ငိုလိုက် ငိုလိုက် ဦးကြီးတုန်းကလည်း ဂလိုပဲ မျက်ရည်နဲ့ မျောက်ခွက်း)

အဖော်ရပြီးဝေ့ ။

သူများက ခံစားနေရလို့ ကဗျာရေးတာ ငါက နောက်မိနေပြီး ၀ိုင်းငိုသွားတယ် လိန်လိန် ရွှတ်ရွှတ် အဟင့် ဗလပ် (နှပ်နဲ့ပစ်သွားတယ်) :P

နွေးနေခြည် said...

ဒီလိုပဲပေါ့ ပျော်ရွှင်မှုတွေ ရခဲ့သလို ကြေကွဲမှုတွေလည်း ရမှာပေါ့... တရား နဲ့ဖြေပါ

Anonymous said...

အရမ်းနုတယ်နော်
အပြင်မထွက်နဲ့ လေစိမ်းတွေ တိုက်နေတယ်

sait phay yar said...

အင်း ဗီးလေး

sait phay yar said...

အင်း ဗီးလေး

NangNyi said...

ဂလိုတွေလည်း ဟုတ်နေတာပဲနော်

Anonymous said...

ငိုစေဗျား... သိပ်လဲ မသိုနဲ့ ဘယ်သူ့မျက်ရည်
ဘယ်ကိုမကျကောင်းဘူးဆိုလား ကြားဖူးလို့ပါ
နော် ...အဟစ်ဟစ်ဟစ်ဟစ်

နှင်းဆီနက် said...

ကဗျာလေးကောင်းတယ်
ခံစားသွားတယ်

Anonymous said...

ငိုချင်ငိုချလိုက်ပါကွယ်...